Tuesday, October 6, 2009

စင်္ကာပူမှာ Credit ကတ်သုံးမယ်ဆိုရင် ...


Credit card နဲ့ ပတ်သတ်ပြီး အမေးအဖြေပုံစံလေးနဲ့ တင်ပြလိုက်ပါတယ်။

Credit ကတ်သုံးမယ်ဆိုရင် ဘာဆိုးကျိုးတွေရှိနိုင်သလဲ။ ပြီးတော့ Visa နဲ့ Master ကဘယ်လိုလဲ။ ဘယ်နှစ်လအတွင်းပြန်ဆပ်ရလဲ။ အတိုးနှုန်းကရောဘယ်လောက်လဲ ......

အရင်ဆုံး Credit Card နဲ့ ပါတ်သက်ပြီး ပြောပြရရင် ... Debit card အကြောင်း မဟုတ်ဘူးနော်။

(၁) စင်္ကာပူမှာ ပါတ်စ်တစ်ခုခု သိုမဟုတ် ပီအာ၊ နိုင်ငံသားအားလုံး Credit Card လျှောက်လို့ရပါတယ်။ ကြိုက်တဲ့ဘဏ်က Credit Card လျှောက်တဲ့ စာရွက်ကို ဖြည့်ြုပီး လျှောက်လွှာ တင်လိုက်ရုံပါပဲ။

(၂) ကိုယ်ရဲ့လစာစာရွက်ရယ်။ ကိုယ့်ရဲ့ပါတ်စ် သို့မဟုတ် NRIC ကော်ပီနဲ့ လျှောက်လို့ရပါတယ်။
ဘဏ်တော်တော်များများက ကိုယ်ရဲ့တနှစ်ဝင်ငွေက S$36000 လောက် ရှိမယ် ဆိုရင် ပေးပါတယ်။ ဒါကလည်း ဘဏ်ပေါ်မှာ မူတည်ပါတယ်။ တစ်ချို့ဘဏ်တွေကလည်း အဲဒီလောက် ၀င်ငွေ မရှိလည်း ပေးတဲ့ ဘဏ်တွေ ရှိပါတယ်။ ပေးတာမပေးတာကတော့ သူတို့ သတ်မှတ်ထားတာလေးတွေနဲ့ ကိုက်ညီရင် ပေးပါတယ်။

(၃) Visa နဲ့ Master ဘာကွာသလဲ ဆိုရင် စင်္ကာပူမှာ ဘာမှ မကွာပါဘူး။ တခြားနိုင်ငံမှာတော့ မပြောတတ်ပါဘူး။

(၄) Credit ကဒ် ရပြီဆိုတာနဲ့ သူ့နောက်မှာ ကိုယ်ရဲ့ ဆစ်ဂနေချာလေး ထိုးလိုက်ပြီး သုံးလို့ရပါပြီ။ တစ်လ တစ်ခါ ဆိုသလို ၊ ကိုယ်သုံးပြီး ရက် ၂၀ လောက် ဆိုရင် ဘဏ်ကနေ ငွေတောင်းတဲ့စာ ပို့ပါပြီ။ သူတို့က ဘယ်နေ့ နောက်ဆုံးထားပြီး ငွေကိုပေးပါလို့ ရေးထားတတ်ပါတယ်။ ကုန်ကျငွေကို တစ်ခါတည်း အကျေမပေး နိုင်ရင် အနည်းဆုံး ဒေါ်လာ ၅၀ ပေးခိုင်းပါတယ်

(၅) သတ်မှတ်ထားတဲ့ ရက် မတိုင်ခင်မှာ အကျေပေးလိုက်ရင်တော့ ဘာမှအတိုးမပေးရဘူးပေါ့။ ဥပမာ ကျွန်တော်က လွန်ခဲ့တဲ့ ၃ ပါတ်မှာ နေရာ ၅ ခုကနေ ဒေါ်လာ ၅၇၅ သုံထားတယ်ဆိုပါဆို့။ ကျွန်တော်ဆီကို မနေ့က bill လာတယ်။ လာမဲ့ ၂၉ရက်နေ့မှာ အဲဒီငွေကို ပေးပါဆိုပါစို့။ ကျွန်တော် ၂၈ ရက်နေ့မှာ ဒေါ်လာ ၅၇၅ ကို ချက်နဲ့သော်လည်းကောင်း၊ စာတိုက်မှာသော်လည်းကောင်း၊ AXS စက်မှာသော်လည်းကောင်း သွားပေးလိုက်တယ် ဆိုရင် ဘာမှ ထပ်ပေးစရာမလိုပါဘူး။

(၆) ကျွန်တော် ၃၀ ရက်နေ့မှ ဒေါ်လာ ၅၇၅ ကို သွား ပေးတယ်ဆိုပါစို့ ..... နောက်ကျကြေး ဒေါ်လာ ၄၀ + အတိုးငွေ တစ်ရက်စာ ပေးရပါတယ်။ ဒါမှမဟုတ် နောက်လ ၈ ရက်နေ့မှ ပေးရင် ဒေါ်လာ ၄၀ + အတိုးငွေ ၉ ရက်စာ ပေးရပါတယ်။ အတိုးနှုန်းက တစ်နှစ်ကို ၂၄ ရာနှုန်းနဲ့ နေ့စဉ် အတိုးတက်ပါတယ်။

(၇) အကယ်လို့ ကျွန်တော်က ၂၈ ရက်နေ့မှာ ဒေါ်လာ ၅၀ သွားပေးတယ်ဆိုပါစို့ ... နောက်ကျကြေး ၄၀ တော့ မပေးရတော့ပါဘူး။ ဒါပေမဲ့ ကျန်တဲ့ငွေ ဒေါ်လာ ၅၂၅ ကျပ်ကို ၂၄ ရာနှုန်းနဲ့ နေ့စဉ် အတိုးတက် နေပါမယ်။ ဒီငွေကို အကြေမပေးမချင်း တက်ပါလိမ့်မယ်။



ကျနော် advertisement တွေမှာ Laptop တို့၊ LCD TV တို့ ၀ယ်ရင် credit cardနဲ့ဆို 0% interest installment ဆိုတာ မြင်မြင်နေရတယ်။ အဲဒါ credit card လုပ်ပြီး installment နဲ့ ၀ယ် ရင်ကောင်းမလားလို့။ လပေးလေးနဲ့ ငွေချေရုံပဲ။ 0% interest ဆိုတော့ အတိုးမပေးရ ဘူး ဆိုတဲ့ သဘောလား သိရင် ဖြေပေးကြပါအုံး​.....

ဒီလိုကြော်ငြာတွေ တွေ့တွေ့နေတာ ကြာပါပြီ။ ဒါတွေက ဘာလဲ ဆိုရင် ကျွန်တော် Dell ကွန်ပြုတာ ၀ယ်မယ်ဆိုပါစို့။ Dell က ကျွန်တော် ကို OCBC Bank Credit Card ရှိလား လို့ မေးပါလိမ့်မယ်။ ရှိတယ်ဆိုရင်တော့ ကွန်ပြူတာ တန်ဖိုး ၁၂၀၀ ဆိုရင် တစ်လကို ၁၀၀ နှုန်းနဲ့ ၁၂ လ ပေးလို့ရပါတယ်။ တစ်လ တစ်ခါ OCBC ကနေ ၁၀၀ ပေး ဖို့ တောင်းပါတယ်။ သူသတ်မှတ် တဲ့ ရက်အတွင်း ပေးရင် အတိုးမပေးရဘူးပေါ့။ ဒါကို 0% installment လို့ ခေါ်ပါတယ်။ သတ်မှတ် တဲ့ရက် ကျော်သွားရင်တော့ အပေါ်မှာ ကျွန်တော် ရှင်းပြသလို အတိုးတောင်းပါတယ်။

(၈ ) နောက်တစ်ခု က Credit Card မှာလည်း ရိုးရိုးလား၊ Gold Card လား၊ PLatinum card လားဆိုပြီး အဆင့်ခွဲပါတယ်။ ကိုယ် ၀င်တဲ့ လစာငွေပေါ်လိုက်ပြီး အဲဒီလို အဆင့် ခွဲကြပါတယ်။

(၉) Credit Card တော်တော်များများက ပထမနှစ်မှာ Annual Fee က အလကားပါ။ တနှစ် ပြည့်သွားရင်တော့ ကိုယ့်ကဒ်ရဲ့ အဆင့်ပေါ်မူတည်ပြီး ၃၀- ၉၀-၁၂၀-၂၄၀ ဆိုပြီး ပေးရပါတယ်။

ဒီနေရာမှာ လူလည် လုပ်တတ်ရပါတယ်။ တစ်နှစ်ပြည့်လို့ annual fee တောင်းရင် Cancel လုပ်ဖို့ မမေ့ပါနဲ့။ အဲဒီလို လုပ်ရင် သူတို့က မေးတတ်ပါတယ်။ ဘာလို့ လုပ်သလဲ ပေါ့။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။ annual fee မပေးချင်လို့ ပေါ့။ တစ်ခါ တစ်လေ ကိုယ်က ခရက်ဒစ်ကဒ်ကို သုံးတာ များရင် အဲဒီ annul fee ငွေကို waive လုပ်ခိုင်းလို့ ရပါတယ်။ မလုပ်ပေးရင်တော့ မပူပါနဲ့။ ခပ်တင်းတင်းပဲ cancel လုပ်လိုက်ပါ။ နောက်ထပ် အသစ်လျှောက်ရင် အလကားထပ်ရပါတယ်။ လစာ နဲ့ အိုင်စီကော်ပီ တော့ ပေးလိုက်ပေါ့။



(မြန်မာကျူးပစ်ဖိုရမ်မှ ဦးမောင်ခြိမ့်ရေးထားသည်ကို ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။)


စာရေးသူမှ ဖြည့်စွက်ချက်


တချို့ဟိုတယ်တွေ၊ ရက်စ်တောရန့်တွေမှာ ဘယ်ဘဏ်က ခရက်ဒစ်ကတ်သုံးရင် 2 for 1 ရမယ် အစရှိသဖြင့် ဒစ်စ်ကောင့်ပေးတတ်ပါတယ်။ 2for 1 ဆိုတာ ၂ယောက်စားရင်တစ်ယောက်စာပဲပေးရမယ်ပေါ့။ ဓာတ်ဆီရောင်းတဲ့ Petro station တွေ၊ ဆေးဆိုင်တွေ၊ Electronic item တွေရောင်းတဲ့ဆိုင်တွေ မှာလည်း Credit card နဲ့ဝယ်ရင် ဘယ်လောက်ဆိုပြီး offer ပေးတတ်ပါတယ်။

အဲဒီ offer တွေ လိုချင်တာနဲ့ပဲ ဘဏ်မျိုးစုံက ခရက်ဒစ်ကတ်မျိုးစုံတွေ လျောက်ထားမိတဲ့ ကိုမောင်ခြိမ့်အဖြစ်ကိုတော့ မပြောလိုတော့ပါဘူး။ ခုသူ oversea ရက်ရှည်သွားတော့ သူ offer ရလို့ဆိုပြီး ခရက်ဒစ်ကတ်နဲ့ သုံးထားတဲ့ bill တွေ မျိုးစုံကို ကိုယ်ရှင်းပေးနေရတာ မသက်သာပါလားကွယ်ရို့ ။ offer ရတာတော့ ကောင်းပါရဲ့။ bill ပေးဖို့ သတိတစ်ချက်လောက် မေ့လို့က တက်လာမဲ့ အတိုးက ကြောက်စရာကိုး။ ခရက်ဒစ်ကတ်သုံးမိရင် သတိမမေ့ပါနှင့်။ သူက မေ့တတ်တဲ့သူတွေကို အတိုးနဲ့ ထောင်ချောက်ထောင်ထားသလိုပါပဲ။

4 comments:

  1. ဒီပို့ စ်ဖတ်တော့မှ ဒီလ ဘင်လ်ပေးဖို့  သတိရတယ် သယ်ရင်းရေ… အမြဲမေ့… ရက်ကပ်မှ သတိရတတ်တယ်… giroလဲလျှောက်ဖို့  ခုထိမလျှောက်ဖြစ်သေးဘူးလေ

    ReplyDelete
  2. အခုလို ရှင်းပြတာ ကျေးဇူးတင်ပါတယ်ဗျာ
    "တစ်ခါ တစ်လေ ကိုယ်က ခရက်ဒစ် ကဒ် ကို သုံးတာ များရင် အဲဒီ ငွေ ကို *တငေလန* လုပ်ခိုင်းလို့ ရပါတယ်။"
    အဲဒီနေရာလေး typing မှားတယ်လို့  ထင်တယ်

    ReplyDelete
  3. ဒေါ်တန်ခူး အစောကြီးထပြီး blog တွေဖတ်နေပါလား။ သွားပေးလိုက်ဦး ... အတိုးတွေ တက်ကုန်ဦးမယ်။

    ကို အန်ဒရူး ရေ။ ပြင်ပြီးပါပြီ ။ waive ပါ။

    ReplyDelete
  4. ကျွန်တော် က တော့ pr ပါ..ဒါမေမဲ့ credit card ( Platinum ) ကို စပေါ ၁ သောင်းပေးပြီးယူထားရတာ...ကျွန်တော် လုပ်တုန်းက myanmar nationality တွေ ကို ရစ် နေတဲ့အချိန်..
    ကျွန်တော့ လစာက လည်းကြွားရအုံးမယ်..တလ..၁၂၀၀၀ ကျော်လောက်ရတာ...ဟဲဟဲ..အဲတော့ ခပ်တင်းတင်းပဲ..စပေါ တင်ပြီး ကိုင်တာပေါ့ဗျာ..OCBC က တခါတလေ တော်တော် လေးကို Procedure ကြောင်တယ်ဗျာ..သူမပေးတော့ UOB က ဘဲ လုပ်လိုက်တယ်..Post အတွက်လည်း ကျေးဇူးပါဗျာ..

    ReplyDelete