Monday, December 28, 2009

စင်္ကာပူမှ ခလေးများအတွက် ကူမွန် သင်တန်းကျောင်း


စင်္ကာပူမှလို့ခေါင်းစဉ်တပ်ထားပေမဲ့ ကူမွန်(Kumon) သင်တန်းက တကယ်တော့ world wide educational franchise company တစ်ခုပါ။ ဂျပန်၊ အော်ဇီ၊ အင်္ဂလန်၊ US အစရှိသဖြင့် နိုင်ငံပေါင်း ၄၄နိုင်ငံမှာ ရှိနေပါပြီ။ သူငယ်တန်းကစပြီး ကောလိပ်ရောက်တဲ့ အထိ တက်လို့ရပါတယ်။ အဓိကက သင်္ချာနဲ့ အင်္ဂလိပ်စာ reading သင်တန်းတွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ဂျပန်ကစခဲ့တဲ့ သင်နည်းစနစ်တစ်ခုဖြစ်ပါတယ်။ ကျောင်းဆရာ ဖခင်တစ်ယောက်က သူ့သားလေး ကျောင်းမှာ သင်္ချာမလိုက်နိုင်လို့ အိမ်မှာ လေ့ကျင့်ပေးတဲ့ နည်းတစ်ခု တီထွင်ခဲ့ရာက အစပြုခဲ့ပါတယ်။

သမီးကို အင်္ဂလိပ်နဲ့ တရုတ်ကို အိမ်မှာကျူရှင်ရှိပြီးသားပါ။ သင်္ချာကိုတော့ ကိုယ်တိုင်သင်ပေးပါတယ်။ ဒီကြားထဲ ဟိုဟိုဒီဒီ ကူမွန် ... ကူမွန်ဆိုတာ ကြားလာတော့ သမီးအတွက် ဘာတွေ သင်ပေးနိုင်မလဲဆိုတာ သွားလေ့လာခဲ့တယ်။ ပထမတော့ အင်္ဂလိပ်စာထားဖို့ သွားတာပါ။ နောက်မှ ကူမွန်က သင်္ချာအဓိကဦးစားပေးကျောင်းဆိုတာ သိရပါတယ်။ ၂ဘာသာမှာမှ သင်္ချာကိုပဲ အရင် ယူကြည့်ဖို့ အဲဒီက ကျောင်းအုပ်ဆရာမက တိုက်တွန်းပါတယ်။

ပထမတော့ ကူမွန်ဆိုတာ ကိုယ်တွေ ၉တန်း ၁၀တန်းက တက်ခဲ့တဲ့ ကျူရှင်တွေလို ထင်လိုက်တာ။ တကယ်တော့ စာသင်တဲ့ ကျူရှင်တော့လဲ မဟုတ်ပေဘူး။ Study Guide လိုမျိုးဆို ပိုမှန်မယ်ထင်ပါတယ်။ သူ့ရဲ့ သင်ပုံသင်နည်းက ဆန်းကျယ်လွန်းလို့ ဒီမှာ အကျယ်တ၀င့် လာပြောရတာပါ။

သမီးကိုသွားအပ်တော့ ပထမဆုံး သူ့ရဲ့ သင်္ချာအဆင့်ကို စစ်ပေးပါတယ်။ ပြီးတော့ သူနဲ့ကိုက်ညီမဲ့ သင်ရိုးကနေ စပြီး သင်ကြားရမယ်လို့ ပြောပါတယ်။ ကူမွန်ရဲ့ ကိုယ်ပိုင် syallabus အတိုင်း ခလေးရဲ့ စာလိုက်နိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု တက်သွားမှာပါ။ ကိုယ်ပိုင် သင်ရိုးပေမဲ့ International သင်ရိုးနဲ့ အညီဆွဲထားတာပါ။ ဒါကြောင့် ကူမွန်မှာတက်နေတဲ့ ခလေးတစ်ယောက်ဟာ သူ့ဥာဏ်ရည်နဲ့ ကျိုးစားအားထုတ်မှုပေါ်မူတည်ပြီး သူငယ်တန်းပေမဲ့လည်း Primary 2 သင်ခန်းစာတွေ တတ်ပြီးသူလဲ ဖြစ်နေနိုင်ပါတယ်။ Primary 3 ကျောင်းသူတစ်ယောက်ဟာ ကောလိပ်က သင်္ချာသင်ခန်းစာတွေ ကောင်းကောင်းလုပ်နေတဲ့ ဗီဒီယိုကို ကြည့်ခဲ့ရပါတယ်။ အဲဒီဗီဒီယိုကိုကြည့်ပြီး သမီးကို သင်္ချာ သင်တန်းအပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကြော်ငြာကောင်းတယ်ပဲ ပြောရမလား။

တစ်ပတ်မှာ တစ်နာရီသင်တန်း ၂ချိန် ကူမွန်သင်တန်းကျောင်းကို သွားရပါတယ်။ သင်တန်းက Individual basic ဆိုတော့ သမီးတက်မဲ့ အတန်းမှာ သူငယ်တန်းလဲပါနိုင်တယ်။ Primary 4 လဲ ပါနိုင်တယ်။ အားလုံးရောပြီး တက်ရပါတယ်။ ကောလိပ်ကျောင်းသားတောင်ပါနိုင်ပါတယ်။ White board ကြီးမှာ စာတွေရေးပြီး ရှင်းပြသင်ပြနေမှာ မဟုတ်ပါဘူး။ တစ်ယောက်ချင်းစီအတွက် သီးသန့် work sheet တွေ ထုတ်ပေးပြီး အဲဒီ work sheet တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်းပြီးအောင် လုပ်ရမှာပါ။ မေးခွန်းတွေက multiple choice လို သဘောမျိုးတွေ၊ ကွက်လပ်ဖြည့်သလိုတွေဖြစ်ပြီး work sheet တစ်ခုကို မိနစ်၂၀လောက် ဖြေရတယ်လို့ပြောပါတယ်။ ကျောင်းက stop watch လေးပေးထားပြီး work sheet ကို အချိန်မီ မပြီးရင်၊ ဒါမှမဟုတ် အမှားတွေ များနေရင် အဲဒီ work sheet ကိုပဲ အစအဆုံး repeat ပြန်လုပ်ရပါတယ်။ မသိရင်မေးဖို့လဲ ဆရာမတွေ အနားမှာရှိပါတယ်။

စာမသင်ပဲ စာရှင်းမပြပဲ ခလေးနားလည်နိုင်ပါ့မလားဆိုတာတော့ ကိုယ်လဲ ပထမတော့ သံတယဖြစ်မိပါတယ်။ work sheet ပေးတဲ့ အခါ ပထမဆုံး နမူနာ ပုစ္စာကို ဥပမာလေးနဲ့ ရှင်းပြထားတယ်လို့ပြောပါတယ်။ ပြီးတော့ ပုစ္စာတွေက တစ်ပုဒ်ချင်းစီတက်သွားတိုင်း နဲနဲခက်လာပါတယ်။ ဒီနည်းနဲ့ သင်ခန်းစာတွေကို ခလေးတစ်ဦးချင်းစီမှာ မြန်မြန်တွက်တတ်လာအောင်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု self confident ရှိလာအောင်လေ့ကျင့်ပေးသလို ဖြစ်လာပါတယ်။

ကျောင်းမတက်ရတဲ့ ရက်တွေအတွက်လဲ နေ့စဉ်လုပ်ဖို့ home work (work sheet ) တွေ ပေးလိုက်ပါတယ်။ အိမ်မှာ မိဘ အုပ်ထိမ်းသူ guide လုပ်ပြီး မိနစ်၂၀ လောက် အချိန်ပေး ဘေးမှာထိုင် တစ်ချို့နားမလည်တာလေးတွေရှိရင် ရှင်းပြပေးရပါတယ်။ ကျောင်းသွားအပ်တဲ့နေ့ကထဲက အိမ်မှာ သုံးဖို့အတွက် stop watch ကို ပေးလိုက်ပါတယ်။ Stop watch ကြီးဘေးမှာချပြီး လုပ်ရတော့ ခလေးအတွက် stress များမှာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီနည်းနဲ့ တိုးတက်လာတဲ့ ခလေးတွေ အများကြီးပဲဆိုတာ ခလေးမိဘတွေက recommend လုပ်ထားတော့ ဒီနည်းကို လျော့တွက်လို့မရပါဘူး။ သမီးအတွက်တော့ တိုးတက်မှုကို စောင့်ကြည့်ရဦးမှာပါ။

တစ်ချို့ကလည်း work sheet တွေပဲ ထိုင်လုပ်နေရတော့ very boring ပျင်းစရာကောင်းတယ်ဆို မကြိုက်ကြပါဘူး။ work sheet တစ်ခု မှားတိုင်း အပြန်ပြန် အလှန်လှန် repeat လုပ်ရတယ်ဆို ပိုဆိုးပါတယ်။ သူက repeat လုပ်ရင်းနဲ့ memorize လုပ်သလို သဘောဖြစ်သွားတော့ တစ်ချို့က thinking ပိုင်းမှာ အားနည်းသွားတယ်လို့ဆိုပါတယ်။ ကူုမွန်မှာ သူ့သား၂ယောက်လုံးကို ထားခဲ့တဲ့ ကိုယ့်အထက်အရာရှိကတော့ အားပေးပါတယ်။ ဒါပေမဲ့ သူ့သားတွေ ကျောင်းမှာ သင်္ချာချိန်ကျ ဆရာတွေက complaint တက်ခံရပါတယ်။ စာတွေက သိပြီးသားတွေ သူတို့ သိထားတာထက် ၂တန်းလောက်အောက်ရောက်နေတော့ ခလေးက စာသင်တဲ့ အချန်မှာ စိတ်မ၀င်စားပဲ ဆော့နေပါတယ်တဲ့။ နောက်တစ်ခုက ကူမွန်က သင်ခန်းစာတွေ လွယ်ကူတုံး အတန်းငယ်တွေ အတွက် ကောင်းပေမဲ့ အတန်းကြီးလာတဲ့အခါ၊ သင်ခန်းစာတွေ ခက်လာတဲ့အခါတော့ သိပ်မကိုက်တော့ဘူးလို့ ပြောပါတယ်။ ဒါတွေကတော့ ကူမွန်ရဲ့ အားနည်းချက်တွေပါ။
ကျောင်းလခက တစ်လကို ၈နာရီစာ စင်္ကာပူဒေါ်လာ ၁၂၀၊ နဲ့ ကျောင်းဝင်ကြေး ၃၀ပေးရပါတယ်။

အကျယ်သိချင်လျင် အောက်က web page လေးမှာ သွားလေ့လာနိုင်ပါတယ်။
http://www.kumon.com/default.asp?language=USA

6 comments:

  1. စလုံးက ကလေးတွေ စာကျက်တာလဲ မတွေ့ရဘူးဗျနော်.. သူတို့ဘယ်လို စာတွေလုပ်သလဲဆိုတာ သိချင်နေတာဗျ။ အိမ်မှာက သယ်ရင်းတွေ ပဲစုနေတာဆိုတော့ မသိရဘူး။

    ReplyDelete
  2. ပုလုကွေးရေ ... ဒီမှာက တို့ငယ်တုံးကလို စာတွေ အော်ကျက်စရာ မလိုဘူးထင်တာပဲ .... အလွတ်ကျက်စရာဆိုလဲ စိတ်ထဲကဖတ်ရင်း memorize လုပ်သွားတာပဲလေ ... ဥပမာ ... ယင်းဂလိပ်စာ meaning ဆို တို့တွေ ငယ်ငယ်က အော်ပြီး ကျက်ရတယ်လေ။ သူုတို့က flesh card လေးတွေနဲ့သင်တာ။ ခုကူမွန်ကလဲ ထိုနည်းလည်းကောင်းပဲ။ စာလုပ်ရင်းနဲ့ memorize လုပ်သွားတာ။

    ReplyDelete
  3. စိတ်ဝင်စားစရာပဲနော် TTSweet

    ReplyDelete
  4. work sheet မှာ memorize လုပ်ရင်း repeat ဖြစ်သွားတော့ good တာပေါ့...

    ကို Luu ထွေး...းP

    ReplyDelete
  5. စိတ်ဝင်စားတယ် တကယ်ပဲ တီတီဆွိရေ
    မအယ် ဖြစ်နိုင်ရင် ၅တန်း ၆တန်းကနေ ကျောင်းပြန်တက်ချင်တယ်။ အသက်က နည်းနည်းလေး ကြီးနေလို့:)))) နည်းနည်းလေးပါ။


    မအယ်

    ReplyDelete
  6. Not quite my style of teaching :) I do not believe in worksheets after worksheets. Better to be more involved in communicative interactions :)

    ReplyDelete