Sunday, October 17, 2010

မုန့်ကြာစေ့ ...

ဒီနေ့မနက် သမီးကို ကျူရှင်လိုက်ပို့ရင်းနဲ့ wet market ကနေ အုန်းသီးဆံခြစ်ထားတာလေးတွေ ၀ယ်လာခဲ့တယ်။ ပထမတော့ ဘာလုပ်စားရင်ကောင်းမလဲ စဉ်းစားကြရင်းနဲ့ ဟိုတစ်လောက အစ်မကွန်းရဲ့ ရန်ကုန်ဆိုတဲ့ ပို့စ်တစ်ခုမှာ မုန့်ကြာစေ့ပုံလေးတင်ထားတာ တွေ့တာ စားချင်နေတာကြာပြီ။ အဲဒါကို သတိရသွားတာနဲ့ မုန့်ကြာစေ့ပဲ လုပ်စားတော့မယ်ဆို အကြံရသွားတယ်။ တစ်ချို့အရပ်တွေမှာ မုန့်ကြာစေ့ကို မုန့်ပိန္နဲစေ့လို့လဲ ခေါ်ကြတယ်နော်။

မဆွိတီတို့ငယ်ငယ်ကတော့ အမေက မုန့်ကြာစေ့လုပ်မယ်ဟေ့ဆို မောင်နှမတွေအကုန် ၀ိုင်းလုံးကြရတာ။ သူက မုန့်လုံးသေးသေးလေးတွေ အများကြီး လုံးရတာဆိုတော့ လူများများကူလုံးမှ သက်သာတာကိုး။ အဲဒါဆို ကိုယ်တို့တွေ သိပ်ပျော်ကြတယ်။ အကိုတွေက လက်ဆော့ပြီး မုန့်အလုံးလေးတွေ တင်မက တီကောင်လို အရှည်တွေ၊ အပြားတွေ မျိုးံစုံပဲ လက်စွမ်းတွေပြကြတာ။ တစ်ခါတစ်လေ အကောင်လေးတွေ၊ လူရုပ်ကလေးတွေ ပါ ထည့်လုပ်ကြတော့ အယူသီးတဲ့အမေက လူရုပ်တော့ မလုပ်ပါနဲ့လို့ သားတွေကို ပြောရတယ်။ အမေ့စိတ်ထဲမှာ လူလေးတွေကို ပွက်ပွက်ဆူတဲ့ အပူအိုးထဲပစ်ထည့်နေတာကို မကြိုက်ဘူးနဲ့တူပါရဲ့။ မုန့်ကြာစေ့နဲ့ ပတ်သတ်ပြီး အမေတို့ အယူသီးပုံလေးကို သတိရသွားလို့ပါ။

မုန့်နယ်တာ၊ မုန့်နှပ်တာက အရင်တင်ဖူးတဲ့ မုန့်လုံးရေပေါ်လုပ်နည်း နဲ့ အတူတူမှို့ အဲဒီလင့်ခ်လေးမှာ သွားဖတ်ပေးကြပါ။

ကောက်ညှင်းမှုန့် နဲ့ဆန်မှုန့် ကို ၃း၁ နဲ့ ရေသင့်ရုံထည့် ရောနယ်ထားတာပါ။ (မုန့်နယ်ရင် ရေအစား အုန့်နို့လေးနဲ့ နယ်ပြီးလုံးရင် မုန့်လုံးက ပိုမွှေးတယ်နော်။ အဲဒါလေးလဲ စမ်းကြည့်ကြပါဦး။)


ပထမ ၂ဗန်းက အလုံးနဲနဲကြီးသွားတယ်။ ကူလုံးသူများကတော့ ဖြတ်လျှောက် မဂျူဂျူနဲ့ ကြီးတော်တို့ပါပဲ။ ဂျူဂျူးကလဲ ကိုယ်တို့ငယ်ငယ်ကလိုပဲ အဲလို ကူလုံးရတာကို သိပ်ပျော်တာ။ သူ့ခင်မြာ စာမကြည့်ပဲ မုန့်ကြာစေ့လုံးရဖို့အရေး မျက်နှာချိုသွေးနေရတာ ...


ဂျူဂျူတို့အဖေ အပြင်ကပြန်လာတော့ ညည်းမုန့်ကြာစေ့ကြီးတွေက ကြီးလိုက်တာတဲ့။ သေးသေးလေးတွေ လုံးရတာဆို ဒုတိယ ဗန်းတွေကျ သူပါ ၀င်ကူလုံးပေးသွားတာ။


ထန်းလျှက် ၂ကျပ်ဖိုးတစ်ထုတ်ကို ဆားလေးနဲနဲထည့် ရေနဲ့ကြို။ အနယ်တွေမပါအောင် စကာနဲ့ ပြန်စစ်ရတယ်။ ပြီးတော့ ထန်းလျှက်က နဲနေလို့ သကြားနဲနဲ ထပ်ထည့်ရသေးတယ်။ ထန်းလျှက်ရည် ကို ပွက်အောင်ပြန်တည်ပြီး မုန့်လုံးလေးတွေ ပစ်ထည့်ရတယ်။ ၅မိနစ်လောက် မီးအေးအေးနဲ့ တည်ထားရင် မုန့်လုံးတွေကျက်ပြီး စားလို့ရပါပြီ။

ပုံ၂ပုံက တစ်ခုက flesh မပါဘူး။ တစ်ခုက flesh နဲ့ ရိုက်ထားတာပါ။




အပေါ်က အုန်းနို့လေးဆမ်း၊ အုန်းသီးဆံလေးဖြူးပြီး စားပါတယ်။ မုန့်ကြာစေ့လေးတွေက နုအိပြီး စေးစေးလေးဆိုတော့ ထန်းလျှက်ရည်ချိုချို၊ အုန်းသီးဆံဆိမ့်ဆိမ့်နဲ့ အင်မတန်မှ စားကောင်းပါတယ်။ အားအပေးဆုံးကတော့ အစားဂျီးများတဲ့ မဂျူဂျူပါပဲ။ ခလေးဆိုတော့ အချိုကြိုက်တယ်နဲ့ တူပါတယ်။ ပထမ ၅လုံးလောက် စားကြည့်၊ ပြီးတော့ ခဏခဏလာတောင်းထည့်ပြီး မောင်ကျန်တစ်တို့ဖြစ်နေပါတယ်။
ဘလော့ဂ်လာလည်သူများလည်း စားကြပါဦး။


အန်တီသက်ဝေကို ညက်နှာချိုသွေးထားတယ်နော် ... ဒီမှာ ...း)))))))))))))

22 comments:

  1. ပြရတာက သူများ. စားရတာက သူ. ဟွန်း

    ReplyDelete
  2. စင်စင်မလာခင်လုစားသွားမှ..

    ReplyDelete
  3. မုန့်ကြာစေ့ မကြိုက်တဲ့သူတောင် အုန်းခြစ်ဖွေးဖွေးလေးနဲ့ဆိုတော့ စားချင်သွားတယ်။

    ReplyDelete
  4. မုန့်လုံးနဲ့ပြောင်းပြန်ကိုး.. မှတ်သားသွားပါ၏

    ReplyDelete
  5. စားချင်ထှာ.... ခက်တာက ဒီမှာ ဝယ်လို့ရတဲ့ ထန်းလျှက်က မြန်မာပြည်ကလို မမွှေးဘူးဗျ.... သူတို့က အနံ့သတ် ထားတာဆိုတော့ အချို အရသာပဲ ရှိပြီး အနံ့အရသာ မရှိဘူးဗျ။ စိတ်လေတယ်....

    ReplyDelete
  6. စားချင်လို့ပြန်လာကြည့်တယ်။

    ReplyDelete
  7. မုန့်ကြာစိအရမ်းကြိုက်တယ်..တီဆွိလုံးထားတာလေး ပိစိလေးတွေ
    ချစ်ချာလေး..

    ReplyDelete
  8. အိမ်မှာလည်း မုန့်ကြာစေ့ လုပ်စားကြတယ်။ အိမ်ကိုတောင် လွမ်းသွားတယ်..။ ရော်ပေး...

    မဆွိ..ချင်ကာပူ လာဖြစ်ဘူး။ ဟိုရက်က သက်သက် နောက်သွားတာပါး))

    ltn

    ReplyDelete
  9. .....သူ့ခင်မြာ စာမကြည့်ပဲ မုန့်ကြာစေ့လုံးရဖို့အရေး မျက်နှာချိုသွေးနေရတာ ... ....

    သဘောကျသဗျာ။ အိမ်က သမီးလည်း ထိုနည်း၎င်း ပါပဲ။ ခေတ်ပြိုင်တွေပေါ့။

    ReplyDelete
  10. ဟင်း... ထင်တယ်... ထင်တယ်... ထင်နေပါတယ်...
    စိတ်တွေ ဆိုးမနေတော့ပါဘူးလေ... ကိုယ်လဲ မျက်နှာချို ပြန်သွေးလိုက်ပါရစေ... နောက်တခါ လုပ်စားရင်သာ ခေါ်ဖို့ မမေ့ပါနဲ့...း)))

    ReplyDelete
  11. စားချင်လိုက်တာ..

    ညီမတို့ ငယ်ငယ်ကလည်း မုန့်ကြာစေ့လုပ်ရင် ကိုကိုက လူရုပ် ၊နွားရုပ်လေးတွေ လုပ်ပြီး ထည့်ပြုတ်ပေးတယ်...၊ အဲ့အရုပ်လေးတွေက အလုံးလေးတွေလောက်တော့ စားမကောင်းဘူး..။

    ReplyDelete
  12. October 17, 2010 8:50 AM
    Ko Paw said...

    .....သူ့ခင်မြာ စာမကြည့်ပဲ မုန့်ကြာစေ့လုံးရဖို့အရေး မျက်နှာချိုသွေးနေရတာ ... ....

    သဘောကျသဗျာ။ အိမ်က သမီးလည်း ထိုနည်း၎င်း ပါပဲ။ ခေတ်ပြိုင်တွေပေါ့။
    သမီးနဲ့သားလည်းအတူတူပဲဗျ..စာေ၇းပျင်းတာနဲ့ကိုပေါဟာကိုကူးလိုက်တယ်လေ..ဟဟ သူတို့ကမုံ့ဟင်းခါးကိုပိုကြိုက်တယ်

    ReplyDelete
  13. တီတီဆွိ တို့ ကတော့ စောစောစီးစီး သားရေယိုအောင်လုပ်ပြန်ပြီ မုန့်ကြာစေလေးက စားလို့ အရမ်းကောင်းပါတယ်

    ReplyDelete
  14. ဝါးးးး
    ထညက်ရေလေးဆမ်းပြီး အုန်းသီးမှုန့်လေး ဖြူးထားတာ တွေ့တော့ တကယ်ကို စားချင်သွားတယ်။

    ReplyDelete
  15. လမ်း ၅၀ အလယ်ဘလောက်ဖက်မှာ ညနေ ၃နာရီကျော်လောက်ဆိုရင်အဲဒီမုန့်မျိုးလာရောင်းတယ်.
    အမြဲဝယ်စားလေ့ရှိတယ်.ကြိုက်တယ်
    မီးမီး

    ReplyDelete
  16. အမ..စားချင်လိုက်တာ..အရမ်းကြိုက်တယ်။

    မြတ်နိုး

    ReplyDelete
  17. အစ်မကွန်းရေ ... ဟုတ်သားနော ... အစ်မပို့စ်ကို လင့်ခ်လေးပါ ချိတ်ပေးထားတယ်။ ဂျူလိုင်ကတည်းကပို့်စ်။ အဲဒီကတည်းက စားချင်နေတာ။
    အစ်မအိမ်မှာ လုပ်စားကြည့်။ လွယ်လွယ်လေးနော်။

    ကိုကြီးကျောက် ... ဟုတ်တယ်။ သူကမုန့်လုံးရေပေါ်နဲ့ ပြောင်းပြန်ဗျ။ ဟိုက ထန်းလျှက်က အထဲက။ သူက အပြင်က။

    လသာရေ ... စလုံးလာမယ်ဆိုတာ အဟုတ်မှတ်လို့ ... သူလဲ ငပြောင်ပဲ ...း)))

    ကိုပေါ၊ ကိုဘရူနိုင်း ... ခေတ်ပြိုင်များဆိုတော့ ပြုံးမိသွားတယ်။ အိမ်နားမှာလဲ ဦးခြိမ့် သူငယ်ချင်းတွေရဲ့ သမီးတွေ -ခေတ်ပြိုင်တွေ အများကြီးပဲ ... သူတို့ generation ကို စလုံးဒုတိယ မျိုးဆက်လို့ပြောလို့ရမယ်။ ဦးခြိမ့်ကတော့ 3rd generation တဲ့။

    အန်တီသက်ဝေ ... အိမ်နဲနဲဝေးနေလို့ကွာ ... နောက်မှို့ အိမ်လာပို့ပါတယ် ...
    ကတောက် ...း))

    မြတ်နိုးရေ ... လုပ်ရတာ အရမ်းလွယ်တယ်။ ခုဆိုဂျူဂျူကကြိုက်လို့ ခဏခဏ လုပ်ပေးနေရတယ်။ ထန်းလျှက်ရည်တည်ထားတုံး မုန့်လေးစပ်ပြီး နယ်ထား။ ထန်းလျှက်ရေပွက်တော့ လုံးရင်း ပစ်ထည့်။ သိပ်မြန်တာပဲ။ လုပ်စားကြည့်နော်။
    အော်မေ့နေလို့။ မုန့်နယ်တဲ့အထဲ ရေအစား အုန်းနို့လေး ထည့်နယ်၊ ပိုမွှေးပြီး ပိုကောင်းတယ်။ အပေါ်မှာ ဖြည့်ရေးထားပါတယ်။


    လာလည်ကြသူများ၊ လာမန့်ကြသူများ အားပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete
  18. တီတီဆွိရဲ့ မုန့်ကြာစေ့လေး စားသွား၏ ကောင်းမှကောင်း...

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  19. မုန်ြ့ကာစိခဏခဏလုပ်စားဖြစ်တယ်..မဆွိ‌ပြောသလိုအုန်းနို့နဲ့‌တော့မနယ်
    ဖူးဘူး..။အ‌တော်ဘဲ..အိမ်မှာအုန်းနို့ဘူးလဲရှိတယ်..အုန်းသီးခြစ်ပီးသားက‌တော့ဒီိံမှာမရှိဘူး..။မဆွိမုန့်ကြိုကည်ြ့ပီးသွား‌ရေကျလာပြီ..ဒီ‌နေ့ဘဲလုပ်စားလိုက်အုံးမှ....။

    ReplyDelete
  20. ကျွန်တော့်မှာလည်းမစားရတာကြာလို.ထင်ပါရဲ့ ၊ မုန်.လုံးရေပေါ်မှတ်နေတာ ၊ ကိုယ်လည်း အဲဒီ့လောက်လုပ်တတ်မှာ မဟုတ်ပါဖူးလေဆိုပြီး လုပ်ပုံလုပ်နည်းအဆင့်ဆင့်တောင် မဖတ်တော့ပဲ စားချင်စဖွယ်ပုံတွေပဲ ကြည့်သွားတာ ၊ ခုမှ ခေါင်းစဉ်ကို သေသေချာချာ ဖြစ်ဖတ်လိုက်တော့မှ မုန်.ကြာစေ့တဲ့ ကောင်းရော...

    ReplyDelete