Thursday, June 24, 2010

ပထမဆုံးနဲ့ နောက်ဆုံးများ ...

ဟာသတစ်ပုဒ်ဖတ်ဘူးတယ်။ အဖေလုပ်သူက သမီးဖြစ်သူကို ရှင်းပြနေတာပါ။

"သမီးရေ ... ဖေဖေတို့ငယ်ငယ်တုံးက ကွန်ပြူတာဆိုတာ ခုခေတ်လို ဘယ်ဟုတ်မလဲ။ ဧရာမ အကြီးကြီးတွေ။ အိမ်တစ်လုံးစာလောက်ရှိတယ်ကွဲ့ ... "

သမီးလုပ်သူက ခဏစဉ်းစားလိုက်ပြီးမှ မျက်လုံးပြူး မျက်ဆံပြူးနဲ့ မေးလိုက်ပါသတဲ့။

"အဲဒါဆို မောက်စ်တွေကရော ဖေဖေ " တဲ့။

ခလေးမျက်စိထဲမှာ မောက်စ်ကို ဘောက်စ်ဝက်ဂွန်ကားတစ်စီး အရွယ်လောက် မြင်ယောင်သွားမှာ တွေးမိပြီး ရယ်လိုက်ရတာ။

အဲဒီမောက်စ်ကို လူ၃-၄ယောက်က ၀ိုင်းတွန်းနေကြမှာပါ မြင်ယောင်ပြီး ပိုရယ်မိပြန်ရော။

တကယ်တော့ ကွန်ပြူတာတွေစပေါ်ကစက မောက်စ်ဆိုတာ မရှိသေးပါဘူး။ မဆွိတီတို့ ကွန်ပြူတာ စသင်စဉ်ကတောင် မောက်စ်နဲ့ မသင်ခဲ့ရပါဘူး။ ခလေးရဲ့ အတွေးလေးကို ဖြည့်တွေးပြီး ရယ်ရတာပါ။

ကွန်ပြူတာ
ဒါနဲ့ ကမ္ဘာ့ပထမဆုံး ကွန်ပြူတာဆိုတာကို ဂူဂဲလ်လိုက်တော့ ၁၉၅၄ ခုနှစ်က IBM ကထုတ်တဲ့ မော်ဒယ် IBM704 ဟာ ကမ္ဘာ့ပထမဆုံး Digital Computer ဖြစ်ပါသတဲ့။ တကယ်ကို အိမ်တစ်လုံးလောက်နီးပါး ရှိပါတယ်။ ကွန်ထရိုးစတေရှင်က အခန်းအလည်မှာရှိပြီး ဘေးပတ်ပတ်လည်က စက်ပစ္စည်းတွေ အကုန်လုံးပေါင်းမှ ကွန်ပြူတာတစ်လုံးဖြစ်တာပါ။ ပုံကိုကြည့်ပါ။ လူထိုင်နေတာက ကွန်ထရိုးစတေရှင်ဖြစ်ပြီး ပုံထဲမှာမြင်တဲ့ စက်တွေအကုန်ပေါင်းက ကွန်ပြူတာတစ်လုံးပါ။ (အွန်း ရုံးမှာ ဒါမျိုးကွန်ပြူတာမျိုး တစ်ယောက်တစ်လုံးစီနဲ အလုပ့် လုပ်ရရင်တော့ ... ... )Original picture link

ကမ္ဘာ့နောက်ဆုံးပေါ် ကွန်ပြူတာကိုတော့ Apple ကထုတ်တဲ့ iPad ကိုပဲ ဖော်ပြလိုက်ပါတယ်။ Apple က ဂုရုကြီး စတိဗ် (Steve Jobs)ကိုင်ထားတာပါ။ နည်းပညာတွေဟာ ဘယ်လောက်တောင် သိပ်သည်းကျစ်လစ်သွားပါသလဲ ...
Original picture link


Mobil Phone
ဒါကတော့ ကမ္ဘာ့ ပထမဆုံး Mobil Phone ဖြစ်ပါတယ်။ Motorola က 1983 မှာ ထုတ်လိုက်တဲ့ Dyna TAC8000X ဖြစ်ပါတယ်။
Original picture link

အဲဒီအချိန်က Motorola ရဲ့ V.P ဒေါက်တာ မာတင်ကူးပါး (Dr. Martin Cooper) က ကိုင်ပြီး သုံးပြနေတဲ့ပုံဖြစ်ပါတယ်။
(ခုခေတ်များ MRT ပေါ် လူစည်စည် ဂလိုဖုန်းမျိုး ထုတ်ဆက်လိုက်ရတော့ ... ဟင်းဟင်း
လူဝိုင်းမကြည့် ပြောချင်တိုင်းပြော ... ဖုံးကနောက်တစ်မျိုး သုံးလို့ရသေးတယ် ... လူသတ်လက်နက် အဖြစ် ... )

Original picture link

ကမ္ဘာ့နောက်ဆုံးပေါ် Mobile Phone ကိုတော့ Apple ကထုတ်တဲ့ iPhone ကိုပဲ ဖော်ပြလိုက်ပါတယ်။ (ကိုင်ထားတာကတော့ သူပါပဲ ... သူပါပဲ ... စတိဗ် ဂျော့စ်ပါပဲ ... သူ့ခေတ်လို့တောင် ပြောရမလိုပါပဲ ... )Original picture link


Digital Camera
ကမ္ဘာ့ပထမဆုံး Digital Camera ကိုတော့ Kodak ကနေ 1975 မှာ Steven Sasson နဲ့ Jim Schueckler တို့က စတင် တီထွင်ခဲ့ပါတယ်။ အဖြူအမဲ ပဲရိုက်နိုင်ပြီး Resolution 0.01 Megapixel ပဲရှိပါတယ်။ ပုံရိပ်တွေကို ကက်ဆက်တိပ်မှာ ဖမ်းထားပြီး ပုံတစ်ပုံရေးဖို့အတွက် ၂၃ စက္ကန့်ကြာပါသတဲ့။
Original picture link

Steve Sasson က သူ့ရဲ့ ကင်မရာကို ကိုင်ထားတဲ့ ပုံပါ။ (ဒါကြီးနဲ့သာ ဘလော့ဂါလုပ်ရရင်တော့ ... ၀ိတ်တော့ တော်တော်ကျမယ် ... )

Original picture link

Sumsung မှထုတ်တဲ့ 12 Megapixels Camera Phone ဖြစ်ပါတယ်။

Original picture link

Motorcycle
1885 မှာ ထွင်ခဲ့တဲ့ ပထမဆုံး မော်တော်ဆိုင်ကယ်ပါ ခင်ဗျား။ ပထမဆုံး ဓာတ်ဆီနဲ့မောင်းတဲ့ ယာဉ်လည်းဖြစ်ပါတယ်။ (ခုခေတ်စားနေတဲ့ မော်တာတပ်ထားတဲ့ စက်ဘီးမျိုးပါပဲလားတော် .... ဒါမျိုး လွန်ခဲ့တဲ့ နှစ်၁၂၀ကျော်က ရှိပြီးသားကိုများ ...)

Original picture link

နောက်ဆုံးပေါ် Honda Valkyrie Rune Motorcycle.
Original picture link

Motor Car
ပထမဆုံး ရေနွေးငွေ့နဲ့မောင်းတဲ့ကားကို 1769 ခုနှစ်က ပြင်သစ်ပြည်မှာ Nicholas Joseph Cugnot ဆိုသူက တီထွင်ခဲ့ပါတယ်။ (အဲဒီကားကားကြီးနဲ့သာ ရုံးသွားရမယ်ဆိုရင်ဖြင့် ရေနွေးအိုး မီးထိုးနေရတာနဲ့တင် ရုံးရောက်မည် မထင် ... )
Original picture link

ကမ္ဘာ့ပထမဆုံး Production Car, The Benz Patent Motor Car ကို 1894 ခုနှစ်တွင် မာစီဒီး ကုမ္ပဏီမှ စတင်ထုတ်လုပ်ခဲ့ပါတယ်။ (သူလေးနဲ့ဆိုရင်တော့ မဆိုးဘူး ... လေကောင်းလေသန့်တော့ရမယ် ... အနည်းဆုံး မီးတော့ မထိုးရဘူးပေါ့ဂျာ ...)
Original picture link


Ferrari 458 - 2010 မော်ဒယ် ပါတဲ့ခင်ညား။
Original picture link


Mouse
အပေါ်ကဟာသကို ပြန်ဆက်ရရင် ကမ္ဘာ့ပထမဆုံးမောက်စ်က ဗောက်စ်ဝက်ဂွန် တစ်စီးစာလောက် မရှိပါဘူး။ အောက်ကပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ 1964 မှာ Douglas Engelbart ဆိုသူက စတင်တီထွင်ခဲ့ပါသတဲ့။
Original picture link

ပထမဆုံး ကွန်ပြူတာနဲ့ တွဲရက် မောက်စ်ကိုတော့ 1981 က ထုတ်လုပ်တဲ့ Xerox Star 8010 "Dandelion" ကွန်ပြူတာမှာတွေ့နိုင်ပါတယ်။

Original picture link
သေချာသွားပါတယ်။ ဟိုးတုံးကမောက်စ်တွေက ကားတစ်စီးစာလောက် မရှိပါ ခင်ဗျား။

Credit to all of original contributors/ uploaders/ bloggers.

12 comments:

  1. ကြွက် ကို ဆင် လို့ မထင်ဝံ့ကြောင်းပါ ခင်ဗျာ....

    ReplyDelete
  2. တီတီဆွိရေ .. ပထမဆုံးနဲ့ နောက်ဆုံးက စိတ်ဝင်စားစရာ။ အပြောင်းလဲဆုံး၊ အတိုးတက်ဆုံးကတော့ ကွန်ပျူတာဖြစ်မယ် ထင်တယ်။

    တီတီဆွိ အမှူးထားတဲ့ ခပ်ပြည့်ပြည့် ဘလော့ဂ်ဂါ အမကြီးတွေ ပေါင်ချိန်စက် သုံးမယ် ဆိုရင်တော့ နောက်ဆုံးပေါ်တွေ မသုံးဘဲ၊ ပထမဆုံး ပေါင်ချိန်စက်လေး ပြန်ရှာသုံးတာက စိတ်ချရမယ်လို့ မရဲတရဲ အကြံပေးချင်ပါတယ်။ :P

    ကိုထက်

    ReplyDelete
  3. ဗောက်စ်ဝက်ဂွန်လောက်ရှိတဲ့မောက်စ်ကြီး.. မြင်ယောင်ပြီး ရယ်ရတာ အူကိုနာရော.. တွေးတတ်ပါ့ မမရယ်..

    ReplyDelete
  4. ဗဟုသုတတွေ လာဖတ်သွားပါတယ် အမရေ။

    ReplyDelete
  5. iPad is not a latest computer.

    ReplyDelete
  6. I know iPad is not the latest. But I only want to say popular and most compact one among the computers produced during these days.

    ReplyDelete
  7. Same in the other products too. What I show here may not be the real latest one. I only want to say the popular and remarkable product during these day, instead of the real latest one. I hope most of reader will understand this.

    ReplyDelete
  8. အားထိုက်June 25, 2010 at 3:36 PM

    တစ်ကယ်ဗဟုသုတရပါတယ်...နောက်လည်းအားပေးနေဦးမှာပါ..
    ကြိုးစားနော်....:)

    ReplyDelete
  9. ဟုတ်တယ် တကယ်ပဲ။ ဗဟုသုတလည်းရ၊ ဖတ်ရတာ ပျော်စရာလည်းကောင်း..။ အခုလို ရှာဖွေတင်ပြပေးတာ ကျေးဇူးတင်ပါတယ် အစ်မ ဆွိ။

    ReplyDelete
  10. နောက် အနှစ် ၂၀ လောက်ဆိုရင်လည်း ဒီလိုပို့စ်မျိုး ရှိလာနိင်တယ်။ ၂၀၁၀ ကာလက ကွန်ပြူတာ၊ ဖုန်း တွေကို အဲဒီခေတ်နဲ့ ယှဉ်ပြမှာ မြင်ယောင်သေးတယ်။ နည်းပညာတွေက တိုးတက်တာ မြန်လွန်းတော့ စောစောစီးစီး သေရမှာတောင် မလိုချင်ဘူး။ စောင့်ကြည့်သွားချင်တယ်။

    ReplyDelete
  11. စိတ်ဝင်စားစရာ စုဆောင်းထားမှုလေးပါ။ ကျေးဇူးပါပဲရှင်။

    ReplyDelete
  12. ခေတ် နဲ့ အညီ တိုး တက် ပြောင်း လဲ လာ မှူ တွေ ကို သ ဘော ကျ ဖတ်မှတ်ခဲ့ ပါတယ်။ ပျော်ရွှင်ပါစေဗျား။

    with reps;
    အကြမ်းထည်

    ReplyDelete