Saturday, October 24, 2009

စုံစီနဖာ အညွှန်း (၂)

အညွှန်းဆိုတော့ ကိုယ်ကြိုက်တာလေးတွေ၊ ကောင်းမယ်ထင်တာလေးတွေ ကို သူများတွေကို မျှဝေရတာပါ။ အကြိုက်ချင်းများ မတူခဲ့ရင် ခွင့်လွှတ်ကြပါကုန်။

The God Father
မနေ့ညက အိမ်မှရှိနေတဲ့ အခွေတွေထဲက God father (ပထမပိုင်း) အခွေ ကို ပြန်ကြည့်မိပါတယ်။ ငယ်ငယ်က အဖေတို့ပြောတာ ကြားဖူးနေပေမဲ့ ငယ်သေးတော့ စိတ်မ၀င်စားမိဘူး။ ကိုယ့်အိမ်ကလူနဲ့ အိမ်ထောင်ကျတော့ သူက အဲဒီကားကြိုက်တယ်ဆို DVD ၃ခွေလုံး အိမ်မှာဝယ်ထားတာ။ ကိုယ်လဲသူနဲ့ကြည့်ရင်းနဲ့ အဲဒီကားကို တော်တော်ကြိုက်သွားတယ်။ ပထမတော့ ဇာတ်ကြမ်းကားထင်တာ။ သူက ဒွန်မိုက်ကယ်ရဲ့ မိသားစုဘ၀၊ အချစ်ဇာတ်လမ်း နဲ့ အတူ မာဖီးယား ဒုစရိုက်ဂိုဏ်းတွေရဲ့ လက်ရဲဇတ်ရဲတာတွေကို ရောမွှေပြသွားတာပါ။

မာလွန်ဘရန်ဒို အသံပြာပြာကြီးနဲ့ ရုပ်တည်ကြီးလုပ်ပြီး စကားပြောတဲ့ အခန်းတွေ၊ မိသားစု ပြသနာတွေကို ညီအစ်ကိုတွေ စုပြီးဖြေရှင်းတာတွေ၊ ညီအကို အချင်းချင်းတောင်မှ တစ်ယောက်နဲ့တစ်ယောက် စရိုက်မတူတာတွေ ပြသွားတာ အပြင်မှာ တကယ်ဖြစ်နေတဲ့အလား သရုပ်တွေ အတော်ပီပါတယ်။ Don Michel အဖြစ် သရုပ်ဆောင်တဲ့ အယ်ပါစီနိုကို ချောလွန်းလို့လားမသိ ၊သရုပ်ဆောင်တာကိုလဲ တော်တော်သဘောကျမိပါတယ်။

" ကောင်မလေး ငါ့ကို ကြိုက်တယ်ခိုက်တယ် ... ဆိုပြီးတော့ " ဆိုတဲ့ ကြိုးကြာတို့ အခုဆိုနေတဲ့ သီချင်းဟာ အဲဒီ God father ဇာတ်ကားရဲ့ နာမည်ကြီး ဇာတ်ဝင်သီချင်းရဲ့အလိုက်ပါ။ The God Father ပထမပိုင်းရော၊ ဒုတိယပိုင်းရော အကောင်းဆုံး ရုပ်ရှင်ကား အော်စကာဆုတွေ ရခဲ့ပါတယ်။ ၁၉၇၂ နဲ့ ၁၉၇၄ နှစ်တွေအတွက် ရခဲ့တာပါ။ တတိယပိုင်းကတော့ ၁၉၉၀မှ ထပ်ရိုက်ခဲ့ပြီး ပထမ၂ကားလောက် အောင်မြင်မှုမရခဲ့ပါဘူး။

အမေရိကန် မြေအောက် မာဖီးယားဂိုဏ်းတွေနဲ့ သူတို့ရဲ့ ဘ၀ မိသားစုအကြောင်းတွေကို သဘာဝကျကျရိုက်ပြနိုင်တဲ့ ကမ္ဘာ့ရုပ်ရှင်လောကက နာမည်ကြီး The God Father ကို ကြည့်ဖြစ်အောင်ကြည့်ကြဖို့ ညွှန်းလိုပါတယ်။ ဆိုင်တွေမှာတော့ အခွေတွေရှိပါတယ်။ Classic ထဲမှာရှာပါ။



Rapid Share Account နဲ့ ရုပ်ရှင်များ
နိုင်ငံခြား ရုပ်ရှင် ကြိုက်တတ်သူတွေအတွက် အွန်လိုင်းကနေ ရုပ်ရှင်တွေ ဒေါင်းကြည့်ချင်ရင် အကောင်းဆုံး web site လေးပါ။ ရက်ပစ်ရှဲ အကောင့်ကို ၀ယ်ထားရင် ရုပ်ရှင်ပေါင်းများစွာကို ဒေါင်းလုပ်လုပ်ပြီး ကြည့်နိုင်ပါတယ်။ TV series တွေ၊ Game တွေများစွာလဲ ဒေါင်းလို့ရပါတယ်။ ၆လစာကိုမှ စလုံး ၆၈ကျပ်လောက်ပဲ ပေးရပြီး သူငယ်ချင်း၂ယောက် ၃ယောက်လောက် ရှယ်သုံးရင် အလွန်သက်သာပါတယ်။ တစ်ရက်ကို ၅ဂစ်ဒေါင်းလို့ ရပါတယ်။ အဲဒါမပြည့်ရင် နောင်လစ်မစ်ကို ထပ်ပေါင်းထည့်ပေးတယ်။ ငွေကိုတော့ bank transfer နဲ့ သွားရင်သွား ဒါမှမဟုတ် ခရက်ဒစ်ကတ် ရှိရင် paypal နဲ့ လွှဲရင်လဲရပါတယ်။
http://www.rslinks.org
*****အထူးသတိ ။ ဒီ web site က တရားဝင် မဟုတ်တဲ့အတွက် စလုံးလို နိုင်ငံမှာတော့ အလွန်အဆင်ပြေပါတယ်။ ဒါပေမဲ့ အော်ဇီိလို၊ US လို၊ အင်ဂလန်လိုနိုင်ငံတွေမှာတော့ တရားဝင်သုံးလို့မရပါ။ သွားဝင်လိုက်ရင် အင်တာနက်ကို ဖြတ်ချတာမျိုး ကြုံဘူးပါတယ်တဲ့။




mysoju
ကိုရီးယားကားကြိုက်တဲ့ ပရိတ်သတ်များ သိပြီးသားဖြစ်နေမလား။
ကိုးရီးယားကားများ၊ ဇာတ်လမ်းတွဲများကို ကြည့်လိုတယ်ဆိုရင်တော့ အောက်က မိုင်ဆိုဂျူး ဆိုတဲ့ ရုပ်ရှင် web site လေးကို
ဝင်ကြည့်ကြပါ။ ကိုယ်လဲ ဟိုးတစ်ခေါက် မြန်မာပြည်က အလည်ပြန်လာတော့ လူပြောများတာနဲ့ ဒါရိုက်တာရင်တို့၊ အွန်စောတို့၊ ဘွန်စောတို့ကြည့်ချင်တာ ခုမှပဲ တွေ့တော့တာ။ ဂျပန်ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေနဲ့ ဟောင်ကောင် တရုတ်ကားတွေလဲ အများကြီးရှိပါတယ်။ ကိုးရီးယားဇာတ်လမ်းတွဲတွေကြည့်ဖို့ အစုံဆုံးနဲ့ အကြိုက်ဆုံး web site လေးပါ။
http://www.mysoju.com/



စွယ်တော်ရိပ် သကြန် ၂၀၀၉
ဟိုးအရင် သကြန်အချိန်က " EX-RITသင်္ကြန် ဖြေဖျော်ပွဲ " ဆိုပြီး ညွှန်းခဲ့တာလေး သတိရကြမှာပါ။ အခွေထွက်နေတာကြာပါပြီ။ အိမ်မှာတော့ ၀ယ်ထားပါတယ်။ ခု myanmarpioneer ဆိုတဲ့ web site မှာ တင်ထားပါတယ်။ သွားကြည့်ကြပါဦးနော်။ "ခွေးတို့ရွာ " ဆိုတဲ့ ရယ်ရတဲ့ ဇာတ်ထုတ်လေးကတော့ ဆင်ဆာထိလို့ ပါမလာခဲ့ဘူး။ ဒါပေမဲ့ အငြိမ့်က အရမ်းရယ်ရပါတယ်။ ခါးအောက်ပိုင်း ပျက်လုံးအချို့ပါပေမဲ့ အားလုံးခြုံပြောရင် ကြည့်သင့်တဲ့ အခွေလေးပါ။
http://myanmarpioneer.com/watch.php?v=286


မာလာဟင်း
online မှာ ခင်ခဲ့တဲ့ သူငယ်ချင်း မလေဒီမှ ready made အထုတ်လေး ပေးလာလို့ ချက်စားဖြစ်ပါတယ်။ မာလာဟင်းဆိုကြားသာကြားဖူးတာ တစ်ခါမှမစားဘူးလို့ ခုတော့ ကိုယ့်အကြိုက် အစားအသောက်တစ်ခုတိုးရတာပေါ့။
သူက တရုတ်ပြည် ဇီချွမ်က မာလာမျင့်ဆိုတဲ့ ခေါက်ဆွဲ အစပ်ကနေ မြန်မာပြည်ထဲ ရောက်လာပြီး မာလာဟင်းဆို နာမည်ကြီးလာတာထင်ပါရဲ့။
အသီးအရွက်တွေ အများကြီးနဲ့ ခေါက်ဆွဲ အမျိုးပေါင်းစုံပါပြီး မြန်မာပါးစပ်နဲ့အကိုက်ခပ်စပ်စပ်ဆိုတော့ လေးဆိုတော့ ကြိုက်ကြတာ မဆန်းပါဘူး။ (ချက်နည်း ကိုနောက်မှ အရှည်ရေးပါတော့မယ် )


Wedding Dance
youtube မှာ ဟိုတလောက hit ဖြစ်သွားတဲ့ ဗွီဒီယို လင့်လေးပါ။ ခုထိ လူပေါင်း သန်း၃၀နီးပါး လာကြည့်သွားကြပါပြီ။ မင်္ဂလာဆောင်မှာ သတို့သားနဲ့ သတို့သမီးအပါအ၀င် တက်ရောက်တဲ့ သူငယ်ချင်း၊ မိသားစုများပါ ပါဝင်ကပြဖြေဖျော်သွားတဲ့ ပျော်စရာ မင်္ဂလာပွဲလေးပါ။ သူတို့တွေကြည့်ပြီး အပျော်တွေ ပါ ကိုယ့်ဆီကူးစက်လို့။

4 comments:

  1. တီတီဆွီ mysoju ကတော့ သွားကြည့်ဖြစ်တယ် အဲဒီအထဲက ghost friends ကောင်းတယ် နောက် အားရင် ကြည့်ကြည့် သရဲကားပေမယ့် ဟာသနှောတယ် ရီရတယ်

    အောက်က မင်္ဂလာဆောင် လင့်ခ်က ရီရတယ်နော် ဟိဟိ

    လာတယ်နော် မမဆွီ ငှက်ကနေ ဝက်ပြောင်းသွားတာ လင့်ခ်မပေးတော့ဘူး မအားမှန်းသိလို့ အတိုချုံးပဲ ပြောတော့မယ် နံမည်တူရှိနေလို့ ငှက်ဆိုတဲ့နံမည် ဒါနဲ့ ညီမကပဲ ဂျူနီယာဆိုတော့ပြောင်းပေးလိုက်တယ် ဒါပါပဲ ကဲ ပြန်မယ် တာ့တာ

    ReplyDelete
  2. မင်္ဂလာဆောင်စိတ်ကူးလေးက တော်တော်လှတယ်နော် :)

    ReplyDelete
  3. ဒီနေ့ပဲ ဒွန်ကော်လီယွန်နဲ့ မိုက်ကယ်ကော်လီယွန်ကို တင်လိုက်တယ်။
    မနေ့ညက ဘယ်လိုမှ တင်မရတာနဲ့ ဒီနေ့တော့ နိုးနိုးချင်းပဲ။

    ReplyDelete
  4. မာလာဟင်းချက်နည်းလေးနဲ့မာလာဟင်းReady made တံဆိပ်လေးသိချင်လို့တင်ပေးပါနော်စားချင်စ၇ာလေးမို့

    ReplyDelete