![Image may contain: food](https://scontent-syd2-1.xx.fbcdn.net/v/t1.0-9/26239903_1847155701993794_5264482367497754039_n.jpg?oh=afa53042e7c9cdc2f0d7320ca1583a3a&oe=5AFA6102)
ဝက်နံရိုး ၅၀၀ ဂရမ် ကို တစ်လက်မ ပတ်လည်ခန့် အတုံးသေးလေးတွေ တုံးပါ။
ပြီးလျှင် တရုတ် ဟင်းချက်ဝိုင် ၃ဇွန်း၊ နှမ်းဆီ တစ်ဇွန်း၊ သကြား၃ ဇွန်း၊ ဟင်းခတ်မှုန့် ဇွန်း ၁/၄၊ ကြက်သွန်ဖြူ ညက်ညက်ထောင်း နှစ်ဇွန်း၊ ပဲငြံ့ပာရည် အကြည် ၄ ဇွန်း၊ ငါးငံပြာရည် တစ်ဇွန်း၊ ခရုဆီ တစ်ဇွန်း၊ ငရုပ်ကောင်း ဇွန်း ၁/၄ ၊ five spices power ဇွန်း ၁/၄၊ Corn flour (သို့) နှစ်သက်ရာ အကြော်မှုန့် ၈ဇွန်းခန့် တို့နနယ်ပြီး ၅နာရီခန့် နှပ်ထားပါ။ တစ်ညနှပ်လျှင် ပိုကောင်းပါသည်။
နှပ်ပြီးလျှင် ဒယ်အိုးထဲ ဆီမြုတ်အောင် ထည့်ကြော်ပါ။ (ဆီအရမ်း မပူခင်ထည့်ကြော်ပါ)
သကြားပါသောကြောင့် မီးပြင်းလျှင် တူးပြီး အရောင်မဲတတ်သောကြာင့်ဖြစ်သည်။ မီးအနေတော်ဖြင့်ကြော်ပါ။ မတူးအောင် အပေါ်အောက် မကြာခဏ လှန်ပေးပါ။ နံရိုးများ ကြွတ်လာလျှင် ဆီစစ်ပြီး စားလို့ရပါပြီ။
(ဇွန်း မှာ လဖက်ရည်ဇွန်း Tea spoon ဖြစ်ပါသည်)
Yum..
ReplyDeleteIora