Wednesday, June 30, 2010

Evolution of Ju Ju

ဂျူဂျူးလေးကို မွေးတုံးက ခလေးက ခေါင်းမစိုက်လို့ဆို ခွဲမွေးခဲ့ရတယ်။ E လိုဆိုရင်တော့ breech ဖြစ်တယ်ပေါ့။ ဒီမှာက တော်ရုံလူ ခွဲမွေးခွင့်ပေးတာမဟုတ်တော့ နာမှာကြောက်တဲ့ ကိုယ့်အတွက် ကံကောင်းသလိုတောင် ဖြစ်သွားတယ်။ ဒါပေမဲ့ ထုံဆေးနဲ့ပဲ ခွဲမှာဆိုတော့ ဆရာဝန်လုပ်ကိုင်နေတာတွေ အကုန်သိနေ၊ ကြားနေရမှာ။ တော်သေးတယ်။ ခွဲတာတွေ မမြင်ရအောင် မျက်နှာရှေ့မှာ အ၀တ်နဲ့ကာပေးထားတယ်။ ခြင်ထောင်လိုဟာမျိုးလေးကို မျက်နှာရှေ့ကနေ အ၀တ်အပိတ်နဲ့ ကာပေးထားတာပါ။ ခလေးအဖေကတော့ သတ္တိကောင်းတယ်။ ခွဲတာကို အစအဆုံး ဗီဒီယို ရိုက်မယ် တကဲကဲလုပ်နေတယ်။ ဆေးရုံက ခွင့်မပြုဘူးဆိုမှ စိတ်လျှော့သွားတာ။ ဒါတောင် ဆရာဝန် ဗိုက်ခွဲတာကနေ ခလေးမွေးတဲ့အထိ အစအဆုံး ကြည့်နေတာတဲ့။ ဗိုက်ခွဲပြီး ခလေးထုတ်တော့ ဗိုက်သားတွေကို ကလေးထွက်နိုင်အောင် ၀ိုင်းဆွဲတော့ သူကပါ ၀ိုင်းကူဆွဲပြီး လုပ်အားပေးသေးတယ်ဆိုပဲ။

ကိုယ်ကလဲ အရမ်းမူးပြီး အသက်ရှူမ၀လို့ အောက်ဆီဂျင်ပိုက်ကြီးတပ်ပြီး ကိုယ့်ဟာကို ပြန်ဂရုစိုက်နေရတာနဲ့ပဲ ဘယ်လိုမှတောင် မနေလိုက်ဘူး။ တစ်ချက်တစ်ချက် ဗိုက်နေရာက တင်းတင်းသွားတာတော့ သိလိုက်တယ်။ သမီးလေးထွက်လာတော့ သူနာပြုဆရာမက ပါးစပ်တွေ၊ နှာခေါင်းတွေက ချွဲတွေကို စက်နဲ့ ဆွဲစုတ်လိုက်မှ အူငဲ ... အူငဲနဲ့ ငိုသံထွက်လာတာ။ အောင်လိုက်တဲ့ အသံ။ သူပြောပြတာတော့ ခလေးက ရေထဲမှာနူးပြီး ဖြူဖွေးနေတာပဲတဲ့။ ဆရာဝန်က ဗိုက်နေရာလောက်ကနေ လက်နှစ်ဖက်နဲ့ ဆွဲထုတ်တယ်ဆိုလားပဲ။ နောက်မှ ခလေးက လေနဲ့တွေ့ပြီး အသားအရောင်ပြောင်းလာတာတဲ့။

ခဏနေတော့ သူ့အဖေက ခလေးကိုချီပြီး လာပြတယ်။ သမီးလေးကို ပထမဆုံးစကြည့်တာ လက်တွေ၊ ခြေထောက်တွေ။ ခေါင်းကအရမ်းမူးနေတော့ ယောက်ျားရေ ... ရေပါဦးတော့ ... ခြေချောင်းလေးတွေ၊ လက်ချောင်းလေးတွေ ပြည့်ရဲ့လား ... အင်္ဂါံစုံရဲ့လား ... ဆိုတာ အရင်မေးရတယ်။ အရေးထဲ သမီးခြေချောင်းလေးတွေက ငှက်ပျောသီးနုနုလေးတွေလို အရွယ်တူလေးတွေ ပူးကပ်နေတော့ သူ့အဖေက မှားရေသေးတယ်။ နောက်တော့ အကြည့်က သမီးလေးရဲ့မျက်နှာဆီ ... နောက်တော့ နှာခေါင်းဆီရောက်တယ်။ နှာခေါင်းပွပွလေးတွေ့တော့ စိတ်က အင်း ... အဖေတူသမီးပဲဆို သက်ပျင်းချရတယ်။ သမီးအသားလေးကလဲ ကြွက်ပေါက်လေးလိုနီရဲလို့။ သက်ပျင်းချရတာကတော့ သမီးလေးဆိုတော့ ဖြူဖြူချောချောလှလှလေးပဲ ဖြစ်စေချင်တာကိုး။

လာပြပြီး သားအဖနှစ်ယောက် ဘယ်ပျောက်သွားမှန်းမသိဘူး။ ကိုယ်အရမ်းအသက်ရှူကျပ်လာတော့ အားကိုးရာရှာတာ၊ အနားမှာ သူကမရှိတော့ အားငယ်လိုက်တာ။ အော် ... သမီးတစ်ယောက်ရတာနဲ့ ယောက်ျား ကိုယ့်ပစ်သွားပါပလားလို့တောင် တွေးနေမိတယ်။ အမှန်က သမီးကို ရေချိုးသုတ်သင်၊ ကိုယ်အလေးချိန်ချိန် အစရှိတာတွေလုပ်ဖို့ သူနာပြုဆရာမနဲ့အတူ လိုက်သွားရလို့ ပျောက်သွားတာပါတဲ့။

သမီးကို ခလေးတွေစုထားတဲ့ အခန်းလေးမှာ သူ့လှည်းလေးနဲ့သူ ထားထားပါတယ်။ ခလေးနို့ဆာမှ အမေဆီလာပို့၊ အမေက နို့တိုက်ရတာပါ။ အဲဒီမှာထူးခြားချက်တစ်ခုက ခလေးတွေ နို့ဆာရင် ငိုကြတယ်။ ခလေးတွေကို အချိန်ကျမှ၊ ဒါမှမဟုတ် ငိုမှ ဆရာမတွေက လိုက်ပို့တာဆိုတော့ အခန်းဘေးမှာ ဖြတ်သွားတဲ့ ခလေးငိုသံတွေ ဆူညံနေတာပဲ။ အဲဒီထဲမှာမှ ဂျူဂျူလေးရဲ့ငိုသံဟာ အအောင်ဆုံး အကျယ်ဆုံးမှို့ ခပ်ဝေးဝေးက ငိုသံကြားတာနဲ့ သမီးပဲ ဆိုတာကြိုသိနေပါတယ်။ ဒါမှမဟုတ် ကိုယ့်သွေးမှို့ပဲ သိနေတာလား မပြောတတ်ဘူး။

ဆေးရုံမှာ ၃ရက်နေပြီး ဆင်းလို့ရပြီဆိုတော့ သမီးက အသားဝါလို့ဆို ဆေးရုံမှာ ထားခဲ့ရတယ်။ တစ်ခါထဲ ခေါ်သွားချင်လို့ အမျိုးမျိုးပြောပေမဲ့ ဆရာဝန်က လုံးဝခွင့်မပြုဘူး။ ခလေးကို အသားဝါပျောက်အောင် မီးချောင်းအောက်မှာ ထားရမှာမှို့ပါတဲ့။ ပြန်ခါနီး မျက်လုံးကို အ၀တ်လေးစည်းပြီး မီးချောင်းအောက်မှာ မီးကင်ထားတဲ့ သမီးလေးကို သွားကြည့်ကြပါသေးတယ်။ သမီးမပါတဲ့ ဆေးရုံအပြန်လမ်းကတော့ တော်တော်ဝမ်းနည်းစရာကောင်းခဲ့တယ်။ အိမ်ပြန်ရောက်တော့ သမီးခြုံတဲ့ စောင်သေးသေးလေးတွေ၊ ခြေအိပ်သေးသေးလေးတွေကြည့်ပြီး သတိရလို့ မျက်ရည်ကျရသေးတယ်။ အံ့သြစရာမကောင်းဘူးလား။ သမီးနဲ့ ၃ရက်လောက်ပဲ နေရသေးတာ။ ပြီးတော့ တစ်ချိန်လုံးလဲ အတူနေရတာ မဟုတ်ဘူးလေ။ ဒီတော့မှ မိခင်မေတ္တာဆိုတာ တော်တော် အံ့သြစရာကောင်းပါလားဆိုတာ နားလည်မိတယ်။

နောက်၂ရက်လောက်ကြာမှ ဆေးရုံက ခလေးလာခေါ်လို့ရပြီဆိုတော့ သူ့အဖေက သွားခေါ်ရတယ်။ ခလေးထည့်တဲ့ ခြင်းတောင်းလေးဆွဲပြီးပြန်လာတဲ့ သားအဖေ၂ယောက်ကို တစ်အိမ်လုံး ၀ိုင်းကြိုဆိုကြတယ်။ နောက်ကျရင် ဒီအိမ်ရဲ့ ဆည်းလည်းလေးဖြစ်လာမဲ့ လူအသစ်စက်စက်ကလေးကို ကြိုကြတာပေါ့။

ဂျူဂျူလေးမွေးကာစ

သုံးလသမီး ဂျူဂျူ


တစ်နှစ်သမီး


နှစ်နှစ်ဂျူဂျူ -အဲဒီအရွယ်တုံးက ဂျူဂျူဟာသိပ်ဆိုးတယ် ... ဂျစ်ကပ်ကပ်နဲ့။ သူ့အဒေါ်ကတော့ နကပ်ကျားလို့ခေါ်တယ်။


သုံးနှစ်ဂျူဂျူ -အောက်ထပ်က PAP မှာ မူကြိုစတက်စဉ်က


လေးနှစ်ဂျူဂျူ -မြန်မာပြည်နောက်ဆုံးအခေါက် ပြန်စဉ်က



ငါးနှစ်ဂျူဂျူ -ချိုင်းနိစ်ဂါးဒင်းမှာ



မနေ့က အိုင်ဖုန်းကို အသဲအသန် ကလိနေတဲ့ မဂျူဂျူ။ ၆နှစ်ခွဲပါပြီ။

24 comments:

  1. မျက်လုံးလေးက တော်တော်စားတယ် ချစ်စရာလေး :)

    ReplyDelete
  2. အမ ..ချစ်စရာလေးးးး..

    မိဘတိုင်းက သားသမီးတွေကိုချစ်တယ်နော်..။

    ငယ်ငယ်က ချုပ်ချယ်တာတွေများရင်တွေးမိတာက မွေးစားသမီးများဖြစ်နေလားဘာလားလို့..ဟီးး

    မြတ်နိုး

    ReplyDelete
  3. သမီးဂျူဂျူလေးက ဒီနှာခေါင်းလေးနဲ့ ချစ်စရာလေးပါ.. ။ အားကျစရာ မျက်လုံးလေးကို ၀ိုင်းနေတာပဲ။

    ReplyDelete
  4. ဂျူဂျူက ချစ်စရာလေးပဲ။ မျက်လုံးနဲ့ နှုတ်ခမ်း လှတယ်။

    သူ့အဖေက တော်တော် သတ္တိကောင်းတာပဲ။ ကျနော်ဆိုရင် ခွဲတာစိတ်တာကို ကြည့်ဖို့မပြောနဲ့ ကိုယ့်ရှေ့မှာ သမီးက လေပူပေါင်း လာမှုတ်ပြတာကိုတောင် မကြည့်ရဲဘူး။

    ReplyDelete
  5. ဟားဟား ... ကိုပေါတို့ သတ္တိကောင်းတာတွေ ပေါ်ကုန်ပြီ။ အိမ်ကလူက သရဲကားကြည့်ဖို့တော့ အဖော်စပ်လို့မရဘူးဗျို့ ...

    ReplyDelete
  6. pretty ju ju,
    u r so sweet :)

    ReplyDelete
  7. နှာခေါင်းပွပါဘူး .. တီဆွီနော် သူများတူမကို ..ဒီလောက်ချစ်စရာကောင်းတာကို

    ReplyDelete
  8. တို့များ သမီးလေးနဲ့တောင် မတွေ့တာကြာပြီ...
    ဓါတ်ပုံမြင်တော့မှ သူ့လွမ်းသွားတယ်...
    အပျိုကြီးစတိုင်ဖြစ်နေပြီတော့...

    ReplyDelete
  9. မျက်လုံးလေးက သူ့မေမေနဲ့ တူတာ ထင်တယ်နော်။

    ReplyDelete
  10. ဂျူဂျူလေးက မျက်လုံးလေးအတော်လှတယ်နော်... နှာခေါင်းလဲ မပွပါဘူး တီတီဆွိရဲ့...ကလေးသိရင် စိတ်ဆိုးနေဦးမယ်.. :)

    တီဆွိ ကလေးကို တွေ့ခါစ ခြေချောင်းလက်ချောင်းလေးတွေ စစ်ခိုင်းတယ်ဆိုလို့လေ... အမေတိုင်းက အဲလိုပဲနော်... ပူးတေကိုမွေးတုန်းကလဲ ပူးတေမေမေက ပူးတေကို တထက်ကို ခြေချောင်း၎စီပဲပါတယ်ထင်ပြီး ငိုရသေးတာတဲ့။ ပူးတေ ခြေသန်းကြွယ် ၂ဖက်လုံးက ခြေခလယ်နဲ့ ခြေသန်းကြားမှာ ပျောက်နေတာတဲ့။ အဲဒီထဲကမေမေတို့က အမြဲတမ်းဆွဲထုတ်ပေးကြလို့ ပူးတေမှာ အခုလိုမျိုး ခြေ ၅ ချောင်းလုံး မြင်ရတာ။ မေမေတို့ကို ကျေးဇူးတင်ရမယ်... ပေါင်ချိန်စက်ပို့စ်တုန်းက တီဆွိ ခြေချောင်းလေးတွေ ညီညီညာညာမြင်ရတော့ အားကျသွားတယ်..ပူးတေခြေချောင်းတွေက တီဆွိလိုတော့မလှဘူးလေ.....

    မွေးကာစပုံလေးက အသည်းယားစရာလေး... မွေးကာစက အသံအအောင်ဆုံးကလေးဆိုတော့ အခုရော အသံအောင်သေးတုန်းပဲလား... :)

    ReplyDelete
  11. ဂျူဂျူ မျက်လုံးလေးတွေက ချစ်ဖို့ကောင်းလိုက်တာ။

    ReplyDelete
  12. မျက်လုံးလေး လှတယ် ဂျူဂျူ လေးက။ :)

    ReplyDelete
  13. သုံးလ သမီး ဂျူဂျူ ရဲ့  မျက်လုံးလေးတွေက so so cute

    ReplyDelete
  14. Chinese Garden က ပုံလေးတွေ တွေ့ဖူးတယ်...
    သမီးချောလေး...း))

    ReplyDelete
  15. Ju Ju .....Sooooo Sweet :)She looks mature in the last picture, ha ha Ah-Pyo-Lay style :)

    ReplyDelete
  16. ရွှေပြည်မှာဆိုရင်တော့ အိမ်ရှေ့မှာ သီချင်းသံတွေ နားညည်းအောင် နားထောင်ရကိန်းပါဗျာ
    ချစ်စရာကောင်းတဲ့သမီးချောလေးပါ

    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  17. အမသမီး ဂျူဂျူက ချစ်စရာလေး .. .ကြီးလာရင်ပိုချောလာမှာသေချာတယ်။

    "အင်း ... အဖေတူသမီးပဲဆို သက်ပျင်းချရတယ်။ " ကိုဖတ်ရတော့ ကိုယ့်အတွေးနဲ့ ကိုယ်ရယ်မိသေးတယ်.. :P

    ReplyDelete
  18. I love most 2 yrs photo. .
    နှစ်နှစ်ဂျူဂျူ -အဲဒီအရွယ်တုံးက ဂျူဂျူဟာသိပ်ဆိုးတယ်

    ReplyDelete
  19. ရီတာရေ ... သမီးက သူ့အဖေနဲ့ ၉၀ရာနှုန်းလောက်တူတယ်။ မျက်လုံးကလဲ သူ့အဖေဆီကပါပဲ။ အစ်မက တရုတ်၁၅ပြားဖိုးလောက်ပါတော့ အဲလို ညက်လုံးမ၀ိုင်းဘူးလေ ... ခုချိန်ထိ သမီးနဲ့ ဘယ်နားတူလဲ ရှာမရသေးဘူး။ (သူ့အဖေကတော့ မကောင်းတဲ့ အကျင့်တွေတူတယ် ပြောတာပဲ ... အဟင့် ...)

    ပူးတေရေ ... သမီးက အခုတော့ သိပ်မအော်တော့ အသံအောင်လား မအောင်လားတောင် မသိတော့ပါဘူး။ သမီးသီချင်းဆိုထားတာလေးရှိတယ်။ နောက်မှ အားရင် တင်ပေးဦးမယ်။

    ကိုပီတိ ... ပြောသလို အများပြည်သူတွေ အတွေးချော်မှာစိုးလို့ ... နောက်မှာ သေချာရေးထားပါတယ်နော်။ ဘာလို့ သက်ပျင်းချရလဲဆိုတာ။ သူက ရယ်ဖြစ်အောင်ရယ်သွားသေးတယ်။

    ဂျူဂျူရဲ့အန်တီကြီး ၃ယောက်နှင့်တကွ လာရောက်အားပေးကြတဲ့ သူများအားလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  20. အဲ့ဒီလိုလေးေ၇းချင်လိုက်တာ။
    သမီးနဲ့သား၇ဲ့ပုံတွေရှာ၇အုံးမယ်။

    ReplyDelete
  21. ချစ်စရာသမီးလေး...

    ReplyDelete
  22. မမကြီးရဲ့ဘလော့ကို ဖတ်ဖြစ်တာကြာပါပြီ...သူငယ်ချင်းတစ်ယောက်က ဟင်းချက်နည်းတွေ ဖတ်ဖို့ဆိုပြီးပေးတာကနေ...အခုဆိုတစ်ရက်ကိုတစ်ခါမ၀င်ကြည့်ရရင်မနေနိုင်ဖြစ်လို့ အိမ်က အမျိုးသားတောင်ပြောယူရတယ်...တစ်နေ့လာရင် အန်တီဆွီဆီဘဲသွားနေတယ်..ကိုယ့်ဘာသာတော့ဘလော့လေးစရေးဖို့တော့ပျင်းနေတယ်ဆိုပြီးတော့လေ :P ဂျူးဂျူးကတော့ အစ်မဘလော့ရဲ့ မင်းသမီးပါဘဲ...ကျွန်မတို့အလုပ်ကပြန်လာလို့နားရင်းနဲ့ အစ်မဘလော့ထဲက ဇာတ်လိုက်ကျော် အကယ်ဒမီဂျူးဂျူးအကြောင်းတွေဖတ်ပြီးရယ်ကြတယ်...ကျေးဇူးတင်ပါတယ်အစ်မ...အားပေးလျှက်

    ReplyDelete
  23. အဖြူထည်ရေ ... ခုလိုလာအားပေးတာ ကျေးဇူးအထူးတင်ပါတယ် ... ခုလို အားပေးတဲ့သူတွေရှိတော့ ရှေ့ဆက်ရေးဖို့ အားတက်ရတာပေါ့ ...

    ဘလော့လေးလုပ်ဖြစ်ရင် လာလည်မယ်နော်။

    ReplyDelete
  24. ပိုပိုချောလာတာ ဂျူဂျူလေးက
    သူများတွေ ပြောသလိုပဲ မျက်လုံးလေးတွေနဲ့ နှုတ်ခမ်းလေး လှလိုက်တာ

    ReplyDelete