Sunday, May 3, 2009

မျောက်မူးလဲ သားအမိ ...(၁)



ဤရုပ်ပုံကိုကြည့်ပါ။ ပရိတ်သတ်ရဲ့ စိတ်ထဲမှာ ဘာလို့ထင်ပါသလဲ။
တစစီကျိုးပဲ့နေပြီး ဖြူတဲ့နေရာကဖြူနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ လက်ကောက် တရံသာဖြစ်ပါတယ်။ အတိအကျဆိုရရင်ဖြင့် သမီးဂျူဂျူပိုင်ဆိုင်ခဲ့သော လက်ကောက်တရံပါ။

သမီးငယ်ငယ် လသမီးလေးကတည်းက သူ့အဒေါ်က ခလေးကျန်းမာအောင်ဆိုပြီး ခမည်းအနေနဲ့ ဆင်ပေးပါဆိုလို့ ၀ယ်ပေးခဲ့တာပါ။၁နှစ်ခွဲ၂နှစ်တစ်ကြိမ်လောက် သမီးလက်နဲ့ မတန်တော့ရင် မူစ်တာဖာမှာ ပြန်ရောင်း အလိုက်ပေးပြီး ၀ယ်လာခဲ့တာ၊ ခု ၄ခါမြောက် ထင်တာပါပဲ။ မူစ်တာဖာကို စီးပွားဖြစ်အောင် လုပ်ပေးနေတယ်ဆိုပါတော့။ အဲဒီလက်ကောက်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ၀ယ်ခဲ့တဲ့ လက်ကောက်ပါ။ အဲဒီလက်ကောက် ဘာနဲ့မှ ထုရိုက်ထားတာမဟုတ်ပဲ အဲလိုဖြစ်အောင် သမီးဘယ်လောက်ဆော့လဲ ဆိုတာ စဉ်းစားသာကြည့်ကြပါတော့ ပိတ်သတ်တို့ရေ။

လက်ကောက်ဝယ်တုံးကတော့ အခေါင်းပိတ်အောက်မေ့လို့ ၀ယ်ခဲ့တာ။ အဲလိုတစ်စစီကျိုးမှ လက်ကောက်ဟာ အခေါင်းပွဖြစ်ပြီး ဆက်ရာတွေ အများကြီးဆိုတာတွေ့လိုက်ရတယ်။ ပြီးတော့ တစ်ချို့နေရာတွေဖြူကုန်တယ်... ဆိုင်မှာပြတော့ အရောင်းဝန်ထမ်းက ဒီလိုကေ့စ်မျိုး ဒါပထမဆုံးတွေ့ဘူးတာပါတဲ့။ ပြန်ရောင်းလို့တောင်ရပါ့မလား စိတ်ပူနေတာ။ နောက်ဆုံးတော့ မှတ်ကျောက်တွေဘာတွေ အားလုံးစစ်ပြီး အဆင်ပြေသွားပါတယ်... ခုဒီတစ်ခါတော့ အခေါင်းပိတ်လို့သေချာတာလေး ၀ယ်လာခဲ့ပါတယ်။ စလုံးဖွတ်ကလိဒင်္ဂါး ၇၇၅.၂၉ ကျပါတယ်။ ရွှေဈေးက ၀ယ်ဈေး တစ်ဂရမ်ကို စလုံး၄၅.၁၅၄ကျပ်ပါ။ (အဲဒီနေ့က အပြင်ဆိုင်တစ်ဆိုင်မှာ ၅၂ကျပ်လို့ကြားပါတယ်။ ) ၂၂ကာရက် ရွေရည် ၁၇.၁၇ ဂရမ် ရှိပါတယ်... ဟိုတစ်စစီကျိုးပဲ့နေတာက အကုန်နှုတ်ပြီး စလုံး၄၆၃.၈ကျပ် ပြန်ရလို့ ဖွတ်ကလိဒင်္ဂါး၂ရ၉ပြား အိပ်ထဲက ထပ်စိုက်လိုက်ရပါကြောင်း။ မူစတာဖာမှာ ဘယ်ကရွှေဖြစ်ဖြစ် ပြန်ရောင်းပြီး သူတို့ဆီကပြန်ဝယ်ရင် လက်ခံပါတယ်။ ပေါက်ဈေးရဲ့ ၁၅% နဲ့ GST ၇% စုစုပေါင်း ၂၂% ရှုံးပါတယ်။ ကြုံလို့ စလုံးရွှေဈေးလေး ဗဟုသုတအဖြစ်ပြောပြတာပါ။



သမီးဟာမိန်းခလေးနဲ့မတန်အောင်၊ ဒီလိုလက်ကောက်ကို တစ်စစီဖြစ်အောင်ဆော့တာတော့ မျောက်ရှုံးလွန်းပြီလို့ ထင်နေတယ်။ ချွေးမတော်မည်လို့ စိတ်ကူးယဉ်နေသူတွေ (ဥပမာ ... အန်တီတန်ခူးတို့၊ အန်တီ သက်ဝေတို့ ... အစရှိသဖြင့် ... ) အဲဒီလက်ကောက်တွေရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး စိတ်ကူးပြောင်းသင့်ပြီထင်ပါတယ်... (ကိုယ့်ဟာကိုယ် တစ်ဖက်သတ် တွေးထားတာ ... ဘာရမလဲ ...နာကွ ... နာကွ ...)
သမီးဆော့လွန်းတာနဲ့ ပတ်သတ်ပြီး ပို့စ်လေးတစ်ပုဒ် အရင်ကတင်ဘူးတာ ကြုံလို့ ပြန်တင်လိုက်ပါတယ်။ အမှန်ကတော့ အမေမျောက်ရှုံးတဲ့ အကြောင်းကြီးဖြစ်နေပါတယ်။ ရေးရင်းနဲ့ ပို့စ်ရှည်သွားလို့ နောက်မှ ခွဲတင်ပါတော့မယ်။ နောက်မှို့ဆို ပို့စ် ဂျင်းသုတ်၊ လဖက်သုတ်ဖြစ်သွားမှာကြောက်လို့။ ....

3 comments:

  1. ဟားဟား.. တူတယ်၊ ရှစ်တန်းထိ အိုးပုတ်နဲ့ ကစားတာ၊ ရန်ကင်းဈေးက ရောင်းတဲ့အဒေါ်ကြီးက အပျိုဖြစ်တာ ဒီလောက်ဆော့ရမလား.. နောက်လာဝယ်ရင် သူ့သားနဲ့ ပေးစားမယ်လို့ ချိန်းချောက်ဖူးတယ်၊

    ReplyDelete
  2. သမီးလေးက အဲဒီလောက်ဆော့တယ်လို့ မထင်ရပါဘူးလေ...
    မျက်နှာလေးက အေးအေးလေးပါ...
    (အမှတ်တွေ သူ့အလိုလိုပေးသွားသည်)

    ReplyDelete
  3. ဟီးးးးးးးးးးး
    ညီမလေးကမြူးနဲ့ တူသလားလို့ 
    မြူးလဲအိမ်မှာဆော့လွန်းလို့ မျောက်မူးသေတဲ့

    ReplyDelete