Saturday, October 3, 2009

မြန်မာ လိုင်စင်မှ စင်္ကာပူလိုင်စင်ပြောင်းလိုသော် ...

ဒီအကြောင်းကို တော်တော်များများသိပြီးသားပါ။ ကားမောင်းလိုင်စင်နဲ့ ပတ်သတ်ပြီး ပိုပြည့်စုံသွားအောင် ထပ်ဖြည့်ပါတယ်။

ဘယ်ကားမောင်းလိုင်စင် တွေကို ပြောင်းလို့ရသလဲ။

ယခင်မိမိနိုင်ငံမှာ လိုင်စင်ရှိပြီးသူများ Class 2B နဲ့ Class 3 ကိုသာ မိမိကိုင်ထားတဲ့ လိုင်စင် class ညီမျှတဲ့ စင်္ကာပူလိုင်စင်ကိုပြောင်းလို့ရပါတယ်။ Class 4 နဲ့ Class 5 ဆိုရင်တော့ သင်တန်းတွေပြန်တတ်၊ လက်တွေ့မောင်းပြီး စာမေးပွဲတွေဖြေရပါမယ်။ တိုက်ရိုက် ပြောင်းလို့မရပါ။ Class 2 က မော်တော်ဆိုင်ကယ်၊ Class 3 က ကားအသေး၊ Class 4 -5 က ကုန်တင်ကားတွေ အစရှိသဖြင့်ခွဲထားတာပါ။


စင်္ကာပူနိုင်ငံကို အလည်ရောက်ရှိသူများ၊ အလုပ်လုပ်သူများဟာ ရောက်ပြီး ၁၂လအထိသာ မိမိနိုင်ငံက လိုင်စင်နဲ့ ကားမောင်းခွင့်ရှိပါတယ်။ အလုပ်ကိစနဲ့ ပတ်သတ်ပြီးတော့ မောင်းခွင့်မရှိပါ။ ၁၂လကျော်သွားရင်တော့ စင်္ကာပူလိုင်စင်ပြောင်းပြီးမှ မောင်းခွင့်ရှိပါတယ်။ စင်္ကာပူနိုင်ငံသားများ၊ PRများကတော့ စင်္ကာပူလိုင်စင်နဲ့သာ မောင်းခွင့်ရှိပါတယ်။



လိုင်စင်ပြောင်းဖို့ ဘာတွေလိုအပ်လဲ ။


(၁) မြန်မာပြည်မှာ ကားမောင်လိုင်စင် သက်တမ်း က စင်္ကာပူ မလာခင်အထိ တနှစ် အနည်းဆုံး ဖြစ်ရပါမယ်။

အကယ်လို့ စင်္ကာပူ ကို နိုဝင်ဘာလ ၂၀၀၈ ခုနှစ်က ရောက်တယ်ဆိုရင် မြန်မာပြည်မှာရှိထားတဲ့ လိုင်စင်ရတာ က ယခင်နှစ် နိုဝင်ဘာလ ၂၀၀၇ ခုနှစ်ကတည်းက ရထားတဲ့ သူဖြစ်ရပါမယ်။

(၂) စင်္ကာပူ နိုင်ငံမှာ စင်္ကာပူလိုင်စင်ကို ပြောင်းလဲ ကိုင်ဆောင်မယ်ဆိုရင် မြန်မာပြည်က လိုင်စင်ကို အင်္ဂလိပ် ဘာသာပြန်ပြီး နိုတြီ လုပ်ရပါမယ်။ အဲဒီလို နိုတြီ လုပ်ပြီးကြောင်းကို မှန်ကန်တဲ့ ထောက်ခံချက်ကို နိုင်ငံခြားရေးရုံးမှာ ( MOFA) -နေပြည်တော်မှာ တံဆိပ်တုံး သွားထုရပါမယ်။

နိုင်ငံခြားရေးရုံးမှာ ( MOFA) -နေပြည်တော်မှာ တံဆိပ်တုံး သွားထု မှာတော့ ကိုယ့်လိုင်စင် က သက်တမ်း ကုန်နေလို့ မရပါ။ ပထမ လိုင်စင် သက်တမ်း တိုးဖို့တော့ လိုအပ်တာပေါ့။


(၃) စင်္ကာပူမှာBasic Theory Test ကို ဖြေဖို့ ရက်ချိန်းယူလိုက်ပါ။ ပြီးရင် သွားဖြေပါ။ အောင်မြင်တဲ့ အခါမှ အောင်မြင်တဲ့စာရွက်ရယ်။ မြန်မာပြည်လိုင်စင် အောရီဂျင်နယ်။ နိုတြီ မိုဖာ တုံးထုထားတာနဲ့စင်္ကာပူ လိုင်စင် ထုတ်လို့ ရပါတယ်။


(အချို့အချက်များမှာ မြန်မာကျူးပစ်ဖိုရမ်တွင် ကိုမောင်ခြိမ့်ရေးထားသည်ကို မှီးပါသည်)


စကားချပ် ။ ။ ကိုယ့်အနေနဲ့ ကားလဲ တကယ်မောင်းတတ်တယ်၊ အရင်ကလဲ မြန်မာပြည်မှာ လိုင်စင်ရှိတယ်ဆိုရင်တော့ ဒီလောက်ငွေကုန်ကြေးကျခံ၊ အပင်ပန်းခံပြီး စလုံးမှာ အစအဆုံး ကားမောင်း ဘယ်သင်ပါ့ မလဲနော်။ အလွယ်လေ့းပဲ လိုင်စင်ပြောင်းလိုက်မှာပါ။ မြန်မာလိုင်စင်က ငွေပေးလုပ်လို့ ရချင်ရပေမဲ့ တကယ်မှ မမောင်းတတ်တဲ့ ကိစအတွက် အနရယ်လည်းများလွန်းလို့ တတ်အောင် အပင်ပန်းခံပြီး သင်ခဲ့တာပါရှင်။






2 comments:

  1. အခု လပိုင်းထဲ Convert လုပ်လိုက်တာ 2B မရတော့ဘူး။ Class3 ပဲ ရတော့တယ်။ 2B လိုချင်ရင် ရန်ကုန်က ဆိုင်ကယ်နဲ့ စာမေးပွဲ ဖြေဖူးကြောင်း ထောက်ခံစာ ထပ်ယူခဲ့ပါလို့ တောင်းတယ်။

    ReplyDelete
  2. ဟုတ်ကဲ့ ... ကို ZT ... update လုပ်ပေးတာ ကျေးဇုးပါရှင့်။

    ReplyDelete