Tuesday, November 30, 2010

Relax ....

Flower ...
အိမ်ရှေ့မှာ ပန်းလေးတွေ ပွင့်နေတယ်။ တံခါးဖွင့်လိုက်တိုင်း ပန်းနံ့လေး တသင်းသင်းနဲ့။ မိုးသိပ်မရွာမှပဲ ပွင့်တော့တယ်။ ၀ယ်ကာစ တစ်ခါပဲ တစ်ပင်လုံး ၀ါထိန်နေအောင်ပွင့်ဖူးတယ်။

Puppies ...
ဂျူဂျူလေးရဲ့ အချစ်တော်လေးတွေပါ။ အဲဒါလေးတွေနဲ့ အတူအိပ်ပါတယ်။ ၃-၄ လ တစ်ခါလောက် အဲလိုလျှော်ပေးရတယ်။
မနေ့က ရုံးကပြန်လာတော့ အိမ်ရှေ့မှာ လျှော်ပြီး လှမ်းထားတာတွေ့လို့ မှတ်တမ်းတင်ထားလိုက်တာ။


အပေါ်က ၂ပုံက တစ်ချိန်တည်းရိုက်ထားတာပါ။ Flash ပါတာနဲ့ မပါတာနဲ့ အဲသလောက်ကို ကွာပါတယ်။ Something wrong with my camera ???

Snack ...
မုန့်လက်ကောက် ဗားရှင်းတစ်မျိုးပေါ့။ မုန့်ပန်းပွင့်ပေါ့ဂျာ။ ကောက်ညှင်းမှုန့်ကို ရေ၊ ဆော်ဒါ၊ ဆားနဲ့နယ်၊ ပန်းပွင့်လေးတွေ လုပ်ပြီး ဆီနဲ့ ကြော်လိုက်ပါတယ်။ ထန်းလျှက်ရည်က ချိုလို့ ဂျူဂျူတို့သိပ်ကြိုက်။


Lunch Box ...
ဒီနေ့ရုံးကို ထုတ်သွားတဲ့ မန်းလေးမုန့်တီပါ။ မန်းလေး စတိုင်အတိုင်း ချက်ထားပါတယ်။ ချက်နည်းကိုတော့ နောက်မှ တင်ပေးပါမယ် ခင်ညား။ ကြက်သားကို ချက်ပြီး ရေခဲသေတ္တာထဲ ခဲထားတော့ တစ်ပတ်လုံး စားချင်တဲ့ အချိန် ထုတ်စားလို့ရနေပါတယ်။ အန်တိဆွိတို့ တစ်အိမ်လုံး မန်းလေးမုန့်တီ ကြိုက်တယ် ခင်ည။



JuJu
မေမေ ။ ။ ဂျူဂျူရေ ... သမီးရဲ့ ဆရာမတွေထဲက ဘယ်သူ့ကို အချစ်ဆုံးလဲ။
တရုတ်ဆရာမလား၊ အင်္ဂလိပ်ဆရာမလား၊ ကူမွန်ကလား၊ ပီယာနိုက Miss Selina လား။

ဂျူဂျူ ။ ။ ခဏလေးနော် မေမေ .... ဂျူဂျူ စဉ်းစားလိုက်ဦးမယ်။

အတန်ကြာ တိတ်ဆိတ်နေရာမှ ...

ဂျူဂျူ ။ ။ အင်္ဂလိပ်က Miss Jane ကို ။

မေမေ။ ။ ဘာလို့လဲ သမီး။

ဂျူဂျူ။ ။ Miss Jane က ဟိုနေ့က ဂျူဂျူတို့ကို အတန်းထဲမှာ ကစားခိုင်းတယ်။
ပြီးတော့ အိမ်စာလဲ မပေးလိုက်ဘူးလေ။



Update news for KNIFE
နောက်ဆုံးဖောင်ပိတ်သတင်းကတော့ ဦးခြိမ့်တစ်ယောက် NTUC မှ ဓားတစ်ချောင်း ထပ်ထုတ်ထားပါတယ်။ ကွန့်မန့်ပေးသူများ သတိပြုဖွယ်ပါ။
(အောက်ထပ်အိမ်က ဘောက်ချာ ၄ရွက် လာပေးလို့ ထုတ်လို့ရသွားတာပါ။ ဘောက်ချာ ၁၂ရွက် + ၁၂ကျပ် ၉၅ပြား ပေးခဲ့ရပါတယ် ...)

22 comments:

  1. ဘယ်လိုကွန်မန့်ပေးလျှင် ဒေါ်ဆွီတီရဲ့ ဦးမောင်ခြိမ့်က ဓားမနဲ့ လိုက်မခုတ်လဲ ဟင် (ကြောက်သံဖြင့် ဖတ်ရန်)

    ဖတ်ပြီး ပြုံးသွားတယ် ပြီးတော့ ရယ်သွားတယ်
    ဒါနဲ့စကားမစပ် မုန့်တီစားချင်တယ် မစားရတာကြာပေါ့ ရှလွတ် ဂလု ပလပ်

    ReplyDelete
  2. တီဆွိရေ.. သနပ်ခါးပန်းပင်လေးက မွှေးနေမှာပဲနော်.. သဘောကျလိုက်တာ..
    ဂျူဂျူဆီက အရုပ်တစ်ရုပ်လောက်တောင်းရင် ဦးခြိမ့်က အဲဒီဓားနဲ့ လိုက်ခုတ်မှာလားဟင်..
    မုန့်တီကြည့်ပြီး စားချင်လာတယ်.. အခု ထမင်းမကျက်သေးလို့ မစားရသေးဘူး.. ခိခိ

    ReplyDelete
  3. ဆောင်းရောက်လို အဲဒီအပင်လေး..အိမ်ထဲသွင်းထားလိုက်ပြီ ဦးရှိမ့်တို့ ဘာတွေ ကပ်လှီးမယ်မသိဘူး..ဝယ်လာတာ တရုတ်ဓါးနဲ့ တူလိုက်တာ

    ReplyDelete
  4. မုန့်တီလေး စားချင်တယ်။
    လုပ်နည်းလေး တင်ပေးပါဦး။
    ဒါပေမဲ့ လုပ်စားဖို့ ပျင်းကြောင်းတော့ ကြိုတင် ဝန်ခံသွားပါတယ်။
    လုပ်စားဖြစ်အောင်တော့ စားပါ့မယ်။

    ReplyDelete
  5. ပါပီလေး၂ကောင် ပထမပုံကိုကြည့်ပြီး.. မမဆွိအိမ်ပြန်ရောက်တာ နောက်ကျလိုက်တာလို့တွေးနေတာ.. နောက်တပုံမြင်မှ ထင်သလောက်လဲ နောက်မကျပါဘူး.. ပန်းလေးတွေက ဘာပန်းလဲဟင်.. သနပ်ခါးပန်းနဲ့ တူတယ်နော်.. ဟုတ်လား..

    ReplyDelete
  6. where to buy ဆော်ဒါ၊? Dont mind pls show me the
    ဆော်ဒါ၊ picture. Thanks advance.

    ReplyDelete
  7. သနပ်ခါးပန်းရဲ့ အနံ့ကိုအရမ်းကြိုက်တယ်...သင်းသင်းလေးနဲ့ ခေါင်းမူးနေရင် အဲအနံ့ရှုမိရင် ခေါင်းမူးပျောက်ရော့..း)

    ReplyDelete
  8. တီဆွိရေ...ဂျူဂျူအဖြေလေးကို အရမ်းသဘောကျတာပဲ။:)

    ReplyDelete
  9. အန်တီဆွိ ဂျူဂျူရဲ့  ခွေးလေးတွေကို ရေချိုးပေးပြီး ကြိုးချည်ထားတာ သိပ်သဘောကျတယ်

    ReplyDelete
  10. မုန့်တီစားချင်တယ်ဗျို့...
    ကူးလဲ ကိုယ့်အဖြစ်ကိုယ်ပြန်စဉ်းစားတယ်.. ၃ လ တစ်ခါ အရုပ်တွေလျှော်ရင် တန်းမှာရော..ခုန်မှာအပြည့်ဘဲ..
    သူများက ကလေးနေတဲ့အိမ်ထင်နေတာ..
    သူများက သူငယ်နာတဲ့..း(

    ReplyDelete
  11. တီဆွိရဲ့ မုန့်လက်ကောက်လေးတွေက ချစ်စရာလေးတွေ။ မုန့်တီက နန်းကြီးသုပ်နဲ့ဆင်တယ်နော်။ ဓါးလည်း ကြိုက်တယ်။

    ReplyDelete
  12. Evy ရေ ... မန်းလေးမုန့်တီကို ရန်ကုန်က နန်းကြီးသုတ် ခေါ်ကြတာပဲ။ တူတူပဲလေ။ ဒါပေမဲ့ စတိုင်လေး နဲနဲတော့ကွာတယ်။ မုန့်ဟင်းခါးဆို ရန်ကုန်က ကောင်းတယ်။ မုန့်တီဆို မန်းလေးမှ။

    အပေါ်မှာ အနောနိမတ်စ်အတွက်
    Kings bicarbonate soda လို့ ဂူဂဲကြည့်ပါ။ စလုံး၂ကျပ် ၃ကျပ်ပဲပေးရပါတယ်။ ကုန်ခြောက်ဆိုင်တွေမှာ မေးဝယ်ပါ။

ူhttp://base.store247.my/food-beverage/dried-food/kings-bicarbonate-of-soda-100g.html

    ReplyDelete
  13. မုန့် တီက စားချင်စရာကြီး ၊ ကြက်သားက ဆီတော့များသား ၊ ပဲမုန်.ထုတ်က တာကာရှီးမားရားမှာ ဂျပန်စားရောင်းတဲ့ဘက်မှာရှိပါတယ် ၊ အဲဒီ့ပဲမုန်.က လှော်စရာတောင်မလိုပါ ၊ တစ်ခါတည်း အထုတ်က ဖောက်ပြီး သုံးလို.ရပါတယ် ၊ အသိတစ်ယောက်က ညွှန်းလို.သိရတာပါ ၊ အထုတ်က ဂျပန်စာနဲ.ရေးထားတာပါ ၊ ကျွန်တော်လဲ ဂျပန်စာ နားမလည်ပါ ၊ ပဲမုန်.ထုတ်က ကြည့်လိုက်တာနဲ. သိသာပါတယ် ၊ ကိုယ်သိတာလေးကို မျှဝေတာပါ ၊

    ReplyDelete
  14. မုန့်လက်ကောက် ပန်းပွင့်လေးတွေကို သဘောကျသွားတယ်။ ထန်းညက်ရည် မပါပဲ အဖြူထည်လေး စားချင်လိုက်တား))

    ReplyDelete
  15. မုန့်တီဆိုရင် မန္တလေးကပဲကြိုက်တယ်
    သက်သတ်လွတ် ဘိုစားပဲသီးလေးနဲ့သုပ်တဲ့ မန္တလေးခိုတောင်မုန့်တီအကြိုက်ဆုံးပဲ

    စူးနွယ်လေး

    ReplyDelete
  16. Lunch Box လေးကို အကြိုက်ဆုံးပဲ
    စားချင်တာ မစားရလို့ စိတ်မကောင်း
    ခင်မင်တဲ့

    ReplyDelete
  17. တီဆွိ အိမ်လည်လာချင်လို့ ဘယ်တော့ မန်းလေး မုန့်တီ လုပ်မလဲ ဟင်..

    Alinn

    ReplyDelete
  18. အလင်းရေ ... ညနေဆိုလဲရပါတယ်... week end ဆိုလဲရပါတယ်... တကယ်လာမှာမှို့လား။

    ReplyDelete
  19. သနပ်ခါးပန်းပင်လေး စိုက်ထားတယ်လား။ အရမ်းချစ်ဖို့ကောင်းမှာပဲနော်..

    ReplyDelete
  20. ထန်းညက်ရည်လေး ကြည့်ပြီး သွားရေကျ တယ် ဒီမှာ ထန်းညက်ကို ၅ဒေါ်လာ ပေးရ လို့  ၀ယ်မစားဘူး။

    ReplyDelete
  21. ထန်းလျက်ရည် အပေါ်က စာလုံးပေါင်း မှားသွားတယ် ထင်တယ်း-)

    ReplyDelete
  22. မတီတီ ... စာ ရေး ကောင်း လိုက် တာ ... အားကျတယ် ဗျ ...

    ReplyDelete