Monday, January 30, 2012
ဂျူဂျူလေးရဲ့ ဟောလီးဒေး Activities
ဂျူဂျူလေးတို့ ဒီနေ့ ကျောင်းတွေ ပြန်ဖွင့်ပြီ။
Ju Ju's  First day of school, ahead to Year 3
အန်တီဆွိတို့လဲ ကျောင်း ၁လခွဲ ပိတ်လိုက်တာ ဟောလီးဒေးကာလအတွင်း ဆစ်ဒနီနဲ့ အနီးပတ်ဝန်းကျင်ကို လည်ကြတာ တော်တော်ကို စုံသွားတယ်။ ဘာဟောလီးဒေးပလန်မှ မရှိပဲ အားရင်အားသလို ကြုံရင်ကြုံသလို စိတ်ကူးပေါက်ရာ ထွက်လည်ကြတာ။ ဟောလီးဒေးမတိုင်မီက ညီမလေး ရို့စ် တက်ဂ်ထားတဲ့ Holiday Plan ဆိုတဲ့ ပို့စ်လေးအတွက် ရည်ရွယ်ပြီးလဲ တင်ပေးလိုက်ပါတယ်။ ဆစ်ဒနီကို အလည်ရောက်ရင် လည်း ဒီနေရာတွေက လည်လို့ ကောင်းတဲ့နေရာတွေဖြစ်တဲ့ အကြောင်းလည်း အသိပေးရင်းပေါ့။
ဂျူဂျူလေးရဲ့ ဟောလီးဒေး Activities အမှတ်တရ
 Birthday Girl Ju Ju (17-Dec-2011 -Sat)
ဒီနှစ်တော့ ဂျူဂျူလေးရဲ့ မွေးနေ့ပွဲကို Hungry Jack ဆိုင်မှာ ခလေးတွေအတွက် လုပ်ပေးပြီး လူကြီးတွေအတွက်တော့ တရုတ်စားသောက်ဆိုင်တစ်ခုမှာ ကျွေးခဲ့ပါတယ်။
Christmas Eve count down and firework 
 Darling Harbour (24-Dec_2011-Sat)
အဲဒီနေ့က ဒါလင်ဟားဘားမှာ အရမ်းကို လူများပါတယ်။ အသိမောင်လေး လင်မယားက နေ့လည်ကတည်းကနေ နေရာကောင်းရအောင် ဦးပေးထားလို့  အဆင်ပြေသွားတာ။
 Taronga Zoo (27-Dec_2011-Tue)
တိရိစာဆန်ရုံကတော့ ဂျူဂျူလေး ပူဆာလွန်းလို့ လိုက်ပို့ရတာ။ ရထားစီး၊ ဘုတ်စီးပြီး သွားကြတယ်။ ဘုတ်စီးရတာ ပျော်စရာကောင်းပါတယ်။  ဂျူဂျူလေး ဘုတ်ပေါ်မှာ ပျော်နေတာ။ လေတွေသူ့ပါးစပ်ထဲ ၀င်လာတာကို ခံထားတာတဲ့။ သူပျော်တော့ အဖေတွေ အမေတွေလဲ ပျော်ပေါ့။
Sydney Aquarium (31-Dec-2011-Sat)
ငါးပြတိုက်ကတော့ အရင်က ပါ့သ်မှာလဲ ရောက်ဖူးတော့ သိပ်တော့ အထူးအဆန်းမရှိလှပါဘူး။ သူက ဒါလင်ဟားဗားနားမှာပဲ။ Sydney Eye Tower နဲ့ အတူတူ package လက်မှတ်ဝယ်ပြီး သွားကြတာ။
Sydney Eye Tower (31-Dec-2011-Sat)
ဆစ်ဒနီမြို့ကို အပေါ်စီးကနေ အကုန်လှမ်းမြင်ရတာပေါ့။  ရှူခင်းကြည့်လို့ ကောင်းတယ်။ နေက ပြောင်းပြန်ဖြစ်နေလို့ လူပုံတွေရိုက်တာတော့ မကောင်းဘူး။ ရှူခင်းပုံတွေတော့ လှတယ်။
 New Year Eve  count down and firework
The Rock (31-Dec-2011-Sat)
 New Castle Beach (1-Jan-2012-Sun)
Cumberland State Forest - Forest walk (15-Jan-2012-Sun)
Wollongong Trip (Sea Cliff Bridge)(21-Jan-2012-Sat)
Wollongong Trip (Kiama Blow Hole)(21-Jan-2012-Sat)
 Wollongong Trip (Nan Tien Temple)(21-Jan-2012-Sat)
 The Entrance ( 22-Jan-2012-Sun)
Blue Mountain (24-Jan-2012-Tue)
Information လေးတွေ သိရအောင် ခေါင်းစဉ်မှာ လင့်ခ် လေးတွေပါပေးလိုက်ပါတယ်။ အော်ဇီလာလည်ရင် အဲဒီနေရာတွေကတော့ ရောက်အောင်သွားရမှာပါ။
Sydney Opra House, Bondi Beach, Manli Beach  တို့ တွေလဲ နာမည်ကြီးပါတယ်။ ဆစ်ဒနီရောက်ရင် လည်ရမဲ့နေရာတွေပါ.။ အဲဒါတွေကတာ့ အရင်က ရောက်ဖူးပြီးသားတွေမှို့ မထည့်ထားတော့ပါ။
ပဟေလိ ... အောက်ဆုံးမှာ ဦးမောင်ခြိမ့် ဘာဖြစ်တာတုံး ... ???????
11 comments:
  1. ဂျူဂျူလေးက ချစ်ဖို့ကောင်းလိုက်တာ။ ပိုချောလာတယ်နော်။(အောက်ဆုံးပုံမှလွဲပီး ဦးမောင်ခြိမ့်ဝတ်ထားသည်မှာ အနီရောင်များသာဖြစ်ပါကြောင်း အရင်ပိုစ့်ဟောင်းကို အတည်ပြုသွားပါသည်။)
    လီယို
    ReplyDelete
  2. Thank you so much for sharing those joyful time with us Ma Ma.
    ReplyDelete
  3. အင်း....နာထင်တယ်..မီနီကူးပါးဝယ်မ‌ပေးလို့ဦး‌မောင်ရှိမ့်‌တော့ပညာပြခံရပြီထင်ပါ့..Blue Mountain ‌ပေါ်ကတွန်းချလိုက်တဲ့ပုံဘဲ...XD
    ReplyDelete
  4. ခြေခေါက်သွားတာလား၊
    ဂျူဂျူလေးခရုကောက်နေတာချစ်စရာကောင်းလိုက်တာ။ အန်တီအိုင်အိုရာသာအနားမှာရှိရင် အတင်းဖက်ထားလိုက်မှာလို့ စလိုက်ပါ။း)
    အိုင်အိုရာ
    ReplyDelete
  5. မစု
    အိုင်အိုရာ ... နောက်မှ ဖြစ်ကြောင်းရယ်တဲ့ကုန်စင် another တစ်ပုဒ်တင်ပေးပါဦးမည်။
    လီယိုပြောမှပဲ နီညိုရောင်တွေ သတိထားမိတော့တယ်။
    ကျေးဇူး မွန်။
    ခုမှပဲ ကွန့်မန့်တွေ ပြန်ရေးနိုင်တယ်။ အန်တီဆွိအရင်ကတော့ တကယ့်ကို အလုပ်တွေရှူပ်နေလို့ ကွန့်မန့်တွေလဲ ပြန်မရေးနိုင်ဘူး။ လာဖတ်သူအားလုံး ကျေးဇူးပါနော်။
    ReplyDelete
  6. Happy Belated Birthday Ju Ju !!! on 17th Dec: 2011.
    အဲဒီနေ့ကတီတင့်ရဲ့ တတိယမြောက်ညီမလေး Roseရဲ့မွေးနေ့ပဲဆွိတီရေ။
    ဂျူးဂျူးလေးသိတ်ပျော်နေမှာပဲသူသွားချင်တဲ့နေရာကိုအရောက်ပို့ပေးလို့လေ။
    ဆွိတီတို့မိသားစုလည်တဲ့နေရာတွေရဲ့ရှုခင်းတွေအရမ်းလှတယ်။
    အဲဒီလိုနေရာမျိုးတွေကိုလည်ခွင့်လေးကြုံရင်ကောင်းမှာပဲနော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  7.ွှTTSweet မိသားစု
    ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ...
    ဇွန်ဇွန်
    ReplyDelete
  8. ပျော်စရာကြီးနော် မီနီဆွိလေးက ပိုချစ်စရာကောင်းတယ်း)
    မျက်မှန်လေးနဲ့လေ။ ကမ်းခြေက ပုံလေးမှာ ဂျူဂျူက အပျိုလေးကျနေတာပဲနော်း) ချစ်စရာလေ
    ဦးခြိမ့်က တောင်ပေါ်မတက်နိုင်လို့ ထမ်းတင်တာလား မှတ်တယ် ဟဟး)
    ReplyDelete
  9. ဂျူးဂျူးလေးက အရပ်ရှည်လာတယ်..ဂျူးဂျူး ခရုကောက်နေတဲ့ပုံ၊ သားအမိနှစ်ယောက် တောလမ်းလေးမှာ ရပ်နေတဲ့ပုံ၊ ပစ်ကနစ်ထွက်တာကို အဝေးက လှမ်းရိုက်ထားတဲ့ပုံတွေကို ကြိုက်တယ် တီဆွိ...
    ဦးခြိမ့်က ချော်လဲတာများလား..ရမ်းတုတ်သွားသည်..
    ReplyDelete
  10. ဓါတ်ပုံတွေ လာကြည့်သွားတယ် အမရေ ပျော်စရာကြီး
    ReplyDelete
  11. i live in Newcastle Aunty sweet :) feel free to hit me up when you visit to Newcastle :)
    -May-
    ReplyDelete