Friday, October 19, 2012
ဆီချက်ခေါက်ဆွဲ ချက်နည်း နိဿရည်း ...
ပြီးခဲ့တဲ့ ပို့စ်မှာ ဆီချက်ခေါက်ဆွဲနဲ့ ဒန်ပေါက်ကို အားပေးကြတဲ့ သူတွေများလို့ ဆီချက်ခေါက်ဆွဲချက်နည်းလေး ရေးပေးလိုက်ပါသည်။ ဒန်ပေါက်ကတော့ နောက်တစ်ခါချက်ဖြစ်ရင် အတိုင်းအတာတွေ သေချာမှတ်ပြီး ဓာတ်ပုံရိုက်ပြီးမှ တင်ပေးပါမည်။
ဆီချက်ခေါက်ဆွဲဆိုတော့ အရင်ကချက်တာ ၀က်သားကို နူးနေအောင် ပြုတ်လိုက်တော့ လှီးလိုက်ရင် ၀က်သားတွေက အသားတွေ ဖွာထွက်ကုန်တယ်။ ခုတော့ ဟိုတစ်လောက ထမင်းကြော်ကို တရုတ်ဆိုင်ကြော်လေးအတိုင်းဖြစ်အောင် ကြော်စားရင်းနဲ့ အကြံရသွားတာ။ ထမင်းကြော်မှာထည့်တဲ့ ၀က်သားကလဲ အိပေမဲ့ ကျစ်ကျစ်လေး၊ ဖွာမနေဘူး။ နောက်မှသိရတာ သူတို့က ၀က်သားကို မပြုတ်ပဲ တရုတ်လို ချာစူး (char siu) လို့ခေါ်တဲ့ ၀က်သားကို ကင်ပြီးမှ ထည့်တာကိုး။ ခု ဆီချက်ခေါက်ဆွဲထဲ ထည့်တဲ့ ၀က်သားကိုလဲ မပြုတ်ပဲ အိမ်မှာရှိတဲ့ convection oven လေးနဲ့ကင်ပြီးမှ လုပ်ကြည့်တာ ဆိုင်က ဆီချက်အတိုင်း တစ်ပုံစံထဲရပါသဗျာ။
convection oven ဆိုတာ အောက်ကလို ပုံစံလေး။ အိမ်မှာ oven အကြီးရှိပေမဲ့ ဒါလေးက သုံးရလဲလွယ် မြန်လဲ မြန်လို့ ပိုသုံးဖြစ်တယ်။ စလုံးက အိမ်ရှင်မတွေ အိမ်မှာ ကြက်သားတွေ ဘာတွေ ကင်စားချင်တယ်ဆို အဲဒါလေး ၀ယ်ထားပါလို့ အကြံပေးချင်ပါတယ်။ သုံးရတာ အရမ်းလွယ်တယ်။  ဈေးလဲ ပေါပါတယ်။ ဟိုတစ်လောက Aldi မှာတွေ့ခဲ့တာ အော်ဇီ ဖွတ်ကလိဒင်္ဂါး ၂၅-၃၀ လောက်ပဲရှိတာ။ အိမ်ကမီးဖိုကတော့ အော်ဇီ ရောက်စ အိမ်တက်လုပ်တုံးက သူငယ်ချင်းတွေ လက်ဆောင်ပေးထားတာပါ ခင်ညာ။ အဲဒီတုံးက ဈေးတော်တော်ကြီးမယ်ထင်နေတာ။ စစချင်း သုံးတောင်မသုံးတတ်ဘူး။ ၆လလောက်နေမှ စသုံးဖြစ်တာ။ သုံးပြီးတော့လဲ ကြိုက်လွန်းလို့ ခဏခဏ သုံးဖြစ်နေရောပဲ။
 ဆီချက်ခေါက်ဆွဲအတွက် လိုတဲ့ ပစ္စည်းတွေက ( လူ ၃-၄ယောက်စာခန့်)
ဝက်သား ၄၀၀ ဂရမ်ခန့်
ဝက်ရိုး / ကြက်ရိုး ၅၀၀ ဂရမ်ခန့် (ကြက်ရိုးက ၀က်ရိုးထက် ပိုချိုတယ်၊ အန်တီဆွိကတော့ ၂ခုလုံးရောပြုတ်တယ်)
ကြက်သွန်ဖြူ ဆီချက်
ပဲငံပြာရည် အကြည်ရည်
ငရုပ်ကောင်းမှုန့် (white pepper)
 ဂျင်း
ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
သကြား၊ ဆား၊ ကြက်သားမှုန့်
အချဉ်အတွက်
သခွါးသီး တစ်လုံး
ကြက်သွန်နီတစ်လုံး
ငရုပ်ဆီ
မန်ကျည်းမှည့်ရည် (သို့) သံပုရာသီး ။ သံပုယိုသီး
လူ ၃-၄ ယောက်စာလောက်ဆို ၀က်သား အသားများများအပိုင်း ၄၀၀ ဂရမ်လောက်ကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း၊  ကြက်သားမှုန့်၊ ငရုပ်ကောင်းတွေနဲ့ သုတ်နယ်ပြီး ဆားပြားဝင်အောင် ရေခဲသေတ္တာ အောက်ခန်းထဲ တစ်ရက်လောက် ဒီတိုင်းပစ်ထားလိုက်။ ပြီးမှ စောနက convection oven ထဲ သံစကာအမြင့်လေးတင်ပြီး ကင်လိုက်တာပဲ။ အပူချိန် ၂၀၀ ဒီဂရီ စင်တီဂရိတ်လောက် နဲ့ တစ်ဖက်ကို ၄၅မိနစ်၊ နောက်တစ်ဖက်ကို  ၂၅မိနစ်လောက် ကင်ပေးရပါတယ်။ မီးဖိုက timer ပါတော့ ပစ်ထားလိုက်ရုံပဲ။ အသံကြားရင် တစ်ဖက်လှန်ပေးလိုက်။ လွယ်မှလွယ်။
ပြီးတော့ အဲဒါကို အေးဆေး တစ်ပတ်လောက်ထားလို့ရပါတယ်။ ထမင်းနဲ့ ကြော်စားရင်စား၊ ဆီချက်ခေါက်ဆွဲချက်ရင်ချက်၊ ထမင်းဖြူလေးနဲ့အနှစ်လေးဆမ်းပြီး ၀က်ခေါက်ကင်လို စားချင်လဲ စားလို့ရသေးတယ်။ ရေခဲသေတ္တာ အောက်ခန်းထဲ ပလပ်စတစ်ဗူးလေးနဲ့ ထည့်ထားလိုက်တာပဲ။ ဆီချက်ခေါက်ဆွဲ ချက်တော့မယ်ဆိုမှ ထုတ်ပြီး သေးသေးလေးတွေ လှီးထားပါတယ်။
လှီးရတာ ကောင်းတယ်။ လုံးဝ ဖွာမထွက်ဘူး။ အသားလဲ အိတယ်။
ကြက်သွန်ဖြူကိုလည်း ဥကြီး ၂ဥခန့် ထောင်းပြီး၊ ဒါမှမဟုတ် blander နဲ့ မွှေပြီး ဆီချက်ချက်ထားပါတယ်။ အန်တီဆွိ အလွယ်ကြိုက်ပုံများ ကြက်သွန်ဖြူဥကြီးတွေကို မနွှာပဲ ဒီတိုင်းထည့်ထောင်းပြီး နောက်မှ အခွံတွေ ဖယ်ထုတ်တာ။ မြန်မှမြန်။ ဟိုးခေတ်တုံးကလို  ချွေးမရွေးမယ်ဆိုရင်တော့ အန်တီဆွိ ခုချိန်မှာ အပြိုကြီး  င်္ဟီး ..ဟီး
(တရုတ်စာဆိုတော့ ကြက်သွန်ဖြူဆီချက်ကို ဆနွင်းမှုန့် လုံးဝမထည့်ပါနဲ့နော်။)
ဝက်ရိုး၊ ကြက်ရိုးတွေကို ဂျင်းအပြားလိုက် ၃-၄ပြား၊  ကြက်သွန်ဖြူ အလုံးလိုက် မနွှာပဲထည့်ပြုတ်ပြီး သကြား၊ ဆား၊ ငရုပ်ကောင်း၊ ပဲငံပြာရည်၊ ငါးငံပြာရည်တို့နဲ့ ချိုအောင်လုပ်ထားပါတယ်။ ဟင်းချိုတစ်ဝက်ကို  အရည်ချည်း သတ်သတ်သောက်ဖို့ စကာနဲ့ စစ်ထားလိုက်ပြီး ခွဲထားပါတယ်။ တစ်ဝက်ကတော့ ခေါက်ဆွဲထည့် ဖျောဖို့ပါ။
တစ်အိုးက မိထူးဖို့ ... တစ်အိုးက ကစ်ဆစ်ဖုဖို့ ...း)
ဆီချက်ခေါက်ဆွဲ လုပ်တဲ့နေရာမှာ သုံးတဲ့ခေါက်ဆွဲကလဲ အရေးကြီးပါတယ်။ အန်တီဆွိကတော့ ပြုတ်တဲ့ ခေါက်ဆွဲပဲသုံးပါတယ်။ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်တွေကတော့ ခေါက်ဆွဲ အစိမ်းနဲ့ ပိုကောင်းပေမဲ့ ဆီချက်ခေါက်ဆွဲကတော့ ပြုတ်တဲ့ ခေါက်ဆွဲ ခြောက်နဲ့ ပိုကောင်းပါတယ်။
အန်တီဆွိသုံးတဲ့ တံဆိပ်ပါ။ ထိုင်ဝမ်ကလာတာ Kan To Noodle တဲ့။ ဒီမှာတော့ တစ်ထုတ် ၂ကျပ်ခွဲလောက်ပဲရှိတယ်။ အဲဒါတစ်ထုတ်ဆို သားအမိ သားအဖ ၃ယောက် တစ်နပ်စာ ကွက်တိပဲ။
အဲဒီလို ခေါက်ဆွဲတွေက ရေစိမ်စရာလုံးဝမလိုပဲ ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြုတ်ရတာပါ။ ခေါက်ဆွဲကို အရမ်းအိနေအောင်မပြုတ်ပဲ နဲနဲလေး မာတုံး မီးဖိုကချ၊ ရေစစ်ပြီး ရေအေးများများနဲ့ ဆေးချပါ။  ပြီးရင် ခေါက်ဆွဲတွေ ထွေးပြီး ကပ်မသွားအောင် ဆီချက်လေးတစ်ဇွန်းလောက်ထည့်ပြီး နယ်ထားလိုက်ပါ။ အဲဒါတွေအကုန်လုံး ကြိုလုပ်ထားလို့ရပါတယ်။ အန်တီဆွိဆို အပေါ်ကဟာတွေအကုန်လုံး  ညနေ ဦးခြိမ့်ပြန်မှစားမှာကို မနက်ကတည်းက လုပ်ထားတာဂျ။
စားခါနီး ပွဲပြင်ဖို့အတွက် ခေါက်ဆွဲ နှစ်ဖို့ ဟင်းချိုအိုးကို ပွက်နေအောင် အရင် တည်ထားလိုက်ပါတယ်။
တချိန်တည်း ပွဲပြင်ဖို့ ပန်းကန်တစ်လုံးထဲကို ဟင်းချိုလေး စားပွဲဇွန်း တစ်ဇွန်းလောက်၊ ဆီချက်လေး စားပွဲဇွန်း တစ်ဇွန်းခွဲလောက်၊ ပဲငံပြာရည် အကြည်ရေ လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်၊ ပိုချိုချင်ရင် ကြက်သားမှုန့်လေး အနည်းငယ်ကို ထည့်ပြီး မွှေထားပါ။
ပြီးမှ ဆူပွက်နေတဲ့ ဟင်းချိုရည်ထဲကို ခေါက်ဆွဲ(ပြုတ်ပြီးသား)ကို ဇကာနဲ့ နှစ်ပြီး စိတ်ကြိုက်ခေါက်ဆွဲ အပျော့အမာရပြီဆို  စောနက ပွဲပြင်မဲ့ ပန်းကန်ထဲထည့်ပြီး တူလေးနဲ့ အသာ မွှေပေးပါ။  ပြီးရင် အပေါ်က ၀က်သားတုံးလေးတွေရယ်၊ ဆီချက်က ကြက်သွန်ဖြူအကြွပ်လေးတွေရယ်၊ ငရုပ်ကောင်း ကြက်သွန်မြိတ်တွေ ဖြူးပြီး စားနိုင်ပါပြီ။ နှစ်တဲ့ ဟင်းချိုရည်ကိုက ချိုနေတော့ ဆီချက်ခေါက်ဆွဲက တော်တော်ကို အရသာရှိပါတယ်၊ ချိုပါတယ် ခင်ည။
အချဉ်အတွက်ကတော့ သခွါးသီးနဲ့ ကြက်သွန်နီကို ပါးပါးလှီးပြီး ငရုပ်ဆီရယ်၊ မန်ကျည်းမှည့်ရည် (သို့) သံပယိုသီး/ သံပုရာသီးလေး ဆမ်းလိုက်တာပဲ။
ဟင်းချိုရည် ခွဲထားတာကိုလည်း ပူအောင် နွှေးလိုက်ပြီး ငရုပ်ကောင်း၊ ကြက်သွန်မြိတ်လေးဖြူးပြီး ဆီချက်ခေါက်ဆွဲနဲ့ စားဖို့ ပြင်လိုက်ပါဦး။
ကဲ သုံးဆောင်နိုင်ပါပြီ။ ဆိုင်က ဆီချက်ခေါက်ဆွဲ အတိုင်းပါပဲ ။
28 comments:
  1. ဆီချက်လေးစားချင်နေတာ..အတော်ဘဲ...
    လုပ်စားမယ်...
    ReplyDelete
  2. နမူနာယူပြီး စမ်းချက်ကြည့်ပါဦးမယ်
    ကျေးဇူးတင်ပါတယ်
    ကြည်
    ReplyDelete
  3. ရှယ်ပဲ တီဆွိရေ
    ReplyDelete
  4. Conventional Oven
    ဆီချက်ခေါက်ဆွဲကိုလည်း ကြိုက်တာမို့။
    ReplyDelete
  5. စားချင်သွားပြီ။ လုပ်စားကြည့်ဦးမယ်တီတီဆွိရေ။ အချဉ်ကလည်း ဆိုင်ကအတိုင်းနော် .. ရှယ်ပဲ။
    ReplyDelete
  6. တီဆွိ....
    တီဆွိနည်းအတိုင်း ဒီတခါ ကင်လိုက်မှပဲ...
    တီဆွိရေ.. ခေါက်ဆွဲခြောက်ကို ဟင်းချိုထဲ ထည့်နှစ်တော့ ..အခြောက်ဖြစ်တော့ ရေမဆေးပဲ မစားရဲဘူး...
    ReplyDelete
  7. ဟုတ်ဝူးလေ ။ ခေါက်ဆွဲခြောက်ကို ရေနွေးနဲ့ အရင်ပြုတ်ပြီး စကာနဲ့စစ် ရေအေးနဲ့ လောင်းချ အရင်လုပ်ထားတာလေ။ ပြုတ်ပြီးသားကို ဟင်းချိုရည်ထဲ နှစ်တာပါ။
    အနောနိမတ်စ်တွေ အန်တီဆွိကို ကွန့်မန့်ပေးရင် nick လေးတွေထည့်ပေးကြပါနော်။ အနောနိမတ်စ်ဆိုတော့ ခေါ်လို့လဲမကောင်းဘူး။ ဘွိုင်ဘွိုင်းတွေလား။ ဂဲဂဲ တွေလားလဲ မသိရဘူး။ နာမည်လေးတွေ လဲ မှတ်ထားချင်လို့ပါဂျာ။
    ReplyDelete
  8. တီဆွိရေဆီချက်လေးစားချင်လိုက်တာ
    ReplyDelete
  9. စားချင်လိုက်တာ တီဆွိရယ်
    အခုတလော ခေါက်ဆွဲတွေပဲ စားချင်နေတာ
    အမြဲတမ်း ပိတ်သတ်(တီဆွိလက်ရာ အမြဲသရေကျသူ)
    ခင်ဘုန်း (နာမည်မှတ်ထားနော်) ဟိဟိ
    ReplyDelete
  10. အဲဒီအကင်အိုးမျိုးလိုချင်လိုက်တာ ဒီမှာတော့မတွေ့သေးဘူး ...တီဆွိဆီချက်ကစားချင်စရာ ၀က်သားကင်နဲ့ဆိုပိုမွှေးနေမှာနော်..။
    ReplyDelete
  11. convection oven လေး သဘောကျတယ် မရေ...
    Amazon ကမှာကြည့်ဦးမယ်။ ဒီမှာတော့ US 90 ကျော်မယ်။ oven အကြီးက၂ ယောက်ထဲအတွက် ကြီးလွန်းနေလို့ လေ။
    မရဲ့  blog လေးက ခေတ်သစ်အိမ်ရှင်မတွေအတွက် အရမ်းအသုံးဝင်တာလေးတွေ ဖတ်ရတတ်လို့ စာမရေးခဲ့ပေမဲ့ အမြဲလာဖတ်ဖြစ်ပါတယ်။
    အဲလိုနည်းလေးတွေမျှဝေပေးလို့ ကျေးဇူးပါ မရေ
    ReplyDelete
  12. Thank u nor...arr pay nay mae...myar myar chat nor
    ReplyDelete
  13. T T sweet,,,i can't type myanmar font sorry nor. " kay Ao" also , how to make? post that one also TT. thank
    ReplyDelete
    Replies
    1. ကြေးအိုးဆီချက် နဲ့ ကြေးအိုးကို အန်တီဆွိရေးပြီးတာ ကြာလှပါပြီ။ အောက်က လင့်ခ်လေးကို ကလစ်ကြည့်နော်။
      http://auntysweet.blogspot.com.au/search/label/%28%E1%81%81-%E1%81%81%E1%81%82%29%20%E1%80%B1%E1%81%BE%E1%80%80%E1%80%B8%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%86%E1%80%AE%E1%80%81%E1%80%BA%E1%80%80%E1%80%B9%20%E1%81%8A%20%E1%80%B1%E1%81%BE%E1%80%80%E1%80%B8%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8
      အန်တီဆွိ ခု ဘေးက feed roll တွေမှာ စားစရာတွေကို ခေါင်းစဉ်အလိုက်ခွဲထားတဲ့ အပြင် တစ်ခုချင်းစီ တိုက်ရိုက် ကလစ်လို့ရအောင် လင့်ခ်ပေးထားပါတယ်။ အဲမှာ ရှာကြည့်ကြပါဦး။
      Delete
  14. ဆီချက်ခေါက်ဆွဲခလေးတွေသိပ်ကြိုက်...လုပ်ကျွေးဦးမယ်...
    ReplyDelete
  15. သန္တာလင်းOctober 20, 2012 at 10:46 PM
    ရှမ်းခေါက်ဆွဲချက်နည်းလေးပါတင်ပြပေးလို့ရနိုင်မလားရှင့်....ရှမ်းခေါက်ဆွဲဝယ်စားလို့မရတဲ့နေရာကိုရောက်နေလို့ါ
    ReplyDelete
  16. Thanks for ဆီချက်ခေါက်ဆွဲ...
    အမရေ....I saw you'd seprated by title. It would be better if you can add sub-title for individual post. So, we can easily refer with just one clip when we need recipe (no need to clip for older post). I am your regular customer. Your recipes are systematic.(something like Sayar U Thein Htut teaching). If I follow your methods I can get delicious food.
    July
    ReplyDelete
  17. ဂျူလိုင်ရေ
    အစ်မလဲ မနေ့ကပဲ feed roll မှာ ရှာရလွယ်အောင် sub title လေးတွေ ခွဲပေးထားတာ။ တစ်ပုဒ်ချင်းစီကျ feed roll က အရမ်းရှည်နေမလားလို့။ ဒါပေမဲ့ လုပ်ကြည့်ဦးမယ်။
    သန္တာလင်းရေ
    ရှမ်းခေါက်ဆွဲ ချက်နည်း ဓာတ်ပုံလေးတွေရိုက်ထားတာ ရှိပါတယ်။ တင်ပေးပါမယ်။ မကြာမည် လာမည် မျှော် ..... ....း)))
    ReplyDelete
  18. ဆီချက်ခေါက်ဆွဲက လွယ်သား..ချက်စားဦးမယ်..ရှမ်းခေါက်ဆွဲ မျှော်နေပါတယ်ဗျို့ 
    ReplyDelete
  19. TTSweet
    ဆီချက်ခေါက်ဆွဲလေးအားပေးသွားပါတယ်ကွယ်။
    ခင်တဲ.အန်တီလေးမေခင်
    ReplyDelete
  20. Mama Sweet
    Noodles looks so yummy ! I just checked the oven in Amazon Japan and it was super expensive here.:( it will cost 25900 yen which is similar to 314.94 AUD. What a shame!
    ReplyDelete
    Replies
    1. Swant ရေ
      အန်တီဆွိထင်တာတော့ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပစ္စည်း သုံးပုံချင်းကွာတော့ ပစ္စည်းတင်ပို့တာလဲ ကွာလိမ့်မယ်။ အော်ဇီလို၊ အင်္ဂလန်လို၊ US လို အဖြူတွေနေတဲ့ တိုင်းပြည်က မုန့်တွေ အသားတွေ ကင်စားကြတာများတော့ အဲလိုပစ္စည်းတွေက အဲဒီနိုင်ငံတွေမှာပဲ ပေါ်ပြူလာဖြစ်ပြီး အဲဒီနိုင်ငံတွေကိုပဲ အများဆုံး တင်ပို့တယ်နဲ့တူပါတယ်။ (ဒါမှမဟုတ် local ထုပ်ကုန်မှို့ ဈေးသက်သာတာဖြစ်မယ်။ )အဲဒီတော့ ပေါ်ပြူလာမဖြစ်တဲ့ နိုင်ငံတွေမှာ ပစ္စည်းကရှားတော့ ဈေးကြီးတာဖြစ်မယ်ထင်တယ်။
      အစ်မလဲ အဲဒီ Aldi က ၂၅ကျပ်ဆိုတာ တွေ့တော့ အရမ်းဈေးပေါနေတော့ အံ့သြသွားတာ အမှန်ပဲ။ ခု Swant အဲဈေးကို မပြောမီအထိ အဲလောက်ပဲ ပုံမှန်ဈေး ထင်နေတာ။ အမှန်က ဒီမှာ Aldi ဆိုတာ ဈေးအချိုဆုံး အပေါဆုံး စတိုးတစ်ခု၊ တစ်ခါတစ်လေ ပစ္စည်းကောင်းကောင်းတွေကို ဈေးပေါပေါနဲ့ရတတ်တာ။ ဒါပေမဲ့ ဂျပန်နဲ့ အဲလောက်ကွာတော့လဲ အတော် အံ့သြမိတာပဲ ။ ညီမရှာတာနဲ့ brand မတူတာလဲ ဖြစ်နိုင်ပါတယ်။
      အော်ဇီ ebay ထဲမှာ ရှာတာတော့ brand new ကို အော်ဇီဒေါ်လာ ၃၀ ကနေ ၅၀ လောက်ပဲရှိပါတယ်။ အောက်ကလင့်ခ်လေးကို ကော်ပီ ပေ့စ် လုပ်ကြည့်နော်။
      http://www.ebay.com.au/sch/i.html?_trksid=p3907.m570.l1311&_nkw=convection+oven&_sacat=0&_from=R40
      ဒီမှာ ၃၀ နဲ့ရတယ်။ ဒါပေမဲ့ လိုကယ်အတွက်ပဲ။
      http://compare.ebay.com.au/like/120992669007?ltyp=AllFixedPriceItemTypes
      ဒီမှာလဲ ၃၀ ပဲ။ ပို့ခက (၁၆+၅) ကျပ် အော်ဇီ လိုကယ်အတွက်ပဲ။
      http://www.ebay.com.au/itm/Convection-Oven-and-Multi-Cooker-Express-/120992669007?pt=AU_Ovens&hash=item1c2bb99d4f
      ဒီပေ့ရှ်မှာလဲ အော်ဇီ ၃၂ ကနေ ၅၀-၆၀ လောက်ဆို ရတယ်။
      http://www.shopbot.com.au/m/?m=Convection%20Oven
      စင်္ကာပူ ebay မှာကျတော့ စလုံး ၉၀ -၁၀၀ လောက်ပဲ ရှိတယ်။ ဒါပေမဲ့ စင်္ကာပူ လိုကယ်မဟုတ်ပဲ US ကနေပို့ရမှာဆိုတော့ ပို့ခကတော့ တော်တော်ဈေးကြ်ီးနေတယ်။ ပြီးတော့ ပစ္စည်းလဲ သိပ်မရှိဘူး။
      အိမ်မှာ သုံးတဲ့ brand က Aldi မှာရောင်းနေကျ Lumina brand, 17 litre ဖြစ်ပါတယ်။
      ဒီမှာ ၀ယ်ပြီး ပို့ရအောင်ဆိုကြည့်လိုက်တော့ ဂျပန်ထိ ပို့ခက အော်ဇီ ၂၀၀ လောက်ရှိပါသဗျာ။ ၃၀-၄၀ လောက်ဆိုရင်တော့ လိုချင်ရင် ပို့ပေးမလို့ပါ။း))
      Delete
    2. MaMa Sweet,
      Thank you for your long reply with lots of information. I agree what you said. I have never seen such style of oven here before I read your post. That's why I want to have it! And Japan and other countries have different Electric voltage too. Here is 110 and I think your is 220. And may be the brand is different too. When I tried to find the convention oven in Amazon, the same style like the one in your post is only one and that is 25900yen. The other convention oven are just like normal ovens. And they are also expensive too. Some are even 30000 yen and above. Well, the cheapest is around 8000 yen which is around 97 AUD. How luck you are! As you can buy good product with so reasonable price. Here almost all products are expensive.
      I really appreciate your good saydanar to me, too! you are always the best!
      Delete
  21. Thank you very much for the recipe. Your recipes are very accurate and easy to follow. Thank for your time and effort for this blog...
    ReplyDelete
  22. Thank you for all your information
    ReplyDelete
  23. နည်းသိတော့ချက်စားလို့ရပြီ..ကျေးဇူးတင်ပါတယ်တီဆွီရေ.....
    ReplyDelete
  24. thanks ahma look very good n yummy I m ever read ah ma blog ahko chaint is very lucky . thamee ju ju n my daughter r same ages u r daughter is so smart n cute I miss my daughter also aung moe usa
    ReplyDelete
  25. ကြာဆံဆီချက်ကော????
    ReplyDelete