Sunday, May 24, 2009

Pineapple fried rice (နာနတ်သီး ထမင်းကြော်)





ဆာကူရာမှာသွားစားတိုင်း စားနေကျ ယိုးဒယားစတိုင် ထမင်းကြော်ပါ ... ချင်ခြင်းခဏခဏတက်လို့ ရက်စတောရန့်ချည်း သွားစားနေရင် မွဲမှာကြောက်လို့ အိမ်မှာကြော်တတ်အောင် လုပ်ထားပါတယ်။ ဆနွမ်းရွှေဝါရောင်လေးနဲ့ ... တစ်ခါတရံ စားကောင်းပါတယ် ... ဆနွင်းအနံ့မကြိုက်တဲ့သူတွေအတွက်တော့့ မပါလဲ ကောင်းပါတယ်။ ဆိုင်တွေမှာလဲ ဆနွင်းမပါတဲ့ version လဲရှိပါတယ်။ ဆနွင်းပါတာကို Yellow rice လို့တောင် ခေါ်သလားပဲ။ ကြံကြံဖန်ဖန် သမီးလဲကြိုက်ပါတယ်။ နာနတ်သီးကချိုလို့တဲ့။

၃ယောက်စာအတွက် လိုအပ်တဲ့ပစ္စည်းတွေက
၁။ ထမင်းရေလျော့ထည့်ပြီး ခပ်မာမာလေး ၃ခွက်(Non Sticker) မှာပါသည့် ကော်ခွက်)လောက်တည်ပြီး အအေးခံထားပါ ။ အေးလျင်ခဲနေတာကို ခြေထားပါ။
၂။ ကြက်သား အကြေ (သို့) သေးသေးလှီးထားတာ ၁၀၀ ဂရမ်လောက် ကို ငံပြာရည်နဲနဲထည့်ပြီး နယ်ထားပါ။
၃။ ပုဇွန်ကြီးကြီး ၆ကောင် ရကောင်လောက်ကို အခွံခွာပြီး ထပ်ခြမ်းခြမ်း ဆား၊ ငံပြာရည်၊နနွင်းအနဲငယ်ထည့် နယ်ပြီး ၁၅ မိနစ်လောက်ထားပါ။
၄။ ပန်းငရုပ်ချို အစိမ်းရောင် အပွတောင့်ခပ်လတ်လတ် တစ်တောင့်ကို လက်သဲခွံလောက် သေးသေးလေးတွေ လှီးဖြတ်ထားပါ။
၅။ ကြက်သွန်နီ အဝါရောင် အရွယ်လတ် တစ်လုံးခန့်ကို လည်း လက်မဝက်ပတ်လည်လောက် လှီးဖြတ်ထားပါ။
၆။ မုံလာဥနီကိုလဲ သေးသေးလေးတွေ လှီးထားပါ။
ရ။ ကြက်သွန်မြိတ် ကိုလည်း ရိတ်ရိတ်လေးတွေ လှီးထားပါ။
၈။ နာနတ်သီးကို တော့ အချိုစိမ်ပြီးသား Tin ဘူးဖောက်ပြီး လက်မဝက်လောက်အတုံးလေးတွေ လှီးထားပါ။
၉။ ကြက်ဥ ၂လုံးခန့် ဆနွင်း၊ ဆား ထည့်၍ ခေါက်ထားပါ။
၁၀။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်စိတ်ခန့် ။
၁၁။ ငံပြာရည်၊ အချိုမှုန့်၊ ဆား သင့်သလို။
၁၂။သကြား စားပွဲဇွန်း ၂ဇွန်းခန့်။
၁၃။ ကုလားမဆလာ အနံ့မွှေးရုံ နည်းနည်း။ငရုပ်ကောင်း အဖြူ အနည်းငယ်။
၁၄။ ဆီ စားပွဲဇွန်း ၈ဇွန်းခန့် ။
၁၅။ Pork floss (ဝက်သားအမျှင်အခြောက်) သင့်သလို။
၁၆။ သီဟိုစေ့ကြော် အနည်းငယ်။

ကြော်ပုံကြော်နည်းက

၁။ မီးပြင်းပြင်းပေါ်တွင် Non- sticker ဒယ်အိုးဝိုင်း ကြီးထဲ ဆီထည့်၍ ဆီကျက်ရင် နနွင်းမှုန့်လေးပစ်ထည့် ကြက်သွန်ဖြူ ထည့်ပြီး မွှေပေးပါ။
၂။ ကြက်သွန်ဖြူ ရွေဝါရောင်သန်းလာလျင် ကြက်သား၊ ပုဇွန်ထည့်၊ ရေခြောက်ပြီး တင်းလာတဲ့အထိ မွှေကြော်ပေးပါ။
၃။ ကြက်သွန်နီ ၊ ငရုပ်ချိုသီးနှင့် မုံလာဥနီကိုထည့်၍ ထပ်မွှေပါ။ မွှေနေစဉ် ငံပြာရည်၊သကြားတစ်ဇွန်း ထည့်ပါ။
(တချို့တွေကလဲ ပဲစိမ်းလေးတွေ၊ ပြောင်းဖူးပြုတ်ချွေထားတာလေးတွေ ထည့်ကြော်ပါတယ်။ ရောင်စုံလေးဆိုတော့ လှတာပေါ့)
၄။ ကြော်ထားတာတွေကို ဘေးတစ်ဝိုက်ပို့၍ အလယ်ဆီစုနေသောနေရာကို ကြက်ဥခေါက်ပြီးသားထည့်ကြော်ပြီး ကြေအောင်မွှေပေးပါ။
၅။ ကြက်ဥကျက်လျင် ထမင်းခြေထားတာထည့်၊ သကြား၊ ငံပြာရည်၊ အချိုမှုန့် ၊ ငရုပ်ကောင်း၊ မဆလာထည့် ၊ နာနတ်သီးထည့် ၍ ၄-၅မိနစ်လောက် အသာမွှေကြော်ပေးပါ။ ထမင်းများသိပ်မကြေအောင် ဂရုစိုက်မွှေပါ။ အပေါ့၊ အငံ၊ အချိုမြည်း၍ စိတ်ကြိုက်ပြင်ပါ။
၆။ ထမင်းများ ဆီရောင်ထွက်၍မွှေးလာလျင် ကြက်သွန်မြိတ် ထည့်၍အသာမွှေပြီး ချနိူင်ပါပြီ။
အပေါ်က Pork Floss (ဝက်သားအမျှင်ခြောက် အချိုလေးတွေ) ၊ သီဟိုစေ့ကြော်ထားတာလေးတွေ ဖြူးပြီးစားပါ။

အထူးသတိပြုရန် ... Non-sticker ဒယ်အိုး (သို့) ဆီဝ၍ မကပ်သော ဒယ်အိုးကိုသာ သုံးပါ။ ထမင်းက အလွန်ကပ်တတ်သော အမျိုးဖြစ်၍ ကပ်တတ်သောဒယ်အိုးနှင့်ကြော်က ရွာလည်ပါမည်။ ထမင်းကလဲမာရပါမည်။ (ထည့်နေကျထက် ရေတစ်ခွက်လျော့ထည့်ပါ) ဆီနည်းရင်လဲ ထမင်းကြော်လို့ မကောင်းပါ။
Basil Chicken၊ ငံပြာရည် Sauce၊ ကြက်ဥ half fried ကြော် ၊ ရေနွေးကြမ်းတို့နှင့် လိုက်ဖက်ပါသည်။

အရင်ကြော်စားတုံးက ဓာတ်ပုံမရိုက်ထားမိလို့ အင်တာနက်ထဲက Pieapple rice version အမျိုးမျိုးရဲ့ ပုံတွေတင်ပေးလိုက်ပါတယ်။ ... ဆိုင်တွေမှာတော့ တစ်ချို့ပုံတွေထဲကလို နာနတ်သီးအခွံလေးထဲ ထည့်ပြီးပြင်ပေးတာပါ။

(မြန်မာကျူးပစ်တွင်ဖော်ပြပြီး)

7 comments:

  1. မန့်လို့မရဘူးဆိုလို့ မန့်ကည့်တာပါ။ လာလည်သတင်းပေးသူများ ကျေးဇူးပါ။

    ReplyDelete
  2. ဒီမှာတော့ မန့်လို့ရတယ်နော်။ ဘာလို့များ တခြားသူတွေ မန့်လို့မရပါလိမ့်။ နောက်ပို့စ်ကျမှ အတိုးချပြီး မန့်ပေးကြပါနော်။

    ReplyDelete
  3. ကျေးဇူး အမရေ..ချက်စားကြည့်မယ်..

    ReplyDelete
  4. မမဆွိရေ.. အဲဒီလို ထမင်းကြော်မပြောနဲ့ ရိုးရိုး ထမင်းကြော်ရင်တောင် ဆန်က တအားစေးကပ်နေတာ.. ထမင်းလုံးက ပုံကိုပျက်ရော.. ဒီရောက်မှ ထမင်းကြော်စားဖူးတာဆိုလို့ ၁ ခါလားပဲ ရှိသေးတယ်.. ;P အခု မမပြောသလို ကြော်စားကြည့်ဦးမယ်.. :)

    ReplyDelete
  5. အင်း... သူငယ်ချင်းရေ..
    အရင် ပိုစ့်မှာ ရော့သွားတဲ့ မေးကြောတွေ ဒီပိုစ့်မှာပြန်တင်းသွားတယ်...
    ပုံတွေတွေ့ပြီး စားချင်လာလို့လေ...
    ဖြစ်သေးပါဘူး ကြော်စားအုံးမှပါပဲ...
    ခက်ပုံခက်နည်းက စိတ်မရှည်တတ်တာ တခုက ဆိုးနေတာ...
    ရှင် တော်တော်စိတ်ရှည်နိုင်တယ်နော်...
    အရင်က သိမထားဘူး အဲလို စိတ်ရှည်တတ်တယ်ဆိုတာ... :-P

    ReplyDelete
  6. ဟိုက်ရော စားချင်စရာကြီးပါလား ရှလွတ်

    ReplyDelete
  7. အားပါး...
    ရှယ်ဘဲ ရှယ်ဘဲ...

    ReplyDelete