Monday, October 5, 2009

သူခိုးဖမ်းစက် အောင့်သက်သက် ....

စီးပွားရေးကပ်ဆိုပြီး ချွေတာတဲ့အနေနဲ့ Orchard ဘက် shopping မထွက်ဖြစ်တာကြာပါပြီ။ အဲဒီအပတ်ကတော့ မနက်စောစော ဘုန်းကြီးကျောင်းမှာ ၀ါဆိုသင်္ကန်းကပ်ပြီးတော့ သမီးအဖေက အပြန်ဘယ်သွားချင်သေးလဲဆိုတော့ Orchard ဘက် မရောက်တာကြာပြီ ... ၀ယ်စရာလေးတွေလည်းရှိတယ်ဆို တစ်မိသားစုလုံး ရှော့ပင်းထွက်ကြတယ်ပေါ့။

စူပါမားကတ်ကြီးတစ်ခုမှာ ၀ယ်စရာရှိတာဝယ်ပြီး အထွက်လည်းကျရော အပေါက်ဝမှာ တီ ... တီ ... တီ .. တီ နဲ့ သူခိုးဖမ်းတဲ့ ( Shop lifting detector) စက်ကြီးက ထမြည်ပါလေရော။ Security ကလဲ ကိုယ်တို့ ၄ယောက်လုံးကို အထဲပြန်သွင်း၊ ပြီးမှ တစ်ယောက်ချင်း ပြန်စစ်မယ်ဆို ပြောပါရော။ ဒါမျိုး တစ်ခါမှလဲ မကြုံဘူးတော့ ... ကိုယ်တွေလဲ အံ့သြ လို့။ ဘေးမှာလဲ စလုံးတွေ ... ထွက်မဲ့ဟာမထွက်ကြပဲ ကိုယ်တို့ မိသားစုကို ကွက်ကြည့်ကွက်ကြည့်နဲ့ရယ် ...

ကိုယ်တို့မှာ စိတ်ထဲ ဇဝေဇ၀ါ။ တစ်ခါ ဂျူဂျူ ၂နှစ်သမီးလောက်က ခလေးလှည်းထဲ ပစ္စည်းအချို့ကောက်ထည့်လာလို့ အပြင်ရောက်လို့တွေ့မှ ပြန်သွားပေးရဘူးတယ်ဆိုတော့ အဲလိုများကောက်ထည့်သလားပေါ့။

ဒါနဲ့ Security က ပထမ ကိုယ့်ကို အရင်ထွက်ခိုင်းတယ် ... စလင်းဘက်အိပ်လွယ်ရက်ပေါ့။ အို ကေ ... ဘာသံမှ မြည်ဘူး။ သမီးအဖေရော၊ သမီးကိုရော ထွက်ခိုင်းတော့လဲ ဘာသံမှ မကြားရပြန်ဘူး။ အားလုံးပြီး နောက်ဆုံး သမီးကြီးတော်ကျတော့ စက်က တတီတီနဲ့ ထမြည်တော့တာပဲ။ ဒါနဲ့ security က လူကို မဖြတ်ခိုင်းပဲ သူလွယ်လာတဲ့ အိပ်တစ်ခုတည်း တစ်ခါဖြတ်ခိုင်းပြန်တယ်။ ဘာမှမမြည်ပြန်ဘူး။ နောက် သူလက်ကကိုင်ထားတဲ့ shopping bag တွေချည်း တစ်ခါဖြတ်ခိုင်းပြီး စစ်ပြန်ရော။ ဒီလိုနဲ့ မျိုးစုံဖြတ်ပြီး စစ်တာ သူကိုယ်တိုင် စက်ရှေ့ကဖြတ်လျှောက်မှချည်း မြည်နေတယ်။ ဒါနဲ့ သူ့ကိုပဲ ရှာကြတာ အကြာကြီး ။ နောက်ဆုံး သူ့ဖိနပ်အောက်မှာ ကြံကြံဖန်ဖန် ကပ်နေတဲ့ Barcode sensor tag လေးတွေ့တော့တာပဲ။ အဲသဟာလေး ခွာပြီးဖြတ်တော့ ဘာမှမမြည်တော့ပါခင်ဗျား။ အဲသည်ကျမှ ကိုယ်တို့မိသားစုလည်း ရယ်ကြ။ security တွေလဲ ရယ်ကြ၊ ဘေးက စလုံးပွဲကြည့်ပရိသတ်တွေလဲ ၀ိုင်းရယ်ကြတော့တယ်။

ခုနကတော့ သူတို့ပဲ သများတို့ကို မသင်္ကာသလိုလို ဘာလိုလိုနဲ့ ကြည့်နေပြီးတော့များ ....

ရယ်သာရယ်ရ ... အောင့်သက်သက်ကြီးနော် ...

7 comments:

  1. ဟုတ်ပါရဲ့.. ကြံကြံဖန်ဖန်

    ReplyDelete
  2. အောင့်သက်သက်ကြီးပဲ...
    ဒါပေမယ့် မဆွိရေးတာကောင်းတော့ အသံထွက်အောင် ရယ်မိသွားတယ်...
    ဒါမျိုးတွေလဲ ရှိတတ်ပါလားလို့...

းဝ)

    ReplyDelete
  3. ဖတ်ရင်းချွေးပြန်သွားတယ်။

    ReplyDelete
  4. သများတို့ရယ်... လှန့်ထှာနော်...
    (ကိုယ်လဲ ပိတ်ရက်တွေမှာ Shopping Center ပေါင်းစုံ သွားနေတာ... သတိတော့ထားမှ... ဟီဟိ)

    ReplyDelete
  5. ရှာရှာရယ်မှ ကြံကြံ နော်။ ကိုယ်သာဆို ရင် ဆိုပြီး ချွေးတောင်ပြန်ချင်လာတယ်။

    ReplyDelete
  6. ကျွန်တော်လည်း ဟိုတစ်နေ့က Boon Lay က Jurong Point မှာ ဖြစ်တာ ၊၊ တော်တော်လန့်သွားတယ် ၊၊ ပြီးတော့လည်း ဘာမှ မဟုတ်ဘူး ၊၊ External Hardisk ကြောင့်လို့ထင်တာပဲ ၊၊ လူလည်း ထူပူသွားတာပဲ P:

    မင်းအိမ်ဖြူ

    ReplyDelete
  7. ဒါမျိုး က ဖြစ်တတ်ပါတယ်..
    ဖြစ်ရင်လဲ စိတ်လှုပ်ရှားတာနဲ့ ထူပူသွားတာပါဘဲ။

    ReplyDelete