Saturday, April 2, 2011
ကျွန်မပြောချင်တဲ့ အချစ်အကြောင်း
ထိုနေ့ညက ကျွန်မငိုသည်။ တစ်ညလုံး ငိုသည်။ ငိုလွန်းအားကြီး၍ မျက်နှာတစ်ခုလုံးလဲ မို့မောက်နေသည်။ ရည်းစားဟောင်းက အသည်းခွဲသွားတာ ၆လကျော်ပြီ။ အသည်းကားကွဲ၍ မပြီးသေး။ မိုးရွာလျှင်လည်း ကျွန်မငိုသည်။ နေပူလျှင်လဲ ငိုသည်။ တစ်ခါတစ်ရံ ဘတ်စ်ကားစီးရင်း တစ်စုံတစ်ခုကို သတိရကာ မျက်ရည်တွေ တွင်တွင်ကျတတ်သည်။
အဖွားကတော့ပြောသည်၊ သမီးရယ် ဖြစ်ပြီးသားကိစ္စတွေကို ကိုယ်မသုံးတော့တဲ့ ပစ္စည်း အမှိုက်ပုံးထဲထည့်ပစ်သလို ပစ်လိုက်ပါတော့ကွယ် တဲ့။ ခက်သည်က ကျွန်မ။ မေ့မရပါ။ ဘယ်လိုမှ မေ့မရသော အကြောင်းတရားများ ကြုံကြိုက်လျှင် ကျွန်မ ငိုသည်ချည်း။ တခါတရံလည်း ရှိုက်ခါရှိက်ခါ ငိုသည်။ တစ်ခါတရံလည်း ချောင်တစ်ချောင်မှာ အသံတိတ် မျက်ရည်ကျလျက်။
အဲဒီနေ့မနက်က မို့မောက်နေသော မျက်လုံးအစုံနှင့် အခန်းကို တံမျက်စည်းလှည်းနေစဉ် ပြတင်းပေါက်ကို အမှတ်တမဲ့ အကြည့်၊ အဆောင်ရှေ့လမ်းလေးဆီမှ လူ၂ယောက် ခပ်သုတ်သုတ် လျှောက်လာသည်ကို လှမ်းမြင်လိုက်သည်။ ၂ယောက်ထဲက တစ်ယောက်ကတော့ မြင်ဘူးသလိုရှိသည်ဟု ထင်နေတုံး " ဒေါ်xxx ဧည့်သည် " ဟု အဆောင်မှ ဦးလေးကြီးရဲ့ လှမ်းအော်သံ ကြားလိုက်ရသည်။ လှည်းလက်စ တံမျက်စည်းကို အသာချ၊ အနည်းငယ် သပ်ရပ်အောင်ပြင်ဆင်ရင်း အဆောင်ရှေ့တံခါးဝထံ ကျွန်မရောက်သွားသည်။
အဆောင်တံခါးပင်မဖွင့်၊ ကျွန်တော် မမိညို ရဲ့ မိတ်ဆွေပါခင်ဗျာ။ မမိညိုက စာတစ်စောင် လူကြုံပေးလိုက်လို့ လာပေးပါတယ်ဆိုကာ ဘာဂျာသံတံခါးအပေါက်မှ စာတစ်စောင် လှမ်ပေးလေသည်။ ပေးလာသူက မျက်မှန်နှင့် ပေမဲ့ ဘာဂျာတံခါးကြားမှ ကြည့်လိုက်သော သူ့မျက်လုံးအစုံကို မှတ်မိနေသည်။ ဒီမျက်နှာ၊ ဒီပုံစံမျိုး မြင်ဘူးသည်။ သေချာကို မြင်ဖူးခဲ့သည်။ ဒါပေမဲ့ ဘယ်လိုမှ အစဖော်မရ။ သူကလဲ မိညိုရဲ့မိတ်ဆွေဆိုသည်မှအပ မိတ်ဆက်ခြင်းအလျှင်းမရှိ။ ပေးစရာရှိတာပေးကာ ပြန်လေသည်။ သူငယ်ချင်းကို လူကြုံပြန်ပေးလိုလျှင် သူနောက်၂ရက်နေ ထပ်လာခဲ့မည်။ အဆင်သင့်ပြင်ထားပါဟုဆိုသည်။
မမိညိုဆိုသည်ကား ကျွန်မနဲ့ ကျောင်းတုံးက အဆောင်နေစဉ် အခန်းဖော် သူငယ်ချင်း အရင်းကြီး ဖြစ်ပါသည်။ ကျောင်းပြီးတော့ ယိုးဒယားက နာမည်ကြီး တက္ကသိုလ်တစ်ခုမှာ စကော်လာရကာ ကျောင်းတက်နေခြင်းဖြစ်သည်။ မိညိုရဲ့ စာကို ဖတ်ရတော့ ကျွန်မ နည်းနည်းတော့ အံ့သြမိသည်။ သူရေးထားသည်ကို အကြမ်းဖျဉ်းပြောရလျှင် ယခုစာယူလာပေးသူကား မည်သူမည်ဝါဖြစ်သည်။ (အမှန်က ကျွန်မတို့နှင့် မေဂျာတူ အတန်း ၂တန်းကြီးသော အကိုကြီး၊ ကျောင်းက အသင်းအပင်းကိစ္စ၊ လူမှုရေးကိစ္စတွေမှာ နေရာတကာ ပါလွန်း၍ မြင်ဖူးနေခြင်းဖြစ်ပါသည် ) ကျောင်းတုံးက ကျွန်မတို့သူငယ်ချင်းတွေ စုရိုက်ထားသောပုံကို ပြမိသည်မှအစ ကျွန်မကို သဘောကျကာ သူငယ်ချင်းကို အောင်သွယ်ပေးရန် နားပူသည်ဆိုသည်။ အောင်သွယ်ပေးပါမည့်အကြောင်း သူငယ်ချင်းက မနက်တိုင်း ဘရိတ်ဖတ်စ် ဘယ်နှစ်ရက်ဆိုလားမသိ ကျွေးခိုင်းကာ သဘောတူညီမှု ရခဲ့သည်ဆိုသည်။ အတော်ဆိုးသည့်သူငယ်ချင်း။
နောက်၂ရက်နေတော့ ကျွန်မလဲ မိညိုအတွက် လက်ဆောင် အကျီလေးတစ်ထည်ရယ်၊ စာလေးတစ်စောင်ရေးကာ အသင့်စောင့်နေသည်။ အဲသည်နေ့က ကျွန်မလဲ အိမ်ပြန်စရာရှိသည်နှင့် ပေးစရာရှိတာပေးပြီး အိမ်တစ်ခါတည်း ပြန်မည်ဆိုကာ စောင့်နေခဲ့သည်။ သူရောက်လာတော့ တော်တော်နောက်ကျနေပြီ။ အဖော်သူငယ်ချင်းတစ်ယောက်နှင့် အတူ ရောက်လာခြင်းဖြစ်သည်။ အဆောင်ရှေ့က ခုံလေးမှာပင် ကျွန်မတို့ စကားအနည်းငယ်ပြောဖြစ်သည်။ စကားစမြည်ပြောနေရင်း သူ့ပုံစံက အတွေ့အကြုံမရှိသော လူပျိုကြီးတစ်ယောက် ရှက်နေသလိုမျိုး အယောင်ယောင်အမှားမှား ရှက်ကိုးရှက်ကန်းပုံဖြစ်နေသည်။ ကျွန်မသည်ကား ထင်ထားသည်ထက် များစွာအိနြေ္ဒရနေသည်။ စိတ်လှုပ်ရှားခြင်း အလျှင်းမရှိ။ စကားကို အမှားအယွင်းမရှိ၊ အေးဆေးတည်ငြိမ်စွာ ပြောနေသည်။
သူငယ်ချင်းထံရေးသောစာတွင် ကျွန်မအသည်းကွဲခဲ့တာ၊ ရည်းစားရှိဖူးတာ သူသိရဲ့လား အစရှိကာ၊ ခံစားခဲ့ရသည်၊ ဖြစ်ပျက်ခဲ့သည်များကို သူငယ်ချင်းထံ ရင်ဖွင့်သည်။ မိညိုထံမှ Life is going on, don't give up my friend, keep on အစရှိသော အားပေးစာများနှင့်အတူ ကျွန်မလည်း အနည်းငယ် အားရှိလာသည်။ နောက်ပိုင်း သူ့ထံမှ စာလေးများလည်း တစ်ပတ်တစ်ခါဆိုသလို မှန်မှန်ရောက်လာသည်။ သူ့လက်ရေးများက လက်ရေးပိုင်ရှင်နှင့် ဆန့်ကျင်စွာ လှလွန်းလှပါတကား။ ထိုစဉ်က ကျွန်မတို့ ဋ္ဌာနနှင့် ဆရာမဆောင် အလွန်နီးရာ စာရောက်လာလျှင် ဋ္ဌာနက စာရေးမက ဖုံးဆက်ခါ လာယူခိုင်းလေ့ရှိသည်။ အဆောင်သို့ ဖုံးလာလျှင် သူငယ်ချင်းများက စ၍ နောက်၍ မဆုံးတော့ပြီ။
စာလေးတွေရောက်လာတော့ ကျွန်မလဲ စာပြန်ရေးဖြစ်ပါသည်။ စာများရေးရင်း၊ ပြန်ရင်းဖြင့် အတိတ်ဇာတ်ကြောင်းများကို အနည်းငယ်မေ့ပျောက်ကာ ကျွန်မဝေဒနာများ အတော်သက်သာလာသည်။ သူငယ်ချင်းကို အလွန်ပင် ကျေးဇူးတင်မိပါသည်။ စာများရေးရင်း၊ ပြန်ရင်းဖြင့် စာရေးသူ သူ့ကို သံယျောဇဉ်လိုလို ၊ သတိပဲရသလိုလို စိတ်ထဲမှာ ဖြစ်လာခဲ့သည်။ ဒါဟာ အချစ်လား။ စိတ်ထဲမှာ ဇဝေဇ၀ါ။ စာများ အပြန်အလှန်ရေးရင်းဖြင့် ၆လ၊ ၇လ လ ကြာသွားပြန်သည်။ တစ်ရက်တော့ စာထဲမှာ သူကျွန်မကို သံယျောဇဉ်ရှိသည့်အကြောင်း၊ ချစ်နေသည့်အကြောင်း ဖွင့်ပြောလာသည်။ ကျွန်မကတော့ ဝေ့လည်ကြောင်ပတ်လုပ်နေသည်။ ကျွန်မ စဉ်းစားရဦးမည်။ အပြင်မှာ တစ်ခါ၊၂ခါလောက်တွေ့ဖူးသူကို ကျွန်မဘယ်လို ပြောရမည်လဲ။
တစ်ရက် သူ့အိမ်က အရေးတကြီးကိစ္စနှင့် မြန်မာပြည်သို့ သူခဏပြန်လာမည်ဆိုသည်။ သူ့အိမ်ကအပြန် ကျွန်မဆီဝင်မည်တဲ့။ စာချင်းဖြင့် အတန်ကြာ ရင်းနှီးသံယျောဇဉ်ဖြစ်နေပြီဆိုတော့ ကျွန်မလဲသူ့ကို တွေ့ချင်ပါသည်။ စကားတွေ ပြောချင်နေမိပါသည်။ အဲဒီနေ့က ဆိုင်ကယ်သံ တဖုတ်ဖုတ်ကြားတော့ သူကျွန်မတို့ ဋ္ဌာနနား ဆိုင်ကယ်နှင့်ရောက်လာခြင်း ဖြစ်ပါသည်။ ထုံးစံအတိုင်း သူငယ်ချင်းတစ်ယောက်ထံမှ ဆိုင်ကယ်ငှါးလာခြင်းဖြစ်မည်။ သူနှင့် နွေးအေးမှာ သွားထိုင်ကြသည်။ စကားပြောကြသည်။ ကျွန်မတို့ ကျောင်းသူဘ၀က drawing ခန်း 7/1-1 နားက လှေခါးထစ်တွေမှာထိုင် စကားတွေ ပြောဖြစ်ကြသည်။ စကားများကား ပြောမကုန်ကြ။
ဒီကြားထဲ အဆောင်မှ သူငယ်ချင်းအချို့က သူနှင့်ကျွန်မကို သဘောမတူကြပြန်။ သူ့မှာ ဘာအပြစ်ရှိသည်၊ ညာအပြစ်ရှိသည်ဆိုကာ ဖျက်လေသည်။ ကျွန်မကား ရှေ့သို့ တိုးရမည်လား၊ နောက်ဆုတ်ရမည်လား ဇဝေဇ၀ါ။ ကျွန်မသူ့ကိုတွေ့တော့ ပြောမိသည်။ သူသည်ကား အလွန်စိတ်ဓာတ်ပြတ်သား ခိုင်မာသော သူပေတကား။ လက်တွေ့ကျသော သူပေတကား။ ဘယ်သူ သူ့အကြောင်းဘာပြောပြော သူဂရုမစိုက်ပါတဲ့။ ငါ့ညီမအကြောင်းတွေပြောတာလဲ သူဂရုမစိုက်ပါတဲ့။ လောလောဆယ်ဘ၀ကိုပဲ စိတ်ဝင်စားပါသည်တဲ့။ လူများတွေပြောတာ ညီမလဲ ဂရုမစိုက်ပါနှင့်တဲ့။ ခု၂ယောက်ချင်း တွေ့နေပြီပဲ။ မသိတာရှိမေး။ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချ။ မည်သူ့မှလဲ သူကောင်းသည်၊ ဆိုးသည် မပြော။ ကိုယ်လုပ်ချင်ရာကို ကိုယ်တိုင်ဆုံးဖြတ် ဆိုလေသတည်း။ ကျွန်မသူ့ထံမှာ ခိုင်ကျဉ်သောစိတ်ဓာတ် တစ်ခုကို တွေ့လိုက်ရသည်နှင့် အတူ စိတ်ထဲမှာ သူ့အရိပ်အောက်မှာသာဆိုလျင် ကျွန်မအား အကာအကွယ်ပေးမည့်သူတစ်ယောက် ရှိနေသလို လုံခြုံစိတ်ချသလို ဖြစ်သွားသည်။
နောက်နေ့မနက် သူ့မွေးနေ့မှာ သူ့သူငယ်ချင်း ကားစုတ်လေးမောင်းကာ ရွှေတိဂုံဘုရား အတူဖူးရအောင်ဆိုကာ လာခေါ်ပြန်သည်။ ကားစုတ်လေးကို မမောင်းတတ်မောင်းတတ်နှင့်မောင်းကာ ကက်ဆက် အစုတ်လေးဖွင့်ကာ ကျွန်မတို့ သွားခဲ့ကြသည်။ ဖွင့်ထားသည့်သီချင်းက Love song collection ထဲ က ဖြစ်မည်ထင်သည်။ " More than words" ဆိုသည့်သီချင်း။ ကားကသာစုတ်သည်။ ကက်ဆက်ကသာ စုတ်သည်။ ကျွန်မတို့ နှလုံးသားများ သစ်လွင် နုပျိုခဲ့ကြပါကလား။ ဘုရားပေါ် လှေခါးတွေ ရေကာ တက်ကြပြန်သည်။ စိတ်ထဲမှာကား သူ့ကို ချစ်မိပြီလား၊ မသေချာ။ ကျွန်မစိတ်ထဲမှာ ရှိခဲ့သည်ကား သူနဲ့အတူဆိုလျင် ကိုယ့်ကို စိတ်ဓာတ်ပြတ်သား ခိုင်ကျင်စွာဖြင့် စောင့်ရှောက်မည့်သူတစ်ယောက်အနေနှင့်၊ သူအနားမှာရှိလျင် ကျွန်မလုံခြုံစိတ်ချနေသည်။ ဒါပဲသိသည်။
Extreme
More than words
(အန်တီသက်ဝေက အချစ်အကြောင်းဆို၍ တတ်သလောက် မှတ်သလောက် ရေးလိုက်ပါပြီ၊ ရှေ့ဆက်ရေးဖို့ မတတ်တော့ပြီ။ ကျေနပ်နိုင်ပါစေ။)
Subscribe to:
Post Comments (Atom)
ကိုယ်တွေ့လားဟင်..ဖတ်ကောင်းလိုက်တာ
ReplyDeleteစူးနွယ်လေး
မမရေ အချစ်အကြောင်းလေး ခံစားအားပေး သွားတယ်နော်..
ReplyDeleteကောင်းသောနေ့လေးဖြစ်ပါစေမမ။
ဖတ်ပြီး ဘာကြောင့်မှန်းမသိ မျက်ရည်ဝဲချင်ချင် ဖြစ်သွား...
ReplyDeleteနောက်ဆုံးစာပိုဒ်လေးမှာ အချစ်တွေ အများကြီး တွေ့လိုက်ရတယ်...
ကျေနပ်တယ်ဆိုတာထက် အများကြီးပိုပါတယ်...
ကျေးဇူး သူငယ်ချင်း...း))
အချစ်အကြောင်းလာဖတ်တယ် တီတီ ဆွီ
ReplyDeleteနေကောင်းလား
တီဆွိ...အချစ်အကြောင်းလေးက အယင်က ကြားဖူးတဲ့ ဇတ်လမ်းဟောင်းလေးပေမဲ့
ReplyDeleteဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ဆိုဦးမလဲလေ..
ဘယ်..ဘယ်တော့မှ..မရိုးနိုင်ပါ.. ဆိုတဲ့ သီချင်းစာသားလေးလိုပဲ
လှလိုက်တာ...
အို.. ဒီအချစ်အကြောင်းက တမျိုးတဘာသာ ကောင်းတဲ့ ကြည်နူးဖွယ် ဇာတ်လမ်းလေးဘဲ။
ReplyDeleteဟုတ်သားနော် အချစ်ဆိုတာ နာကျင်ခါးသီးဖွယ်ရာရှိသလို ဆွတ်ပျံ့ကြည်နူးဖွယ်ရာလည်း ရှိနိုင်သေးတာဘဲ။
ဖတ်တဲ့သူကို သိင်္ဂါရ ရသလေးတွေ မျှဝေပေးတဲ့ အစ်မရဲ့ အချစ်အကြောင်းလေးအတွက် ကျေးဇူးပါ။
အဲဒီ သူ ကို သိတယ်...း)
ReplyDeleteတီဆွိ ရေးထားတာ ဦးခြိမ့်နဲ့ အစ်မ တွေ့ခါစက အကြောင်းလေးလားပာင်... ဒါမှ မပာုတ် ၀တ္ထုလား။ ဖတ်လို့ကောင်းတယ်။ "သူအနားမှာ ရှိလျင် ကျွန်မ လုံခြုံ စိတ်ချ နေသည်"
ReplyDeleteဦးခြိမ့်, comment ရေးပါအုံးဗျ....း)
ReplyDeletehimm himm
ReplyDeleteအန်တီဆွိတစ်ခါတစ်ရံ အချစ်အကြောင်းရေးတာကို ရေးနေကျမဟုတ်လို့လားမသိ၊ အောက်က အနောနိမတ်စ်တွေက တဟင်းဟင်းနဲ့ နော် ....
ReplyDeleteဟိဟိ။
ReplyDeletekom
အမ ဖတ်လို.ကောင်းလိုက်တာ စာတွေအဆက်မပြတ်ရေးပါနော်
ReplyDeleteဒီလို အချစ်ဇာတ်လမ်းတွေ ရှိခဲ့ကြတာကိုး . . ဟိဟိ
ReplyDeleteအဟော် ဒီလူတွေ ... အချစ်အကြောင်းရေးပါတယ်ဆိုမှ ဟာသရေးတယ်များ ထင်နေလားမသိ။ တဟိဟိနဲ့ လာကြပြန်ပြီ။ ခက်တယ် ... ခက်တယ် ...
ReplyDeleteNice love story!!
ReplyDeleteတို့ ကတော့ မဟိပါဘူး သူငယ်ချင်းရယ်... ဇာတ်လမ်းထဲက ဇာတ်ကောင်တယောက်ချင်းဆီကို သိနေလို့ ပေါ့... တို့ အမျိုးသားနဲ့ မမြဲပြောဖြစ်တယ်.. အဲဒီရီးစားဟောင်းအစုတ်ပလုတ်ကြီးနဲ့ ကွဲတာ ပိုကံကောင်းချင်လို့ လို့ ... သူငယ်ချင်းတို့ ရဲ့ကြည်နူးစရာမိသားစုလေးကို တွေ့ ရတိုင်း အဲဒီမျက်မှန်ကြီးနဲ့ အကိုကြီးရဲ့ သူငယ်ချင်းကိုကြည့်တဲ့အကြင်နာမျက်လုံးလေးတွေတွေ့ ရတိုင်း ဝမ်းသာကြည်နူးမိတယ်...တကယ်တော့အချစ်ဆိုတာ သူနဲ့ မှတကယ်.. ဟုတ်တယ်မိုလားဆွိ...btw,ဟိုးအတိတ်က မင်းသားသူငယ်ချင်းအနေနဲ့ ပါဝင်ခဲ့ဘူးတဲ့ ငါ့အမျိုးသားကတော့ နင်တို့ အိမ်နားက အာပူလျှာပူဆိုင်ကို စားကောင်းလွန်းလို့  ခုထိမမေ့ဘူးတဲ့လေ... အကိုကြီးရေ... မြှားနတ်မောင်မိညိုကို ဘယ်လိုကျေးဇူးဆပ်သလဲ သိချင်စမ်းပါဘိ... နာမည်လေးနဲ့ လိုက်အောင် စိတ်ထားချိုတဲ့ဆွိလေးကို ပိုင်ဆိုင်ရလို့ လေ
ReplyDeleteဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ.... :)
ReplyDeleteအငိုလေးနဲ့ စ ...ကြည်နူးမူ အဆုံး...
ReplyDeleteဖတ်လို့ကောင်းတဲ့ အချစ်ကြောင်း...
ကားအစုတ် နဲ့ ကက်ဆက်စုတ်လေး...နုပျိုနေတဲ့ နှလုံးသားက
more than words နဲ့ဆိုတော့ပိုပြည့်စုံသွားတဲ့ အချစ်ကြောင်း....
ပထမကြိမ်မြောက်လာရောက်အားပေးခြင်း....
မဆွိ ရဲ့ အချစ်အကြောင်းလေး ဖတ်သွားတယ် ရီစရာမကောင်းပါဘူး ကြည်နူးစရာကောင်းပါတယ်
ReplyDeleteခင်မင်စွာဖြင့်
ရွှေစင်ဦး
No Comment!....
ReplyDelete:).....
"သူ့ထံမှ စာလေးများလည်း တစ်ပတ်တစ်ခါဆိုသလို မှန်မှန်ရောက်လာသည်။ သူ့လက်ရေးများက လက်ရေးပိုင်ရှင်နှင့် ဆန့်ကျင်စွာ လှလွန်းလှပါတကား။"
ReplyDeleteHmm!!! currently, my hand writting is too bad since I didn't write letter in paper. :)
But, I feel sad that my face is opposite of my hand writing.
ဟမ် !
ReplyDeleteဟီး.. တီဆွိ..
ReplyDeleteအလင်း
အပေါ်က ကောင်မလေးတွေ တဟီးဟီး တဟမ်ဟမ်နဲ့ ဘာဖြစ်နေကြတာတုံး။ ဟွန့်နော် ... ဒီကောင်မလေးတွေ ...
ReplyDeleteပို့စ်တစ်ပုဒ် ညနေကျ အမြန်တင်မှပဲ .... .... ....း))
တီဆွီရေးသော အချစ်အကြောင်းကို ယောင်ပေယောင်ပေနဲ့ နားထောင်သွားပြန်ပါတယ်။
ReplyDeleteကားကသာစုတ်သည်။ ကက်ဆက်ကသာ စုတ်သည်။ ကျွန်မတို့ နှလုံးသားများ သစ်လွင် နုပျိုခဲ့ကြပါကလား။
အဲဒီစာသားလေးကို သိပ်ကြိုက်တာပဲ
ကြည်နူးစရာလေး တီဆွိ.. :)
ReplyDeleteဟီး ဘယ်နှစ်ခါရှိမှန်းတောင်မသိဘူး လာဖတ်တာ
ReplyDelete"ကျွန်မစိတ်ထဲမှာ ရှိခဲ့သည်ကား သူနဲ့အတူဆိုလျင် ကိုယ့်ကို စိတ်ဓာတ်ပြတ်သား ခိုင်ကျင်စွာဖြင့် စောင့်ရှောက်မည့်သူတစ်ယောက်အနေနှင့်၊ သူအနားမှာရှိလျင် ကျွန်မလုံခြုံစိတ်ချနေသည်။"
ReplyDeleteအဲဒီ့စာသားလေးကြိုက်လွန်းလို့ facebook မှာ share ခွင့်ပြုပါ
ခွိ ခွိ.. မိုက်တယ်ဗျာ.. ဇာတ်လမ်းကတော့..း)
ReplyDeleteမြူးမြူး လာခွိပြန်ပြီ ... ဒီကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက် ကျီးလှန့်သလို လှန့်နေရတယ် ... သူတို့တွေ မချစ်ဖူးကြတာကျနေတာပဲနော် ... ဟင်း ...ဟင်း ..
ReplyDeleteအပေါ်က အနောနိမတ်စ် ညီမလေးထင်တာပဲ။ faccebook မှာ ရှယ်လို့ရပါတယ်။ ခရက်ဒစ်ပေးစရာမလိုပါ။ ရေးထားတာကို သဘောကျတယ်ဆိုတာကို ကျေနပ်လှပါပြီ။
ခဏခဏလာဖတ်သော အနောနိမတ်စ်အားလည်း ကျေးဇူး။
တန်ခူးပြောမှပဲ ရှေ့ဖြစ်ဟောင်းတွေ သတိရလာပြီ။ ဟားဟား။
ချန်းနီလဲကိုကိုထုနဲ့ ကြည်နူးစရာလေး ရေးပါဦး။
အပေါ်ကလူကြီးတစ်ယောက်ကတော့ သူ့ကိုယ်သူလှတယ်လို့ ထင်နေသေးလားမသိ။ ခွိခွိ။
How romantic!
ReplyDeleteMa Ma Sweet,
ReplyDeleteI like your post so much.
So Romantic!
^^
hninsiphuu
မမဆွီ.......(တီဆွီလို့မခေါ်ချင်လို့) ပထမဆုံးအကြိမ်လာဖတ်ဖြစ်တာ။အရမ်းသဘောကျသွားတယ်။
ReplyDeleteကိုယ်တွေ့မို့ထင်ပါရဲ့...ရင်ထဲမှာနွေးနွေးလေးခံစားရတယ်။
ကျေးဇူးပါမ......ဆက်ရေးပါအုံးနော်
တီတီဆွိ
ReplyDeleteပျော်ရွှင်ချမ်းမြေ့ပါစေ....
ဇွန်ဇွန်
အော် ဇွန်ဇွန်လဲ ဒီပို့စ် ဖတ်ပြီးမှကိုး။ ဇွန်ဇွန်တစ်ယောက်လဲ ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမရယ်။
ReplyDeleteHello ama! I do not understand. Beginning I thought the letter who is sending the girl is Mi Nyo. I don't know that the friend is man.. I have poor reading in novel. Could you please write more in sharing knowledge like how to buy house at Sydny or why chance of getting Singapore PR is low or many other? I also like your funny stories such us why coriander leave is spicy or always dishes are stick or black .. :D... I always come and visit ur blog.. (i am sorry that i could not type in Burmese font. It take me years to find one word in burmese.. :P)
ReplyDeleteTsu
မမိညိုဆိုတဲ့ တီဆွိရဲ့ သူငယ်ချင်းက မိတ်ဆက်စာရေးပေးလိုက်တာပါ။ မမိညိုနဲ့ သူနဲ့ကလဲ အေအိုင်တီမှာ ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းတွေပါ။
ReplyDeleteစင်္ကာပူက PR ကိစ္စကတော့ ဦးခြိမ့်က ပိုပိုင်တာ။ topic ကောင်းတစ်ခုပဲ။ သူ့ကို အချိန်ရရင် ရေးခိုင်းပါ့မယ်။
ဆစ်ဒနီမှာ အိမ်ဝယ်တာတော့ မောင်ကန်ဂရူးရေးထားတဲ့ ပို့စ်ကို ၄ပိုင်းခွဲ တင်ပေးတာ ပြီးခဲ့တဲ့ အပတ်ကမှ ပြီးခဲ့တာလေ။ အောက်မှာ လင့်ခ်။
http://auntysweet.blogspot.com.au/2012/02/blog-post_9310.html
အားရင် မြန်မာလိုရိုက်တတ်အောင် စမ်းရေးကြည့်ပါလား။ အမှန်က ပြောသလောက်တော့ မခက်လှပါဘူး စုရေ။ ရိုက်ရင်းနဲ့ တတ်သွားတာပါပဲ။
အမ ရေ ဗမာ လိုရေတတ်အောင် ကြင့်နေပြီ.. အမပြော်သလိုပဲသိတ်မခက် ပါဖူး ။။
ReplyDeleteဆုဆု..
ဆုဆု ဗမာလိုရေးတာ ဖတ်ရပါတယ်။ ဟုတ်တယ် သိပ်မခက်ဘူး။ နောက်ဆို အလွတ်တောင်ရသွားမှာ။ အစ်မဆို အင်္ဂလိပ်လိုရိုက်တာထက် ပိုမြန်တယ်း)
ReplyDeleteဆွိ
ReplyDeleteသီချင်းလေးအရမ်းကြိုက်တယ်
နတ်သမီးရေ
ReplyDeleteဘလော့ဂ်တစ်ခုလုံး လာမွှေတယ်ထင်ပါရဲ့။ ကျေးဇူးနော်။ တခြားပို့စ်တွေက ကွန်မန့်တွေလဲ ဖတ်ရကြောင်းပါ။
Your love story is very romantic and sweet....
ReplyDeletePadauklan
တီဆွိကြောင့်သမီးသင်ခန်းစာတွေရသွားပြီMany thankပါ
ReplyDeleteရေးပါဦး
ReplyDelete