ဒီအပတ်တော့ pan cake လုပ်နည်းလေး ပြောပြပါ့မယ်။ ခလေးအမေတစ်ယောက်ကလည်း တောင်းဆိုထားလို့ပါ။
ပန်ကိတ်လုပ်ဖို့ လိုတဲ့ ingredient တွေက
(ပန်ကိတ် ၈ခုစာလောက်ပါ)
၁။ ဂျုံမှုန့် 500 ml (ပလပ်စတစ် ဆန်ချင်ခွက် ၃ခွက်ခန့်)
၂။ နွားနိူ့ 400 ml (ပလပ်စတစ် ဆန်ချင်ခွက် ၂ခွက်ခွဲခန့်)
၃။ ကြက်ဥ ၂လုံး
၄။ ဆော်ဒါ လက်ဖက်ရည်ဇွန်း ၂ဇွန်း ( Bicarbonate soda)
၅။ ထောပတ် (ပျော်ပြီးသား) စားပွဲဇွန်း ၃ဇွန်းခန့် (မုန့်ဖျော်ရန်) ၊ ထောပတ် စားပွဲဇွန်း ၁၆ဇွန်းခန့် (မုန့်လုပ်ရန်)
၆။ သကြား 80ml (ပလပ်စတစ် ဆန်ချင်ခွက် တစ်ဝက်ခန့်)
![]() |
ဒီဂျုံမှုန့်ကတော့ ဆိုဒါပါပြီးသားမှို့ ဆိုဒါထပ်ထည့်စရာမလိုတဲ့ အစားမျိုးပါ။
![]() |
| Baking soda |

မုန့်နှစ် မွှေပြီ ....
ပထမဆုံး မုန့်နှစ်ဖျော်ဖို့ ဇောက်နက်နက် ခွက်ထဲမှာ ဂျုံ၊ ဆော်ဒါ နဲ့ သကြားကို အရင် ရောနယ်ထားပါ။
ပြီးတောမှ နွားနိူ့ထည့်ပြီး မွှေပေးပါ။ ကြက်ဥပါထည့်ပြီး အားလုံး နှံ့နေအောင် ကြက်ဥခေါက်တဲ့ ဇွန်းနဲ့ နာနာမွှေပေးပါ။ လက်နဲ့ ဆိုရင်တော့ တော်တော်မွှေရပါမယ်။ (လက်နဲ့ မွှေမယ်ဆိုရင်တော့ အချိုးအစားနဲနဲသာ လုပ်ပါ)

(သို့)
အိမ်မှာ mixer ရှိရင် mixer နဲ့ ၃မိနစ်လောက် မွှေပေးပါ။
ပန်ကိတ် လုပ်ပြီ ....
အားလုံ ရောသမမွှေပြီး သကာလ ... ပန်ကိတ်ကြော်ရန် မုန့်နှစ်ရပါပြီခင်ညာ။ တစ်ခါထဲ မစားချင်ရင်ပလပ်စတစ်ဗူးလေးနဲ့နောက်နေ့တွေအတွက်ပါ ရေခဲသေတ္တာထဲ သိမ်းထားလို့ရပါတယ်။ ၂ရက် ၃ရက်တော့ ခံပါတယ်။
မီးကို အအေးဆုံးထားပါ။ ဒယ်အိုးထဲ ထောပတ်အရည် စားပွဲဇွန်း နှစ်ဇွန်းခန့်ထည့် မုန့့်နှစ် တစ်ဇွန်းခန့်ထည့်ပြီး မုန့်နှစ်တွေကို အဝိုင်းပုံလေးဖြစ်အောင် ဒယ်အိုးကို စောင်းပြီး လှည့်ပေးပါ။
ပြီးတော့ အဖုံလေး အုပ်ထားပါ။
ခဏနေရင် ဆော်ဒါကြောင့် မုန့်ကပွပြီး အပေါက် အပေါက်လေးတွေ ဖြစ်လာပါလိမ့်မယ်။ မုန့်လုပ်ရတာ ငယ်ငယ်က မြေကြီးပုံထဲ ရေလောင်းချပြီး ကစားသလိုပဲ ပျော်စရာကောင်းပါတယ်။
မုန့်က သကြားပါတော့ အောက်ပိုင်းက တူးလွယ်ပါတယ်။ ဒါကြောင့် မီးအအေးဆုံးနဲ့ တည်ခိုင်းတာပါ။ အောက်ကမတူးခင် အရောင်အနဲငယ်ညိုလာရင် ဇွန်းအပြား ခပ်ကြီးကြီးနဲ့ အပေါ်အောက် လှန်ပေးပါ။
၂ဖက်လုံး အရောင်လေး ညိုလာရင် ချလို့ရပါပြီ။
စားတော့မယ်၊ ဝါးတော့မယ် ...
ပန်ကိတ်က အရမ်းကြီးတော့ မချိုဘူးခင်ည။ အိမ်မှာတော့ ထန်းလျှက်ရည်လို maple syrup နဲ့ ဆမ်းပြီးစားကြတယ်။ ချိုတော့ ဂျူဂျူတို့ အကြိုက် ပေါ့ဂျာ။
မုန့်က ဘိန်းမုန့်လေးလိုပဲ ကျွပ်ကျွပ် ပွပွ ချိုချိုလေး စားလို့ အင်မတန်ကောင်းပါတယ်။ ဘိန်းမုန့်အလွမ်းပြေပေါ့။






အဲ




အဲဒါ ကူးကူးလဲကြိုက်တယ်...
ReplyDeleteလုပ်ရတာလဲလွယ်.. ဘိန်းမုန့်အလွမ်းပြေလဲဖြစ်...
ဟန်ကိုကျနေတာဘဲ..
ဂျူးဂျူးရေ.. တီတီကူး တစ်ခြမ်းယူသွားတယ်နော်..
တီတီဆွိ
ReplyDeleteစားကောင်းမဲ့ပုံလေး အရမ်းကြိုက်
maple syrup က စင်ကာပူမှာဝယ်လို့ရလားဟင်
ဝယ်လို့ရရင် ဘယ်နေရာလဲဆိုတာ ပြောပြပါလားနော်
ကျေးဇူးတင်ပါတယ် အရမ်း
အိမ်မှာ လက်တည့်စမ်းပြီး သမီးကို လုပ်ကျွေးကြည့်အုံးမယ် :)
ReplyDeleteပန်ကိတ်လုပ်နည်းလေး သိရလို့ ကျေးဇူးတင်ပါတယ် တီဆွိရေ ..
ဒါလဲ ဘိန်းမုန့်တမျိုးပဲကိုးးးးးး)
ReplyDeleteဟယ်..ဘိန်းမုန့်လေးကျနေတာဘဲ..စားချင်လိုက်တာ..။ဒီနေ့ဘဲလက်
ReplyDeleteတည့်စမ်းလိုက်မယ်.ဘိန်းမုန့်ကိုအရမ်းလွမ်းနေတာ..ကျေးဇူးဘဲဆွိရေ..။
ပန်ကိတ်က ဘိန်းမုန့်နဲ့ အတော်တူတာပါလားနော်...။
ReplyDeleteအရသာကတော့ ကွာမယ့်ပုံရှိတယ်...။
မတ်စိရာ ပန်ကိတ်က ဂျူဂျူးတင်မဟုတ် အန်တီချစ်ကြည်အေးတို့လည်း ကြိုက်ပါတယ်ဗျ။ အားမှလုပ်စားကြည့်ရဦးမယ်...
ReplyDeleteT T Sweet,
ReplyDeleteကျေးဇူးပါပဲနော် တောင်းဆိုထားတာ တင်ပေးလို.
ချစ်တဲ.
ကလေးအမေတစ်ဦး
တခါမှ မလုပ်စားဖူးသေးဘူး အမ ရေ လုပ်ကြည့် အုံးမယ်
ReplyDeleteခင်မင်စွာဖြင့်
တခြားမုန့်တွေသာ လျောက်စမ်းနေတာ ဒီမုန့်လေး မလုပ်ရသေးဘူး။ စားချင်သွားပြီ တီဆွိရေ
ReplyDelete