..
လူ ၈ ယောက် စာလောက် ပြင်ဆင်ထားရမှာတွေက
၁) ရှမ်းခေါက်ဆွဲဖတ် တစ်ထုတ်ခွဲ (၅ နာရီခန့် ရေစိမ်ထားပါ)။
၂) ဝက်သား အကြေ ကြိတ်သား (၇၀၀ ဂရမ်ခန့်) (ပဲငံပြာရည် အကြည်၊ ဆား၊ သကြား၊ ငရုပ်ကောင်းနဲ့ သင့်အောင် နယ် နှပ်ထားပါ)
(ခရမ်းချဉ်သီး ၇၀၀ ဂရမ်ကို ရေနဲ့ နူးပျော့ သည် အထိ ပြုတ်ပြီး အခွံခွာ blender နဲ့ ကြိတ်ထားပါ)
၃) ဝက်ရိုး တစ်ကေဂျီ (ရေ မြုတ် အောင်ထည့်၊ ဂျင်း ကြက်သွန်ူ ဆား သကြား ဟင်းခတ်မှုန့် ငရုပ်ကောင်း စေ့ အစရှိသည်နဲ့ ၃၀ မိနစ်ခန့် pressure cooker နဲ့ တည်ထားပါ။
(မုန်လာဥ တစ်ဝက်ခန့်ကို အခွံခွာ အပိုင်းလေးတွေ ဖြတ်ထားပါ)
၄) ကြက်သွန်ဖြူ (ကြိတ်ပြီး ဆီနဲ့ ဆီချက် ချက်ထားပါ) ( အနည်းငယ်ကို ဟင်းချက်ရန် ချန်ထားပါ)
၅) ငရုပ်သီး ခွဲခြမ်း (ဆီများများနဲ့ (ဆီနဲ့ ဆတူလောက်) ကြော်ထားပေးပါ)
၆) ဖာလာ၊ နာနတ်ပွင့် (ပါးကော)၊ သစ်ဂျပိုးခေါက် အနည်းငယ် ( ဆီမွှေး အတွက် ဆီကိုကျက်အောင်တည်ပြီး ဆီသတ်ပေးထားပါ)
၇) ပဲငပိ (ပဲငံပြာရည် အကြည်ရေနဲ့ ဆတူ ဖျော်ထားပါ)
၈) ထန်းလျှက်ရည် (ခပ်ပျစ်ပျစ် ကြိုထားပါ)
၉) မြေပဲဆံလှေ် (မညက် တညက် ကြိတ်ထားပါ)
၁၀) နှမ်း လှော်
၁၁) ဟင်းရွက် (သို့) ပဲရွက် ( ရေနွေးပူပူ ဖျောထားပါ)
၁၂) ကြက်သွန်မြိတ် ( ပါးပါး ရိတ်ရိတ် လှီးထားပါ)
၁၃) တို့ဟူးပြားခြောက် (ဆီနဲ့ ကြွပ်အောင် ကြော်ထားပါ)
..
ဝက်သားအကြေဟင်းချက်ရန်
ပထမဆုံး ဝက်သား အကြေကို ဟင်းချက်ပါမယ်။
သူက ငရုပ်သီး ဆီအနီရောင် မပါပဲချက်မှာပါ။
ဒယ်အိုးထဲကို ဆီ ၂၅၀ မီလီလောက်ထည့် ကြက်သွန်ဖြူ ကြိတ်ထားတာထည့်ဆီသတ်ပါ။
ပြီးရင် ရှောက်ကော ပါးကော အမှုန့် အနည်းငယ် ထည့် ဆီသတ်ပါ။
မွှေးလာရင် ဝက်သားကြိတ်ထားတာ ထည့်ပြီး ဝက်သား အရည် ကုန်သည်အထိ ဆီသတ်ပေးပါ။
ပြီးရင် ခရမ်းချဉ်သီး ကြိတ်ထားတာထည့် ခရမ်းချဉ်သီးရော ဝက်သားရော အနံ့ ပျောက်ပြီး မွှေးလာသည် အထိ ရေ အနည်းငယ်ထည့်ပြီ တည်ပေးထားပါ၊
ကျက်ပြီဆို ကိုယ့် စိတ်ကြိုက် အရသာရအောင် သကြား၊ ဆား၊ ဟင်းခပ်မှုန့် ၊ပဲငံပြာရည် အကြည်််ရည် အစရှိသဖြင့် ထည့်ပြီး ပြင်ထားပါ။
..
ဟင်းချို ချက်ရန်
ဝက်ရိုး ကို pressure cooker နဲ့ ဟင်းချိုချက်ထားတာရရင် မုံလာဥ ပိုင်းထားတာတွေထည့် ပြီး နောက်ထပ် ၂၀ မိနစ်ခန့် ဝက်ရိုးရော မုံလာဥရော အိလာတဲ့ အထိ ထပ်တည်ပေးပါ။ အရသာကို စိတ်ကြိုက် ပြင်ပါ။ ပြီးရင် အရည်တွေကို စစ်ယူပြီး အိုးတလုံးနဲ့ ထည့်ထားပါ။
..
ဒါဆို ပွဲပြင်ရန် အဆင်သင့်ဖြစ်ပါပြီ၊
စောက်နက်တဲ့ အိုးတစ်လုံးထဲ ရေပွက်ပွက်ဆူအောင် တည်ပါ၊
ရှမ်းခေါက်ဆွဲ ရေစိမ်ပြီး စစ်ထားတာ ၁၀၀ ဂရမ်ခန့် အရွက် အနည်းငယ် ရေဆူဆူထဲ တစ်မိနစ်ခန့် နှစ်ပြီး ဆယ်၊ ရေစစ်၊ ပွဲပြင်မဲ့ ပန်းကန်ထဲထည့်ပါ။
ပြီးရင် ခေါက်ဆွဲပေါ်ကနေ ဝက်သားအကြေချက်ထားတာ ၄၀ ဂရမ်ခန့်၊ ဝက်ရိုးပြုတ်ရည် ၄၀ ဂရမ်ခန့် ၊ ကြက်သွန်ဖြူ ဆီချက် - 2 tsp, ငရုပ်သီး ဆီနီချက် - 2 tsp, ဆီမွှေး - 1 tsp, မြေပဲထောင်း 1 tbs မောက်မောက်၊ နှမ်း 1/2 tsp ၊ ပဲငပိ 1tsp ထန်းလျှက်ရည် 1 tsp အားလုံးကို စီရရီ ထည့်ပြီး နောက်ဆုံး အပေါ်ကနေ ကြက်သွန်မြိတ် ဖြူးပါ။
ရေစပ်စပ်လေးနဲ့ ရေစိမ်ခေါက်ဆွဲ ရပါပြီရှင်။ တို့ဟူးခြောက် ကြော််လေးနဲ့ စား ကောင်းမှကောင်းပဲ။
ဝက်ခေါက်ကြေ်နဲ့စားရင်လဲရပါတယ်။ ကျန်းမာရေး မညီညွတ်လို့ အိမ်မှာတော့ ရှောင်ပါတယ်။




No comments:
Post a Comment