Monday, July 5, 2010

ငါးဥဟင်း ...

မြန်မာပြည်မှာတုံးက ငါးသလောက်ဥကို အလွန်ကြိုက်ပါတယ်။ ဒါပေမဲ့ သူက ရာသီစာဆိုတော့ အမြဲလဲ မစားရဘူး။ မိုးတွင်းကျမှ ရှားရှားပါးပါး စားရတာ။ ငါးသလောက်ဥကို ကြော်စားစား၊ ချက်စားစား အကုန်ကြိုက်ပါတယ်။ စလုံးမှာလဲ NTUC မှာ ငါးဥတွေ ရတတ်ပါတယ်။ ပထမတော့ ငါးသလောက်ဥမဟုတ်လို့ မစားတတ်ဘူးဆို ဝယ်မစားဖြစ်ဘူး။ နောက်တော့ ငါးသလောက်ဥ ချင်ခြင်းတက်လွန်းလို့ တစ်ခါချက်စားကြည့်ရာကနေ အရသာလဲ မဆ်ိုးလို့ အိမ်မှာ မကြာခဏ ချက်စားဖြစ်ပါတယ်။ (သူလဲရာသီစာမှို့လားမသိ ခုတစ်လော NTUC တွေမှာ ရှာမတွေ့ပြန်ပါဘူး။)

ငါးဥကို ထုံးစံအတိုင်း နနွင်းမှုန့်၊ ငံပြာရည်တို့နဲ့ အသာနယ် စပါးလင်လေးထည့် အဖုံးပိတ်ပြီး ပြုတ်ရပါတယ်။



ငါးဥ ကျက်ပြီး ခဲသွားပြီဆို ဓားနဲ့ အနေတော် အတုံးလေးတွေ လှီးပြီး ငါးဟင်းချက်သလိုချက်ရတာပါ။ အိမ်မှာတော့ ငါးဟင်းတွေ ဘာတွေချက်ရင် အနှစ်ကို ငရုပ်ဆုံနဲ့ထောင်းပြီးချက်လေ့ရှိပါတယ်။ ကြက်သွန်၊ ဖြူနီ၊ ငရုပ်သီးမှုန့် ၃မျိုးလုံး ငရုပ်ဆုံထဲထည့်ထောင်းပြီး ချက်တဲ့ဟင်းက ပိုကောင်းတယ်လို့ စိတ်ကထင်နေတယ်။ ငရုပ်သီးမှုန့်ပါ ရောထောင်းလိုက်တော့ ငရုပ်သီးမှုန့် ဆီပူပူထဲထည့်မိလို့ တူးခြစ်သွားတတ်တဲ့ ပြသနာကတော့ ဝေးသွားပါတယ်။
(ငါးဥပြုတ်တော့ မီးနဲနဲပျင်းသွားလို့ ငါးဥနဲနဲ ပုံပျက်သွားပါတယ်။ ငါးဥပြုတ်ရင် မီးအေးအေးနဲ့သာ ပြုတ်ပါလေ။)



ဒယ်အိုးထဲ ဆီထည့် အနှစ်ထောင်းထားတာထည့်ပြီး မွှေးလာတဲ့အထိ ဆီသတ်ပါတယ်။ ကျက်ရင် ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးကျေရင် ငါးဥထည့်၊ ရေထည့်၊ အဖုံးအုပ်ပြီး မီးအေးအေးနဲ့ ခဏတည်ထားပါတယ်။ ဆီနဲနဲပြန်လာရင် ငရုပ်သီးစိမ်း၊ နံနံလေး အုပ်ပြီး စားလို့ရပါပြီ။







အဲဒီနေ့က ခူးခပ်ပြီး ဓာတ်ပုံမရိုက်လိုက်ရလို့ အိုးလိုက်ပဲ တင်လိုက်ပါတယ်။ ငါးဥဟင်းက အရေသောက်ဟင်းချိုတစ်မျိုးမျိူးနဲ့ လိုက်ဖက်ပါတယ်။ ကြက်ခြေထောက်ရိုးနဲ့ ချက်တဲ့ ပဲကြာဆံဟင်းချိုရည်လေး တင်ပေးလိုက်ပါတယ်။

13 comments:

  1. တွေ့တော့ တွေ့တွေ့နေတယ်...
    စားလဲ စားချင်တယ်... ဒါပေမယ့် ကောင်း မကောင်း မသေချာတာနဲ့ မစားဖြစ်ဖူး... ခုလိုလေးကျ စားချင်စရာ...
    ရှာကြည့်အုံးမယ်...း))

    ဒါနဲ့ ရှင်က ဒီနေ့ ရုံးမသွားဘူးပေါ့လေ..........................

    ReplyDelete
  2. အဲငါးဥတော်တော်စားကောင်းတယ် ..

    ReplyDelete
  3. ဟုတ်ပ အန်တီသက်ဝေရေ ... ဒီနေ့အိမ်မှာ ဂျူဂျူ့လက်ရာ နံရံက ပန်းချီကားလေးတွေ ဖျက်ပြီး ဆေးအသစ်သုတ်လို့ အိမ်စောင့်တာဝန်ကျပါတယ်။ (ပန်းချီကားဆိုတာ ၇ွဲ့ပြောတာနော် ပိတ်သတ်ကြီး ...ဂျူဂျူငယ်ငယ် ၂နှစ်-၃နှစ်က ခြစ်ထားတဲ့ လက်ရာလေးတွေ ပွနေလို့ ဆေးပြန်သုတ်တာပါ)

    ReplyDelete
  4. မမရေ သွားရေယိုသွားတယ်...မမချက်ထားတာလေးက စားချင်စရာလေး..ပူးတေက အဲလိုချက်စားရကောင်းမှန်းမသိတော့ ကြော်ပဲစားဖြစ်တယ်... NTUC က ငါးဥက တခါတလေ ခါးတယ်နော်မမ... ပူးတေလဲ NTUC မှာ ငါးဥမတွေ့တာကြာပြီ... တွေ့ရင်တော့ ကြိုက်လွန်းလို့ ဝယ်ဖြစ်ပါတယ်....:)

    ReplyDelete
  5. ကျနော်လည်းငါးဥကြိုက်တယ်..မဆွီတီ..
    ဒီမှာက မတွေ့ဘူး.
    ရှိတော့ရှိမှာပါ..
    ငါးချေး(ငါးချီး)လည်းကြိုက်တယ်..။
    ခါးသက်သက်နဲ့..
    မြန်မာမှာအသိငါးဆိုင်တွေက ချက်တာစားဖူးတယ်။


    ပေါက်

    ReplyDelete
  6. အောင်မလေး... အိတ်ငါးဥဟင်းသာတွေ့ရင် ယောက်ယောက်တော့ စားချင်တယ်ဖြစ်ဦးမှာ...
    ငါးသလောက်ဥနဲ့ လုပ်စားဖြစ်တာ... ပါနယ်ဆိုးလားမှာ ၀ယ်လို့ရယ်...
    ခုတော့ မ၀ယ်တာ ကြာပေါ့... ကိုလက်စထရောများလို့...

    ReplyDelete
  7. ငါးဥ ချက်လေး ကတော့ကောင်းမဲ့ပုံပါ အခုအချိန်တော့ မြန်မာပြည်မှာ ငါးဥပေါတယ်ဗျ

    ReplyDelete
  8. ငါးဥဟင်း စားချင်တယ်။ ဒိတိုင်း ကြော်ပြီး ချဉ်ပေါင်းဟင်းနဲ့ ငပိထောင်းနဲ့ ဆိုလည်း စားကောင်းမှာပဲ။

    ပန်းက ရွက်ကျ ပင်ပေါက် ဟုတ်တယ် တီတီဆွိရေ။
    kalanchoe လို့ ခေါ်ကြတယ်။
    ပန်းတွေ ပွင့်ရင် အရမ်းပျော်တယ်။ နံနံပင်တွေလည်း ၆ပင်လောက် ပေါက်နေပြီ။ ချဉ်ပေါင်လည်း ၃ပင် ပေါက်နေပြီ။ ဟားဟားဟား ကြုံတုန်း ကြွားနေတာ။

    မအယ်

    ReplyDelete
  9. ငါးဥ အရမ်းကြိုက်တယ်

    ReplyDelete
  10. တကယ့်ကို စားချင်စရာလေးပါ..
    ချက်ထားတဲ့ပုံတွေကိုကြည့်ပြီး
    အနံ့လေးတောင် ရလာသလို ခံစားရတယ်..

    ReplyDelete
  11. I like to see not only fish roe but also spoon, zebra or seagull?

    ReplyDelete
  12. ကျေးဇူးပဲအစ်မ. နက်ဖြန်ငါးဆီသတ်လုပ်မလို့။
    mm

    ReplyDelete