Monday, November 5, 2012

ဆစ်ဒနီမြို့ ပဏ္ဍိတရာမကျောင်း မဟာဘုံ ကထိန် အလှူပွဲ


ဆစ်ဒနီ ပဏ္ဍိတရာမကျောင်း မဟာဘုံ ကထိန် ကပ်လှူပူဆော်ပွဲကို ဆစ်ဒနီမြို့ Villawood Citizen Hall မှာ မနေ့က ကျင်းပခဲ့ပါတယ်။

ကထိန်မှာ စားစရာတွေလဲစုံလို့ အန်တီဆွိရဲ့ ပိတ်သတ်တွေကိုလဲ သတိရပါတယ်။ ဘုန်းကြီးကျောင်း ဂေါပကတွေ၊ ဝေယျာ ၀စ္စအဖွဲ့တွေက တင် ကြက်မာသားဟင်း၊ ၀က်သားမျှစ်ချဉ်၊ ငါးမြင်းဟင်း၊ ကြက်မြစ်ကြက်သည်းဟင်း အစရှိသဖြင့်လှူဒါန်းပါတယ်။ အန်တီဆွိတစ်ယောက်လဲ ဆစ်ဒနီရောက်မှာ မကြာခဏ အလှူထမင်းအလှူဟင်းတွေ စားဖြစ်ပါတယ်။


အန်တီဆွိတို့မိသားစု မနက် ၁၀နာရီခွဲလောက် ကထိန်ကိုရောက်သွားကြပါတယ်။ ရောက်တဲ့ အချိန်မှာ အချိုပွဲတွေ ဟင်းပွဲတွေ ပြင်ဆင်နေကြပါပြီ။

အန်တီဆွိက ပြန်ကြားရေးတာဝန်ခံယူထားတာမှို့ အဲဒီနေရာမှာ သွားမကူနိုင်အားပဲ ကင်မလာကြီး တကားကားနဲ့ ဓာတ်ပုံတွေ လိုက်ရိုက်နေရပါတယ်။ ဟင်းတွေကို မှတ်တမ်းတင်ထားတာပါ။
ကြက်မာသားဟင်း
ငါးဖယ်ဆုတ်
ပုဇွန်ချဉ်သုတ်
ဝက်ခေါင်းသုတ်

ငါးဖယ်သုတ်

ငါးကြော်နှပ်
ဝက်သားအချိုနှပ်

ရွှေထမင်း

မုန့်ကျွဲသည်း

မုန့်ကုလားမဲ
၁၁နာရီမှာ ဘုန်းဘုန်းများကို ဆွမ်းကပ်ပါတယ်။


အချိုပွဲတွေကလဲ စုံနေတာပါပဲ ခင်ဗျာ။

၁၁နာရီလောက်မှာ ဘုန်းဘုန်းများကို စတင်ဆွမ်းကပ်အပြီးမှာ အစားအသောက်များကို စတင် တည်ခင်းပါတယ်။ တန်းစီကြတာ တန်းကြီးမှ အရှည်ကြီးပဲ ခင်ဗျာ။



လာရောက်တဲ့ ပရိတ်သတ် တော်တော်များပါတယ်။ နောက်ပိုင်း ခုံတွေ မလောက်တော့ပါဘူး။


တရားပွဲမစခင်မှာ ဘုန်းဘုန်းလေး၏ တပြည့်ကျော် ကျောင်းသူကျောင်းသားများက ဘုရားစာများ ရွတ်ဖတ်ပူဇော် ပါတယ်။

ကထိန်အလှူရှင် အန်တီတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပါတယ်။
ကထိန် သင်္ကန်းအလှူရှင် စာရင်းကို ကြေငြာပါတယ်။


ဆရာတော်မှ ကထိန်သင်္ကန်းကပ်လှူရခြင်းရဲ့ အကျိုးနဲ့ တရားရေအေးတိုက်ကျွေးပါတယ်။
ကထိန်သင်္ကန်းများကို ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းကြပါတယ်။
ရိုးရာ မပျက် ဆွမ်းဆန်စိမ်းများ လောင်းလှူကြရင်း အခန်းအနားကိုရုပ်သိမ်းလိုက်ပါတယ်။

ဆစ်ဒနီမြို့မှ ကွမ်းတောင်ကိုင် လှပျိုဖြူများ ဖြစ်ပါတယ် ...း))


13 comments:

  1. အိုး..
    တင်တော့လည်း နှစ်ပုဒ် ဆက်တိုက်..
    ပြီးတော့ စားစရာတွေနဲ့..
    ဗိုက် ဆာ သွားပြီ..လျော်ပေး..လျော်ပေး..
    =P
    -m

    ReplyDelete
  2. ဟုတ်ပ အကြွေးတွေကျန်တာ စုရှင်းလိုက်တာ။ ဒီနေ့ မနေ့က အလှူကဟင်းတွေကျန်တာ ရလာလို့ ဟင်းချက်စရာ မလိုဘူးလေ။ ဒါကြောင့် အားနေလို့ ၂ပို့စ် ဆက်တိုက် ... ..း))

    ReplyDelete
  3. ဂျူးဂျူးလေး ဗမာ (မြန်မာ) ၀တ်စုံလေးနဲ့ သိပ်လိုက်တယ် တီဆိ မနေ့  fb မှာတွေလိုက်တယ် တီဆွိ က ငိုချင်းမင်းသားကြီး :) နေရာ ယူထားလို့  ဒါကြောင့် ဓါတ်ပုံတွေ မှာမတွ့ တာကို ဓါတ်ပုံ တွေ သိပ်ကောင်းတယ်

    ReplyDelete
  4. ဂျူးဂျူးလေး မြန်မာဝတ်စုံလေးနဲ့ ချစ်စရာလေး။ အရပ်လည်း ရှည်လာတယ်နော်။
    အစားအသောက်တွေကြည့်ပြီး ဗိုက်ဆာသွားတယ်ဗျို့။
    (လီယို)

    ReplyDelete
  5. ဘယ်နိုင်ငံမှာနေနေ ရိုးရာဓလေ့ မပျက် ကထိန်ခင်းတာကိုကြည်ပြီး

    သာဓု သာဓု သာဓု


    ကြည်စန္ဒာ

    ReplyDelete
  6. သာဓု သာဓု သာ ဓု
    ကုသိုလ် အများကြီး ရသွားပြီ

    ReplyDelete
    Replies
    1. T T Sweet said...
      နတ်သမီးရဲ့ ဘလော့ဂ်ကိုသွားဖတ်တာ word verification နဲ့ တိုးနေလို့ မန့်လို့မရခဲ့ဘူး။

      "Please prove you're not a robot " ဆိုတဲ့ word verification လေးဖြုတ်ပေးပါလား။


      ကွန်မန့်ကို ဒီမှာပဲ အရင်တင်လိုက်တယ်နော်။
      T T Sweet said...

      လာဖတ်သွားပါတယ်။ မန့်လို့မရဘူးဆိုလို့ ခုတော့ ရသွားပြီပေါ့။
      ရန်ကုန်နဲ့ ပတ်သတ်တာလေးတွေ မြင်ရတာ ကြားရတာလေးတွေ ရေးပေးပါဦး။ အဝေးရောက်တွေက အလွမ်းပြေဖတ်ချင်ကြတာ။

      Delete
  7. မြန်မာ့ဓလေ့ကချစ်စရာပါ။
    ရိုရာထိန်းသိမ်းတာတွေရလို့ပျော်ပါတယ်။

    ReplyDelete
  8. ပျော်စရာကြီး

    ReplyDelete
  9. ပြန်တောင်စားချင်လာပြီတီဆွိရေ။ :)

    ReplyDelete
  10. ပြန်တောင်စားချင်လာပြီတီဆွိရေ။ :)

    ReplyDelete
  11. စားချင်လိုက်တာ....

    ReplyDelete
  12. တီတီဆွိရေ
    ပျော်စရာကောင်းလိုက်တာနော် ကထိန်တွေနဲ့လဲဝေးနေရတာကြာပေါ့လေ..ဒီပုံတွေကြည့်ပြီးတော့ဘဲ စိတ်ချမ်းသာရာရလိုက်ပါတော့တယ်

    ReplyDelete