Saturday, May 14, 2011

တော်တို့ယောက်ျားတွေရယ် ...

စနေနေ့က နှင်းဆီပန်းပင်လေး ၂ပင် စိုက်ဖို့ ၀ယ်လာခဲ့တယ်။ ပန်းပွင့်လာရင် ဘုရားပန်းတင်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ပန်းပင်သာဆိုတယ်။ အရွက်တွေ တစ်ရွက်မှမပါတဲ့ နှင်းဆီကိုင်းပျိုးပင်လေးတွေပေါ့ဂျာ။

Sunday ရောက်တော့ ဦးခြိမ့်က ပန်းပင်လေးတွေကို အိမ်ဘေးနားက မြေကွက်လပ်မှာ စိုက်ဖို့ မြေတူးတယ်ပေါ့။ သူ့မှာ ဂေါ်ပြားသေးသေးလေးတစ်ခုတည်းနဲ့ တူးနေရတာဆိုတော့ အတော်ပင်ပန်းပုံရတယ်။ အော်ဇီက မြေက အရမ်းမာတာတဲ့။ တူးရတာ ပင်ပန်းလိုက်တာတဲ့။ အမှန်ဆို ပေါက်ချွန်းလိုဟာမျိုးသာ ရှိရင် ပိုတူးရလွယ်မှာပေါ့။ ဒါတင်မက သူတူးတဲ့နေရာကျမှပဲ အုတ်နီခဲတစ်လုံးပေါ် တည့်တည့် တူးမိရက်သားဖြစ်နေတယ်။ နောက်တော့ အုတ်နီခဲ တစ်လုံးလုံးကို တူက သံကော်တဲ့ဟာနဲ့ ကလန့်ထုတ်မှ ထွက်လာတော့တယ်။ ဆက်တူးပြန်တော့ မြေက ကျစ်ပြီးမာနေတာပဲတဲ့။ ဒီလို အလုပ်ကြမ်း မလုပ်တာကြာတော့ တော်တော်ပင်ပန်းသွားပုံရတယ်။ မှတ်မှတ်ရရလဲ ဖြစ်သွားပုံရတယ်။ ကိုယ်သာဆို မလွယ်ဘူး။ ဘယ်လိုမှ တူးနိုင်မှာ မဟုတ်ဘူး။ ယောက်ျားဘသား ကျားကိုးစီး ရှိပေလို့ပဲ။

နောက်တစ်ပင်စိုက်ဖို့ ဘေးနားလေးမှာ ထပ်တူးတော့ အဲနေရာကျ မြေက မြေပျော့၊ မြေဆွေးတွေဗျ။ အရင်က သစ်ပင်စိုက်ဖူးပုံရတယ်။ ဂေါ်ပြားလေးနဲ့ ၃-၄ချက်လောက်တူးလိုက်တာနဲ့ အပင်စိုက်ဖို့ အဆင်သင့်ဖြစ်ကရောပဲ။ ဒီလိုနဲ့ အဲဒီနေ့က နှင်းဆီပင်လေး၂ပင် ဘေးချင်းကပ်ရက် စိုက်ဖြစ်ကြတယ်ပေါ့ဗျာ။

မဆွိတီလဲ ကြားရက်တွေမှာ သစ်ပင်လေးတွေကို ရေလောင်းပြီး နေ့စဉ်စောင့်ကြည့်နေတာပေါ့။ မနေ့ကပဲ ရေလောင်းရင်းနဲ့ ကြည့်လိုက်တာ အပင်လေးတွေမှာ အတက်နီနီလေးတွေ ထွက်လာတာတွေ့တယ်။ အရမ်းဝမ်းသာသွားတာပေါ့။ မြေပျော့မှာ စိုက်ထားတဲ့ အပင်လေးက ကိုင်းတွေက ပိုများတော့ အတက်နီနီလေးတွေကလဲ ပိုများတယ်ဗျ။ လိုက်ရေကြည့်တာ ၄-၅ ခုလောက်ရှိတယ်။ နောက်တစ်ပင်ကတော့ ၂ခုတည်း။ တချို့တွေလဲ ကွယ်နေလို့ သေချာ မရေမိပါဘူး။

ဒီနေ့မနက်လင်းတော့ အိမ်ကလူ ရုံးသွားခါနီး " တော့ ... ကိုမောင်ခြိမ့်၊ အိမ်က အပင်လေးတွေတော့ အတက်လေးတွေ ထွက်နေပြီတော့။ တော် ကြည့်ဦးမလား" ဆိုတော့ အေး အေး တဲ့။ ဒါနဲ့ သူ့ကို အပင်လေးတွေ ပြပြီး ကိုယ်ကလဲ ရှင်းပြတာပေါ့။ ဒီဖက်ကအပင်ကတော့ အတက် ၄-၅ ခုလောက် ထွက်နေပြီ။ ဟိုဖက်ကတော့ ၂ခုတွေ့တယ်။ ဘလာ ... ဘလာ ... ဆို ပြောနေတုံး သူကဘာပြောတယ်ထင်လဲ။

"ဟိုဖက်ကအပင်ကတော့ အတက်သိပ်ထွက်မှာ မဟုတ်ဘူး။ ကိုယ်သိတယ်။ သူက မြေက မာတာကိုး " တဲ့ဗျား။

အွန် ... သူပြောတာ စဉ်းစားကြည့်တော့ ဟုတ်သလိုလိုနဲ့ ...
ဘာဆိုင်တုံး။ သစ်ပင်က ခုမှစိုက်ကာစ၊ မြေမာတာ သိတောင်သိသေးဝူးလေ။

အရင်ကလိုဆို ပက်ကနဲ ပြန်ပြောပစ်မှာ။ ဘာမှ ဆိုင်ဝူးလို့။ ခုတော့ အိမ်ဦးနတ်ကြီး ဖြစ်နေလို့ အသာလေးငြိမ်နားထောင်လိုက်ပါတယ်လေ။ (လူစုံစုံရှိမှ လာပြောပြတာ :)

7 comments:

  1. ညအိပ်ရာ မဝင်ခင် အိမ်ဦးနတ်ကြီးကို မပျက်မကွက် ကန်တော့ရသေးလား

    ဒါမှမဟုတ် လစာထုတ်တဲ့နေ.မှပဲ ကန်တော့သလား .. ခွိခွိ

    ခင်တဲ့

    ZZZ

    ReplyDelete
  2. အော်..ဒီလိုကိုး.....

    ReplyDelete
  3. မယ် ဒီစာလေးကို ခဏခဏလာကြည့်ဖြစ်တယ်။ ဘယ်သူတွေ ကွန်မန့်ပေးပြီး ထပ်ရယ်ရမလဲလို့ ...Google နှိပ်စက်တာနဲ့ အခုထိ မရယ်ရသေးဘူးပဲး)

    ReplyDelete
  4. မယ်ကိုးရေ မနေ့က blogspot က ဒေါင်းနေလို့ အဲဒီပို့စ်လဲ ပျက်သွားတယ်။ ကွန့်မန့်တွေလဲ ပျက်သွားတယ်။ ခုဟာက အသစ်ပြန်တင်ထားတာ။ လည်လည်လာတာ ကျေးဇူးနော်။

    ReplyDelete
  5. ဟုတ်တယ်၊ ကျွန်တော့်ရဲ့ ပထမဦးဆုံးကွန်မန်.ပျက်သွားတယ်၊
    ဘလော့တော်တော်များများဖြစ်တယ်၊ အိုင်ဒီယာအသစ်နဲ. အောက်ပါအတိုင်းပြန်မန်.လိုက်ပါတယ်၊

    အိမ်ဦးနတ်ကြီး ရုံးကပြန်လာရင် ဟင်းချက်ခိုင်း၊ အ၀တ်လျော်၊ မီးပူထိုးခိုင်း၊ အနားမပေးနဲ.

    ဦးခြိမ့်ရေ စိတ်မဆိုးပါနဲဗျာ၊ ကိုယ်ကိုယ်တိုင် ခံစားနေရလို. အဖော်ရှာတဲ့ သဘောပါ၊

    မဆွိက ပို.စ်တွေထိုင်ရေး၊

    ReplyDelete
  6. တီတီဆွိ မင်္ဂလာပါ အားလုံးအဆင်ပြေပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်ဗျ သြစီအကြောင်းတွေရေးထားတာလည်းဖတ်ဖြစ်တယ်ဗျ ကိုယ်တကယ်ရောက်နေသလိုခံစားရတယ်ဗျ အခုလိုမျှဝေးပေးလို့ လည်းကျေးဇူးပါ

    ReplyDelete
  7.း) လူစုံတုန်းပြောလိုက်ဦးမယ်။ ဘယ်သူ့မှပြန်မပြောနဲ့နော်။ ခိခိ

    ReplyDelete