Monday, May 4, 2009
ဝက်ရိုး ကြမ်မဆိုင် ...
ဝက်နံရိုး (သို့) ၀က်အရိုးအသားတွဲရက် တစ်ကေဂျီလောက်ကို လက်သီးဆုတ်ဝက်လောက် အတုံးလေးတွေတုံးပြီး ပဲငံပြာရည် အကြည်ရေ၊ အနောက်ရည်၊သကြား၊ ပဲငပိ၂ဇွန်းခန့် (ပုံမှာကြည့်ပါ-salted soya bean)၊ ဟင်းချိုမှုန့်၊ ငရုပ်ကောင်း အစရှိသည့်တို့နဲ့၁၅မိနစ်လောက် နယ်ပြီးနှပ်ထားပါ။
(ပဲငပိက ငံလို့ ဆားလုံးဝ မထည့်ပါ။ သကြားထည့်ဖို့ မမေ့ပါနှင့်)
ကြမ်မဆိုင် (သို့) မုန်ညင်းချဉ်ပတ် ကို တစ်လက်မအရွယ်လောက်ကလေးတွေ လှီးဖြတ်ထားပါ။ ကြေးအိုးထဲထည့်တဲ့ မုန်ညင်းစိမ်း အခါးတွေကို ကိုယ့်ဟာကိုယ် အချဉ်တည်ပြီး လုပ်ရင် ပိုတောင်ကောင်းသေးတယ်။
ဂျင်းလက်မအရွယ်၃-၄ခုလောက်ကို ပါးပါးလွှာလွှာလေးတွေလှီးထားပါ။
ကြက်သွန်ဖြူ ဥကြီးကြီး ၁၀မွှာ ၁၅မွှာလောက်ကို ငရုပ်ဆုံမှာ ညက်နေအောင် ထောင်းထားပါ။
ကြက်သွန်နီဥကြီးကြီး ၂လုံးကို ၈စိတ်စိတ်ထားပါ။
အိုးဇောက်နက်နက်ထဲ ဆီ၂ဇွန်းလောက်ထည့်ပြီး ဆီကျက်ရင်ကြက်သွန်ဖြူကိုထည့်ဆီသတ်ပါ။ ပြီးရင် ဂျင်းရယ် ၀က်ရိုးနယ်ထားတာရယ်ထည့်ပြီး လုံးပေးပါ။ ၀က်သားကရေတွေထွက်လာတာကုန်သည်အထိ စိတ်ရှည်လက်ရှည် မွှေပေးပါ။
ရေကုန်လို့ ဖျစ်ဖျစ်မြည်ပြီး မွှေးလာပြီဆို ကြက်သွန်နီထည့် ရေအရိုးမြုတ်အောင်ထည့်ပြီး မီးအေးအေးနဲ့ တည်ထားပါ။ ၀က်သားမနူးတနူးမှာ ကြမ်မဆိုင် လှီးထားတာလေးတွေ ထည့်၊ ရေလိုသလောက်ထပ်ထည့်ပြီး ၁နာရီလောက် မီးအေးအေးနဲ့ အဖုံးလုံအောင်ပိတ်ပြီး နှပ်ပေရော့ပဲ။
ဝက်သားလဲနူးအိလာပြီ၊ ကြမ်မဆိုင်ဖတ်လေးတွေလဲ ပျော့ပြီး အိလာပြီဆို ရေစပ်စပ်ကလေးနဲ့ ဆား၊ အချိုမှုန့်၊သကြားမြည်း၊ လိုတာ ထပ်ထည့်ပြီး စားလို့ရပါပြီ။ ဘဲကြမ်မဆိုင်ဆိုလဲ ချက်နည်း အတူတူပါပဲ။ ဘဲက ဆီထွက်လွန်းအားကြီးလို့ ဆီတတ်နိုင်သလောက် လျော့ထည့်ပါလေ။
ဝက်ရိုးကထွက်တဲ့ ဟင်းရည်ချိုချိုနဲ့ မဆွိတီကတော့ အလွန်ကြိုက်လို့ ခဏခဏ ချက်စားပါတယ်။
ပြောင်းဖူးလေး ထောင်းပြီး ဂျင်း၊ကြက်သွန်ဖြူနံ့ မွှေးမွှေးလေးနဲ့ ကြော်တာလေးနဲ့
လိုက်ဖက်ပါတယ်။
ဇွန်းဆိုတာ ဟင်းချိုသောက်တဲ့ စတီးဇွန်းကို ဆိုလိုပါသည်။
(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)
Subscribe to:
Post Comments (Atom)
ဟုတ်တယ်နော် ဘဲက ဆီအရမ်းထွက်တယ်။ ကြက်ရောပဲ။ ဒီက ကြက်ကြီးတွေက ကြီးတော့ အရေခွံတွေက ထူပြီး ဆီတွေအိုင်နေတာပဲ။
ReplyDeleteလုပ်ထားတာကြည့်ပြီး စားချင်လာပြီ:)
ဝက်ဆို ဘယ်လိုလာလာ စားတဲ့ အတွက် သေသေချာချာကို ကြည်ပီး စားသွားပါတယ်၊ ချက်တော့မချက်တတ်ဘူး၊ ကြိုးစားချက်ကြည့် ဦးမယ်ရှင့်
ReplyDeleteဝလာမှာစိုးလို့ တဲ့ ကျွန်တော့အိမ်သူက..
ReplyDeleteအိမ်မှာ ဒါမျိုးမစားရဘူး..
ဝက်သားဆိုတော့ ပိုဆိုးတာပေါ့..
လာပြီး "ဂလု" သွားပါတယ်..
တိုက်ဆိုင်လိုက်တာ မဆွီတီရေ။ ဒီညနေပဲ ၀က်နံရိုးနဲ့ ကြံမဆိုင် ချက်စားဖြစ်တယ်။
ReplyDeleteကျွန်မကတော့ ၀က်သားလည်း စားချင်ရဲ့ အဆီလည်း ကြောက်ရဲ့ဆိုတော့ ၀က်ရိုးကို ကြက်သွန်ဖြူ၊ နာနတ်ပွင့်တို့နဲ့ အရင်ပြုတ်လိုက်ပြီး အဆီတွေ ဝေ့တက်လာတဲ့အခါ အရည်တွေ အကုန်သွန်လိုက်တာ။ ပြီးမှ ကြက်သွန်နီ အတုံးသေးသေးလေးတွေ၊ ပဲငပိ၊ သကြား၊ ဆီ ထည့်ပြီး ပြန်လုံးလိုက်တယ်။ တော်တော်ကျမှ ကြံမဆိုင်ဖတ် ထည့်ပါတယ်။
ဓာတ်ပုံထဲက ဟင်းက စားသချင့်ဖွယ်ပဲး)
မရေ....
ReplyDeleteလည်လည်လာပြီးကြည့်သွားပါတယ်
ဘာမှမစားတော့ဘူးနော်
ဝက်သားကို သိပ်မကြိုက်ပေမယ့် အခုလို ချက်ပြီးသားလေးတွေ့ရတော့ စားချင်စရာ...
ReplyDeleteနုသွဲ့ကိုတော့ လေးစားသွားတယ်... ပြုတ်ပြီး အရည်တွေ အကုန်သွန်လိုက်သတဲ့... ဆရာဝန်မ ပီသပါပေတယ်နော်...။
ဟီးဟီး အဲဒီ ရုပ်ရှင်ကြည့်ပြီးပြီ။
ReplyDeleteရဲအောင်ကြီးကို ရီချင်တာ။
ဟင်းချက်နည်း လာကြည့်၏။
ReplyDeleteဘယ်ရုပ်ရှင်က ရဲအောင်ကြီးကိုပြောတာလဲ၊ မျက်စိလည်လိုက်တာနော်