Wednesday, September 3, 2014

မှတ်ဥာဏ်ကောင်းဖို့ စားကြစို့ ...



အန်တီဆွိဟာ ငယ်ငယ်ကတည်းက မှတ်ဥာဏ်မကောင်းဘူး။ ကျောင်းစာတွေဆို သူများတွေ ၂ခေါက် ၃ခေါက်လောက်ဖတ်လို့ အလွတ်ရရင် ကိုယ်က အကြိမ်ကြိမ် အဖန်ဖန်ကျက်မှတ်မှရတယ်။ ငယ်ငယ်က စာတွေကျက်လွန်းအားကြီးလို့ လမ်းထဲမှာဆို ရေဒီယိုကမာရွတ်ပဲ။

မှတ်ဥာဏ်သာ မကောင်းတာ ပုစ္စာ ဖြေရှင်းရတဲ့ သင်္ချာတွေ ဘာတွေကျ ဦးနှောက်က ကောင်းနေပြန်ရော။ ခုချိန်ထိ အိမ်မှာ ဟိုသားအဖ တွက်လို့ မရတဲ့ ပုစ္စာတွေဆို ကိုယ်က တစ်ခေါက်လောက်ဖတ်ပြီးတာနဲ့ကို အဖြေမှန်အောင် တွက်လို့ရတယ်။ မှတ်ဥာဏ်မကောင်းတော့ အဲဒါလေးနဲ့ လုပ်စားလို့ရလို့ တော်ပေသေးတယ်ပေါ့။ ဒါကတော့ ကြော်ငြာ ၀င်တာပါ။ 

ခုဆို အသက်ကြီးလာတော့ မှတ်ဥာဏ် memory မကောင်းတာဟာ ပိုတောင်ဆိုးဆိုးလာတယ်။ ဘာမဆို ခေါင်းထဲ ၀ါးတားတားနဲ့ မမှတိမိတာမှ Short term memory တောင် ဖြစ်နေသလား ထင်ရတယ်။ အလုပ်မလုပ်ပဲ အိမ်မှာနေစဉ် ကာလပတ်လုံး ဦးခြိမ့်ကို အမြဲပြောတဲ့ စကားရှိတယ်။ ကိုမောင်ခြိမ့်ရယ် ကျုပ်ဖြင့် ဘာကိုမှ မှတ်မိတယ် မရှိဘူး။ သင်တာတွေလဲမေ့။ ပြောတာတွေလဲမေ့။ လုပ်တာတွေလဲ မေ့၊ ဒီဦးနှောက်နဲ့တော့ ကျူပ် အလုပ်ပြန်လုပ်လို့ ရမယ်မထင်ဘူး။ ဘာအလုပ်ပဲ လုပ်လုပ် လူတွေနဲ့ဆက်ဆံရမယ်.။ အလုပ်ဝင်ကာစမယ် အသစ်တွေ သင်ယူရမယ်။ သူတို့ပြောတာတွေ သင်ပေးတာတွေ ကျုပ် သတိတွေမေ့ပြီး ဘာမှ pick up မလုပ်နိုင်ရင် ဒုက္ခပဲ။ ကျူပ်ဦးနှောက်နဲ့ တော့ မဖြစ်ပါဘူးတော်ဆို အမြဲ ပြောမိတယ်။ မေ့တတ်လွန်းလို့ iphone မှာ alarm တွေကို ခေါင်းစဉ်မျိုးစုံနဲ့ လုပ်ထားရတာ အပေါင်းအသင်းတွေဆို အကုန်သိ။

အလုပ်အင်တာဗျူး ၀င်ခါနီးတော့ အရင်က သိထားသမျှ အလုပ်နဲ့ ပတ်သတ်တဲ့ အတွေ့ အကြုံတွေ technical terms တွေ ကို excel sheet တစ်ခု ဖန်တီးပြီး ကိုယ့် memory တွေ အားလုံး မပျောက်ဆုံးခင် ရေးမှတ်ထားတာရှိတယ်။ အဲဒီ မှတ်ထားတာတွေကို ပြန်ဖတ် memory တွေ ပြန်ဖော်ရတယ်။ အဲဒီမှာ အကြံရတာနဲ့ memory ကောင်းစေမဲ့ နည်းလမ်းတွေ မရှိဘူးလားမသိဘူးဆို ဆရာကြီး google ဆီမှာ ရှာကြည့်လိုက်တာ စောနက တင်ထားတဲ့ status က အစားအသောက်တွေ စားပေးရင် ဦးနှောက်ဥာဏ်စွမ်းအားကို ကောင်းစေပါတယ်တဲ့။ 

ဒါတင်မကဘူး အတွေ့အကြုံအရ အိပ်ရေးပျက်ရင်လဲ memory loss ဖြစ်တတ်ပါတယ်။ အိပ်ရေးဝအောင်အိပ်ပြီး အောက်က အစားအသောက်တွေ စားပေးရင် သင့်ရဲ့ memory မှတ်ဥာဏ်ကောင်းစေရုံမက၊ concentration လဲကောင်းလာပါတယ်။ အရင်ကလို တစ်ခုခု ဖတ်ရင် မှတ်ရင်ေ၀၀ါးေ၀၀ါး မဖြစ်တော့ဘူး။ ဦးနှောက်နဲ့ ပါတ်သတ်တာ စဉ်းစားတွေးခေါ်နိုင်မှု၊ ဥာဏ်ရည်တွေပါ တက်လာတာ လက်တွေ့ပါပဲ။

အန်တီဆွိကတော့ အဲဒီ အစားအစာတွေကို brain food လို့ခေါ်ပါတယ်။ အဲဒါလေးတွေ မှီဝဲပြီး အခု အလုပ်ဝင်တော့ အရမ်းကို အဆင်ပြေတယ်.။ pick up လဲ အရမ်းကောင်းလာတယ်။
သင့်ရဲ့ မှတ်ဥာဏ်ကောင်းအောင်
၁) အိပ်ရေး ၀၀ အိပ်ပါ။
၂) အောက်ပါ အစားအေသာက်များကို နေ့စဉ် စားပေးပါ။
....
....
Foods to boast your memory
.....................................................
Fish oil capsule ငါးကြီးဆီ သို့ အဆီများသော ငါးများ (ဆယ်လမွန်၊ ကျူနာ)
Blueberry သီး
Walnut နှင့် အခြား အစေ့ အဆံများ (နေကြာစေ့ ဖရုံစေ့ အစရှိသည်)
Avocado - ထောပတ်သီး
Egg- ကြက်ဥ
Whole meal ( cereal oak, whole meal bread အစရှိသည်)
ဘရာကိုလီ၊ ကိုက်လံ အစရှိသော ဟင်းရွက်စိမ်းများ
.....
.....
Bonus အနေနဲ့ အဲဒါတွေစားတော့ အသားအရည်တွေပါ သိသိသာသာ ကောင်းလာ လှလာပါတယ်။ ပျိုပျိုမေတို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် မှတ်ဥာဏ်လဲ ကောင်းချင် အသားအရည်လဲ လှချင်ရင် အဲဒါလေးတွေ စားကြည့်နော်။ 


အန်တီဆွိကတော့ မနက်ဆို ကြက်ဥ half fried ၂လုံး whole meal bread မီးကင် ထောပတ်သုပ်
ပြီးတော့ ရုံးရောက်ရင် အလုပ်လုပ်ရင်း အိမ်က ဘလန်ဒါနဲ့ မွှေထားတဲ့ ထောပတ်သီးနဲ့ blueberry milk shake သောက်တယ်။
ညကျတော့ ငါးကြီးဆီ 1500 mg -၂လုံးသောက်တယ်။
ညဖက် snack အနေနဲ့ walnut ကို လှော်ပြီး ၀ါးပါတယ်။
သိသမျှလေးတွေ အများလဲ အကျိုးရှိအောင် မျှဝေခြင်းသာ ဖြစ်ပါတယ်။ မှားနေရင်လဲ ဝေဖန်ထောက်ပြပေးကြပါ။

9 comments:

  1. တီတင့်လဲငယ်ငယ်ထဲက မှတ်ဥာဏ်အားနည်းတယ် ဆွိတီရေ… နောင်လာ နောက်သားတွေအတွက် နည်းကောင်းလေးတွေ မျှဝေပေးတာ ကျေးဇူးပါ။

    ReplyDelete
  2. Thanks for sharing very useful info:, T Sweet, I'm gonna try this as I'm getting really forgetful after delivery :(

    ReplyDelete
    Replies
    1. အန်တီဆွိလဲ ခွဲခန်းထဲ ၃-၄ခါလောက်ဝင်ဖူးတော့ အဲဒီမေ့ဆေးတွေကြောင့်များ ဒီလောက် သတိင်္တေ မေ့တတ်တာလား စဉ်းစားမိတယ်။ အဲဒါ ဖြစ်နိုင်လောက်တယ်.။ google ကြည့်ဦးမှပါ.။

      Delete
  3. Thanks a lot for sharing, sis. I used eat 2 slice of toasted sunblest spreaded with butter, one boiled egg plus a drink as breakfast when I was in Syd. I prefer wholemeal bread than white one. But here in Ygn, I can't find wholemeal bread. :(
    Keep up with your nutritious diet, sis! It's really good. :)

    ReplyDelete
  4. ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. ကိုယ့်ကိုငယ်ငယ်ကဥာဏ်ကောင်းတယ်လို့ ခဏခဏအပြောခံရတယ်။
    ခုကြီးလာတော့အရမ်းမေ့တတ်တယ်။
    အလုပ်ထဲမှာမမေ့အောင်အကုန်ချရေးထား ဖုန်းထဲမှတ်စရာရှိတာမှတ်ထားလုပ်နေရတယ်။
    တီတီဆွိ ပြောတဲ့စားစရာလေးတွေသိပ်မကြိုက်ပေမဲ့ခဏခဏစားဦးမှဘဲ။
    အိုင်အိုရာ
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အတူတူပဲ အိုင်အိုရာနဲ့။ To do list အမြဲရေးရတယ်။ အိမ်မှာရော ရုံးမှာရော။ လုပ်စရာတွေ မေ့မှာ ကြောက်လို့။

      Delete
  6. Sis TT Sweet,

    B-12 is good for memory and brine.
    http://www.youtube.com/watch?v=18Duadpgpnw

    Rakhinenwe

    ReplyDelete
    Replies
    1. Thanks, one of my friend also recommends about that. I will try.

      Delete