ပုံဆွဲပြိုင်ပွဲမှာ မဆွိတီတို့အိမ်အောက်ထပ်က ဗမာခလေး၂ယောက်က ဆုတွေရတယ်။ ကြုံရာကျပန်း စင်ပေါ်တက်ဖို့ခေါ်တဲ့ အထဲမှာလဲ မြန်မာတွေ အများကြီးပါတယ်။ ဆယ်ကျော်သက် မြန်မာကောင်လေးတစ်ယောက်ကို မြန်မာသီချင်းဆိုခိုင်းတယ်။ ဂျူဂျူကတော့ သူသန်ရာ ခါးကွင်းလှည့် တက်ပြိုင်တယ်။ မျက်လှည့်ကလည်း အရမ်းကောင်း၊ ဖျော်ဖြေတဲ့ဟို့စ် ကလည်း အရမ်းရယ်နေရတော့ ပွဲကအတော်စည်တယ်ပြောရမယ်။ အမေတွေကို စင်ပေါ်မှာ လှယဉ်ကျေးမယ်လို ပြိုင်ခိုင်းတော့လဲ ပထမရတာက မြန်မာအမျိုးသမီးပဲ။ ကိုယ်တွေနဲ့ ခင်တဲ့သူဆိုတော့ လက်ခုတ်တီးပြီး အားပေးရတာ လက်တွေကို နာလို့ပဲ။ အော်ရတာလဲ အသံတွေတောင် ၀င်တော့မယ်။ ကိုယ့်မြန်မာပဲ ရစေချင်လွန်းလို့။ မျိုးချစ်စိတ်ဓာတ်တွေ ရှင်သန်ထက်မြက်နေတာ။
အပေါ်တက်လာတဲ့ လှယဉ်ကျေးမယ် အမေတွေဖြစ်ပါတယ်ခင်ညား။ (မိတ်ကတ်ရောင်လေးနဲ့ကတော့ ဆုရသွားတဲ့ Miss Myanmar ပါ။)

ခုမှ ပြောချင်တာ လာပါပြီ။ အဲဒီလို အမေတွေပြိုင်ဖို့ရာ ဟို့စ်က အောက်ကခလေးတွေကို ပြောတာက ခလေးတို့ ... ကိုယ့်အမေကို လှတယ်ထင်ရင် အမေကို စင်ပေါ်ခေါ်ကြပါဆိုအော်တာ။ (Hi children, if you think your mother is beautiful, please call your mother to the stage.)ပေါ့ ။ အဲလိုလဲပြောလိုက်ရော စင်အောက်မှာ ငုတ်တုတ်ထိုင်မော့နေတဲ့ မလေး၊တရုတ်၊ မြန်မာ၊ အိန္ဒိယ ခလေးပေါင်းစုံဟာ ဟိုလှည့်ဒီလှည့်၊ အမေတွေ အော်ခေါ်သူက အော်ခေါ် ၊ လက်ယက်ခေါ်သူက ခေါ် ၊ နောက်ကခုံတွေဆီ ပြေးသူကပြေး သူတို့အမေတွေကို ရှာနေကြတာများ ပွဲတစ်ခုလုံး ရုတ်ရုတ်သဲသဲကို ဖြစ်လို့။ အဲဒီအချိန်မှာခင်ညာ ... မဂျူဂျူနဲ့ သူ့သူငယ်ချင်းလေး ၂ယောက်ပဲ စင်ရှေ့မှာ တုတ်တုတ်မှ မလှုပ်၊ ငုတ်တုတ်ထိုင် မပျက်ကြတာ။ သူတို့အမေများဟာ လုံးလုံးမလှကြပါဘူးဆိုတာ စိတ်ချလက်ချ ထိုင်နေကြတာများ ကွန်ဖီးဒန့်အပြည့် ရုပ်တည်ကြီးတွေနဲ့ဗျား။ (ဂျူဂျူ့သူငယ်ချင်းမလေးအမေကလည်း တရုတ်စပ်မြန်မာမ၊ မျက်နှာပြားပြားကြီးကြီး၊ မျက်လုံးမှေးမှေးနဲ့ပါ ...)
ကိုယ်က အဲဒါကိုကြည့်ပြီး ရယ်လိုက်ရတာ အူကိုနာနေတာပဲ။ အိမ်ပြန်ရောက်တော့လဲ အိမ်ကလူုကို အဲဒီအကြောင်းပြောပြောပြီး ရယ်ရတာ။ ခုချိန်ထိ အဲ့ ၂ယောက်ခပ်တည်တည်နဲ့ ငုတ်တုတ်ထိုင်နေတဲ့ပုံကို မြင်ယောင်တုံး။
ရက်စက်ပါလှလား မရွှေဂျူဂျူ ရယ်...
ReplyDelete(ဒါပဲ ပြောနိုင်ပါတော့တယ်...)
အန်တီသက်ဝေ ... မြန်ချက်တော့ ... ရုံးမှာ အားနေသနဲ့တူတယ်နော့။
ReplyDeleteကိုယ့်သူငယ်ချင်းဆိုတော့ ခံနိုင်ဘူးပေါ့။
ကိုယ်ကတော့ရယ်ပဲရယ်ချင်နေတော့တာပဲ .... ဟားဟား။
ပြုံးလိုက်ရတာ..။
ReplyDeleteဂျူဂျူလေးက.. ကစားဖို့ စိတ်ရောက်နေ လို့ ဖြစ်မှာပါ..။း)
ဂျူးဂျူးမ ကတော့ လုပ်လိုက်ရင် အဆန်းချည်းပဲ
ReplyDeleteစာတွေအမြဲလာဖတ်တယ် တီဆွိရေ
:)
sy
ဘယ်အစွန်ဆုံးက အစိမ်းရောင်နဲ့ ခလေးအမေ အတော်လှတယ်။ အပျိုရှုံးပဲ;)
ReplyDeletesy အဲဒီတစ်ယောက်က ရပ်ကွက်ထဲမှာ ဟော့ရှော့လေ။ ဂျူဂျူတို့ တူအရီးနဲ့ ကစားကွင်းတွေ့နေကျဆိုတော့ ခင်ကြတယ်။ သူ့သမီးကလဲ ဂျူဂျူနဲ့ သူငယ်ချင်းပဲ ...
ReplyDeleteဂျူဂျူကွ!!!
ReplyDeleteအယ် အရှိန်လွန်ကုန်မယ် စီတော့မှ
တီဆွိကလဲ ဂျူဂျူက သူ့အမေ စင်ပေါ်တက်ရင် ဟို့စ်က မဟုတ်သုတ်ခတွေ လုပ်ခိုင်းမှာဆိုးတာနဲ့ လူတွေ ဝိုင်းကြည့်ကုန်မှာဆိုးလို့ တီဆွိလှမှန်းသိရက်နဲ့ ချန်ခဲ့ရတာနေမှာပါ... ပူးတေပြောတာ ဟုတ်မဟုတ် ပြန်မေးကြည့်... တချို့ကလေးတွေက ကိုယ့်အမေ အဖေကို တွန့်တိုကြတယ်...အိမ်က တူလေးတွေ တူမလေးတွေလဲ ဒီလိုပဲ... သူတို့သာ စင်ပေါ်တက်ချင်တာ... အမေ အဖေကျတော့ လူကြည့်မှာဆိုးကြတယ်...
ReplyDeleteရန်ကုန်မှာတုန်းကလည်း မောင်ဝမ်းကွဲလေးတယောက် မူကြိုတုန်းက သူတို့ မူကြိုက ကပွဲလုပ်ရမှာ ဝတ်စုံချုပ်ရမှာဆိုတော့ ဆရာမမေးပုံက သူဌေးသားသမီးတွေ လက်ညိုးထောင်ဆိုတော့ သူက ထိပ်ဆုံးကပဲတဲ့ ဟုတ်တယ်လေ သားသားတို့က သူဌေးပဲတဲ့။ အဓိကက သူစင်ပေါ်တက်ချင်တာလေ..သူ့အမေရုံးက လွတ်လပ်ရေးနေ့ပွဲတွေဘာတွေ လုပ်လို့လိုက်သွားပြီးရင် ပြန်လာရင် အမေကို ပြဿနာရှာရောပဲ... မာမားက သူတို့ ခိုင်းတိုင်းဘာလို့ မဟုတ်တာတွေ လိုက်လုပ်ရတာလဲ မရှက်ဘူးလားနဲ့ သူတို့က အမေအစား ရှက်လာကြတာလေ...လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲဆိုတော့လဲ ပြိုင်ပွဲတွေဘာတွေ ဝင်ခဲ့ရတာကို သူကမကြိုက်တာလေ...
တီဆွိရေ... မန့်ရင်းနဲ့ ရှည်သွားပြီ... :)
အပေါ်က ကိုရွာသား ... ခလေးကို မြှောက်ပေးနေတာ ၂ခိရှာပြီနော် ..... ဟင်းဟင်း ... အန်တီသက်ဝေကမှ စိတ်ကောင်းရှိသေး ...
ReplyDeleteပူးတေရေ ... ပူးတေရဲ့ တူလေးက ရယ်ရတယ်။ သူဌေး တဲ့။
ဂျူဂျူကတော့ အမှန်အတိုင်း သူ့အမေ မလှဘူးထင်လို့ ထိုင်နေတာနေမှာပါကွယ် ... (အသံအဖျားခတ်သွားသည်)
ကလေးတွေက အားမနာတတ်ဘူး။ မညာတတ်ဘူး။ အမှန်တရားကို ရိုးရိုးသားသား မြင်တတ်ကြသတဲ့။
ReplyDelete(အသံအဖျားခတ်နေသူကို ငိုချင်လျက် လက်တို့သွားပါသည်။ :P )
ဟား... ဂျူဂျူတို့ အကွက်ဆိုက်တုန်း သူ့အမေကို အပီ ပညာပြန်ပြသွားတာပဲဖြစ်မယ်။ ကြည့်ရတာ တီတီဆွိ သူ့ကို အလိုမလိုက်ဘူး ထင်ပါ့။
ReplyDeleteမလွယ်ဘူး။ ဒီပုံအတိုင်းဆို ကျနော်လည်း Racial Harmony ပွဲတွေကို ရှောင်မှ။
ဒီကလေးယြုံကည်ချက်ကတော့ပြင်းတယ်။ဟိ
ReplyDeleteဟားဟားဟားဟား....ဂျူဂျူ ပုံကိုမြင်ယောင်ပြီး ရယ်လိုက်ရတာ.......
ReplyDeleteတီဆွိစ်ရေ.. ငှက်ပျောသီးပေါင်း နဲ့ ငှက်ပျောသီးဆနွင်းမကင်းလုပ်ပုံလေးသိရင်ပြောပြပေးပါ...နော်..
ReplyDeleteမြတ်နိုး