
ကြည့်ပြီးကြပြီလားတော့ မသိဘူး။ ကျူးပစ်ထဲက ညီမလေးတွေ ပြောနေလို့ ကြည့်ဖြစ်သွားတာ။ ဟောဒီဗွီဒီယိုလေး ။ အရမ်းရယ်ရတယ်။ စိုးမြတ်သူဇာရယ်၊ မို့မို့မြင့်အောင်ရယ်၊ ထွန်းအိနြာဗိုလ်ရယ် အပျိုကြီး ၃ယောက်ဇာတ်လမ်း။ ရဲအောင်က အခြောက်ကြီးတော့ ။ ရယ်ရလို့ အူတက်တော့မယ်။ အဲလိုကို မရယ်ရတာကြာတော့ ရယ်ရတာတောင် တော်တော်အရသာရှိသလိုပဲ။ အရယ်ကလဲသန်တော့ ကိုယ်တစ်ခါအော်ရယ်လိုက်တိုင်း အပြင်ကလူက ကိုယ့်ကိုဘာဖြစ်တာလဲဆို လာလာ မေးနေရတယ်။
မင်းသမီးကြီးတွေဆိုတော့ သရုပ်ဆောင်ထားတာလဲ အတော်ကောင်းပါတယ်။ ပြေတီဦးဆိုတဲ့ မင်းသားလဲပါတယ်။ နာမည်သာကြားဘူးတာ။ ဒီတစ်ခါပဲကြည့်ဘူးသေးတယ်။ သရုပ်ဆောင်မဆိုးပါ။ အပျိုကြီးတွေ ကြည့်သင့်တယ်။
ဒီလင့်ခ် လေးကို ကလစ်ကြည့်နော်။ အရမ်းကြီးတော့ မကြည်ဘူး။ ဒါပေမဲ့ကြည့်လို့ ရမယ်ထင်တာပဲ။
ထမင်းပေါင်း
ဟိုနေ့က ပင်နစူးလားက မြနန္ဒ္ဒာမှာ စားခဲ့တဲ့ ထမင်းပေါင်းပါ။ အသားတွေ အသီးအရွက်တွေအများကြီး။ တစ်ပွဲ၎ကျပ်ပါ။ ကောင်းမှကောင်း။
မုန်ညင်းစောဟင်း
ဒါကလဲ မုန်ညင်းစောဟင်းတဲ့။မြနန္ဒ္ဒာကပဲ။ ကြားပဲကြားဘူးတာ။ မစားဘူးလို့ မှာစားကြည့်တာ ချိုချဉ်လေး။သူလဲ ကောင်းမှကောင်းပဲ။
Botak Jones
ဗိုလ်စာ ကြိုက်တတ်သူများ ဈေးပေါပေါနဲ့ ကောင်းကောင်းစားချင်ရင် စလုံးမှာ outlet ဆိုင်တွေ အများကြီးရှိနေပါပြီ။ ၇ကျပ်ကနေ ၁၀လောက်အထိဆို တော်တော့်ကောင်းကောင်း စားနိုင်ပါပြီ။ဟော်ကာစင်တာတွေမှာ ရောင်းတာပါ။ ဒါကြောင့်လဲ ဈေးချိုတာပါ။ ဂျူရောင်းမှာဆို ဘွန်လေး ရှော့ပင်းဆန်တာ၊ မြန်မာဆိုင်နားမှာ တစ်ဆိုင်ရှိပါတယ်။ Clementi မှာတစ်ဆိုင်၊ Ang Mo Ki0 မှာလဲ ရှိပါတယ်။ တစ်ခြားနေရာတွေမှာလဲ အများကြီး ရှိပါတယ်။ အသေးစိတ်သိချင်ရင် ဒီမှာ ဖတ်ပါ။
အိမ်မှာ ဗမာဟင်းတွေပဲ ချက်စားတော့ တစ်ခါတရံ ဗိုလ်စာစားချင်ပြီဆို Botak Jones မှာ သွားစားလေ့ရှိပါတယ်။ Clementi ကတော့ လူအရမ်းများပြီး တန်းစီရပါတယ်။ ဘွန်လေးကဆိုင်ကတော့ လူအတော်ရှင်းပါတယ်။ ဘေးက ကေတုဆိုတဲ့ မြန်မာဆိုင်ကတော့ လူအတော်စည်ပါတယ်။ အဲဒီဆိုင်က ၀က်ခေါင်းသုတ်နဲ့ ၊ မယ်ဇလီဖူးသုတ် ကောင်းပါတယ်။ကိုယ့်အိမ်ကလူစားလို့ ကပ်မြည်းကြည့်တာပါ။ ဓာတ်ပုံကတော့ အစားငန်းနေလို့ မရိုက်ခဲ့ရဘူး။ အင်တာနက်ကရှာထားတဲ့ ပုံလေးတွေသာကြည့်ပါတော့။




သူ့ portion ကတော်တော်များပါတယ်။ တစ်ခါတစ်ရံပဲ စားတာကောင်းပါတယ်။ နောက်မှို့ဆို အမေတို့ခေါ်တဲ့ ဘုတ်အီးမဆိုတဲ့ နာမည်နဲ့ လိုက်သွားမှာစိုးလို့။
Henderson Waves
ရောက်ဘူးကြပြီလားတော့ မသိဘူး။ Mount Faber Park နဲ့ Telok Blangah Hill Park ကို ဆက်ထားတဲ့ တံတား၊သိပ်လှတဲ့ နဂါးပုံနဲ့တံတားပါ။ တံတားပေါ်ရောက်တော့ တောတောင်စိမ်းစိမ်း၊ တွေကြည့်ရင်းနဲ့ စိတ်ကိုလန်းဆန်းလာစေတယ်။ လေပြေလေးကလည်းတဖြူးဖြူးနဲ့၊ အပေါ်မှာ သစ်သားတွေ ခင်းထားတာဆိုတော့ ဖိနပ်တွေချွတ်ပြီး လမ်းလျောက်ကြတာ ပျော်စရာလဲကောင်းတယ်။ ဓာတ်ပုံရိုက်လို့လဲလှတယ်။ တံတားပေါ်မှာ အပန်းဖြေစရာ ထိုင်စရာတွေလဲ အများကြီးပဲ။ ညနေပိုင်းတို့၊ ညပိုင်းတို့သွားတာပိုကောင်းပါမယ်။ တစ်ချို့ဆို ညလုံးပေါက်တောင် သွားထိုင်ကြတယ်ဆိုလား။ မြေပုံလင့်ခ်ပါ။



တံတားပုံတွေမှာ အောက်ဆုံး၂ပုံကတော့ ကိုယ်တိုင်ရိုက်ထားတာဖြစ်ပြီး ကျန်တာတွေကတော့ အင်တာနက်ထဲကပါ။
ထမင်းပေါင်းက ရှယ်ပဲ။ စားချင်လိုက်တာ။
ReplyDeleteရုပ်ရှင်လဲ ကြည့်လိုက်ပါအုံးမယ်။ ရီချင်နေလို့။ မျှဝေတာ ကျေးဇူးပါ။
စားသွားးပါတယ် တီတီ ဆွီရေ craton ဆီမှာ တွေ့လို့ ဝင်လာလည်ဖြစ်တာ ပါ နောက်ကြုံရင် ဟင်းချက်နည်းလေး တွေ ပြောပြဦးနော် မီး က ဟင်းချက်ဝါသနာပါတယ် ပြီးရင် မီး ချက်တာတွေကို စားမရဘူးတဲ့ အဲလိုအားပေးကြတာ တီတီရေ အဟိ သွားဦးမယ် ဘလော့ဂ်တွေ လျှောက်လည်လိုက်ဦးမယ်နော် တာ့တာ
ReplyDeleteအဲဒီကားကြည့်ပြီးသွားပြီ... အရမ်းရီရတယ်... တစ်ယောက်ကဆို တီတီဆွိနဲ့ တောင် တူသလားပဲ...
ReplyDeleteး)
တံတားပုံရိုက်ထားတာ လှတယ်မမ၊ စင်္ကာပူပြန်ရောက်ရင် နင်းကန်စားပြီး တံတားသွားလမ်းလျှောက်မယ်
ReplyDeleteမမညွှန်းလို့ ဗွီဒီယိုကြည့်လိုက်တယ်၊ ရယ်လိုက်ရတာ၊ အပျိုကြီးတွေ ကြည့်ဆိုတော့ ... :P
ReplyDeleteမရေ........
ReplyDeleteမုံညှင်းစေားချက်နည်းပြေားပြပါလား
စားချင်လိုက်တာအရမ်းပဲ
အကုန်လုံးကို စားချင်တယ်။ ကျွန်မက အစားကြီးတယ်နော်
ReplyDeleteမနက်ဖြန် ဘာမှလုပ်စရာ ကြီးကြီးကျယ်ကျယ်မရှိဘူးဆိုရင် အဲဒီရုပ်ရှင်လေး ကြည့်မယ်...
ReplyDeleteမြနန္ဒ္ဒာမှာ ထမင်းပေါင်းသွားစားမယ်...
ပြီးရင် Henderson Waves မှာ လမ်းသွားလျှောက်မယ်...
Idea တွေအတွက် ကျေးဇူး...
မုန်ညင်းစောချက်နည်းကို မဒမ်ပေါရဲ့ မိတ်ဆွေ မန္တလေးသူ MMY(95 EC) ဆီက နည်းရပြီး မဒမ်ပေါ စိတ်လိုလက်ရ ရှိတဲ့အခါ ချက်ကျွေးလို့ မကြာခဏ စားဖူးပါတယ်။ ချက်ရလွယ်ကူပြီး စားလို့လည်းအရမ်းကောင်းပါတယ်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ (ကျနော်တော့ ချက်နည်းမသိပါ။ စားနည်းပဲ သိပါတယ်။း-)
ReplyDeleteညလေးမြူးရေ။ မုန်ညင်းစောဘယ်လိုချက်ရမယ်မှန်း မသိလို့ုးတ်ခရောက်နေတုံး ကယ်တင်ရှင် ကိုပေါနဲ့တွေ့သွားတယ်။ အဲမှာ မဒမ်ပေါကိုသာ မေးပေတော့။ ကိုပေါရေ မုန်ညင်းစောချက်နည်းတင်ပေးပါဗျို့။ သများတို့ ချက်စားချင်လို့ပါ။
ReplyDeleteသယ်ရင်း မဝေ ...ညွှန်းတဲ့ သူ အားရအောင် အကုန်လျှောက်လုပ်တော့မယ်ပေါ့ ။ ညွှန်းရကျိုးနပ်ပါပေ့။
တခြားမန့်သွားတဲ့ ညလေးတွေ ကျေးဇူးနော်။
အောက်ပါ မုန်ညင်းစော ချက်နည်းမှာ မဒမ်ပေါ၏ ကျောင်းနေဖက် မိတ်ဆွေ (မန္တလေးသူ) တဦး ပေးသော နည်းဖြစ်ပါသည်။ ရှမ်းပြည်ဖက်မှာ ချက်သည့်နည်းဖြင့် တူချင်မျှ တူပါလိမ့်မည်။ အချို့ ဆီမသတ်လိုသူများမှာ လုံးချက်သည့်နည်းဖြင့်လည်း ချက်ကြောင်း သိရပါသည်။
ReplyDelete“မုန်ညှင်းစောချက်နည်း”
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းလက်တဆစ်ကို အရောင်တင်မှုန့်အနည်းငယ် နှင့်ဆီသတ်ပါ။ ဆီနည်းနည်းသာ ထည့်ရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၀က်နံရိုးမှ ဆီထွက်လာမည်ဖြစ်သောကြောင့်ပင်။
ဆီသတ်ပြီးလျှင် ၀က်နံရိုးများကို ဆီသပ်ထားသော အိုးကင်းထဲသို့ထည့်၍ မီးဖိုပေါ်တွင် ခဏမျှကြာအောင် မွှေပေးပါ။
ထန်းလျက် (သို့မဟုတ်) ကြံသကာ ကွမ်းသီးဝက်ခန့် ထည့်ပါ။ ပြီးလျှင် အပွင့်အ၀ါကလေးများပါသော (အင်န်တီယူစီတွင် ၀ယ်၍ရသည်) မုန်ညင်းရွက် လှီးဖြတ်ပြီးသားများကို ထည့်၍ နှံ့အောင် ရောသမမွှေပါ။ (ငရုပ်သီးနှစ်သက်သူများ ထည့်လိုပါက ငရုပ်သီးအစိမ်းတောင့်များကိုလည်း ဤအချိန်တွင် ထည့်နိုင်ကြောင်း သိရပါသည်။)
ပြီးလျှင် ရေအနည်းငယ်ထည့်၍ မီးဖိုပေါ်တွင် ဆူပွက်သည်အထိ တည်ပါ။ ပြီးလျှင် ဆား၊ အချိုမှုန့်၊ ငံပြာရည် လိုအပ်သလို ထည့်ပါ။ မန်ကျည်းရည် အနည်းငယ်ထည့်ပြီးလျှင် ရေကို မိမိနှစ်သက်သော ပမာဏခန့် ထပ်ထည့်၍ အတန်ကြာအောင် တည်ပါ။ ၀က်သားနူး၍ အနံ့သင်းလာပြီဆိုလျှင် အသင့်စားသုံးနိုင်သော မုန်ညင်းစောဟင်း တခွက် ဖြစ်လာပါလိမ့်မည်။
အဲဒီကားကို မူဆယ်အသွားအပြန် နှစ်ခါတောင် ကြည့်လိုက်ရတယ်
ReplyDeleteမြန်မာကားထဲမှာ တော်တော်လေးကြိုက်မိတဲ့ ကားလေးပါ
အပျိုကြီးတွေအကြောင်းဆိုတော့ ပိုကြိုက်မိပါတယ် :P
သယ်ရင်းရေ…. ပျောက်တယ်နော်… ဟိုနေ့ ထဲက လာဖတ်တာ ကော်မန့် မန့် လို့ မရ ဖြစ်နေလို့ … အဲဒီကားကြည့်ပြီးပြီသိလား… စိုးမြတ်သူဇာကို အကြိုက်ဆုံးပဲ…. Botakက clementi က သိပ်မကောင်းဘူးသိလား… တခြားဆိုင်ခွဲတွေနဲ့ စာရင်လေ…henderson wave တော့ရောက်ဖူးသေးဘူး… မြန်မာပြည်က သူတွေ အလည်လာမှပဲ ရောက်ဖြစ်မယ်ထင်တယ်…
ReplyDeleteမုန်ညင်းစောချက်နည်း လာရေးပေးသော ကိုပေါကို အထူးကျေးဇူးတင်ပါတယ်။
ReplyDeleteသယ်ရင်းတန်ခူးရေ။ ခရီးထွက်နေလို့ပါ.တန်ခူးဆီလဲ လာလည်ပြီးပြီ ...