Friday, December 25, 2009

ယောက်ျား ရှိခိုး သွားမကျိုး ...

မဆွိတီတို့ သူငယ်ချင်းထဲက တစ်ယောက်ပေါ့လေ။ သူက တစ်ချို့ကိစ္စတွေမှာ နဲနဲ ကွန်ဆာဗေးတစ်ဆန်တယ်။ ရှေးရိုးစွဲတယ်ပြောရမှာပေါ့။ သူတို့မိသားစု မျိုးရိုးဓလေ့စရိုက်ကိုကပဲ အဲလို ရှေးရိုးစွဲတာဖြစ်ဟန်တူပါရဲ့ ။

ဟိုတစ်နေ့ကမှ သိလိုက်ရတာ ... သူကသူ့ယောက်ျားကို ညတိုင်းရှိခိုးပြီးအိပ်သတဲ့လေ။ ဒီခေတ်ကြီးထဲများ ယောက်ျားရှိခိုးအိပ်တယ်ဆိုတော့ အံ့လဲအံ့သြ၊ ရယ်လဲရယ်ချင်သွားတယ်။ ဘာလို့လဲဆိုတော့ သူ့အမျိုးသားကလဲ သူနဲ့ ရွယ်တူ၊ အတန်းတူ သူငယ်ချင်းကနေ ကြိုက်ပြီး အိမ်ထောင်ပြုကြတာကိုး။ ကိုယ်ကလဲ ၂ယောက်စလုံးကို ကျောင်းကထဲက သိနေ၊ ခင်နေတော့ ရယ်ချင်သွားတာ။

အဲဒါ လင်မယား ဘာသာ၊ဘာဝ အမြဲတမ်းတော့ ဘယ်တည့်မလဲနော့။ တစ်ခါတစ်လေ ရန်ဖြစ်တဲ့နေ့တွေ၊ စိတ်ကောက်ကြတဲ့နေ့တွေ လည်းရှိမှာပေါ့။ အဲဒီလို ရာသီဥတု မသာမယာဖြစ်တဲ့နေ့တွေကျရင်ကော ဘယ်လိုလဲ။ အဲလိုနေ့တွေတော့ မရှိခိုးတော့ဘူးပေါ့ဆိုတော့။ ဘာပြောတယ်ထင်တုံး။

အဲလို စိတ်ဆိုးတဲ့အခါဆိုရင်တော့ ထိုင်ကန်တော့မနေတော့ပဲ ကုတင်ပေါ်ကတင်ပဲ ယောက်ျားဘက်လှည့်ပြီး "တော့ကို ကျုပ်ရှိခိုးတယ်တော် " ဆိုပြောသတဲ့။ စိတ်ဆိုးပါတယ်ဆိုမှတော့ လေသံက ဘယ်သို့ ဘယ်ပုံဖြစ်မလဲဆိုတာတော့ ပိတ်သတ်ကြီး ကိုယ့်ဟာကိုယ်သာ စဉ်းစားကြပါကုန်။
ယောက်ျားလုပ်တဲ့သူက တစ်ဖက်ကနေ ခေါင်းငြိမ့်ပြီး ... အင်း ... အင်း ... အင်း .. ဆိုပြောမှပဲ ... သူလဲ ဟိုဘက်ကို ဆောင့်အောင့်ပြီး ယောက်ျားနဲ့ဝေးရာဘက် လှည့်အိပ်ပါလေရောတဲ့။


သူပြောတဲ့ပုံကွင်းကွင်းကွက်ကွက်မြင်ပြီး ရယ်လိုက်ရတာ။ ဖတ်ဖတ်ကိုမောရော။ စိတ်ကောက်တယ်ဆိုလဲ မရှိခိုးပါနဲ့တော့လား။ ခုတော့ ...

(သူငယ်ချင်းမရှိတုံးလေး သူ့အကြောင်းလေး ဖွထားတာပါ ... စိတ်မဆိုးလောက်ဘူးထင်ပါရဲ့ ..)

10 comments:

  1. ဟာ... ဖွသဟေ့...
    တော်တော်ဆိုးတဲ့ မဆွီတီပါလား...
    ဟိုတယောက်ပြန်လာရင် ရန်တွေ့ခံရမှာ မြင်ယောင်မိပါသေး...
    နောက်ဆိုရင် ကိုယ်လဲ မဆွီတီရှေ့မှာ အပြောအဆို ဆင်ခြင်မှ လို့ သင်ခန်းစာရသွားပါကြောင်း... ဟီဟိ...

    ReplyDelete
  2. တို့လဲ ရှိခိုးပြီးမှ အိပ်တာပါနော်...ဟီဟိ ၊ သူ မဖွခင် ကိုယ်အရင် ဖော်လိုက်ပဟ...:D

    ReplyDelete
  3. ဟား...ဟား.... မျက်စိထဲမှာ မြင်ယောင်ပြီး ရယ်မိတယ်ဗျိုး။

    ယောက်ျားရော မိန်းမရော အတူတူ ရင်ဘောင်တန်းတဲ့ ခေတ်ကြီးမှာ ယောက်ျားကို ရှိခိုးတာတော့ နည်းနည်း ဆန်းနေသလိုပဲ။ အေးလေ.... နှစ်ဦးနှစ်ဖက် ကျေနပ်တယ်ဆိုတော့လည်း ဘာပြောစရာလိုသေးလဲကွယ်ပေါ့။

    ReplyDelete
  4. ဘာပြောရမှန်းတောင် မသိတော့ဘူး။ :D

    တခု သွား သတိရမိတယ်။
    ဂျာနယ်ကျော် မမလေးလဲ ဦးချစ်မောင်ကို ရှိခိုးပြီးမှ အိပ်တာ ဆိုတာ။

    ReplyDelete
  5. ဟား ဟား ... သူငယ်ချင်း မသက်ဝေတို့ ... အကြည်တို့ကလည်း ... ဒီက ချစ်တဲ့ ခင်တဲ့သူတွေကိုပဲ ဖွတာလေ ... ဟိဟိ ... ဖားထားတာ ...
    မသက်ဝေတို့ ကိုလဲ ဒီက အရမ်းခင်တာပဲ သိလား ... (မှတ်ချက် ... ဖွချင်လို့ စကားပျိုးထားခြင်းမဟုတ် ...)

    ဟိုက် ... အကြည်ကလည်း ... ရှိခိုးသတဲ့ ... ဒီပို့စ်တင်မိတာတော့ အမေ့သမီး မှားပြီနဲ့တူတယ် ... အမေရေ ...

    ReplyDelete
  6. အဲ... ပြောကာမှ ပိုဆိုးနေပြီ...
    အခြေအနေ မကောင်းဘူး...
    သူ့ကို ဒီပိုစ့်အတွက် နှုတ်ပိတ်ခ ကျွေးခိုင်းရမယ့်အစား ကိုယ်ကတောင် ပြန်ကျွေးရမယ့်ကိန်း ဆိုက်နေပါရောလား...........

    ReplyDelete
  7. ပိတ်သတ်ရေ ... ကာရကံရှင်သူငယ်ချင်းမှ သူ့ကွန့်မန့်လေး ရေးပေးပါဆိုလို့ ... အဲဒီတုံးက ကိုယ်အိမ်ကလူက တဆင့်စကားနဲ့ပြောတာကို ကိုယ်က ပြန်ရေးတာ။ သူကနဲနဲလွဲနေတယ်တဲ့ ...


    အမလေးတော့ အတင်းက ကောင်းကောင်းကြီး တုတ်ထားတာပါလား။
    သူကကိုယ့်အတွက် ရိုသေလေးစားထိုက်သူမှို့ ကန်တော့တာပေါ့တော့။
    ပြီးတော့သူက ကိုယ့်ထက် အသက်လည်းကြီးတာကိုး ...
    နာတို့ ငယ်ငယ်တထဲက အိမ်မှာ ငယ်စဉ်ကြီးလိုက် အမြဲကန်တော့တဲ့ အစဉ်အလာလဲ ရှိနေကြတာ။ အပြင်ထွက်ခါနီးတိုင်း၊ ညအိပ်ရာ ၀င်ခါနီးတိုင်း ဘုရားကန်တော့ပြီးတာနဲ့ အဖိုး၊ အဖွား၊ အဖေ၊ အမေ၊ အစ်ကို၊ အစ်မ ငယ်စဉ်ကြီးလိုက် ကန်တော့ကြတယ်။

    ပြီးတော့ ချိုကြီးရေ ၊ နင်ရေးတာတော့ ရေးတာပေါ့။ နဲနဲ လွဲနေတယ်ဟ။
    တစ်ခါတစ်လေ ငါက စိတ်ဆိုးစိတ်ကောက်နေတဲ့အချိန် အိပ်ရာဝင် ၀တ်ပျက်မှာစိုးလို့ ဘုရားကန်တော့ပြီးတာနဲ့ သူ့ကို စူပုတ်ပုတ် မျက်နှာနဲ့လည်း မကြည့်ဘူး။ ဒီတိုင်း ... ဒီမှာ ကန်တော့နေတယ်လို့ပြော ...ပုဆိန်ပေါက် ကန်တော့တာပေါ့။
    နာကိုသာ အေးအေး ... ကန်တော့တဲ့သူက ညက်နှာကြီး စူပုတ်မနေရဘူး။ စိတ်မကောက် စိတ်မဆိုးရဘူးလို့ ပြန်ပြောတာပါအေ့။ ဟိုဘက်လှည့်ကျောခိုင်း မနေကြပါဘူး။ နင်ရေးတာ မှားနေတယ်.. ပြန်ပြင်ချေ။း)

    ReplyDelete
  8. ဟား ဟား ဟား...
    ကာယကံရှင်ရဲ့ ဖြည့်စွက်ချက်က မိုက်တယ်...း))
    ကြိုက်သွားပြီ...

    ReplyDelete