Wednesday, November 5, 2025
မုံလာ ချဉ်ဖတ် ပဲတီချဉ် တည်နည်း
ဆန် ဆေးရေ ၅၀၀ မီလီထဲကို ဆား စားပွဲဇွန်း တစ်ဇွန်းနဲ့ ထမင်း ကြမ်း စားပွဲဇွန်း ၂ဇွန်းစာခန့် ထည့်မွှေပါ။
မုံလာဥကို အခွံသင် ပါးပါးလေးတွေ လှီး (သို့) ပိုးတီလို အရှည်လိုက်ရအောင် လှီးထားပါ။
ပြီးရင် ပုလင်းအဝခပ်ကျယ် ကျယ်ထဲကို ဆန်ဆေးရည် ဖျော်ထားတာရယ် မုံလာဥ ပိုးတီ၊ ပဲတီချဉ်တို့ကို ပြည့်အောင် သိပ်ထည့်ပါ။
အဖုံး လုံအောင် ပိတ်ပြီး အခန်းအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ် လောက်မှာ ၂ရက်ခန့် ထားရင် ချဉ်ပါပြီ။
ကြက်သွန်နီ ပါးပါးလှီး၊ ငရုပ်သီးစိမ်း၊ ငရုပ်သီးကျက်မှုန့်၊ မြေပဲထောင်းတို့နဲ့ ပဲဆီ မွှေးမွှေးလေး ဆမ်း သုပ်စားရင် အလွန် ထမင်းမြိန်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment