ကော်ပြန့်ကြော်အစာ လုပ်ရန် (လူ၃-၄ယောက်စာ ကော်ပြန့်၁၂ခုလောက်စာ)
၁။ မုံလာဥနီ ဥ အရွယ်တော် တစ်ဥ သေးသေးပါးပါးလေးတွ လှီးထားပါ။
၂။ဂေါ်ဖီတစ်စိတ် ပါးပါးလှီးထားပါ။
၃။ ပဲပင်ပေါက် ပုံတွင်ကြည့့်ပါ။
၄။ ကြက်သွန်မြိတ် ၅မြိတ်လောက် ပါးပါးလှီးထားပါ။
၅။ ကြက်သွန်ဖြူ ၃-၄မွှာလောက် ညက်အောင်ထောင်းထားပါ။
၆။ ငရုပ်ကောင်းမှုန့် အဖြူရောင် (white pepper) အနည်းငယ်။
၇။ ပဲငံပြာရည် အကြည်ရည်၊ ဟင်းချိုမှုန့်(စားတတ်ရင်) ၊ သင့်သလို
၈။သကြား စားပွဲဇွန်း တစ်ဇွန်း။
၉။ ဆီ စားပွဲဇွန်းတစ်ဇွန်း။
ဒယ်အိုးထဲ ဆီထည့် မီးအနေတော် ထားပါ။
ကြက်သွန်ဖြူထောင်းတာထည့်ပြီး ကြက်သွန်ဖြူရွှေဝါရောင်သန်းလာရင် ခုနက လှီးချွတ်ထားတဲ့ အစာတွေထည့်ပြီးမွှေပေးပါ။ ပဲငံပြာရည်အကြည် ဟင်းချိုမှုန့် ၊ သကြား၊ ငရုပ်ကောင်းမှုန့် လိုသလိုထည့်ပြီး ဟင်းသီးဟင်းရွက်တွေ သိပ်မနွမ်းခင်မှာ ချပြီး ပန်းကန်တစ်ခုနဲ့ကော်ထားပါ။ အစာကြော်က အရည်တွေ ထွက်လာတတ်ပါတယ်။ အဲဒီအရည်တွေက လိပ်လို့ မကောင်းလို့ ရေစစ်ထားရင် ပိုကောင်းပါတယ်။
ကော်ပြန့်လိပ်မည့် အရွက်ကို စလုံးမှာတော NTUC တွေ စူပါမားကတ်တွေမှာရနိူင်ပါတယ်။ စမူစာ လိပ်တဲ့အရွက်နဲ့ အတူတူပါပဲ။
ကော်ပြန့်လိတ် လိတ်နည်းကို ပုံတွင်ကြည့်ပါ။ ကော်ပြန့်လိတ်တာ အဆုံးနားကျရင် ကြော်နေတုံး လိတ်တာပြေမသွားအောင် ကြက်ဥအကာရည်လေးနဲ့ သုတ်ပြီးမှ အဆုံးသတ်ကို လိတ်ပါတယ်။

တီရေ....
ReplyDeleteကော်ပြန်ကြော်လေးစားချင်တယ်သိလား
တီဆွိ ရေ
ReplyDeleteကော်ပြန့်ကြော်နည်းအတွက်ကျေးဇူးပါ