Sunday, June 6, 2010

ဂျူဂျူ နဲ့ Holiday

ဂျူဂျူတို့ကျောင်းတွေ Mid term တစ်လပိတ်ထားပါတယ်။ ပထမ စစပိတ်ချင်း ၃-၄ရက်တော့ ဂျူဂျူတို့ အလွန်ပျော်ပါတယ်။ တရုတ်ဆရာမကလဲ သူ့စာမေးပွဲရှိလို့ မလာ။ အင်္ဂလိပ်စာကျူရှင်ကလဲ ကျောင်းပိတ်ရက် ခလေးတွေ နားရအောင်ဆို အိမ်စာ မပေး။ ပီယာနိုကလဲ တစ်ပတ် ပိတ်ထားတော့တစ်နေလုံးနေမှ စာဆိုလို့ ကူမွန်က သင်္ချာ ၁၅ မိနစ်လောက်လုပ်ရင် ပြီးပါပြီင်္။ ဒီတော့ ဂျူဂျူတို့ တီဗီကြည့်လိုက် ကစားစရာတွေ မျိုးစုံထုတ်ဆော့လိုက်နဲ့ တစ်နေကုန်ပါတယ်။

နောက်တော့ ဆော့ရပါများတော့ တဖြေးဖြေးပျင်းလာပါတယ်။ တစ်နေကုန်ဆော့ထား မအေရုံးကပြန်ရောက်ရင် မအေအခန်းထဲလာ၊ တီဗီကြည့်၊ ပျင်းလာတော့ တီဗီပိတ်။ အမေနားကပ်လိုက်၊အမေပေါ်တက် ချွဲလိုက်၊ ခဏနေပြန် လှဲနေလိုက် သက်ပျင်းတချချနဲ့၊ ဟဲ့ သမီး ဘာဖြစ်နေတာလဲ ဆိုတော့ ပျင်းလို့ပါတဲ့။ (ဒါတောင်ညနေဘက် သူ့အဒေါ်နဲ့ ကစားကွင်းမှာ ၁နာရီလောက်သွားဆော့ပြီးသားပါ။ ) နောက်တော့ မေးပါသေးတယ်၊ မေမေ ဂျူဂျူဘာလုပ်ရမလဲတဲ့။ ဒါနဲ့ကိုယ်လဲ သနားတာနဲ့ သူနဲ့အတူ လိုက်ဆော့ရပါတယ်။ Scrabble တို့ Bingo တို့၊ Jigsaw puzzle တို့ အစုံပါပဲ။ Doh play လေးတွေ ရောင်စုံဝယ်ပြီးလဲ အရုပ်မျိုးစုံလုပ် ကစားပါတယ်။ ပလက်စတစ် အိုးခွက်တွေနဲ့လဲ ဈေးရောင်းတိုင်း ဆော့ပါတယ်။

ဂျူဂျူ့ရဲ့ဆိုင်ပါ။

သူ့ဟာသူရေးပြီး သူ့ဟာသူချုပ်ထားတဲ့ မင်နူးစာအုပ်ပါ။ မင်နူးဖတ်ပြီး စားချင်တာမှာရတာပါ။ မှာလိုက်ရင် ဘောပင်တစ်ချောင်းနဲ့ ဟန်ပါပါ လိုက်မှတ်နေပါသေးတယ်။ ပြီးတော့ လက်မှတ်ထိုးပါတယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် လက်မှတ်ထိုးတာလဲ အလွန်ဝါသနာပါပါတယ်။ လှန်ရင်းနဲ့ နောက်ဆုံး ဒီစာမျက်နှာရောက်တော့ ရယ်ချင်သွားပါတယ်။ အဲဒီ ဖုံးနံပါတ် သူဘယ်ကရလဲ မသိပါဘူး။ နောက်ပိုင်းကျ အဲဒီကစားနည်းတွေလဲ ပျင်းလာပါပြီ။ ဒီတော့ သူနေ့ခင်းပျင်းမှာစိုးလို့ မအေလုပ်သူက သူ့အတွက် Gmail အကောင့်လေးဖွင့်ပြီး သူ့ဆီ animation ပို့စကတ် လေးတွေ ပို့ပေးရပါတယ်။ ပို့စကတ်လေးတွေ ဖွင့်ကြည့် animation ပုံလေးတွေကြည့်ပြီး ပျော်နေပါတယ်။ ဒါလဲ ၂ရက်လားပဲ ခံပါတယ်။ သူပျင်းလာပြန်တယ်။

ဒါနဲ့ ကွန်ပြူတာထဲက ဂိမ်းတွေဆော့ခိုင်းရပြန်ပါတယ်။ ခုနောက်ဆုံးအဆင့်ကတော့ မအေရဲ့ အိုင်ဖုန်းက ဂိမ်းတွေဆော့ပါတယ်။ JIMJAM လို့ခေါ်တဲ့ ခလေးချယ်နယ်က ကာတွန်းကားတွေကြည့်ပါတယ်။ အခု ငါးမွေးတဲ့ ဂိမ်းဆော့နေတာ ငါး၂ကောင်မွေးထားပါတယ်။ ငါးတွေကို အစာကျွေးမှ ကြီးမှာ၊ ခလေးလဲမွေးမှာဆိုတော့ အတော်တော် စိတ်ဝင်စားနေတယ်။ ၈နာရီလောက်မှ တစ်ခါ ကျွေးရမှာကို ၀ိရိယကောင်းပြီး နဲနဲလေး Hungry ဖြစ်တာနဲ့ ကျွေးတော့တာပဲ။ မအေကိုလဲ ရုံးရောက်ရင် သူ့ငါးလေးတွေ အစာကျွေးပေးဖို့ တဖွဖွမှာပါတယ်။ နောက် pet pet ဆိုတဲ့ အကောင်မွေးတဲ့ ဂိမ်းလဲ ဆော့နေပါသေးတယ်။
နောက်သူကြိုက်တဲ့ဂိမ်းတစ်ခုက ကြောင်လေးတွေအသံနဲ့ ပီယာနိုတီးရတာပါ။ Cat Chorus lite အသံလေးတွေက ချစ်စရာလေးတွေအပြင် ရယ်စရာလဲကောင်းပါတယ်။

အပေါ်က တိုက်ရိုက်လင့်ခ်မရလျင် ဒီလင့်ခ်ကို ကလစ်ပါ။


">

အပေါ်က တိုက်ရိုက်လင့်ခ်မရလျင် ဒီလင့်ခ်ကို ကလစ်ပါ။

ပြီးခဲ့တဲ့အပတ်ကတော့ မဂျူဂျူတို့ စာမေးပွဲမှာ အဆင့်လေးမဆိုးလို့ ဂုဏ်ပြုတဲ့ အနေနဲ့ Shrek forever after 3D လိုက်ပြပါတယ်။ ရုပ်ရှင်ရုံထဲမှာ တောကျကျသားအမိ၂ယောက် ဓာတ်ပုံတွေ ရိုက်နေတာမြင်ရင် အဲဒါ ဒေါ်ဆွိတီတို့ သားအမိပါပဲ။ ဂျူဂျူတို့ ပျော်လားမပျော်လား ပုံကိုသာကြည့်ကြပါတော့။




9 comments:

  1. ဂျူဂျူးလေး ချစ်စရာကောင်းလိုက်ပုံများ ဒေါ်ဆွိရယ်....၊ Delivery ဖုန်းနံပါတ်နဲ့ ဘာနဲ့...သူမို့ တွေးတတ်ပလေ...ဟား ဟား...။

    သမီးကလေးရှိတာ ကောင်းလိုက်တာ...ဒီတခါတော့ စပျစ်သီး ချိုသွားတယ်အေ...

    ReplyDelete
  2. အိုးပုတ်တမ်း ဆော့ချင်မိတယ်

    ReplyDelete
  3. တောက်မည့်မီးခဲ တစ်ရဲရဲဆိုတာမျိုးပါလားနော်

    ReplyDelete
  4. ရုံးမှာ ဗိုက်ဆာနေရင် ညီမလေး ဂျူဂျူရဲ့ Delivey ကို ဖုန်းဆက်ရကောင်းမလား စဉ်းစားနေတာ...

    ချစ်စရာ ဂျူဂျူလေး 3D မျက်မှန်ကြီးနဲ့........ :D

    မမဆွိရေ... ဒါနဲ့ 3D က Jurong Point က ရုံလားဟင်... chua chu kang ရုံက မျက်မှန်က အဲလို Battery နဲ့ ဟာမျိုး မဟုတ်ဘူး... ရိုးရိုး ကျွဲကော်ကိုင်းအမဲကြီးနဲ့..မျက်ရိုးကိုက်တယ်.. battery နဲ့ မျက်မှန်နဲ့ ဟာ ကြည့်ချင်လို့မမ....

    ReplyDelete
  5. ဂျူဂျူ ကို မယ်ဆွိနဲ့ ကြက်ဖခွပ်တမ်း ကစားဖို့ အကြံပေးအုန်းမှ..

    ReplyDelete
  6. သမီးနဲ့ ပျော်စရာကြီးနော်..။ အမေနားကပ်လိုက်၊ အမေပေါ်တက် ချွဲလိုက်၊ ခဏနေပြန် လှဲနေလိုက် တီဗီကြည့်၊ ပျင်းလာတော့ တီဗီပိတ်။ ပျင်းလို့ သက်ပျင်းတချချဖြစ်နေမယ့် ဂျူဂျူလေးကို မြင်ယောင်သေး..။

    ရေးထားတဲ့ menuလေးတွေကလည်း ချစ်စရာကောင်း..။ အတူတူလာဆော့ပေးချင်စိတ်ပေါက်နေပြီ။ အဲဒီဖုန်းကို ဖုန်းဆက်ဦးမှာပါး))

    ReplyDelete
  7. ma ma..Fairies Fly game buy pay lite...buy yin US 4.99...ah yin free play le ya tal...free ka Fairies Lite...can dowload in app store..i think she will be like..

    ReplyDelete
  8. ကလေးနဲ့ လိုက်ကစားရင်း လူကြီးပါ မပျင်းရတော့ဘူးပေါ့
    ကလေးတွေက ဒီလို သွက်လက်ထက်မြက် နေတာ ပိုကောင်းတယ်။

    ReplyDelete
  9. ဂျူဂျူနဲ့ အဆော့ပြိုင်မယ်ဟေ့

    ခင်တဲ့
    seesein

    ReplyDelete