Monday, December 20, 2010

ဂျူဂျူလေး ၇နှစ်မြောက်မွေးနေ့ ...


ဂျူဂျူလေး ဒီဇင်ဘာ ၁၇ရက်နေ့က ၇နှစ်ပြည့်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ သမီးအတွက်မွေးနေ့ပွဲ လုပ်လေ့မရှိပါဘူး။ ဒီဇင်ဘာထဲမှာ ဟောလီးဒေးမှို့ ဟိုသွား၊ ဒီသွားနဲ့ ဂျူု့ဂျူ့မွေးနေ့တွေဟာ တစ်ခါတရံ ဟော်တယ်တွေမှာ ဖြစ်နေတတ်ပါတယ်။ တစ်ခါတရံ မြန်မာပြည်က သူ့အဖွားအိမ်မှာ၊ တစ်ခါတရံ လေယာဉ်ပျံပေါ်မှာတောင် ကျတတ်ပါတယ်။ အိမ်မှာရှိပြန်တော့လဲ ခလေးအတွက် လက်ဆောင်ဝယ်ပေး၊ ဘာပေးနဲ့ ဖိတ်ရမဲ့သူတွေ ဒုက္ခရောက်မှာ စိုးတာရယ်၊ လူလဲ ပင်ပန်းမှာကြောက်တာရယ်နဲ့ ဂျူဂျူ့မွေးနေ့လေးတွေဟာ အိမ်ကမိသားစုနဲ့ပဲ အကျဉ်းရုံးလုပ်ဖြစ်တာများပါတယ်။

ဒီနှစ်တော့ သမီးက သူ့သူငယ်ချင်း မွေးနေ့တွေသွား ဂါဝန်လှလှဝတ်၊ ကိတ်မုန့်တွေခွဲကြ၊ လက်ဆောင်ပစ္စည်းတွေဖောက်ကြ၊ happy birthday သီချင်းဆိုကြနဲ့ သူလဲ တစ်ခါတစ်လေ မွေးနေ့ရှင်ဖြစ်ချင်ပုံရပါတယ်။ မအေကို မွေးနေ့ပွဲလုပ်ပေးဖို့ ပူဆာပါတယ်။ ဒါနဲ့ ကိုယ်လဲ သူငယ်တုံးလေး ဆန္ဒပြည့်ဝပါစေဆိုပြီး သမီးမွေးနေ့လေး လုပ်ဖြစ်ပါတယ်။ ဖိတ်တဲ့လူတွေကတော့ အိမ်နီးနားချင်း၊ သူ့အဖေရဲ့ သူငယ်ချင်းတွေရဲ့ သမီးတွေ ဆော့ဖော်ဆော့ဖက် ဗမာခလေး ၆အိမ်-၇အိမ်လောက်ပဲ ဖိတ်ပြီး လုပ်ဖြစ်ပါတယ်။ လူကြီးတွေအတွက် ပလာတာ၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊စမူစာပဲရည်သုတ်၊ အချိုပွဲမျိုးစုံ အစရှိသဖြင့် စီစဉ်ထားပြီး ခလေးပရိတ်သတ်အတွက်တော့ KFC က ကြက်သားကြော်မှာပြီး ကျွေးပါတယ်။

ဂျူဂျူလေးဟာ အသက်လေးလဲနဲနဲကြီးလာပြီဆိုတော့ တချို့ကိစ္စလေးတွေမှာ သူ့ဟာသူ စီစဉ်၊ သူ့ဟာသူ ဆုံးဖြတ်တတ်နေပါပြီ။ သူငယ်ချင်းတွေကိုပြန်ပေးဖို့ Goody bag အတွက် ဘာပစ္စည်းတွေ အထဲထည့်မလဲ ဆိုတာ သူအကြံပေးပါတယ်။ သူများအိမ်က မွေးနေ့ပွဲတွေမှာ မြင်နေကျ decoration လေးတွေလဲ လုပ်ပေးဖို့ သူတောင်းဆိုတတ်နေပါပြီ။ မွေးနေ့အတွက် ဈေးဝယ်တော့ သားအမိ၂ယောက် တိုင်ပင်ပြီး ၀ယ်ကြတော့ စိတ်ထဲမှာ ဂျူဂျူလေးတောင် အတော်သိတတ် အရွယ်ရောက်နေပါပကောလို့ တွေးမိပါတယ်။ ဂါဝန်လေးဝယ်တော့လဲ သူက princess ဖြစ်ချင်သူဆိုတော့ ပရင့်ဆက်တွေဝတ်တဲ့ ဂါဝန်ကားကားကို သူ့ဟာသူရွေးချယ်ပါတယ်။ သူရွေးတဲ့ ဂါဝန်လေးက သူနဲ့ အလိုက်ဖက်ဆုံးလဲဖြစ်နေပါတယ်။ သူက ခေါင်းမှာ crown လေးလဲ တပ်ချင်တာ။ ရှာဖို့ အချိန်လဲ သိပ်မရတာနဲ့ Goody bag ထဲက crown လေးနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ဂျူဂျူလေးဟာ ရှားရှားပါးပါး ကျင့်ပပေးတဲ့ သူ့မွေးနေ့လေးမှာ သိပ်ကို ပျော်ပါတယ်။ ခင်မင်ရတဲ့ ဓာတ်ပုံဆရာ မောင်လေးတစ်ယောက်မှ ဓာတ်ပုံတွေလဲ အများကြီး မှတ်တမ်းတင်ပေးခဲ့ပါတယ်။














ဂျူဂျူလေးရဲ့မွေးနေ့မှ နှစ်ပေါင်း များစွာ အသက်ရှည်ပါစေ။ လိမ်မာရေးခြားရှိပြီး အသိဥာဏ်ပညာ ထက်မြက်သော၊ ကျန်မာရွှင်လန်းသော သမီးလေးဖြစ်ပါစေလို့ မေမေမှ ဆုတောင်းရင်း။

38 comments:

  1. ဂျူးဂျူးလေးကြီးလာပြီနော်အသားတွေလည်းပိုဖြူလာတယ်...
    ပိုချောလာတယ်
    ဟတ်ပီဘတ်ဒေးနော် ဂျူဂျူး

    ReplyDelete
  2. သမီးလေးရဲ့ မေမေ ဆုတောင်းသလိုပဲ...
    သမီးကို ချစ်တဲ့ အန်တီသက်ဝေကလဲ သမီးလေး ဂျူဂျူ လိမ်မာပြီး ပညာတွေ အများကြီးတတ်တဲ့၊ ကျန်းမာပြီး ထူးချွန် ထက်မြက်တဲ့ သမီးလေး တယောက် ဖြစ်ပါစေလို့ ဆုတောင်းပါတယ်...။

    ReplyDelete
  3. Happy Birthday Juu Juu!

    သမီးလေးတွေ... ချောလိုက်ကြတာ
    အကုန်လုံး ချစ်စရာလေးတွေ

    ReplyDelete
  4. ဟတ်ပီဘတ်ဒေး ဟတ်ပီဘတ်ဒေး ဟတ်ပီဘတ်ဒေး
်ပါ

    ReplyDelete
  5. Happy Birthday ဂျူးဂျူးလေး
    ချစ်စရာ သမီးလေးတွေပါလား

    ReplyDelete
  6. Happy Birthday ဂျူဂျူငယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  7. She is such a cute kid and definitely looks like a princess. Happy Belated Birthday and wish her all the best things in the world.

    ReplyDelete
  8. so cute, Jue Jue..
    Happy Birthday!
    Many Happy returns of the days!

    unty Myat Noe

    ReplyDelete
  9. သမီးချောကို မွေးတဲ့အမေလဲ ကျန်းမာချမ်းသာပါစေဗျာ..

    ReplyDelete
  10. Happy Birthday Ju Ju!!!! You are soooooo Cute!!!

    ReplyDelete
  11. ဂျူဂျူလေး မင်္ဂလာရှိသော နေ့ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေ .......

    ReplyDelete
  12. Hi JuJu,
    Happy Birthday to You! May you have a very happy and healthy life forever. :-)

    ReplyDelete
  13.့happy birthday ဂျူဂျူလေး

    ReplyDelete
  14. ချစ်စ၇ာ ဂျူဂျူလေး...

    HAPPY BIRTHDAY !

    ပျော်ရွှင်ဖွယ်မွေးနေ့  များစွာကျင်းပနိုင်ပါစေ ဂျူဂျူလေးေ၇။
    ကျန်းမာပျော်ရွှင် ကောင်းသောဆန္ဒ မှန်သမျှ ပြည့် စုံပါစေ။

    ReplyDelete
  15. Happy Birthday ဂျူဂျူ...
    ပန်းလေးပန်ထားတဲ့ပုံလေးက အပျိုပေါက်လေးလိုပါပဲလား...ချစ်စရာလေး... :)))

    ReplyDelete
  16. ချောလိုက်တဲ့ ကလေး။
    ဒီအရွယ်နဲ့တောင် ဒီလောက် ချောနေပြီ။

    မင်္ဂလာ မွေးနေ့ပါ ဂျူဂျူ

    ReplyDelete
  17. ဂျုဂျုလေး၏ ၇ နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အသက်ရှည် ကျန်းမာ ပျော်ရွှင်စွာ ဖေဖေ၊ မေမေနှင့် ချစ်စွာသော မိသားစုနှင့် အတူတကွ အမြဲ နေနိုင်ပါစေ။ ပညာတတ်ကြီးလည်း ဖြစ်ပါစေ။

    ReplyDelete
  18. Happy Birthday ဂျူဂျူလေးး)

    ReplyDelete
  19. မမသမီးလေးက သိပ်ချစ်ဖို့ကောင်းတာပဲး)
    လှလှပပ ထက်ထက်မြက်မြက် ချစ်စရာလေး ...
    Ju Ju Lay... happy birthday ....း)

    ReplyDelete
  20. Happy Birthday little princess JUU JUU(same name to my youngest sis).FOR MOM.....Same wish like Ba Kyauk cos i don't have any daughter but sons:)...Gyidaw

    ReplyDelete
  21. အရမ်းကို ချစ်ဖို့ကောင်း တာပဲ ...။JAPAN ဝတ်စုံလေးနဲ့ .. အ ကြိုက် ဆုံး ပဲ .။.Happy Birthday ..Ju Ju Lay Yay ...

    ReplyDelete
  22. ဟက်ပီးဘတ်ဒေးပါ ဂျူဂျူလေး..

    ReplyDelete
  23. သမီးလေး ဂျူဂျုး..
    မွေးနေ့မှာ ပျော်ရွှင်ပါစေ..။

    ReplyDelete
  24. happy birthday..ju ju lay

    ReplyDelete
  25. Happy Birthday.. ဂျူဂျူလေး..။ မွေးနေ့မှာ ပျော်ရွှင်ပါစေ..။

    မေမေနဲ့ ဖေဖေ့ကိုလည်း အခုလို့ မီးမီးကို ချစ်တဲ့ ဖေဖေနဲ့ မေမေ့ရဲ့ သမီးဖြစ်ရလို့ ကျေးဇူးတင်ပါတယ်လို့ ပြောနော်။

    နောက်ပြီး “နောက်နှစ်တွေမှာလည်း သမီးမွေးနေ့ပွဲကို အခုလို လုပ်ပေးပါနော်”လို့ ပြောထားဦး သိလား (အန်တီသင်ပေးတား) မဟုတ်ရင် သမီးလေးမေမေက ပြောနေတယ် “ကိုယ်လဲ သူ ငယ်တုံးလေး ဆန္ဒပြည့်ဝပါစေဆိုပြီး မွေးနေ့လေး လုပ်ဖြစ်ပါတယ်။”တဲ့.. မရဘူးမရဘူး အသက်ပိုကြီးသွားလည်း လုပ်ပေးလို့ ပြောထားနော် ကြားလား :D

    ReplyDelete
  26.ံHappy Birthday Ju Ju!!!
    Wishing you all the best.

    avocado

    ReplyDelete
  27. မမသီတာက ပြောသွားတယ်၊ “သမီးလေးတွေ အကုန်ချစ်စရာတဲ့”း))

    Happy belated birthday, Ju Ju!

    Wish you all the best and every success.

    ReplyDelete
  28. ဝက်ဝံလေးDecember 22, 2010 at 2:00 AM

    မွေးနေ့မှာ ပျော်ရွှင်ပါစေ ညီမလေး ဂျူဂျူလို့ ပြောရမလား တူမလေး ဂျူဂျူလို့ ပြောရမလား ဟင် မဆွီ လုပ်ဦး ကဲ ကိုယ်က ကြီးချင်တယ် ဒါပေမယ့် သိပ်လဲ မကြီးချင်သေးတော့ ညီမလေး ဂျူဂျူ လို့ပဲ ပြောသွားတော့မယ်

    ReplyDelete
  29. အန်တီလသာကတောမြှောက်ပေးသွားပြီ။ စိတ်ချ ။ ဂျူဂျူတို့ကလဲ နောက်နှစ်ကို ပူုစာဦးမှာ။
    ဂျူဂျူလေးအတွက် လာရောက်ဆုတောင်းပေးကြသူများအားလုံးကျေးဇူးပါနော်။

    ဟီးဟီး ...ခုမှသတိထားမိတယ်။ ဟိုးအပေါ်ဆုံးမှာ သားရှင်တွေ ပါလားး)) သမီးလေးတွေက ချစ်စရာပါလားဆိုပြီးတောင် လျှောက်ပြန်သံပေးသွားသေးတယ်။း))

    ReplyDelete
  30. ၀က်ဝံလေး ... ညီမလေးဆိုလဲရပါတယ်။ အန်တီ ... ညီမတွေ ခေတ်စားနေတာ သိရဲ့သားနဲ့..း)

    နောက်တာနော် ... ၀က်ဝံလေးက ငယ်သေးတာပဲ၊ ညီမလေးပေါ့။

    ReplyDelete
  31. ချစ်စရာ ညီမလေးပဲ ..
    ဂျူးဂျူးလေး မွေးနေ့မှာ ပျော်ရွင်ပါစေ...
    Happy Birthday

    ReplyDelete
  32. သမီး ဂျူးဂျူးလေး ၇ နှစ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် မိသားစုနှင့်အတူ ပျော်ရွှင်ငြိမ်းချမ်းပါစေ

    ReplyDelete
  33. ဂျူးဂျူးလေး အဖေနဲ့ အမေရဲ့ Wish တွေ အားလုံးကို ဖြည့်ဆီးပေး နှိုင် မယ့် သမီးလိမ်မာလေး တစ်ယောက်ဖြစ်ပါစေ လို့ မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ် ခင်ညာ

    ReplyDelete
  34. ဂျူဂျုလေးက ချစ်ဖို့ကောင်းလိုက်တား။ သမီးလေး ရဲ့ ရနှစ်မြောက်မွေးနေ့မှ နောင်မွေးနေ့ပေါင်းများစွာကို ချစ်သောမိသားစုနဲ့ ပျော်ရွှင်စွာဆင်နွှဲနိုင်ပါစေနော်။

    ချစ်ခင်စွာဖြင့်
    အန်တီဇင်ယော်

    ReplyDelete