Wednesday, October 17, 2012

အန်တီဆွိ ဆားချက်ခြင်း ..


အကြံကုန် ဂဠုန်ဆားချက်တဲ့။ အန်တီဆွိတစ်ယောက်လည်း ဘလော့ဂ်မှာ ဘာရေးရမလဲ စဉ်းစားမရတာနဲ့ ပုံလေးတွေ တင်ပြီး ဆားချက်လိုက်ပါတယ်။ အားပေးကြပါဦးဂျာ။

ဟုတ်ပါတယ်။ ဂျူဂျူလေးနဲ့ မာရီလင်မွန်ရိုးပါ။ ဆစ်ဒနီက မဒမ်တူးဆော့ပြတိုက်မှာ ဖြစ်ပါတယ်။


ဘုန်းကြီးကျောင်း ၀ါဆိုသင်္ကန်းကပ်ပွဲတုံးက ဘုန်းဘုန်းတွေအတွက် ပွဲပြင်ထားတာ ဖြစ်ပါတယ်။ တစ်အိမ်တစ်ခွက်နဲ့ ဟင်းခွက်ပေါင်း ရာချီမလားပဲ။


 ကျောင်းက လေ့လာရေးခရီမှာရိုက်လာတဲ့  ဂျူဂျူလေးရဲ့ လက်ရာပါ။ အမေအရင်က ကိုင်တဲ့ ကင်မရာ အဟောင်းလေးကို ပေးထားတာ ကင်မရာကို ကောင်းကောင်းသုံးတတ်နေပါပြီ။

ဂျူဂျူလေး chicken wing စားပုံ ပါခင်ည။  အလယ်ကအသားလေးတွေပဲ ဖောက်စားထားတာ။ သူတစ်ယောက်တည်းတင်လားဆိုတော့  မဟုတ်ဘူးခင်ည။ ဟိုတစ်လောက ရက်စ်တောရန့်မှာ chicken wing မှာ စားကြတော့ ခလေးတွေတော်တော်များများ အဲယိုရေးတွေပဲ စားကြသဗျ။ အမေတွေက နှမြောတော့ သူတို့အကျန်လေးတွေ ရှင်းရတာ။

အန်တီဆွိချက်တဲ့ ဒန်ပေါက်။ ပထမဆုံး ချက်တာဆိုပေမဲ့ ရန်ကုန်က ကြက်လျှာစွန်းတို့ ရွှေညောင်ပင်တို့ အရသာအတိုင်းပဲ ။ ဟဲဟဲ။ ချက်တုံးက ဓာတ်ပုံတွေ သေချာ မရိုက်ထားလို့ နောက်တစ်ခါချက်မှ ချက်နည်း ရေးပေးပါဦးမည်။

ကျွနုပ်တို့၏ရွှေဘ ၊ ဘဇာကို သဘောကျလို့ ဒီလောက်တောင်ရယ်နေရသတုံး။



တစ်ခုသော picnic မှာပေါ့ဗျာ။ ၃ကျပ်တန် ဦးထုတ်ကြီးနဲ့ ပဲပေးနေတာ အဒူတုံး။

အန်တီဆွိတစ်ယောက် ဘာတွေ အလုပ်ရှုပ်။


အိမ်က နှင်းဆီပင်မှာ ပိုးကောင်လေးတွေ တက်နေတာ။ ပိုးသတ်ဆေးတွေ ရှိပေမဲ့ သတ်လဲ မသတ်ရဲ။ အညွန့်တိုင်းမှာ အဲလို တက်နေတာ။

ဘုရားတကာ ကိုကိုခြိမ့်

ဆီချက်ခေါက်ဆွဲကို ဆိုင်ကအတိုင်း တစ်ပုံစံတည်းတူအောင် ချက်တတ်နေပါပြီ။
သမီးကျောင်းအကြို မြက်ခင်းထဲမှာ အလေ့ကျပေါက်နေတဲ့ ပန်းသေးသေးလေးတွေကို အနီးကပ်ဆွဲထားတာ။ 

အန်တီဆွိ ငယ်ငယ်က ပုံလေးတစ်ပုံကို photo funia နဲ့ ဖန်တီးထားတာပါ။
ဒါက ဂျူဂျူလေး
စင်္ကာပူမှာတုံးက စက္ကူ စတားလေးတွေ ချိုးကြတာ ခေတ်စားလိုက်သေးတယ်။ ဂျူဂျူက ကျောင်းကနေ ရောင်စုံ စာရွက်လေးတွေ ၀ယ်လာ။ အမေက ခေါက်။

ဦးခြိမ့် ရွှေတိဂုံဘုရားတက်တဲ့ စတိုင်။

ဂျူဂျူနဲ့ ၀မ်းကွဲညီမတွေ။
Sydney Opera House မှာ ...

အန်တီဆွိ ဂိုက်ပေးကြမ်းနေပုံပါ။

ဒါကတော့ bonus
အရမ်းရယ်ရတယ်။ သဘောကျတယ် သမီးရှင်တွေ ကြည့်ကြဦး။
(Credit to original uploader)



10 comments:

  1. တီတီဆွိ ရဲ့ ဆီချက်ခေါက်ဆွဲ နဲ့ ဒန်ပေါက် ချက်နည်းလေးတွေ စောင့်မျှော် နေပါ့မယ်

    ReplyDelete
  2. ဆီချက်ခေါက်ဆွဲလေးလည်း လုပ်ပါဦး
    အဟဲ
    ဘာခေါက်ဆွဲသုံးလဲ မသိဘူးနော်

    ReplyDelete
  3. ခေါက်ဆွဲတွေ ဒန်ပေါက်တွေကို သမီးရှင်တစ်ယောက် လာငမ်းသွားပါတယ်... :p

    ReplyDelete
  4. ဒန်ပေါက်လေး အရောင်လှတယ် တီတီဆွိ။ ချက်နည်းရေးမှ လာသွားရည်ကျဦးမယ်း)

    ReplyDelete
  5. ဘာပဲ တင်တင်

    ကြည့်လို့ ကောင်း ဖတ်လို့ ကောင်း

    သီချင်းကိုလည်းနားထောင်ပြီး ရယ်သွားပါသည်

    kYI

    ReplyDelete
  6. တီဆွိ.. ဒန်ပေါက်အဲလိုအရောင်ရအောင်ချက်တာ.... နည်းလေးမြန်မြန်ပြောပါ။

    ReplyDelete
  7. များကတော့ ဒီလိုပဲ ချက်ပလိုက်တာပဲ ... အဲငှဲငှဲး)

    အရောင်ဆိုးတဲ့ အမှုန့်လေးကို အရည်ဖျော်ပြီး ထမင်းကို တစ်ထပ်ချင်းစီခင်းတော့ အစက်ကလေးတွေ ချပေးလိုက်တာပဲ။ ဒီတစ်ခါချက်ဖြစ်ရင် ဓာတ်ပုံရိုက်ပြီး တင်ပေးပါမည်။ ဂတိ ... ဂတိ။

    လာအားပေးသူတွေ အားလုံး ကျေးကျေးနော်။

    ReplyDelete
  8. အမဆွိရေ
    အမရဲ့ စာတစ်ပုဒ်ကို စဖတ်ရင်းနဲ့ ကြိုက်လို့ ဆက်ဖတ်လိုက်တာ 3-4 ရက်အတွင်းအားလုံးဖတ်ပြီးသွားတယ်
    အားပေးနေမယ်နော်
    အပြင်မှာလဲ ခင်ဖို့ ကောင်းမယ်ထင်တယ်

    ReplyDelete
  9. အမြဲအားပေးနေတယ်
    အခိုင်အမာပိတ်သတ်ပါ။

    ReplyDelete
  10. လာဖတ်သွားတယ်။အသစ်တင်ပါတော့
    အမူတွဲ၂ပြီး ၃လာမှာလား

    ReplyDelete