Monday, March 21, 2011
အန်တီဆွိနှင့် ဖိလစ်ပင်းမမများ ...
တစ်နယ်တစ်ကျေး ပြောင်းရတော့မည်ဆိုတော့ အန်တီဆွိတို့ ဒီကအိမ်ကို ငှါးထားခဲ့ဖို့ ပြင်ဆင်နေရသည်။ ဟိုကို ပို့စရာရှိသည်တွေကို ပို့ပြီးပြီမှို့ အိမ်မှာ ပရိဘောဂ အချို့နှင့် အိမ် အခွံချည်းသာ ကျန်တော့သည်။ အိမ်ကို ပွဲစားလက်အပ်ပြီး အိမ်ငှါး ရှာခိုင်းထားရာ ၂ပတ်၃ပတ်ရှိပြီ။ အိမ်က မတည့်သေး။ အိမ်လာကြည့်သည့်သူများ စုံလှသည်။ တရုတ်၊ ကုလား၊ ဖိလစ်ပင်း၊ မြန်မာ လာကြည့်ကြရာ အိမ်ကိုကြိုက်ပေမင့် ကိုယ်လိုချင်သည့်ဈေး သူတို့ မပေးနိုင်ဖြစ်နေသည်။ ပေးနိုင်ပြန်တော့ နေမည့်သူက များလှသည်။ ဖိလစ်ပင်းတစ်ဖွဲ့က ၇ယောက်နေမည်တဲ့။ အိမ်ကနေသည့်လူနှင့်ဝန်မမျှကာ ပျက်စီးခြင်းငါးပါးဆိုက်မည်ကို မြင်သည်နှင့် ငြင်းလိုက်ရသည်။
ဒီနေ့လည်း ပထမ အသုတ် ပြည်ကြီးတရုတ်မ ခပ်ချောချော အပျံစားတွေ လာကြည့်သည်။ ပုံစံက ခုပဲရုပ်ရှင်သွားရိုက်မည့် ဟောင်ကောင်မင်းသမီးတွေ အလား။ သူတို့က၄ယောက်နေမည်ဆိုသည်။ လင်မယား၂ယောက်၊ သားလူပျိုတစ်ယောက်နှင့် ခယ်မဖြစ်သူတို့ နေမည်တဲ့။ ပုံစံကြည့်တော့ ခပ်မြင့်မြင့် ဆိုပေမည့် သူတို့လဲ ကိုယ်တောင်းသည့်ဈေးကို မပေးနိုင်ကြ။ ကိုယ်ပဲ လောဘကြီးနေသလော တွေးစရာတွေ ဖြစ်နေသည်။
နောက်တစ်သုတ် ဖိလစ်ပင်းတွေ ကြည့်ပြန်သည်။ ၆ယောက်နေမည်ဆိုသည်။ ကိုယ်ကလဲ အိမ်နေရင်းအ၀တ်အစား ခပ်စုတ်စုတ်လေး ၀တ်ကာ ပွဲစားနှင့်အတူ အခန်းတွေကို လိုက်ပြနေသည်။ ဖိလင်ပင်းမတွေက accounting လိုင်းကဟုဆိုသည်။ ပီအာပါသည်။ အီးပီပါသည်။ အက်စ်ပတ်စ်လဲပါသည်။ လူတွေကလည်း ခပ်၀၀၊ ခပ်ညိုညို၊ ခပ်သေးသေး၊ ခပ်ပုပု အရွယ်စုံ၊ ဆိုဒ်စုံပါသည်။ အော် ဖဦးထုတ်မတွေမယ် တို့မြန်မာမလေးတွေလောက် ဥပတိရုပ် မကောင်းလှပါတကား၊ ရုပ်ရည်ရူပကာ မချောမောပါတကားဟု စိတ်ထဲတောင် တွေးနေမိသေးသည်။ သို့နှင့် အခန်းတွေလိုက်ပြရင်း ကိုယ်က ရှင်းပြလိုက် သူတို့က သူတို့ဘာသာစကားနှင့် တတွတ်တွတ်ရွတ်ကြနှင့် အပြန်အလှန် တိုင်ပင်နေကြသည်။
နောက်ဆုံး သူတို့ဘက်ကပါသော ဖိလစ်ပင်း ပွဲစားမနှင့် ကိုယ့်ဘက်က မြန်မာပွဲစားအစ်မ ဈေးညှိနေရာ အတော်ကြာသည်။ ကိုယ်လဲ သူတို့တွေပျင်းနေမည်စိုးသည်နှင့် အိမ်ရှေ့ထွက်ကာ ဟိုမှာတွေ့လား ... အဲဒါ ဂျူရောင်းပွှိုင့် ... ဒီကနေ မြင်ရတယ်နော် ... ဆိုကာ အိမ်ရှေ့က view ကိုခေါ်ပြလေသည်။ ထိုအခါ ဖိလစ်ပင်းမ ညိုတိုတို ၀၀မမက ဘာပြောသည်ထင်သနည်း။ နင်တို့က အဲဒီဂျူရောင်း ပွှိုင့်နဲ့ နီးတဲ့နေရာကို ပြောင်းကြမှာလား ... ဒါနဲ့ အိမ်မှာ အိမ်ရှင်တွေကော မရှိဘူးလား ဆိုလေသတည်း။ ဘာပြန်ပြောရမလဲ စဉ်းစားတုံးရှိသေး ပွဲစားအစ်မက ကမန်းကတန်းပြေးလာကာ အဲဒါ အိမ်ရှင်လေ ... သူတို့က အိုဗာဆီးသွားမှာမှို့ အိမ်ကို ငှါးထားခဲ့ရမှာ ဆိုကာ ၀င်ဖြေရှင်းပေးလို့သာ တော်တော့သည်။
နောက်တစ်ခေါက် အိမ်လာကြည့်သူများ ရှိရင်တော့ အိမ်ရှင်ဥပတိနဲ့တူအောင် ၀တ်စားဆင်ယဉ်ရဦးမည်။ ဒီရုပ် ဒီရေကို ဘာများ ထင်ကြသတုံး ဖိလစ်ပင်းမမတို့ငဲ့။ စိတ်ထဲမှာတော့ အောင့်သက်သက်။ ။
28 comments:
  1. ပြောင်းလိုက်ပါ တီဆွိရာ.. ဂျူရောင်းပွိုင့်က လည်စရာ ပိုများပါတယ်...။ :)
    ReplyDelete
  2. ကိုဗိုက် ... အဲလေ ကိုဘကလဲ ခုလဲ ၃၀စီးသွား ၁၀မိနစ်ဆို ရောက်တာပဲ ... မြန်မှမြန် ... ဂျူရောင်းပွှိုင့်ကတော့ မရောက်တဲ့ အပတ်မရှိဘူး ကိုဘရေ ...
    ReplyDelete
  3. ဟုတ်ပါ့ဗျာ..မှားစရာရှားလို့နော့။ ပထမဆုံး မန့်သွားတယ် တီဆွီ။
    ReplyDelete
  4. ဘယ်ပြောင်းရမှာလဲ..မတီဆွိ..။
    ReplyDelete
  5. ဝက်ဝံလေးMarch 21, 2011 at 5:49 AM
    ခွိ
    ရယ်သွားတယ်
    ဖြစ်ရမယ် တီတီဆွီ
    ReplyDelete
  6. လူငှားမရသေးဘူးလားမမ.. ညီမလဲအိမ်ရှာနေတာ.. boon lay ဘက်မှာပဲ.. ဘယ်လောက်နဲ့ငှားမှာလဲဟင်.. myuemyue@gmail.com ကိုပို့ပေးပါလား detail လေးတွေ.. မမကိုဘယ်လိုဆက်သွယ်ရမလဲဆိုတာရောပေါ့..
    ReplyDelete
  7. အကြံတော်ပေးကျောက်March 21, 2011 at 10:41 AM
    အကြံပြုချက်။ ။
    နောက်လာငှားမဲ့ သူတွေ ဖြုံသွားအောင မလေးမတွေလို ဆွဲကြိုးက ၁၀ ကုံးလောက်ဆွဲ... ပိုက်ဆံအိပ်ကြီးဂျိုင်းကြားညှပ်...စီးကရက်ကိုခဲ...မျက်စေ့ကို အသာမှေးပြီး မရီချင့် ရီချင် ...အဟင်းဟင်း...ဆိုပြီးတမင်လုပ်ရီသံနဲ့ စကားတွေ ပြောပါလေ......
    ReplyDelete
  8. ကိုဇော်March 21, 2011 at 12:57 PM
    ဟိဟိ. .. ဖြစ်ရလေ အစ်မရာ။
    ReplyDelete
  9. အဟီး
    ရယ်ရတယ်..တီဆွိ..နောက်တစ်ခါဆို လာတည်းကနေမိတ်ဆက်ပစ်လိုက်..ဒါအိမ်ရှင်ဆိုပြီးတော့..... :P
    ခရီးလမ်းအဆင်ပြေပါစေ.....။
    ReplyDelete
  10. ဖြစ်မှဖြစ်ရ လေ အစ်မရယ်
    အိမ် အတွက်အဆင်ပြေပါစေနော်။
    ReplyDelete
  11. ဂျူးဂျူးတို့အမေရေ
    အိမ်နေရင်း ပေါ့ပေါ့ပါးပါးဝတ်စားရတာမျိုးကို ကြိုက်တယ်ဗျ ဖတ်ရင်း ရယ်သွားတယ် ဘကျောက်ကွန်းမန့်ထဲကအတိုင်း လုပ်ကြည့်ပေါ့ မျက်လုံးထဲ မြင်ယောက်ပြီး ထပ်ခါထပ်ခါ ရယ်မောသွားတယ်
    အစစအရာရာ အဆင်ပြေပါစေ
    ခင်မင်တဲ့
    seesein
    ReplyDelete
  12. ချော(အစိမ်းရောင်လွင်ပြင်)March 21, 2011 at 2:56 PM
    ဟုတ်သားနော်
    ကိုကြီးကျောက် ကော်မန့်အတိုင်း လုပ်လိုက်ရင် ဒီဖိလင်းပင်း မမတွေ ဖြုံသွားမှာ မြင်ယောင်သေး
    ဖမလေးတွေ မြန်မာတွေလောက်မချောဘူးဆိုလို့ သဘောကျသွားတယ်း)း)
    ReplyDelete
  13. အမဆွိ ရေးထားလို ညီမ အဖြစ်ကို သွားသတိရတယ်။ ရန်ကုန်မှာ ကွန်ဒို ၀ယ်တုန်းကပေါ့။ ညီမ ကမောနေပြီ မနက်ကဘဲရောက်ခါစ။ အမေတို့  ရွေးထားတဲ့ အထဲက (3) ခုထဲက ဆုံးဖြတ်ပြီး ၀ယ်ရမှာ။ မောလွန်းလို့  ပေါ့ပေါ့ပါးပါးဖြစ်အောင် တီရှပ်လေးနဲ့ ပါတိတ်လေးနဲ့ ညှပ်ဖိနပ်လေးနဲ့ ပိုက်ဆံအိတ် ပါးပါးလေးနဲ့ ပေါ့။ အမေတို့ က ကြည့်ပြီးသား ဆိုတော့ အိမ်ရှင်က သိနေ တယ်။ အဲ-အမေက ဒီဘက်က ပွဲစားမပါ ခေါ်လာတာ ဟိုဘက်အိမ်ကို ကြည့်ပြီးအပြန်မှာ. ပွဲစားမက ဆီဒိုးနားက မင်္ဂလာဆောင် သွားမဲ့ စတိုင်နဲ့ ဝတ်စားထားတာ ပျံနေတာဘဲ။ အိမ်ရှင်က အဲ့ဒီ့ပွဲစားမကို မသိဘူး၊ အမေတို့ နဲ့ ဈေးညှိရင်းနဲ့  ညီမလည်း အဲ့ဒီ့ အခန်းကို ကြိုက်တာနဲ့ မြန်မြန်ပြီးအောင် ကဲ- နဲနဲဘဲဖြစ်ဖြစ် ထပ်လျှော့လိုက်ပါ။ ကျွန်မက ၀ယ်မဲ့သူပါ လို့ ပြောလိုက်တော့... အိမ်ရှင်က အံ့သြလိုက်တာ မပြောနဲ့ အခုအထိပြောလို့ မပြီးဘူး။ သူတို့ ကထင်တာက ပွဲစားမကို ၀ယ်မဲ့သူ ထင်နေလို့ တဲ့။ ညီမကို ရိုးလိုက်တာ ကြည့်စမ်းပါအုံး ဆိုပြီး အံ့သြနေတာ ၀ယ်ပြီးတော့ သူတို့ နဲ့ ခင်သွားတော့ ပြောလို့ ကို မပြီးနိုင်ဘူး။ ဒါ့ကြောင့်အမဆွိ ရေးထားသလို အမြဲတမ်း ကောင်းကောင်း ၀တ်ရမလို ဖြစ်နေပြီနော့် :) ဒုက်ခ ဒုက်ခ...
    ReplyDelete
  14. ကိုကြီးကျောက်ပြောသလိုသာ လုပ်ရင် လူဆိုးဂိုဏ်းခေါင်းဆောင်ကတော် ထင်နေပါ့မယ်
    :D :D
    ReplyDelete
  15. ပထမဆုံးအကြိမ် လာမန့်သွားတဲ့ ကိုခနွဲ ကျေးဇူး။ နောက်လဲ လာလည်ပါ၊ လာမန့်ပါနော်။
    မပေါက် စာမကျေဘူး။ ကျောင်းတက်မမှန်ဘူးရော။ အောက်က ပို့စ်လေးမှာ ရေးထားပါတယ်။
    ပါစီပန်ဂျန်း ဘ၀ တစ်ဆစ်ချိုး ....
    မြူးမြူးရေ ... အီးမေး ပို့လိုက်မယ်။ တခြားစိတ်ဝင်စားသူတွေရှိရင်လဲ ပြောပြလိုက်ပါ။
    ကိုကြီးကျောက်ရေးတာဖတ်ပြီးရယ်လိုက်ရတာ။ အနောနိမတ်စ်ပြောသလို တော်နေ လုံးရှပ် (Lone shark) ကတော်ကြီး ထင်သွားဦးမယ်း))
    ကိုဇော်၊ ဆုမြတ်၊ မွန်ပြည်သစ်၊ ချော အားလုံး လည်လည်လာတာ ကျေးဇူးပါရှင့်။
    စည်းစိမ်ကအရယ်သန်တယ်နဲ့တူတယ်။ ဟုတ်တယ်။ ကိုယ်ရေးတာမရယ်ရဘူး။ ကိုကြီးကျောက်ပြောတာပဲ ရယ်နေရတယ်။
    အောက်ဆုံးက အနောနိမတ်ညီမပြောတာ မှန်တယ်။ ပွဲစားတွေက ဂိုက်ပေးအရမ်းကောင်းတာ။ ခု ဖိလစ်ပင်းတွေဆို ဖိလစ်ပင်း ပွဲစား၊ အိန္ဒိယဆို ကုလားပွဲစား၊ တရုတ်ဆိုလဲ တရုတ်မပွဲစားတွေ အားလုံးအပျံစားတွေချည့်ပဲ။ ဟွန့်နောက်တစ်ခါဆိုရင်တော့ မရဘူးပဲ။ ကိုကြီးကျောက်ပြောသလိုကို ၀တ်ပစ်လိုက်မယ် ...
    ReplyDelete
  16. It's loan shark, not lone shark
    ReplyDelete
  17. ဖားများနဲ့ ရေစက်ပဲလို့ ပြောရမလိုပဲ.. အခုလက်ရှိလုပ်နေတဲ့ နေရာမှာလဲ ဖား ၃ယောက်ရှိတယ်။ တွေ့ဖူးသမျှ ဖားတွေရဲ့ ရုပ်က မြန်မာတွေလို အဆင်မပြေဘူး။ ရုပ်ကြမ်းတယ်လို့ ပြောရမလားပဲ။ ကိုယ်ကပဲ ဗမာဖြစ်လို ဗမာကိုပဲ မျက်စေတွေ့လို့လားတော့ မပြောတတ်ဘူး။
    ReplyDelete
  18. အမရေ ကျွန်မက comment မရေးဖြစ်ပေမဲ. ကျောင်းမှန်ပြီး စာကျေတယ်သိလား တခါတလေ ကျောင်းတက်ချင်လွန်းလို. နေ.တိုင်းလာတာ ကျောင်းကပိတ်ထားတယ် ဆရာမက လာဘူး အဲတော.လဲ အရင်စာတွေပြန်နွေးရတာပေါ.
    ReplyDelete
  19. ဖတွေက အဲလိုပဲ လူတွေအများကြီးစုနေကြတယ်...ညီမတော့ မကြိုက်ဘူး။
    ReplyDelete
  20. တီတီဆွိရေ ... တောသူမလေးပါ .. ခိခိ .. လည်လည်လာတယ် .. အနော့်အိမ်လေးလည်း လာလည်ဦးနော် .. ဖဦးထုပ်မတွေက ဒီမှာဆို သိပ်မုန်းတာပဲ .. ကဲလွန်းလို့
    ReplyDelete
  21. if you want to comment philippines girl pls make perfect yourself.
    after that comment other people.if not better dont. philippines education is now better myanmar. they can talk spanish and english. they are pronunciation is latin america.
    before world warII philippines became part of united state of america.
    but philippines goverment didn't agree.
    ReplyDelete
  22. မဆွီတီတို့ကတော့ ဖြစ်ရမယ်... ဒါပေမယ့်လဲ အိမ်မှာနေရင်းတော့ ပွဲသွားသလို ပြင်မထားနိုင်ပေါင်တော်... အဟိ...
    ဟိုနေ့က တီဆွိဆီက ယူလာတဲ့ ပန်းပင်လေးက အဖူးလေးတွေ ထွက်လာပြီ သိလား... ပန်းပွင့်ရင် ဓါတ်ပုံရိုက်ပြီး ပြမယ်နော်...
    အဲဒီ အပင်လေးတွေ တွေ့တိုင်း သတိရနေမှာ...
    ပြောရင်းနဲ့တောင် လွမ်းလာဘီ.............း(((
    ReplyDelete
  23. Cool down mate! Anonymous! If you are stand for Philippines, I will tell you that they should read the situation whether she is tenant or owner.
    We are not comparing their education system and ours. We are joking about what sweetee's feeling. We really don't care whether they are Spanish or American.
    Before you comment, you should learn what is EQ and how to comment positively.
    mgchaint
    ReplyDelete
  24. To Anonymous March 22, 2011 2:05 PM :I don't know Philippines education but your English is scary. Even can’t spell correctly and grammar is terrible .Everybody can easily estimate your education level.
    Myanmar girl
    ReplyDelete
  25. အန်တီသက်ဝေကတော့ လွမ်းကောင်းအောင် လုပ်နေပြီနော်။ ပန်းလေးတွေပွင့်တိုင်း သတိရနေမှာ ယုံပြီးသား။ ဒါကြောင့်ပေးလိုက်တာ။ ရေမှန်မှန်လောင်းပေးနော်။
    ReplyDelete
  26. တီဆွိ အလင်းလဲ လိုချင်တယ်.. ရှိသေးလားဟင်
    ReplyDelete
  27. အလင်းရေ နောက်ကျသွားပြီ။ မနေ့ကပဲ လက်မှတ်ထိုးတယ်။ ပြောပြောက မှ မစောတာနော်။
    ReplyDelete
  28. :( မနေ့ကမှ တီတီသက်ဝေ ပြောနေတာ တွေ့လို့ .. လာမှပဲ ဘယ်က၀ယ်ပြီး ဘယ်လိုပြုစုလဲ မေးတော့မယ်.. :D
    ReplyDelete