Saturday, November 27, 2010

ဓား ပလိုမိုးရှင်းတဲ့လား ...



ဟင်းတွေသာ ချက်ပြီး ဘလော့ဂ်ပေါ်တင်နေတာ။ အိမ်မှာ မီးဖိုချောင်ပစ္စည်း ကောင်းကောင်းမွန်မွန်ရယ်လို့ မရှိပါဘူးဗျာ။ အိုးခွက်ပန်းကန်က စလို့ပေါ့။ ဦးခြိမ့်သူငယ်ချင်းတွေနဲ့ ပထမဆုံးအိမ်ခွဲနေတုံးက တစ်ကျပ်တန် မယ်လမင်း အတု ပန်းကန်လေးတွေ အစုံဝယ်ဖူးတယ်။ အဲဒီတုံးကတော့ ငွေရေးကြေးရေးကလဲ သိပ်အဆင်မပြေတော့ ဒီလောက်ဝယ်တာကို များလှပြီထင်နေတာ။ အဲဒါလေးတွေကလဲ ဟောင်းတယ်ရယ်လို့မရှိတော့ လွှင့်ပစ်ရမှာ နှမြောတာနဲ့ ဆက်သုံးနေမိတာ။ တစ်နှစ်ကမှ ဦးခြိမ့်က ပန်းကန်တွေ ဟောင်းလှပြီ။ အသစ်ကလေးတွေနဲ့ ပြောင်းစားရအောင်ဆိုလို့ ၀ဲလိုက်ရတယ်။ အိမ်မှာ အလှူလုပ်ရင်၊ ဧည့်သည်ဆောင်သည်လာရင် သုံးဖို့ ၀ယ်ထားတဲ့ မယ်လမင်းဆက်ကလေးတွေတော့ ရှိတယ်။ သိပ်အကောင်းစားလဲ မဟုတ်ပါဘူး။ တော်ရုံတန်ရုံပါပဲ။

အပျိုဘ၀တုံးကတော့ စိတ်ကူးယဉ်တာပေါ့လေ။ ဟင်းချက်တာလဲ ၀ါသနာပါတော့ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ကျရင် မီးဖိုချောင်ပစ္စည်း အစုံဝယ်လိုက်မဟဲ့ဆို တကယ်တန်းတော့လဲ မ၀ယ်ဖြစ်ပါဘူး။ ပစ္စည်းအဟောင်းတွေက သုံးမကုန်တာရယ်၊ ၀ဲရမှာ နှမြောတာရယ်၊ အိမ်မှာသိမ်းရင် ပစ္စည်းတွေများလာမှာ ကြောက်တာရယ်၊ ပိုက်ဆံ ချွေတာတာရယ်၊ အစုံပါပဲ။ မ၀ယ်ဖြစ်တဲ့ အကြောင်းက။ အိမ်ကလူကတော့ ၀ါသနာပါတယ်ဗျ။ သူက တစ်ခါတစ်လေ ဈေးသွားရင် ပန်းကန်လေးတွေ လိုက်ကြည့်ပြီး ၀ယ်ချင်နေတတ်တယ်။ ဟိုတစ်လောကလဲ ကြွေပန်းကန်ဖြူဖြူ ပါးပါးလေးတွေ၊ ပန်းလေးတွေနဲ့၊ လှတော့လှတယ်။ သူကအောက်ကျရင်လဲ တော်ရုံနဲ့ မကွဲဘူးဆိုလား။ ဒါပေမဲ့ ကိုယ်ကကိုင်ကြည့်ပြီး ပါးလွန်းတော့ ကွဲမှာကြောက်ပြီး အူယားနေလို့ မ၀ယ်ဘူးပြောရတယ်။ ဈေးကလဲ မသေးဘူးကိုး။ တစ်ပန်းကန် စလုံး ၆ကျပ် ၇ကျပ်။ ပစ္စည်းကောင်းတော့ လူတိုင်းကြိုက်တာပေါ့နော။ ဒါပေမဲ့ အဲလောက်ပေးဝယ်ရမှာကိုလည်း နှမြောနေမိတယ်။

အဲလိုတွေ လွတ်လွတ်လပ်လပ် မ၀ယ်ရရှာတဲ့ ဦးခြိမ့်အတွက် အခွင့်အရေးတစ်ခု ပေါ်လာပါတယ်ခင်ဗျာ။ ခုတလော NTUC မှာ ပရိုမိုးရှင်းတွေပေးတယ်။ ဈေးဝယ်လို့ ၃၀ဖိုးကျော်ရင် ဘောက်ခြာစာရွက် တစ်ရွက်ရတယ်။ အဲလိုဘောက်ခြာလေးတွေ စုထား၊ ၁၀ရွက်ရရင် non-sticker ဒယ်အိုး၊ ဒန်အိုး၊ ကြွေပန်းကန်ပြား အစရှိသဖြင့် ဘရန်းကောင်းကောင်း၊ ပစ္စည်းကောင်းကောင်းလေးတွေကို ပိုက်ဆံ အလိုက်နဲနဲထပ်ပေးပြီး ထုတ်လို့ရတယ်။ အဓိကကတော့ ပရိုမိုးရှင်းဆိုတော့ ဈေးချောင်တယ်ဆို ၀ယ်ချင်တာလဲပါတာပေါ့။ အိမ်က NTUC တာဝန်ခံ ဂျူဂျူတို့ ကြီးတော်ခမြာလဲ အဲဒီစာရွက်လေးတွေ စုရတာ အမော။ ညနေတိုင်ဆို သူ့မှာ အဲဒီဘောက်ခြာလေးတွေ ဘယ်လောက်ရှိပြီဆို ထုတ်ထုတ်ရေရတာ အလုပ်တစ်ခု။ သူကလဲ အဲလိုလေးတွေ ထုတ်ရတာ ၀ါသနာပါသဗျ။ လောကကြီးမှာ အဲလိုလူတွေ ရှိတယ်နော်။ ဘာရယ်မဟုတ်၊ ပရိုမိုးရှင်းဆိုတာနဲ့ ဈေးချောင်တယ်ဆို သွားထုတ်မယ်ဆိုတာချည်းပဲ။ မဆွိတီကတော့ အစကထဲက ပရိုမိုးရှင်းတွေ၊ ကံစမ်းမဲတွေ ဒီလောက်ကြီး ၀ါသနာမပါတော့ သူတို့ဟာ သူတို့ လုပ်နေတာသာ အသာကြည့်နေလိုက်တာပဲ။

ကြံကြံဖန်ဖန် ဒီတစ်ခါ NTUC က ပရိုမိုးရှင်းက " ဓား " ပါတဲ့ဗျား။ အိမ်မှာလဲ ဓားတွေက ၃-၄ ချောင်းဆိုတော့ ဘာလုပ်မလဲ။ ကိုယ်က ဓားလောက်တော့ စိတ်မ၀င်စားပေါင်။ အဲဒါ အိမ်က ပရိုမိုးရှင်း မောင်နှမကတော့ စိတ်ဝင်စားတယ်ဗျား။ ဘောက်ခြာဘယ်နှစ်ရွက်ဆို ဓားအကြီးရမယ်၊ ငွေ ၁၀ထပ်ပေးရမယ်၊ ဓားအသေးဆို ဘယ်လောက် အလိုက်ပေးရမယ် အစရှိသဖြင့် ပြောနေတာပဲ ကြာလှပေါ့။

တစ်နေ့ကတော့ ကြီးတော်က လာပြောတယ်။ သူ့မှာ ဘောက်ခြာစာရွက် ၂၀ ကျော်နေပြီဆိုပဲ။ ဓားထုတ်လို့ရနေပြီပေါ့။ ဒီတော့ကိုယ်က ဖျက်တယ်။ အစ်မကလဲ ဘာလုပ်မလဲ။ အိမ်မှာလဲ ဓားတွေ အများကြီးပဲဟာကို။ ပြီးတော့လဲ အပြင်မှာ ၃-၄ ကျပ်ပေးရင်တောင် ကောင်းကောင်းရတဲ့ဓား၊ ခု ဘောက်ခြာတွေလဲပေးရမယ်၊ ပိုက်ဆံလဲ ၁၀တောင် အလိုက်ထပ်ပေးရမယ်ဆိုတော့ မတန်ပါဘူးဗျာ ဆိုတော့ ခမြာမှာ တသသနဲ့ စုဆောင်းထားတဲ့ ဘောက်ခြာလေးတွေ အသာပြန်သိမ်းပြီး သွားမထုတ်ရဲဘူးပေါ့။

ဦးခြိမ့် ရုံးကပြန်လာတော့ ကြီးတော်က သူထုတ်ချင်တာ မထုတ်ရတော့ ငြီးပြောလေးနဲ့ သူ့မှာ ဘောက်ခြာလေးတွေ ရှိနေပြီ ဆိုတဲ့အကြောင်း သတင်းထပ်ထုတ်တယ်။ ဦးခြိမ့်က ဟင် ခင်ညား ခုချိန်ထိ မထုတ်ရသေးဘူးလား ... ကျုပ်က ထုတ်ပြီးလောက်ပြီထင်တာဆို ပြောတော့ ကြီးတော်ခမြာ ပဲကြီးလှော်ကြား ဆားညပ်ဖြစ်သွားတယ်။ ဒီတော့ မဆွိတီက အိုတော် တော့ဓားက ဘောက်ခြာပေးတာတောင် ၁၀ ထပ်ပေးရမှာဆိုတော့ ဈေးမကြီးလွန်းဘူးလား။ ခုအိမ်မှာရှိတဲ့ဓား ၃နှစ်ရှိပြီ။ ၄ကျပ်လားပေးရတယ်။ ကျွန်မကတော့ မထုတ်ချင်ပေါင်တော် ဆိုတော့ ညည်းကဘာသိလို့လဲ ... အဲဒါ ဘရမ်းအကောင်းစားဓားကွ။ အပြင်မှာဝယ်ရင် ဘယ်လောက်ပေးရမယ်ထင်လဲ ... ဘလာ ...ဘလာ ... ဘလာ ... ဆိုတာနဲ့ ကိုယ်လဲ ဘာမှ ထပ်ပြောမနေတော့ပါဘူး။

ဒီနေ့ရုံးကပြန်ရောက်တော့ မီးဖိုခုံပေါ်မှာ အဲဒီပလိုမိုးရှင်းဓား တင်ထားတာတွေ့တယ်။ အော် ဓားထုတ်လာပလားပေါ့။ ဓားကတော်တော်တော့ ကြီးတယ်။ ဓားဦးကလဲချွန်တယ်ဆိုတော့ အန္တရယ်တော့များတယ်ဆို တွေးနေတာ။ ဦးခြိမ့်တစ်ယောက်ကတော့ ရုံးကပြန်ရောက်၊ ထမင်စားသောက်ပြီး သူ့ဓားအကောင်းစားကြီးကို ထုတ်ကြည့်ပြီး တသသနဲ့ ချီးမွန်းခန်းဖွင့်နေတာ။ ကောင်းလိုက်တဲ့ ဓားကွာတဲ့။ လေးလဲ အလေးကြီးပဲတဲ့။ ကိုင်ရတာ အားရချက်တဲ့။ သူပြောမှပဲ ကိုယ့်ဗိုက်တောင် နာချင်သလိုဖြစ်လာတယ်။ ပြောရင်း ဓားကလဲ တ၀င့်ဝင့်ဆိုတော့ မနဲရှောင်နေရတယ်။ ပီးတော့ မိန်းမရေ တဲ့ဆို ခေါ်ပြသေးတယ်။ ဒီမှာတွေ့လားတဲ့ ၁၀နှစ် ဂရမ်တီ ဆိုပဲ။ ကြီးတော်ကလဲ ဟိုကကောင်းလွန်းပါတယ်ဆိုမှ အဆင်းလေး ဘီးတပ်ပြီး သူနဲ့အတူထုတ်တဲ့ အမျိုးသမီးကတော့ ရှိသမျှ ၁၀ချောင်းလောက် အစုံလိုက်ထုတ်သွားပါသတဲ့။ သူ့မှာလဲ ဓားအသေးတစ်ချောင်း ထပ်ထုတ်ဖို့ ဘောက်ခြာတွေ အလုံအလောက် ရှိသေးတယ်ဆိုပဲ။

အင်း ဒီပရိုမိုးရှင်းမောင်နှမနဲ့တော့ ... ဒီပရိုမိုးရှင်းဓားတွေ အကုန်ထုတ်ပြီးမှ နားအေးမဲ့ သဘောပါကလား။ ။

24 comments:

  1. ဓါး ပရိုမိုးရှင်း အကြောင်း လာဖတ်သွားပါတယ် :)

    ReplyDelete
  2. ဟိ...ဒီမှာလည်းအဲဒါတွေစုပြီး ထုတ်ထားတယ်။ အရင်တခါက ဓါး။
    ဒီတခေါက်က Blender Set ကလေး။

    စူးနွယ်လေး

    ReplyDelete
  3. ဝက်ဝံလေးNovember 27, 2010 at 6:45 AM

    မဆွီရယ် ရယ်လိုက်ရတာ ဟိဟိ
    ဓားဆိုမှ များ ခုနေတဲ့အိမ်ရှင်မှာလေ ဓားတွေတော့ရှိပါရဲ့ သုံးမရဘူးတော် တုံးလိုက်တာပြောမနေနဲ့ သွေးကြည့်ပါတယ် ဓားအချင်းချင်းပွတ်ပြီးတော့ ထူးမလာပါဘူးတော် ဒါနဲ့ ကိုယ်လဲ ဈေးထဲက ဓားတချောင်းဝယ်လာခဲ့လိုက်တယ် ကိုယ့်ဓားနဲ့ကိုယ်ပဲ အေးပါတယ် ထက်နေတာပဲ ခစ်ခစ်

    ReplyDelete
  4. တီဆွိရဲ့ ဓါးပရိုမိုရှင်း လာဖတ်သွားပါတယ်။ အဲ...တီဆွိက ဓါးကို ၃ နှစ်သုံးနေတာ ဆိုတော့ တုံးမသွားဘူးလားပာင်။ ရို့စ် အိမ်က ဓါးတွေလည်း တုံးနေတယ် ဒီပို့စ်လေး ဖတ်ပြီးမှ အသစ် ဓါး ချွန်ချွန်ထက်ထက်လေး လိုချင်လိုက်တာ။

    ReplyDelete
  5. ဟိ ပူးတေတို့လဲ ၂ ချောင်းထုတ်ပြီးပြီ.... ပူးတေကြိုက်လွန်းလို့ ခုထပ်စုထားတာ ၈ ခု ထပ်ရနေပြီ ဒီတခေါက် သစ်သားနဲ့ လုပ်ထားတဲ့ ဓားအိမ်ထုတ်ဖို့ :) နောက်မှ ပုံထဲမှာရိုက်ပြမယ်... ခုမသုံးသေးဘူး အိမ်မှာရှိတဲ့ ဓားနဲ့ပဲသုံးအုံးမယ်... သူကလဲ ခံသေးတယ်... သုံးနှစ်ရှိပြီ ထက်တုန်းပဲ တီဆွိပြောသလိုပဲ ၃ ကျပ် ၄ ကျပ်လောက်ပဲ ပေးရတယ်...ငှက်ပုံလေး ဘာတံဆိပ်လဲမသိဘူး....

    ReplyDelete
  6. ကိုင်း...ဟောဒီက ဒါးသွေးတယ်......

    ReplyDelete
  7. အမ၊
    မီးလည်း ထုတ်ထားတယ်
    chef knife
    Link points လေးခုပဲရှိလို့ သူများဆီက နှစ်ခု အလှူခံရတယ်၊
    :)
    အခုထိတော့ မသုံးရသေးဘူး၊
    သတိထားပြီး သုံးရမယ်၊ ဓါးကကောင်းလွန်းလို့ မတော်တဆ ထိမိမှာ ဆိုးတယ်။

    ReplyDelete
  8. ရို့စ်ရေ ... အိမ်မှာ ဓားသွေးကျောက်ရှိတယ်လေ။ ကြီးတော်က ပုံမှန်သွေးတော့ ဓားတွေက ထက်မှထက်ပဲ။

    ကိုကြီးကျောက်အတွက် ကြော်ငြာပေးရဦးမယ်။
    သင့်ဓားအတွက် စိတ်ညစ်နေပါသလား။ ဓားများရဲ့ ဘုရင် ကိုကိုကျောက်ရှိတယ်။ မထက်မှာ မပူရ။ ဓားများကို ခါးထောင်းကျိုက် သွေးပေးသည်။း))

    ပူးတေတို့ကတော့ အိမ်ကလူတွေထက်တောင် သွက်သေး ... ဟေးဟေး။ ၂ချောင်းတောင် ရှိသွားပြီဆိုတော့ လေးစားပါတယ်။

    ReplyDelete
  9. မဆွိ.. ဓါး ပလိုမိုးရှင်း..နဲ့ ဦးခြိမ့်တစ်ယောက် ဓါးတ၀င့်ဝင့်ဖြစ်နေလို့ မဆွိ ကြောက်ကြောက် ဖြစ်နေတယ်ပေါ့နော်း))

    ReplyDelete
  10. မလေးရှား မှာတော့ မီးဖိုချောင်သုံးတဲ့ ဓါး ၁ ချောင်း RM 700 လို့ ရေထားတာမယုံလို့ ဈေးသည်ကိုသွားမယ်တာ ရှင်းပြလိုက်တာတော်တော် နားငြီးသွားတယ်

    ReplyDelete
  11. တီဆွိ အဲဒါးတွေ အရမ်းကောင်းတယ် အိမ်မှာ ကျနော်သုံးနေတာ .. ရေလည်ပြတ်တယ် အပြင်က ဝယ်တဲ့ဒါးတွေနဲ့ တခြားစီ .. ဘောက်ချာနဲ့  ၁၀ ပေးလဲရတာ တန်မှတန် (အဲ ဦးခြိမ့်ဘက်တော်သားဖြစ်သွားပါလား ) ဟိ။

    ReplyDelete
  12. မြှောက်ပေးပလိုက်...ရန်ဖြစ်အောင်...
    ဒါဆိုရင် ဒီဓါးတွေကို ထုတ်သုံးလို့ ရပြီပေါ့။

    ReplyDelete
  13. မောင်ဝေးNovember 27, 2010 at 3:29 PM

    ဟားဟား! ဓားတွေ၊ ဒါးတွေနဲ့ နိုင်ငံတကာမှာ အလိမ်ခံရတဲ့လူတွေလဲ မနည်းဘူးပဲ၊ နေ့တိုင်း တီဗွီမှာ ကြော်ငြာနေရဲ့ဗျာ၊ နာမည်ကြီး အကောင်းစားတံဆိပ် ဂျာမနီဓား ဘာညာ၊ $33.33 ကိုသုံးကြိမ်အရစ်ကျပေးရင် ဒါးမျိုးစုံ အလက်ပေါင်းခြောက်ဆယ်ရမယ်ဆိုတာမျိုး။ စဉ်းစားမိတာက ဒါးအလက်ပေါင်းခြောက်ဆယ်နဲ့ မီးဖိုချောင်တခုထဲမှာ ဘာလုပ်ရမှန်းကိုနားမလည်နိုင်တာ။ ဒီကြော်ငြာတွေထဲမှာတော့ ဓားအလက်ပေါင်း ဆယ်လက်ထက်မနဲဘူး။ ဒီခေတ်ကြီးရဲ့ လုပ်စားနည်းတွေပဲလေ။ http://www.kitchenknifeblock.net/kitchen-knife-sets/ginsu-4817-international-traditions-14-piece-knife-set-with-block-natural-2.php

    ReplyDelete
  14. အိမ်မှာ ကိုကြီးလဲ ဒါးတွေ Set လိုက် ဝယ်ထားတဲ့ အကြောင်း ဦးခြိမ့်ကို ပြောပြလိုက်ရမလား..........း))

    (ခြိမ်းခြောက်သွားသည်...)

    ReplyDelete
  15. အိမ်မှာလဲ အဲဒီ ဓားပဲ တီဆွိရေ၊ ဦးခြိမ့်နဲ့တော့ အကြံတူနေပါပြီ :D ။ ဓားဦးကချွန်လွန်းတော့ တော်တော်သတိထားရတယ်။

    ReplyDelete
  16. ချိုသင်းက ဓားဆိုရင်ကို ကြောက်နေတာ..။ ဓားနဲ့တွဲတွဲပြီး ဟင်းချက်ရမှာ တွေးတွေးနေမိလို့..။
    ဓားဦးချွန်ဆို ပိုဆိုးသေး။ ဟိုကိုပဲ ထိုးလိုက်ချင်သလိုလို၊ ဒီကိုပဲ စိုက်လိုက်ချင်သလိုလို..
    ကိုမောင်ရှိမ့်ကြီးဆီမှာ အဲဒီလို ဆိုက်ကို မရှိဘူး မဟုတ်လားဟင်..

    ReplyDelete
  17. ရယ်မိတယ်။ ဦးခြိမ့်တို့ မောင်နှမက ကျနော့်အိမ်က မြေးအဖွားနဲ့ စရိုက်တူတယ်။

    ReplyDelete
  18. Buy 1 ,Free 1
    ၁၀နှစ်အာမခံဓားတွေလားဗျာ ..

    ReplyDelete
  19. ညီမလဲ ဓား၃ချောင်း လဲထားလိုက်ပြီ.. မီးဖိုချောင်သုံးပစည်းတွေကတော့ ၀ယ်မှဝယ်ပဲ.. ဈေးဝယ်သွားရင် ယောက်ျားက နောက်ထပ်မ၀ယ်ဖို့ လိုက်ဆွဲထားရတယ်.. ခုလဲ ၆ယောက်စာ Dinner Set ကြွေပန်းကန်တွေ OG မှာ ဈေးချနေတယ်.. ၀ယ်ချင်တာမှအရမ်းပဲ.. လာမယ့်စနေနေ့တော့ သွားကိုဝယ်ဦးမယ်.. :)

    ReplyDelete
  20. http://www.whatsupatfairprice.com.sg/Solo_Swiss_Kitchen_Knives.aspx

    ReplyDelete
  21. မဆွိ ဓါးကြီးက ကြောက်စရာကြီး ၊ အိမ်မှာလည်း IKEA က ပေါလို.၀ယ်တာ ဓါး set 4 ချောင်းရှိတယ် ၊ မိန်းမနဲ. စကားများပြီးတဲ့အခါ ညမအိပ်ခင် ဓါးတွေကို ဖွက်ထားရတယ် ၊ အိပ်ပျော်ချိန်မှာ ဖြတ်လိုက်မှာကြောက်လို. - လည်ပင်းကို ....


    ဓါးကြောက်သူ

    Z

    ReplyDelete
  22. ဟိ...၇ီ၇တယ်မဆွိေ၇..."သူ‌ပြောမှဘဲကိုယ့်ဗိုက်ကနာချင်သလိုလြိုဖစ်လာ
    တယ်"..ဆိုလို့ ...၊တို့လဲဓါးဦးချွန်တို့..အ၇မ်းထက်တဲ့ဓါးတို့ မြင်၇င်သွားကျိန်း
    သလိုလို...ဗိုက်နာသလိုလိုခံစား၇တယ်...အဲဒါအိမ်ကလူကို‌ပြောထား၇တယ်..ဓါးကိုအ၇မ်းထက်‌အောင်‌သွေးမ‌ပေးပါနဲ့လို့...။

    ReplyDelete
  23. ဆွစ်စ် ဓါး ဆိုတော့ ဈေးကြီးမှာ အမှန်ပဲနော်.....
    ဓါးချွန်ချွန်ဆို အသည်းယားလို့ အိမ်မှာ ထိပ်တုံးတိတွေပဲ ၀ယ်သုံးဖြစ်တယ်။

    ReplyDelete
  24. မဆွီရေ
    ဓါးဆိုလို့ ညီမလဲ ဓါးမကြီးတချောင်းဝယ်ဖို့ အရေးအိမ်ကလူကို အတော်ပြောဝယ်လိုက်ရတယ်။ ဟိဟိ ဓါးဆိုတာကလဲ ဟင်းရွက်လှီးရင် တမျိုး အသားခုတ်ရင် တမျိုး ကြက်သွန်ခွာရင် တမျိုး နေရာနဲ့ သူသုံးရတာကိုးနော့။ ဟီး မဆွီမှာ ဦးခြိမ်းက ၀ါသနာပါတော့ ကောင်းတာပေါ့။ ဒီမှာတော့ တခုခုဝယ်ချင်ရင် တော်တော် ကြောငြာယူရတာ အမရ။

    ReplyDelete