Tuesday, September 9, 2014

အိမ်ရှင်မတို့ အတွက် မြန်ကောင်း သက်သာ နည်းလမ်းကောင်းများ .. (၂)



၁) ဖြစ်နိုင်ရင် အလုပ်ကို အိမ်နဲ့ နီးတဲ့ နေရာမှာ ရွေးချယ်ပါ။


ကိုယ်က အိမ်ငှါးနေတယ်ဆို အလုပ်နဲ့ နီးရာမှာ ပြောင်းပြီးငှါးနေပါ။ အိမ်ဝယ်ထားတယ်ဆိုရင်တောင် အလုပ်က ခိုင်တယ်ထင်ရင် အလုပ်နဲ့ နီးရာ ကို တောင် ပြောင်းနေစေချင်တာ။ အလုပ်က မြို့လည်ခေါင်လို ဈေးခေါင်ခိုက်တဲ့ နေရာဆိုရင်တော့ ဘယ်တတ်နိုင်မလဲနော့။ ဒါကြောင့် ဖြစ်နိုင်ရင်လို့ စကားခံထားတာပါ။ (အိမ်ပြောင်းရင် ခလေးရော ကျောင်းပြောင်းရမှာ။ သူ့အတွက် ကျောင်းနဲ့ နီးဖို့ ပါ ထည့်စဉ်းစားရမှာပါ။)

ဘယ် မြို့ကြီး ပြကြီးမှာမဆို အလုပ်ချိန် rush hour တွေမှာ traffic က ကြောက်ခမန်းလိလိ၊ လူအတော်များများဟာ လမ်းတွေပေါ်မှာ ရုံးမရောက်သေးဘူး၊ ကားမောင်းရင်းနဲ့ ကို frustrated ဖြစ်နေကြရပြီ။  အတော်လည်း စိတ်ရှည် သီးခံကြရတယ်။ ဆစ်ဒနီလို မြို့မှာဆို အဲလို အချိန်တွေမှာ ဘယ်သွားသွား လမ်းတွေဟာ ပြည့်ကျပ်နေတာပါပဲ။  ခရီးဝေးတော့ ကားမောင်းရတာတင် အသွားတစ်နာရီ၊ အပြန်တစ်နာရီလောက်ကြာနေရင် အိမ်ရောက်တော့ ချက်ပြုတ်ပြင်ဆင်ဖို့ အချိန်က အတော်လျော့သွားပြီလေ။ လူကလဲ အလုပ်က ပင်ပမ်းရတဲ့ ကြားထဲ traffic ကြောင့် frustrated ဖြစ်ရတာနဲ့ နွမ်းနယ်နေကြပြီလေ။ ခလေးကို after school ပြန်ခေါ်ဖို့လည်း နောက်ကျနေကြပြီ။

အန်တီဆွိ အရင်အလုပ်က Traffic ကြောင့် တစ်နာရီခွဲလောက် ကားမောင်းရပါတယ်.။ ကံကောင်းထောက်မစွာနဲ့ အခုအလုပ်က အိမ်နဲ့ သိပ်မဝေးတော့ သမီးဝင်ကြိုပြီးတာတောင် စုစုပေါင်း နာရီဝက်ဆို အိမ်ပြန်ရောက်ပါပြီ။ လူအတော်သက်သာသလို အိမ်အလုပ်တွေ လုပ်ဖို့လည်း အချိန်တွေ အများကြီး ပိုရပါတယ်။ လူလဲ သိပ်မပင်ပမ်းတော့ဘူးပေါ့။ ဒါကြောင့် ဒီအချက်ကလည်း သိပ်ကို အရေးကြီးလို့ နံပါတ် (၁) မှာကို ထားထားတာပါ။

တစ်ချို့ ရုံးတွေမှာ flexible hour ဆိုတော့ traffic ကို ရှောင်ချင်ရင် ရုံးကို စောစောလာ၊ စောစောပြန် ဒါမျိုးဆိုလဲ အဆင်ပြေပါတယ်။ နောက်တစ်ခုက ရထားတို့ ဘတ်စ်တို့နဲ့ အဆင်ပြေမဲ့နေရာဆိုရင်လဲ public transport သာ သုံးပါ။ ကားမမောင်းရတော့ ရထားပေါ် ကားပေါ်  အတော် အနားရပါတယ်။

၂) ခလေးကို before school , after school တွေ ၂ခုလုံးမှာ ထားပါ။ ဒါကတော့ ပြောစရာမလိုပါဘူး။ မိဘ ၂ပါးလုံး အလုပ်လုပ်တဲ့ အိမ်ထောင်တွေမှာ ခလေးတွေကို OOSH လို့ခေါ်တဲ့ Out Of School Hours Care တွေမှာ ထားရတာ ထုံးစံပါပဲ။ ဒီအော်ဇီမှာတော့ မူလတန်းကျောင်းတိုင်းမှာ OOSH centre တွေ ရှိပါတယ်။ သူတို့က မနက်ဆို breakfast ညနေ ကျောင်းပြန်ဆိုလည်း afternoon tea လို့ခေါ်တဲ့ မုန့်တွေ စားစရာတွေ ကျွေးပါတယ်။ သူတို့ကျွေးတာတွေဟာ ဒီက rules and regulation တွေ အတိုင်း ခလေးတွေကို ကျန်းမာစေမဲ့ အစာတွေ ချက်ပြုတ်ပြီူး ကျွေးရတဲ့ အတွက် စိတ်ချရပါတယ်။ အဲဒီအတွက် ကိုယ်က ပြင်ဆင် မပေးရတော့ သက်သာပါတယ်။ School Fees အနေနဲ့လည်း အစိုးရက ၅၀% subsidy လုပ်တော့ သိပ်တော့လည်း အကုန်အကျ မများပါဘူး။

၃) ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ ပန်းကန်ဆေးစက်၊ အ၀တ်ခြောက်စက်၊ မီးပူကောင်းကောင်း၊ အမှုန့်ကြိတ်စက်က အစ အိမ်မှာလိုအပ်တဲ့ ပစ္စည်းများကို ပြည့်စုံအောင် ၀ယ်ပြီး ကိုယ့်ရဲ့ လုပ်အားသက်သာအောင် အသုံးပြုပါ။ ဒီအတွက်လိုသမျှတွေကို လုံးဝ မနှမြောပဲ ၀ယ်ပါ။ အသုံးချပါ။

ဥပမာအနေနဲ့ ပြောရရင် အိမ်မှာ ရေခဲသေတ္တာ ဆိုရင်  စ၀ယ်ကတည်းက ဦးခြိမ့်က အိမ်အဟောင်းက ရေခဲသေတ္တာအတွက် သတ်မှတ်ထားတဲ့နေရာလေးနဲ့ တိုင်းပြီးဝယ်ထားတော့ သူဝယ်ထားတဲ့ ရေခဲသေတ္တာက သေးနေပါတယ်။ ကိုယ့် ထည့်စရာတွေနဲ့ ဘယ်တော့မှ မဆန့်ပါ။ အထူး သဖြင့် အပေါ်ခန်း freezer ဆို အမြဲပြည့်သိပ်နေပြီး အဲဒါကို management လုပ်နေရတာကို အတော်ကြာပါတယ်။ ပစ္စည်း တစ်ခုလိုချင် ပိတ်နေတာတွေ အကုန်ထုတ် လိုတာ ဆွဲထုတ်ဆိုတော့ အချိန် အတော်ကုန်ပါတယ်။ ဒီတော့ ဟင်းတွေချက်ပြီး ထားချင်ထားရအောင်ဆို freezer အသေးလေး တစ်ခု အလုပ်စ မ၀င် ခင် မှာပဲ ထပ်ဝယ်လိုက်တာ အတော်ကို အဆင်ပြေသွားပါတယ်။ အဲဒါလေးကလဲ ၂၀၀ ၃၀၀ လောက်ပဲ၊ ဘယ်လောက်မှ ကုန်ကျတာမဟုတ်ပဲနဲ့ လူလဲ အတော်ကို စိတ်ချမ်းသာသွားပါတယ်။

Dish Washer -ပန်းကန်ဆေးစက်လဲ ထိုနည်းလည်းကောင်းပါပဲ။ အန်တီဆွိ စင်္ကာပူမှာနေတုံးက အိမ်တွေမှာ ပန်းကန်ဆေးစက် မရှိကြပါဘူး။ သိပ် ခေတ်မစားသေးတာလား၊ စင်္ကာပူက အိမ်ရှင်မတွေကပဲ မသုံးကြတာလားမသိပါ။ ဒီမှာတော့ အိမ်ဝယ်မယ်ဆို အိမ်က သိပ်ရှေးဟောင်းကြီးမဟုတ်ရင် မုန့်ဖုတ်တဲ့ Oven တို့ ပန်းကန်ဆေးစက်၊ အ၀တ်ခြောက်စက်တို့ဆိုတာ  ready made ပါပြီးသားပါ။  အရင် ရောက်စကတော့အိမ်အဟောင်းမှာ မပါတော့ မသုံးဖြစ်ပါဘူး။

အိမ်အသစ်ရောက်တော့လည်း အသစ်တွေသုံးရမှာ မ၀ံ့ရဲတဲ့ အန်တီဆွိက ရောက်ပြီး တစ်လလောက်ကြာတဲ့ ထိကို မသုံးခဲ့ပါဘူး။ နောက်မှ ဦးခြိမ့်က သုံးပါသုံးပါ တပူပူ လုပ်လွန်းလို့ သူကိုယ်တိုင်ပဲ ပထမဆုံး စဆေးပြပြီး သင်ပြခဲ့လို့ စသုံး ခဲ့ပါတယ်။ ပန်းကန်ဆေးစက်က ဆေးပြီးတဲ့ ပန်ကန်တွေဟာ ပူပူနွေးနွေးနဲ့ ရေခြောက်ပြီးသား တစ်ခါထဲ ထွက်လာတာ သိပ်ကို သဘောကျမိပါတယ်။ အဲဒိနောက်ပိုင်းတော့ ဦးခြိမ့်လည်းတိုက်တွန်းစရာမလို ကိုယ့်ဟာကိုယ်ပဲ ဆပ်ပြာခဲလေးတွေ ရာချီဝယ်ပြီး သုံးပါတော့ တယ်။ ဆပ်ပြာခဲလေးတွေကလဲ တစ်ခဲမှ ၁၅ပြားလောက်ပဲကျတာပါ။ ညစာ ထမင်းစားပြီးတိုင်း နေ့စဉ် တစ်ခါ စက်နဲ့ဆေးပါတယ်။ တစ်နေကုန် စားသောက်ချက်ပြုတ်ပြီးတဲ့ ပန်းကန်ဆေးစရာတွေကို ရေလေးနဲ့ ကျင်းပြီး ပန်ကန်ဆေးစက်ထဲက စင်ထဲ  စီထည့်ထားရုံပါပဲ။ ညနေထမင်းစားပြီးချိန်ဆို စက်ထဲလဲ ပန်းကန်အပြည့် ကွက်တိပါပဲ။ အဲဒီကျ ဆပ်ပြာခဲလေး ထည့်ပြီး ခလုပ်လေး နှိပ်လိုက်ရုံပါပဲ။ နာရီဝက်ဆို ဆေးပြီးပါပြီ။ ပန်းကန်တွေတော့ ၂စုံစာ ထားထားရပါတယ်။ အဲဒါမှ ပန်ကန်ဆေးစက်ထဲ ပန်းကန်တွေ အများကြီးရောက်နေခ်ျိန်မှာ အပြင်မှာလဲ စားစရာ ပန်းကန်တွေ ကျန်မှာပါ။

လူလဲ ပင်ပန်းသက်သာ၊ ဗိုက်တွေကို ရေစိုတာ သက်သာ၊ ပန်းကန်တွေလဲ ရေစက်လက်မဖြစ်၊  ရေဖိုးလဲသက်သာ၊ အချိန်ကုန်လဲ သက်သာလို့ ပန်းကန်ဆေးစက်မရှိသေးသော အိမ်ရှင်မ မည်သူ့ကို မဆို ၀ယ်ဖို့ရန်တိုက်တွန်းပါတယ်။ တစ်လုံးမှ  ဒေါ်လာ ၄၀၀- ၅၀၀ လောက်ပဲရှိပါတယ်။ skin care တစ်ဆက်ဖိုးလောက်၊ Branded အိပ် တစ်လုံးစာလောက်တောင် မရှိပါ။ လုံးဝ မြန်ကောင်း သက်သာစေရမယ်လို့ အာမခံပါတယ်။ တစ်ဆက်တည်း ပန်းကန် ၂ဆက်စာ ဆန့်မဲ့ ပန်းကန်စင်ရယ်၊ ဘီရိုထဲ အလှပြထားတဲ့ ပန်းကန်နောက်တစ်ဆက်ပါ ထုတ်သုံးဖို့ မမေ့ပါနဲ့။

နောက်ပြီး ခုအန်တီဆွိ ၀ယ်ဖို့စိတ်ဝင်စားနေတာ I -robot လို့ အလွယ်ခေါ်နေကြတဲ့  Roomba လို့ခေါ်တဲ့ အလိုအလျောက် ဖုန်စုတ်စက်ကလေးပါ။ သူလေးကလည်း လူက ဖုန်စုတ်စက်ကြီးကိုင်ပြီး တ၀ှီးဝှီး တရွှီးရွှီး နဲ့ ပင်ပန်းအောင် ဖုန်စုတ်စရာမလိုပဲ စက်ကလေးကို ဖွင့်ပြီး ပစ်ထားရုံနဲ့ သူ့အလိုလို လျှောပတ်သွားပြီး အိမ်အနှံ့ ဖုန်လိုက်စုတ်ပေးမှာပါ။ ဘယ်လောက် သက်သာ အကျိုးများမလဲ လေ့လာနေတုံးပါ။

၎) ပစ္စည်းတွေကို တစ်ကြိမ်တည်းနှင့် များများ တစ်ခါထဲ ၀ယ်ထားပါ။

ဒီမှာတော့ super market စတိုးဆိုင်အကြီးကြီးတွေဟာ အပြိုင်အဆိုင်ဆိုတော့ တချို့ပစ္စည်းတွေရဲ့ ဈေးတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ဈေူးလျှော့ ရောင်းကြပါတယ်။ တစ်ချို့ဆို ၅၀% discount အထိ ချကြပါတယ်။ အဲဒီအချိန်မှာ ကိုယ့်အိမ်မှာ အမြဲလဲ လိုအပ်မဲ့ ပစ္စည်းတွေ၊ ကြာရှည်လဲ ထားခံမယ်ဆို ၁၀ခု ၁၅ခု များများ တစ်ခါထဲသာ ၀ယ်ထားပါလေ။ ဆန်တွေဘာတွေဆိုလဲ အိပ်အကြီးဆုံး အိပ်တွေ ဆီဆိုလဲ ပုံးလိုက်  များများ တစ်ခါထဲသာ ၀ယ်ထားပါ။ အများကြီး ၀ယ်ထားတော့ ခဏခဏ မ၀ယ်ရတာ အပြင် ဈေးကလဲ သက်သာပါသေးတယ်။ အဲဒီတော့ ဈေးသွားရင် တော်တော်နဲ့ မ၀ယ်ရတော့ ဈေးဝယ်ရတာ အချိန်ကုန် သက်သာတော့ နားချိန် ပိုရပါတယ်။

အခုအပတ်ဆို အန်တီဆွိ ဈေးဝယ်တာ သက်သာတာမှ အကြာကြီး အထားမခံတဲ့ အသား၊ငါးနဲ့ ဟင်းသီး၊ ဟင်းရွက် ၊ သစ်သီးတွေသာ ၀ယ်ရပါတယ်။ ကြက်ဥတောင် ၃ကတ်လောက်ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါတယ်။ ကိုယ်က ကြားရက်မှာ အချိန် မရတော့ အိမ်မှာ ပစ္စည်းပြတ်သွားရင် အရင်ကလို ဖွတ်ကနဲ ကားလေးမောင်းပြီး သွားဝယ်လို့မှ မရတော့တဲ့ အခြေအနေကိုး။  ၀ယ်ပြီးတာတွေကိုလဲ ကားဂိုထောင်လိုနေရာမျိုးမှာ သေချာယူရလွယ်အောင် မှတ်သားထားပါ။ ဒါမှ မီးဖိုချောင်ထဲ ပစ္စည်းြ့ပတ်သွားရင် အလွယ်တကူသွားယူလို့ရမှာ။ အိမ်မှာ ခု များများ ၀ယ်ထားတဲ့ ပစ္စည်းတွေက ကိုယ်တိုက် ဆပ်ပြာရည်၊ အ၀တ်လျှောိ ဆပ်ပြာ၊ Dish washer ဆပ်ပြာ၊ Wash and wax, သွားတိုက်ဆေး၊ Shampoo၊ conditioner သွားတိုက်တံ၊ အိမ်သုံးဆေး၊ အားဆေး၊ မီးဖိုချောင်ထဲဆို ဆန်၊ ဆီ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့် ၊ ငံပြာရည်က အစ အားလုံးကို များများ ၀ယ်ထားပါတယ်။ အဓိကကတော့ အပတ်စဉ်ဈေးသွားရတာ မြန်အောင် အချိန်ကုန် သက်သာအောင် ဖြစ်ပါတယ်။

5 comments:

  1. စီနီယာ ထံ မှ လေ့လာ မှတ်သား သွားပါကြောင်း....:)

    ReplyDelete
  2. အိုင်အိုရာလည်းဖရီဇာတစ်လုံးလောက်ဝယ်ချင်နေတာ။
    အဲဒါစိတ်ချမ်းသာသွားတယ်ဆိုတာယုံတယ်။
    ကိုယ်ကအမြဲအဲဒီဒုက္ခရှိနေတာ။း)

    ReplyDelete
  3. အိမ်ထောင်ရှင်မတိုင်း နှစ်သက်သဘောကျမယ့် ပို့စ်လေးပါ ဆွိတီရေ... ၁နဲ့၂ ပေါင်းဖတ်သွားတယ်။
    အချိန်ရရင်.. တီတင့်ရဲ့ လင့်ခ်အသစ် ပြောင်းချိတ်လိုက်အုံးနော်.. ကျေးဇူးပါ. :)
    www.auntytint.blogspot.com

    ReplyDelete
  4. အမ အမဘလော့ကို ဟိုးအရင်ဂျူ ဂျူလေး ကူမွန်ထားကတည်းကဖတ်ပေမယ့် comment မရေးဖြစ်ဘူး အရင်RIT ပိုစ်တွေပါအကုန်ပြန်ဖတ်ဖူးတယ် အပတ်တိုင်းလဲ အသစ်တင်လားလို့ ကြည့်ဖြစ်ပါတယ် ဒန်ပေါက်ပို့စ်တော့ အမျိုးသားကပါကြိုက်လို့ Thanks လာလုပ်ဖူးတယ် ဒီပို့စ်လဲကြိုက်တယ် ဝိုင်းတို့ဒီမှာ လင်မယားနှစ်ယောက်ထဲဆိုပေမယ့် အမပြောသလို မြန်ကောင်းသက်သာနည်းလေးတွေလိုမယ်ထင်တယ် အိမ်မှာဆို ဝိုင်းလက်ရာနဲ့ရှုပ်ပွနေတာပဲ အလုပ်ကပြန်ရင်လဲ အရှုပ်ထုပ်ကိုမြင်ရင်စိတ်တိုတယ် အမနည်းတွေထဲကနေ အချိန်ပိုထွက်အောင်လုပ်ရမယ် .. ဝိုင်းတော့ဒီမှာ များများဝယ်ရင် ASDA ကနေ online ကမှာတယ် ဆန်တွေ ဆပ်ပြာရည်တို့အကုန်လုံးပေါ့ သယ်ချပြီးအိမ်ထဲအရောက်ပို့ပေးပါတယ် ဒါပေမယ့် သူလာမယ့်အချိန်ကို time frame ရွေးပြီး စောင့်နေရတယ် အမနောက်ထပ်ရေးမယ့်နည်းကောင်းတွေစောင့်မျှော်လျက်ပါ

    Wine

    ReplyDelete
  5. Hi Ama

    Many thanks for very useful post. I just want to share my experience using a iRobot machine.It makes our life much easier although we still need to make sure there is no loose wires on the floor or remove some small furnitures which can trap the Rooba. My previous one lasted for about 3 years.

    ReplyDelete