Saturday, November 3, 2012

ဂျူဂျူနှင့် ပင့်ခ်ကာလာ ဘောလုံးပျောက်မှု အမှုတွဲ (၂)

ထိုနေ့က ဂျူဂျူလေးက မျက်နှာမကောင်းတော့ သူ့အဖေလဲဘောလုံးများ အောက်လိမ့်သွားမည်လားဟု နိမ့်ဆင်းနေသည့် လမ်း အောက်ဖက်အဆုံးအထိ လျှောက်ကာ ဘောလုံးပျောက်ကိုရှာသည်။ ဂျူဂျူနှင့်အမေလုပ်သူကလည်း အိမ်ထဲတောင် မ၀င်နိုင်ကြသေး။ အဖေကြီးနောက်မှ လိုက်ချသွားကာ လမ်းအဆုံးလေးအထိ လျှောက်ကြည့်ကြသည်။ လမ်းလေးက ၂၀ ဒီဂရီလောက်ရှိသည့် နိမ့်လျှောလေးဆိုတော့ ဘောလုံးက လမ်းအတိုင်း တည့်တည့်သွားပါက လိမ့်ဆင်းသွားသည်လဲ ဖြစ်နိုင်ပါသည်။ သို့ပေမဲ့ လမ်းအဆုံးရောက်သည်အထိ ဘောလုံးကတော့ အရိပ်အရောင်မျှပင် မမြင်ရပါ။ 


ဖြစ်ချင်တော့ လမ်းအဆုံးတွင် နောက်ထပ် လမ်းတစ်လမ်းက ကန့်လန့်ခံနေသည်။ ထိုလမ်းကလဲ ဘယ်ဖက်သို့ နိမ့်ဆင်းနေသည့် ကုန်းဆင်းလမ်းပင်ဖြစ်နေရာ ထိုလမ်းအတိုင်းပဲ ဆက်ဆင်းသွားသည်လား။ သို့မဟုတ် အရှိန်များ၍ လမ်းကိုကန့်လန့်ဖြတ်ကာ လမ်းတစ်ဖက်က အိမ်ထဲပဲ ၀င်သွားပြီလား။ ဘေးက သစ်ပင်တွေ ချုံပုတ်တွေထဲလဲ ကြည့်ကြသည်။ နောက်ဆုံးရှာမတွေ့တော့ အားလုံးအိမ်ပြန်ကာ အ၀တ်အစားလဲကြသည်။ ခဏနေတော့ အ၀တ်လဲလို့ပင် မပြီးသေး။ ဂျူဂျူတို့အဖေကြီး စိတ်မြန်လက်မြန်ရှိလှနှင့် ဓာတ်မီးတစ်လုံးယူကာ အပြင်ထွက်သွားသံ၊ တံခါးပိတ်သံများကြားနေရသည်။ ဂျူဂျူလဲ နောက်ကလိုက်သွားရာ သူ့အမေကြီးလဲ ကမန်းကတန်း အ၀တ်လဲကာ လိုက်ချသွားသည်။

ဂျူဂျူတို့ အဖေသည် နောက်လမ်းဆုံးသည်အထိ ကုန်းဆင်းလမ်းတွေအတိုင်း တောက်လျှောက်လိုက်ကြည့်နေသည်။ ဂျူဂျူတို့ အမေကတော့ အမှန်ပင် စိတ်လျှော့ထားပါသည်။ ဘောလုံးကတော့ ချုံပုတ်တွေထဲ ၀င်ရင်ဝင်၊ မ၀င်ရင် အိမ်တစ်အိမ်ထဲရောက်သွားတာဖြစ်မည်။ ဒီဘောလုံးဘယ်လိုများ ပြန်တွေ့နိုင်ပါ့တော့မလဲဟု စိတ်ပျက်လက်ပျက်နှင့် စဉ်းစားနေသည်။  

ထိုစဉ်ပင် ဟိုးရှေ့မှာရောက်နေသည့် ဂျူဂျူတို့အဖေသည် ကားတစ်စီးရှေ့တွင် ရုတ်တရက် တစ်ခုခုကို ကုန်းကောက်လိုက်ရာ "အဖေ တွေ့ပြီလား .... တွေ့ပြီလား ..."  ဟု အလောတကြီး အမေး ဂျူဂျူတို့အဖေလဲ ခေါင်းငြိမ့်ပြရင်း လက်ထဲတွင်လည်း ပင့်ခ်ကာလာ ဘောလုံးလေး ပုပ်ကာ  ပုပ်ကာဖြင့် ပါလာပါတော့သည်။ အမေကြီးမှာ သူ့မျက်လုံးကိုပင် မယုံနိုင်ပါ။ တကယ်ပြန်တွေ့တော့ အံ့သြနေသည်။ ဂျူဂျူလေး၏ ၀မ်းသာအဲလဲ ၀င်းလက်သွားသော မျက်နှာမှာ အမှောင်ထဲမှာ လင်းသွားသလားပင် အထင်ရောက်စေပါသည်။ ဘောလုံးလေးပြန်တွေ့၍ အမေလဲပျော်၊ အဖေလဲပျော်၊ သမီးလဲပျော်ကာ အိမ်ပြန်လာကြပါသည်။

အဖေကြီး၏ပြောပြချက်အရ ဘောလုံးသည် လမ်းဘေးရပ်ထားသော ကားတစ်စီးကိုထိကာ ရပ်သွားပုံရသည်ဆိုပါသည်။ ကားကို မထိပါက ဆက်လိမ့်ဦးမည်ဆိုသည့်သဘော။ ထူးဆန်းသည်မှာ ဘောလုံးသည် အမေကြီး ကားထဲမှ အမှတ်တမဲ့ ပစ်ချလိုက်ရာ ပစ်ချလိုက်သော အားအရှိန်က ကုန်းဆင်းဖက်ကို ပါသောကြောင့် ဘောလုံးက ကုန်းဆင်းအတိုင်း ဆင်းချသွားရာ ပေ ၂၀၀-၂၅၀ ခန့်နေရာရောက်မှ ကားတစ်စီးနှင့်ထိကာ ရပ်သွားခြင်းဖြစ်ပါသည်။ အိမ်ရှေ့မှ ကားပါကင်က မြေညီတွင်ဖြစ်ရာ အမှတ်တမဲ့ ပစ်ချလိုက်သော ဘောလုံးသည် အရပ် ၈ မျက်နှာ လိမ့်နိုင်ပါလျက် ဖြစ်နိုင်ချေနည်းသော ကုန်းဆင်းဖက်ကို တည့်တည့် လိမ့်သွားသည့်အပြင် မီတာ ၂၀၀လောက်အကွာ အထိ နောက်ထပ် လမ်းမတစ်ခုကိုပင် ဖြတ်ပြီး ဆင်းသွားပုံမှာ ထူးဆန်းလှပါသည်။

ဘောလုံးသွားရာ လမ်းကြောင်း

 ဤတွင် ဇာတ်လမ်းကား မပြီးသေး။ အမေလုပ်သူ အင်ဂျုင်နီယာမကြီးက စဉ်းစားသည်။ ဘောလုံးက ကားကိုထိပြီးရပ်သည်ဆိုတော့ ကားက ဘာမှ မဖြစ်ဘူးလား။ ကားမှန်တွေ ဘာတွေများထိရင် ကွဲကုန်မှာလား။ သူ့မျက်စိထဲမှာ ဘောလုံးက အင်မတန် ပြင်းသော မြန်သောအရှိန်ဖြင့် ခုန်ကာ ကားကို ၀င်တိုက်မိသည်ဟု ထင်နေသည်။ သို့နှင့် ကားကိုထိမိသောအခါ ခန့်မှန်းချေ ဘောလုံး၏အလျှင် (speed) ၊ အား (force) တို့ကို ငယ်ငယ်ကတွက်ဖူးသည့် ရုပဗေဒပညာရပ်အားကိုးဖြင့် ပြန်တွက်ကြည့်ချင်နေသည်။ ( ဤနေရာတွင် physics ကို သင်ပေးခဲ့ဖူးသော ဆရာဆရာမများကို အမှန်ပင် သတိရမိပါသည်။ ဆရာ ဦးအောင်ဖေညွန့်၊ သား-ကိုတူး၊ ဆရာဦး SS သိန်းလွင်၊ ၁၀တန်းတုံးက ဆရာမ၊ ဆရာ ဦးသာလှိုင် အစရှိသဖြင့် ဆရာများကို ဂါရ၀ပြုပါ၏။)

ရယ်ရသည်မှာ သီအိုရီအချို့လဲ အတိအကျ မမှတ်မိတော့ နောက်ဆုံး ဆရာ့ဆရာများ၏ ဆရာ ဂူဂဲလ်ကိုပင် အားကိုးရပါတော့သည်။

 ဂူဂဲလ်တွင် အဖြေများ တွက်နည်းများ များစွာတွေ့ရာ အနီးစပ်ဆုံးတူသည့် ပေ့ရှ် တစ်ခုကိုသာ ပုံသေထား တွက်ပါမည်။ assumption မှာ ဘောလုံးသည်  ၂၀ဒီဂရီစောင်းနေသော ကားပါ့ကင် အမြင့်မှ၂၀၀ မီတာတောက်လျှောက် လိမ့်ဆင်းသည်ဟု ယူဆပါသည်။ ပစ်လိုက်သောအားမှာ အလွန်နည်းရာ starting speed ကိုလဲ Vo=0 (ကုန်းဆင်းမှ အသာ လွှတ်ချသည်) ဟု ယူဆပါသည်။

 http://www.feynmanlectures.info/solutions/roll_without_slipping_sol_1.pdf
 အထက်ပါပေ့ရှ်မှ ထိုပုံသေနည်းကို ရပါသည်။
 

V=?, g= 9.81 m/S^2, S=200 m (assumption), θ= 20 deg (assumption) ,

 K= I/MR^2
 http://en.wikipedia.org/wiki/List_of_moments_of_inertia
where I= 2MR^2/3 (for hollow sphere) , so, K=  2/3
 အထက်ပါဖော်မြူလာတွင် အစားထိုးကြည့်သောအခါ  ဘောလုံး၏ speed (at 200m)ကို တွက်၍ရပါသည်။

 အဖြေမှာ 28.37 m/sec ဖြစ်ပါသည်။ ဘောလုံးကားကို ထိသောအခါ speed ဖြစ်ပါသည်။ မြင်လွယ်အောင် ကား speed နှင့်ပြပါက (102km/hr) တစ်နာရီ ကီလို ၁၀၀ခန့် ဖြစ်ပါသည်။

ထိုဖော်မြူလာမှ ထူးခြားချက်ကို သတိပြုမိပါသလား။ ရူပဗေဒသင်စဉ်က အားလုံးနားလည်ထားပြီသားတစ်ခုကို ပြန်နွှေးပေးပါမည်။ ထိုဖော်မြူလာတွင် ဘောလုံး၏ အလေးချိန် (mass) နှင့် ဘောလုံး၏ size ပမာဏ ( ဥပမာ radious) အစရှိသဖြင့် မပါသည်ကို သတိပြုစေလိုပါသည်။ ဆိုလိုသည်မှာ air resistant ကို လျှစ်လျှူရှုပါက ဘောလုံး လေးလေး၊ ပေါ့ပေါ့၊ ကြီးကြီး၊  သေးသေး နေရာတစ်ခုရောက်ရန် speed အတူတူ၊ ကြာချိန်အတူတူဖြစ်ပါသည်။ ( တော်တော်များများ ရူပဗေဒနားမလည်သူများကတော့ လေးရင်တော့ မြန်မြန်ရောက်မှာပဲ ကြီးရင်တော့ မြန်မြန်ရောက်မှာပဲ ထင်ထားကြမည်ဖြစ်သည်။)

(ဘောလုံးက solid (အလုံးပိတ်) ဖြစ်လျှင်တော့ ဖော်မြူလာတွင် K တန်ဖိုးကပြောင်းသွားသည် (K=2/5) Moment of Inertia ( I ) တန်ဖိုးပြောင်းသွား၍ဖြစ်ပါသည်။ စိတ်ဝင်စားသူများ တွက်ကြည့်နိုင်ပါသည်။ (answer:  30.96 m/sec,  12.9 sec)။ ဤတွင်တော့ လေးလျှင် ပိုမြန်သည့်သဘောကို ပြပါသည်။ အပေါ်က သဘောတရားနှင့် ဆန့်ကျင်ပါသည်။ စိတ်ဝင်စားသူများ နားလည်လျှင် ရှင်းပြကြပါဦး၊ အလုံးတွေဆိုတော့ CG ကလဲ centre မှာ အတူတူပဲ မဟုတ်လား။)

 ဘောလုံးသည် ကိန်းသေအရှိန် (constant acceleration) တစ်ခုဖြင့် ဆင်းနေသည်ဟု ယူဆရာ ဘောလုံးရောက်ရန် ကြာသည့် အချိန်ကို အောက်ပါ ဖော်မြူလာတွင် အစားထိုးကြည့်သောအခါ ကြာချိန် 14.1 စက္ကန့်ရပါသည်။
 t= S/V avg

where, V avg=V/2 (at constant acceleration)

so,  t=2S/V

အမေကြီး ကားပေါ်မှ ပစ်ချပြီး နောက် ၊     နောက်ထပ်ကားတစ်စီးကို ထိပြီး ရပ်သည်အထိ ကြာချိန် 14.1 စက္ကန့်ဖြစ်ပါသည်။

တွက်နည်းသည် assumption များစွာကို အခြေခံထားရာ ကွက်တိအမှန် မဖြစ်နိုင်ပါ။ သို့ပေမဲ့ အနီးစပ်ဆုံး ခန့်မှန်းချက်လောက်တော့ ပေးနိုင်သည်ဟုယူဆပါသည်။

အမှန်မှာ ဘောလုံးသည် နောက်ပိုင်း လက်တွေ့စမ်းသပ်ချက်များအရ လမ်းဘေး ပလက်ဖောင်း ဘောင်ကို ထိ၍ ဤအတိုင်း ထိလျှက်တောက်လျှောက်ဆင်းရာ ကားကိုထိတော့ အရှိန်မှာ တော်တော်နည်းနေပါပြီ။ အမေကြီးထင်သလို ကားမှန်တွေ ဘာတွေထိရင် ကွဲမှာလားဆိုတော့ မကွဲနိုင်ပါ။

 ကားကို ထိသည့် Force ကိုတော့ ၀ါသနာပါသူများ တွက်ကြည့်ကြပါဦး။ 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဤတွင်လည်း ဇာတ်လမ်းက မပြီးသေး။ TV ကနေ Backyard science လို ရှိုးတွေကြည့်ထားသည့် ဂျူဂျူက ဘောလုံးကို ပစ်ချပြီး စမ်းချင်သည်ဆိုတော့ သားအမိ၊ သားအဖတွေ အလုပ်မရှိ အလုပ်ရှာ ဘောလုံးကို ပစ်ချကာ ဘောလုံး မည်သို့ လိမ့်မည်လဲ ကြည့်ကြသေးသည်။
အမေကြီးက သူ့တာဝန် သူယူ၊ အပေါ်ကနေ ဘောလုံး ချပေးရသည်။ ဂျူဂျူက ဘောလုံးနောက် တောက်လျှောက်လိုက်သည်မှာ မောနေသည်။ သူ့ဘောလုံးလေး ထပ်ပျောက်မည် စိုးသတဲ့။ သူ့အဖေကြီးက လမ်းချိုးတွင် စောင့်ကာနေသည်။ လမ်းမှာ ကားလာနေလျင် စောင့်ဖမ်းရအောင်ဖြစ်သည်။ ကားကိုသွားထိလို့ လျော်နေရလျှင် မခက်လော။

 ဤတွင် ထူးခြားမှူမှာ ဘောလုံးသည် ဘယ်တော့မှ ကုန်းဆင်းလမ်းအတိုင်း တည့်တည့် တန်းတန်း မသွား၍ ၄-၅ခါလောက် ပစ်ချနေရသည်။ အမေကြီး ကားပေါ်ကချသည့် နည်းအတိုင်းပင် ပစ်ချရာ ကုန်းဆင်းဖက်ကို လိမ့်ဖို့ရာပင် အတော်ပင် ခဲယဉ်းပါသည်။ ကုန်းဆင်းဖက်ကို အားအနည်းငယ်ထည့်ပစ်သည်ပင် ဘောလုံးသည် လမ်းအတိုင်းမသွား လမ်းဘေး သစ်ပင်များဖက်၊ ချုံပုတ်များဖက်၊  အိမ်ဘေးက ကားဂိုထောင်ဖက် အစရှိသဖြင့်သာလိမ့်နေ၍ လမ်းအတိုင်းတည့်တည့်သွားအောင် အတော်ပစ်နေရသည်။


ဘောလုံးသွားရာ လမ်းကြောင်းများ (red lines) , နောက်ဆုံး အမှန် လမ်းကြောင်း ( blue line)
လမ်းအတိုင်း တစ်ခေါက်တည့်တည့်ရောက်သောအခါလည်း လမ်းကွေးလေးထိပ်ရှိ အိမ်တစ်အိမ်မှ ကားဂိုထောင်ထဲ ၀င်မည်ပြုရာ ဂျူဂျူ့မှာ မနဲလိုက်ကောက်နေရသည်။ (ညအချိန်တွင် ကားဂိုထောင်မှာ တံခါးပိတ်ထား၍ ထိုမှပြန်ကန်ကာ ကုန်းဆင်းအတိုင်းပြန်လိမ့်သည်ဟု ယူဆပါသည်။ မသေချာပါ။ )

 နောက်တစ်ခေါက်ပစ်သောအခါ ဂျူဂျူမှာ ကားဂိုထောင်စောင့်ရပါသည်။ ကားဂိုထောင်ရှေ့ရောက်လာသော ဘောလုံးကို ကားဂိုထောင်တံခါးနှင့် ထိသည့်အလား သူ့လက်ကလေးဖြင့်ခံကာ ပုတ်ထုတ်ပါသည်။ ထိုအခါလည်း ဘောလုံးမှာ ကုန်းဆင်းအတိုင်းမသွား ဘေးချုံပုတ်တွေထဲဝင်သွားပြန်သည်။

ကားဂိုထောင် တံခါးစောင့် ဂျူဂျူလေးမှ ပြန်ပုတ်လိုက်တဲ့ ဘောလုံး။

သို့နှင့် ဟောဟဲ... ဟောဟဲ ... အမေကြီးမှာ အပေါ်ပြန်ပြေးတက် ဘောလုံးကို ထပ်ချရပြန်ရာ နောက်ဆုံးတစ်ခေါက်တွင် ဘောလုံးသည်

ကားပါကင်အောက် လမ်းအတိုင်း လိမ့်ဆင်း ...

ကားဂိုထောင်တံခါးမှူး ဂျူဂျူမှ လက်နှင့်ခံ ကာ ပုတ်ထုတ် ..
လမ်းမဖက် တည့်တည့်တန်းတန်း လိမ့်ဆင်း ...
ကားတစ်စီးမှ မလာ ...
သူ့အဖေကြီးမှ စောင့်ကြည့် ...
 ရှေ့လမ်းမကို ကန့်လန့်ဖြတ် ...
 ပလက်ဖောင်း ဘောင်ကို ထိ ...
ပလက်ဖောင်းဘောင်အတိုင်း တောက်လျှောက် လိမ့်ဆင်း...
နောက်ဆုံး  ကားတစ်စီးနှင့်ထိကာ ရပ်သွားသည်ဆိုပါသည်။ အဖေကြီးက သူထိုနေ့ညက တွေ့ခဲ့သည့် ပုံစံနှင့် တစ်ပုံစံတည်း ဖြစ်သည်ဆိုကာ experiment ကို ရပ်လိုက်ကြပါသည်။ 
ဘောလုံးက အနီရောင် လမ်းအတိုင်း ဘေးက နံရံကိုထိပြီးဆင်းသွားတာမှို့ friction force  ကြောင့်
 ကားကိုထိတဲ့ အချိန်မှာ အရှိန် အတော်နည်းသွားမှာပါ။

Experiment မှ conclusion ဆွဲသော် ဂျူဂျူတို့ မိသားစု ဘောလုံးပျောက်ပုံကို အံ့သြမည်ဆိုလည်း အံ့သြလောက်စရာ။ အမှတ်တမဲ့ပစ်ချလိုက်သော ဘောလုံးသည် ကုန်းဆင်းလမ်းလေးအတိုင်း တည့်တည့်လိမ့်ကာ မီတာ၂၀၀အကွာကို ချက်ချင်းရောက်သွားသည်။ ထိုပုံစံအတိုင်း သွားစေလို၍ တမင် ပစ်ချသောအခါ ဘောလုံးမှာ ဘေးဘီ ကွေ့ပတ်၍တစ်မျိုး၊ ဟိုဝင်ဒီဝင်နှင့်  ထိုလမ်းအတိုင်းရောက်ဖို့ရာ အင်မတန်ပင် ခက်ခဲကြောင်းတွေ့ရှိရပေရာ လောကတွင် လူတို့သည် ထိုသို့သော ကြက်ကန်းဆန်အိုးတိုး အမှတ်တမဲ့ အဖြစ်မျိုး ဖြစ်တတ်ကြ၍ အမှန်တကယ်ရည်ရွယ်၍ ကြိုးစားလုပ်သူများသည် ကံလမ်းချော်ပါက ကြိုးစားပါလျှက် ကြက်ကန်းတိုးသူများလောက် မဖြစ်ထွန်းနိုင်သည်ကို သတိ သံဝေဂ ရကြစေလိုပါသည်။

လောကတွင် အချို့သည် ကြိုးစားမှု မလိုပဲ သူ့ အတိတ် ကုသိုလ်ကံ ပါရမီကြောင့် ကြီးပွားချမ်းသာ သူများရှိသလို၊ မိမိက သူတို့ထက် ဥာဏ်ပညာတွင်လဲ သာ၊ ကြိုးလဲ ကြိုးစားပါလျက် သူ့လောက်အတိတ်ကံမပါ၍ သူ့လောက် မဖြစ်ထွန်းရာ သူ့ကိုလဲ မနာလို ၀န်တိုဖြစ်ဖို့မလို၊ သူ့ကံ ကိုယ့်ကံမတူ၍ဟုသာ ယူဆစေ လိုပါသည်။ သို့ပေမဲ့ ကြိုးစားမှုသည် အချီးနှီးမဖြစ်ရာ တစ်ခါ မဖြစ် အကြိမ်ကြိမ်ကြိုးစားပါကာလည်း မိမိလိုရာ ပန်းတိုင်ရောက်နိုင်ကြောင်း အမေကြီးမှ ဆိုင်ဆိုင် မဆိုင်ဆိုင် အတင်းဆွဲထည့်ကာ ပိတ်သတ်များအား သင်္ခန်းစာ ပေးလိုက်ပါသည်။
( စာရေးရင် moral လေးပါအောင် ရေးမယ်လို့ သူများစာတွေ လျှောက်ဖတ်ပြီး အားကျလာလို့ ထည့်ရေးထားခြင်းဖြစ်ပါသည်။း)))  ..... ဟမ် )))))))))

ပြီးပါပြီ။



 ပြီးခဲ့သည့် ပို့စ်က ပိတ်သတ် စိတ်ဝင်စားအောင် ကုန်းလျှောလေးရှိတာ ဂျူဂျူလေးတို့ အိမ်က အမြင့်လေးမှာ ရှိနေတာ ကို စာထဲမှာ လျှို့ဝှက်ထားပါသည်။ သို့ပေမဲ့ ဖြေမည့်သူများအတွက် စဉ်းစားလို့ရအောင် ဓာတ်ပုံတစ်ပုံဖြင့် hint ပေးထားပါသည်။ စိတ်ဝင်တစား ဖြေပေးကြသူ များကို ကျေးဇူးတင်ပါသည်။
မျှားပြထားသော မျဉ်းကြောင်းမှာ ကားပါ့ကင်သည် အမြင့်မှာ ရှိကြောင်း hint ပေးထားခြင်းဖြစ်ပါသည်။

WINNERS are ....
ကန်အားကောင်းတော့  ဟိုးကားနောက် က လမ်းထဲလိမ့်သွားပြီနဲ့ တူတယ်
Reply Delete

ကုန်းလျှောကနေ အောက်ကို တောက်လျှောက် လိမ့်သွားတယ်နဲ့ တူပါတယ်..
ကဘာမြေကြီးရဲ့ ဆွဲငင်အားဆိုလား..ဘာလား..
=P
-m
Reply  Delete


လျှောဆင်းသွားတယ် ထင်တယ်

ကြည်စန္ဒာ
ReplyDelete

ကျန်တဲ့သူတွေ ဖြေတာတချို့လည်း ရယ်နေရတယ်။ ဦးခြိမ့်ပုဆိုးထဲဝင်သွားတယ်ဆိုတာ။း)) ကားထဲ ပြန်ဝင်သွားတယ်ဆိုတာတော့ မဖြစ်နိုင်ဘူးခင်ည။ ဂျူဂျူလေးက အဲဒီတံခါးပေါက်က ထွက်တာဆိုတော့ ဘောလုံးက အကြီးကြီးကို မဆင်းခင် မြင်မှာ သေချာတယ်။ သူက အဲဒါကို ကျော်ပြီးမှထွက်ရမှာကိုး။




18 comments:

  1. စာရေးရင်းစာပါသင်သွားတယ် ချာမကြီးရယ်

    ReplyDelete
  2. အင်း...အင်ဂျင်နီယာမလုပ်ပဲ ရူပဗေဒဆ၇ာမ လုပ်တော့မယ်ထင်တယ်။..ဟဟ

    ReplyDelete
  3. အတိအကျတွက်ချက်ပြီးရေးတာကောင်းလိုက်တာ

    ReplyDelete
  4. ကျွန်မလဲ ဆရာတူး တပည့်ပဲ အမ... :)
    မေ

    ReplyDelete
  5. အင်္ဂျင်နီယာပီသတယ် ၂၀ ဒီဂရီ စင်းလျောဆိုတာကိုရေထားတာအတုယူလောက် တယ် ။အဖေတယောက်ရဲ့ သားသမီးပေါ်ထားတဲ့စိတ်ကိုလေးစားတယ်။
    အမြဲအားပေးနေတယ်။
    များများရေးပါ။

    ReplyDelete
  6. အရင်ရက်က အဖြေလာကြည့်နေသေးတယ်..
    စကားမစပ်.. ယူကျုမှာ MYanmar Dance လို့ ရိုက်ရှာတာ ဂျူဂျူငယ်ငယ်က ထွန်းအိန္ဒြာဗိုသီချင်းနဲ့ က ပြီး ရှုဆေး ထုတ်ရှုတဲ့ ဗီဒီယို ထွက်လာလို့ ကြည့်ပြီး ရီရသေးတယ်။ ဘလော့မှာ တစ်ခါ ကြည့်ဖူးတယ်။


    pifpif

    ReplyDelete
  7. အဟီး..အဲဒီပုံကို တွေ့လို့ ရမ်းသမ်းပြီး ရွှီး လိုက်တာ..
    ဒါရိုက် ဟစ် ပဲ..
    စိတ်ဝင်စားစရာ ပို့စ် အတွက် ကျေးဇူးနော်..
    =)

    ReplyDelete
  8. လောကတွင် လူတို့သည် ထိုသို့သော ကြက်ကန်းဆန်အိုးတိုး အမှတ်တမဲ့ အဖြစ်မျိုး ဖြစ်တတ်ကြ၍ အမှန်တကယ်ရည်ရွယ်၍ ကြိုးစားလုပ်သူများသည် ကံလမ်းချော်ပါက ကြိုးစားပါလျှက် ကြက်ကန်းတိုးသူများလောက် မဖြစ်ထွန်းနိုင်သည်ကို သတိ သံဝေဂ ရကြစေလိုပါသည်။

    ဒီစာစုလေးကိုဖတ်ပြီး ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကိုတွေ့ပြီး သံဝေဂတကယ်ရမိပါတယ် တီဆွိရေ။

    ReplyDelete
  9. အဖြေမမှန်တော. ဆုမရတော.ဘူး
    ခင်ဘုန်း

    ReplyDelete
  10. အော်...လက်စသတ်တော့ဒီလိုကိုး။
    မိသားတစ်စုလုံးရဲ့ လက်တွေ့ စမ်းသပ်ချက်ကြီးကိုတော့မချီးမွမ်းဘဲကို မနေနိုင်အောင်ဖြစ်သွားရပါတယ်။ အတော်ဇွဲကြီးတဲ့မိသားစုနော်။း)
    အိုင်အိုရာ

    ReplyDelete
  11. gr8, now i know the quality of life style in australia, we can go the some beaches, hiking some mountain or either bothering some 'ball' ;) , impressive, m gonna try for SMV nxt yr, really, agent said 8.5k, now i know its gonna worth, thanks.

    ReplyDelete
    Replies
    1. ကိုကျော်မင်းနိုင်ရဲ့ ဘလော့ဂ်ကို ခုပဲ အလည်ရောက်သွားပါတယ်။

      ပုံတွေ အရမ်းကောင်းတာပဲ။ အဲလို ရိုက်တတ်ဖို့ တော်တော်မလွယ်ဘူး။ အားကျမိပါသည်။ စကားမစပ် အော်ဇီရောက်နေပြီလား???

      အပေါ်က ကွန့်မန့်လေး ပေးချင်တာ word verification ၁၀ခါမက လုပ်ပေမဲ့ တစ်ခါမှ မမှန်လို့ ဒီမှာပြန်လာရေးလိုက်ရပါတယ်။

      ကွန်မန့်မှာ "Please prove you're not a robot" ဆိုတဲ့ word verification လေး ဖြုတ်ပေးပါလား။

      Delete
    2. engaging camera as a hobbyist yet thanks for your visit and kind comment, hanging in sg's work-mrt-bed cycle ;) security setting has adjusted,your regular reader, thank you.

      Delete
    3. S$8.5K for agent fees is, I think, expensive. Will you check for others. I still think that It should worth 4K top.

      Agent can help you what are the documents required and how to fill up forms, arranging necessary document and submitting the application, follow up checking which stage the application it is. Beside from that nothing much the agent can help you. Please think twice before you commit.

      rgds

      mgchaint

      Delete
    4. Really appreciate for your concern, 8.5k is total including application fees they said. I'l think again about doing with agent, Thanks! ;) Sir.

      Delete
  12. ၀င်းနားလစ်စ် ထဲမှာ ပါသွားလို့  ၀မ်းသာပါ၏ .. ဖော်မြူလာအတိုင်း တွက်ကြည့်ဦးမယ်..

    ကြည်စန္ဒာ

    ReplyDelete
  13. luv ur family ^ ^ ( be cute always )

    ReplyDelete
  14. ရယ်ရတာအရမ်း

    ခရေဖြူ

    ReplyDelete