ဟိုတစ်လောကပေါ့ဗျာ။ ကြာပါပြီ။ တစ်ည သမီးကို စာသင်ပေးနေတုံး အိမ်ကလူပေါ့ ... ရုတ်တရက်ကြီး ဆွိလေးရေတဲ့ ... ဟိုချဲနံပတ်တွေ ရွေးပြီးပလားတဲ့ ... မနေ့က စာအုပ်ပေးထားတယ်လေတဲ့ ... ဆိုတော့ နဲနဲကြောင်သွားတယ်။ ခလေးကို စာသင်နေတော့ သူ့ပြန်မေးဖို့ မအားဘူးလေ။ ဒါနဲ့ အတွေးထဲမှာ ဖြစ်သွားတာက အော် ... သူက ငါ့ကို ကံကောင်းတယ်ဆိုပြီး ဒီတစ်ခါ ထီထိုးရင် ငါပေးတဲ့ နံပတ်ထိုးရအောင် တောင်းတာနေမှာ ... ဆိုပြီးပဲ မှတ်ထားလိုက်တယ်။
စာသင်လို့ပြီးတော့ ...
" အဖေရေ ... ခုနက ဘာပြောလိုက်တာတုံး။ ချဲနံပတ်ပေးဆို ဘယ်မှာလဲ နံပတ်တွေရွေးရမှာ ... " ဆိုတော့
" ညည်းကို ငါမနေ့က ပေးပြီးပြီလေ " တဲ့ ...
" အွန် ... အဖေဘယ်တုံးကပေးလို့လဲ ... မပေးဘူးနော် ..."
" ပေးတယ်လေ ... မနေ့က ... အိမ်ရှေ့မှာ တီဗီကြည့်နေရင်းနဲ့ ..."
" ပေးဘူးလေ ... "
" ပေးပါတယ်ကွာ ..."
" ဒီမယ် ... အဖေ.. ခုရက်ပိုင်းအတွင်း အဲဒီချဲနံပတ်၊ ထီနံပတ်နဲ့ပတ်သတ်လို့ အဖေ တစ်ခါမှကို မပြောဖူးတာ ... ခုဟာ ပထမဆုံးအကြိမ် စပြောဖူးတာပဲ ..."
" ဟင် ... ထီနံပတ် ... ဘာဆိုင်လို့တုံး ... "
ဆိုပြီး ဦးမောင်ခြိမ့်တစ်ယောက် ဟိုဟိုဒီဒီ ရှာကြည့်ပြီး စာအုပ်အရှည်လေးတစ်အုပ် လက်ထဲလာထည့်တယ်။
" ဒီမှာကြည့် ... မနေ့က ညည်းကိုပေးလိုက်တာ ... ရွေးပေးပါဆို ပြောနေတာကြာလှပြီ ... နောက်တောင်ကျနေပြီ ..."
အဲဒီမှာ ကြည့်လိုက်တော့ ... အလားမား ... သူလာပေးတာ Shell က ပရိုမိုးရှင်းပေးတဲ့ စာအုပ်ကြီး ဖြစ်နေပါလား။ အဲစာအုပ် မနေ့က ပေးတာ သိသားပဲဟာကို။
အဲဒီတော့မှ ဒေါ်ဆွိတီတို့ ခေါင်းထဲ မီးလုံးလေး ဖြတ်ကနဲ လင်းသွားတယ်။ သဘောပေါက်သွားပါပြီ။ သူပြောချင်တာက ရှဲလ်ကနေ ဓာတ်ဆီထည့်တော့ ပွိုင့်လေးတွေရတယ်။ အဲဒီပွိုင့်လေးတွေ စုထားပြီး နှစ်ကုန်ခါနီးရင် ပရိုမိုးရှင်းပေးတယ်။ ပွိုင့်ဘယ်လောက်ဆို ထမင်းပေါင်းအိုးရမယ်၊ မီးပူရမယ် အစရှိသဖြင့်ပေါ့။ သူက အဲဒီနံပတ်လေးတွေကို ရွေးခိုင်းတာကို စကားက မပီတော့ " ရှဲလ်နံပါတ် " ကနေ " ချဲ နံပတ် " ဖြစ်ပြီး အလွဲတွေ ဖြစ်ကုန်ပါလေရော။ အမ်မယ် ... အတွေးထဲမှာ ကိုယ့်ကိုကိုယ် ကံကောင်းတာတွေ၊ ဘာတွေတောင် ပါသေး ... ဟေးဟေး ...
အိမ်မှာ အဲလိုပဲ ရယ်ရတာ ခဏခဏပဲ။ သူတို့နေတဲ့ ဒေသကလူတွေ ဂျကားမပီကြဘူးဗျာ။ " ချ " နဲ့ "ရှ " အသံထွက်ကို ပြောင်းပြန်ပြောကြတယ်။ "ချစ်တယ် " ဆို " ရှစ်တယ် " ပြောတယ်။ "ရှစ်ဆယ့်ရှစ်ကျပ် ကျတယ် " ဆို ... " ချစ်ဆယ့်ချစ်ကျပ် ကျတယ် ... " အဲလိုတွေ ကြံကြံဖန်ဖန် ပြောင်းပြန်ပြောကြတယ်။ သူတို့မြို့မှာတော့ ဟန်ကျလို့ပေါ့။ တစ်မြို့လုံး ခလေးကအစ လူတိုင်း ဒီလိုပဲ ပြောနေကြတာကိုး။ ဆရာမတွေ စာသင်တော့လဲ အဲလိုပဲ ပြောင်းပြန်အသံထွက်တွေနဲ့ သင်သတဲ့။
ကဲ ခလေးတို့ လိုက်ဆို ... ချ ... ချာ ... ချား ..... ချ ဆိုတာ ဓားချတာကို ပြောတာ... ခိုက်မိတာပေါ့ ... ချာကတော့ တစ်ခုခုပျောက်လို့ လိုက်ချာတာ ... ချားဆိုတာကတော့ ချားပါးတာ ... ပစ္စည်းတွေ ချားပါးတာ ... ကွမ်းရွက်နဲ့ စားတဲ့ ချားစေးကိုလဲ သုံးလို့ရတယ် .... အစရှိသဖြင့်ပေါ့ ... ဆရာမများ စာသင်နေပုံကို မြင်ယောင်ပြီး ပြုံးမိတယ်။
ဒီတော့ တစ်မြို့လုံး တလွဲဖြစ်နေတာ မဆန်းတော့ပါဘူး။ တနယ်တကျေးရောက်မှ သူတို့ မပီတာက ဒုက္ခရောက်ကြတာ။ အဲလိုမပီတာက လယ်ဝေး၊ ပျဉ်းမနား ... မြေလတ်လို့ ခေါ်တဲ့ဘက်ကပေါ့။
ဟိုနေ့ကလဲ ကားပေါ်မယ် ဂျူဂျူတစ်ယောက် စကားစပ်ပြီး ပြောကြရင်းနဲ့ ဟိုနေ့ကမှ အိမ်ကိုပြောင်းလာတဲ့ ကောင်လေးရဲ့နာမည် ဘယ်သူလဲ သမီးသိလား ဆိုတော့ သိတယ် ... " ရှမ်းရှမ်း " တဲ့ဗျား ...
" မဟုတ်ဘူးသမီး ... သူ့နာမည်က ချမ်းအေးငြိမ်းလေ ... သူ့အိမ်မှာ ချမ်းချမ်း လို့ခေါ်တယ်ပြောတယ် ... ချမ်းချမ်း ပါ သမီးရဲ့ " ဆို ... ဟုတ်ဘူးတဲ့ ... ဒေါ်ဒေါ်ကလဲ ရှမ်းရှမ်းပဲ ခေါ်တာ ... မေမေ မယုံရင် ဒေါ်ဒေါ့်မေးကြည့်ပါလားတဲ့ ... ခက်တော့ခက်နေပြီ ... အဲဒီ အဒေါ်ဆိုတာလဲ ဂျူဂျူတို့အဖေနဲ့ တစ်မြို့တည်းက ... သူလဲ ပီမှမပီတာကိုး ... သူ့သွားမေးရင်လဲ ရှမ်းရှမ်း ပဲ ပြောမှာပဲလေ ...
ဘေးမှာထိုင်နေတဲ့လူကို အကူအညီတောင်းဖို့ ကြည့်တော့လဲ သူလဲ " ရှမ်းရှမ်း " ပဲ လာမှာဆိုတော့ ...
ဂျကားမပီတဲ့လူတွေနဲ့ ချဉ်မငြင်းရှင်တော့ဘူး ... စိတ်ချော့လိုက်တယ် ...းဝ))
Subscribe to:
Post Comments (Atom)
တောင်ငူလည်းပါတယ်.. တီတီဆွိ
ReplyDeleteတခါအဆောင်မှာ သူငယ်ချင်းတယောက်က သီချင်းထဆိုတာ (အရှစ်ရှောင်းလေး ရှားမှာစိုးတယ်)၂ ဆိုတော့ ဘာတွေဆိုနေပါလိမ့်လို့ ထင်နေတာ အချစ်ချောင်းလေးခြားမှာစိုးတယ် ကိုဆိုနေတာကိုးးးး :D
သူငယ်ချင်းတယောက်က ဇေယျဝတီက သူလဲ ဦးမောင်ခြိမ့်တို့နဲ့ တူတူပဲ.....ဂျတားမပီဘူး.... အိမ်က မစ္စတာပီက ဖြူးက သူလဲ တူတူပဲ.... တီတီဆွိပြောတာ ရီချင်လိုက်တာ... ရုံးမှာမို့ အားရပါးရ မရီရဘူး... ဆရာမ စာသင်တဲ့ နေ၇ာကို အရီချင်ဆုံးပဲ....
ReplyDeleteတီဆွိရေ...အိမ်က သားငယ်က ရ နဲ့ လ မကွဲတာ...
ReplyDeleteလွယ်လွယ်လေး ဆို ရွယ်ရွယ်လေး လို့ ပြောတယ်။
သား ကျောင်းမှာ Spelling မှန်ခဲ့လား မေးရင်...။ မှန်တယ်..ရွယ်ရွယ်လေးတွေ လို့ ပြောတယ်။
ရွယ်မဟုတ်ဘူး သား လွယ်.. လွယ် တာလို့ မအေက ပြင်ပေးရင်...။
ဟုတ်တယ်လေ သားကလည်း ရွယ် လို့ ပြောတာပဲဟာ တဲ့။
အန်တီဆွိရယ်..... ရှစ်၍ ရှစ်ခါ ရှစ်လာပြီးမှ ဦးရှိမ့်ဟာ ဂျကားမပီတူဆိုတာ ချာချာဖွေဖွေ တွေ့ချိသွားတာလား။း-)
ReplyDeleteကျနော်တို့ ပွင့်ဖြူဖက်ကတော့ “ရှ” သံကို “ဆ” ထွက်တာဗျိုး။
သမီးရေ... ဆိုရင် “ဆင်” လို့ ထူးလို့ထူးချင်။ “ဆမ်” လို့ ထူးချင်ထူးတယ်။
“အဆက်ဆို တစိလေးမှ မဆိဘူး” ဆိုတာမျိုးပေါ့။
ချစ်ဆယ့်ချစ်ကျပ် ကျတယ်။
ReplyDeleteရှစ်တယ်
ဟီး
မြတ်နိုး
ဟုတ်တယ် .. အဲဒီဒေသဘက်ကိုသွားတော့ .. လိုက်ချီးသီးတွေပေါ်တဲ့အချိန်..မှတ်မိသေးတယ် .. .. ဈေးဆစ်ပြီး ၀ယ်ခါနီးတော့... ဦးလေး..ချိုရဲ့လားလို့ မေးလိုက်တာ ... " ရှီုတယ် ကလေးမှ .. ရှဉ်ရင် ဦးလေးဆီလာပြန်ပေး .. ပိုက်ဆံပြန်ပေးမယ်" လို့ပြောတော့ .. ခဏလောက်ကြောင်တောင်တောင်ဖြစ်သွားတယ်။။ :P
ReplyDeleteပိုစ့်ရော ကော်မန့်တွေပါဖတ်ပြီး ရုံးဆင်းခါနီး အူတက်မတတ် ရယ်မောသွားပါကြောင်း... (ညကျ တခါ ထပ်လာဖတ်မယ်... ကော်မန့်တွေကလဲ ရယ်ရမှာ သေချာတယ်..)
ReplyDeleteပုံ/
ရှစ်သူငယ်ချင်း
သက်ဝေ
ကိုပေါ ပြောသလိုပါပဲ “ရှ” ကို “စ” သံထွက်တာ တွေ့ဘူးပါတယ်..မွန်ပြည်နယ်ဘက်က ဆွပ်ပရား နွယ်ဝင် သူငယ်ချင်းတယောက်ပါ..သူပြောတာတစ်ခုကို ခုထိ မှတ်မိနေသေးတယ်..ရှောက်ပင်က ရှောက်သီးတစ်လုံးကိုခူး ရှောက်ခွံကိုသေချာခွါ အထဲက ရှောက်စိလေးတွေကို ထုတ် ရှောက်ရည်ကို ပါးစပ်နဲ့စုပ်ရတာ အ၇မ်းအရသာရှိတာပဲတဲ့..ပြီးတော့သူကပြောသေးတယ် ငါက အ“ရှိ”ကို အ“ရှိ”အတိုင်းပြောတာတဲ့ဗျား..
ReplyDeleteမင်း
Come on KO Gyi Kyauk!Write a post on the pronounciation of people from Myingyan,Pakokku region. Dear TTSweet!There r so many different pronounciations not only in myanmar.If KGK writes the post what i asked for,it gonna hit lol.
ReplyDeleteတို့ အသိမောင်လေးတယောက် မေးဖူးတယ်။
ReplyDelete"အမ စလုံးမှာ ချောက်တီး ရှိလား" တဲ့
ကိုယ်ကလည်း သူ ဘာပြောလို့ ပြောနေမှန်း မသိ။ နောက်မှ အဆိုတော် ချစ်ကောင်းကို သူက ရှစ်ကောင်း ရှစ်ကောင်းနဲ့ ခေါ် ခေါ်နေတတ်တာ သွားသတိရပြီး
"ဟဲ့ နင် ပြောတာ ရှောက်သီးလား" ဆိုတော့မှ
"ဟုတ်တယ် အမ ချောက်တီးလေး တုတ်စားချင်လို့ပါဗျာ" တဲ့...
မတ်စိတို့များ ဂျူဂျူး အပျိုဖြစ်ခါနီးကျမှပဲ ဂျဂါးလည်း ပီဝူး လုပ်နေသေး ဟ ဟ ဟ.....:P
ဂျီးတော်ရာ...ပခုက္ကူ၊တောင်သာ က သူတွေသာ နသတ်(န်) ငသတ်(င်) မပြီတာ
ReplyDeleteမြင်းခြံတွေက ပီပါတယ်...ဒါပေမဲ့ နယ်ချင်းက ဆက်နေတော့ အဲဒီကလူတွေ မြင်းခြံ လာနေပြီး မြင်းခြံ ကလို့ ဆိုကြတော့ မြင်းခြံကလူတွေပါ ရောယောင် နာမည်ပျက်နေတာ၊ ချ နဲ့ရှ ကတော့ သဲတော ဝမ်းတွင်း ကနေ တောင်ငူထိ ၇န်ကုန် မန်း လမ်းတလျှောက်က လူတွေ မပီကြဘူး၊ အဲဒီနယ်တွေက ဆရာမတွေကမပီတော့ ကျောင်းသားတွေပါ မပီတော့ဘူး၊ ပျော်ဘွယ်က ကျနော့တူတူမတွေကို အိမ်မှာပီအောင်ပြန်ကျင့်ပေးရသေးတယ်..
အဟီး... Happy Soul ကတော့ဂျကားပီတဲ့ တောင်ငူသူပါရှင့်.. တောင်ငူသူတွေလည်း ခ နဲ့ ရ မပီကြပါဘူး.. သူငယ်ချင်းတစ်ယောက်ရှိတယ်.. အုတ်တွင်းသူ.. တောင်ငူနားက မြို့ သေးသေးလေးပေါ့။
ReplyDeleteသူကတော့ ရကောက် နဲ့ ခကွေးကို တလွဲစီမပီတာ..
ဆယ်တန်းတုန်းကဆို သူ့ ကိုစကားပီအောင် " ၆ လမ်းက ရှောက်သီး ချဉ်တယ် " ကို ပီအောင်ပြောဆိုပြီးလေ့ကျင့်ခိုင်းတာ.. သူပြောလိုက်တာက " ရှောက်လမ်းက ချောက်သီး ရှင်တယ် " တဲ့ ရီလိုက်ရတာ .. =)
ကိုပေါ>> ဟုတ်တယ်ဦး... ဟိုးအရင်တုန်းက အိမ်မှာနေတဲ့အမကြီးတွေလည်း "ရှင်" ဆိုရင် "ဆမ်" လို့အသံထွက်တယ်.. အမေကခေါ်ပြီဆို "ဆမ် လာပြီအန်တီ" လို့ ထွက်တာ.. သူကတော့ ဘားအံဘက်က..ကရင်ဝဲ ဝဲတာထင်တယ် ..
ReplyDeleteဟားဟား ဒီနေရာမှ မဆွိနဲ့ တူပြန်ပြီ။ သူလည်း စကားပီဘူးလေ။ အဲလိုပဲ ရှစ်တယ် ရှစ်တယ် ခဏခဏလာလာပြောတာ နားညည်းတာနဲ့ ပြန်ရှစ်လိုက်ရတား)))))
ReplyDeleteဖုန်းဆက်ပြီး သူ့ကိုပြန်ပြောလိုက်တော့ သူက “ဟာ.. ချက်စရာကြီး။ လူတကာ လိုက်ပြောနေလား။ အုပ်စုတောင့်အောင် ဦးရှိန့်နဲ့ ပါတီထောင်ဦးမှပဲတဲ့”(^^;)
ဟားဟား ... ဒီထဲမတော့ ဦးရှိမ့်တို့ အဖော်တွေ တယ်ပေါတာပဲ ...
ReplyDeleteလသာညရေ ... အဲဒီရှစ်တယ်ဆိုတာလဲ တူတာပဲ ... ပိုဆိုးတာက ကိုယ့်နာမယ်ကလဲ " ချ " ပါတာဆိုတော့ စဉ်းစားသာကြည့်ကြပါတော့ ...သူရီးစားစကားပြောတုံးက ဘယ်လိုနေမလဲဆိုတာ ...
ကိုကြီးကျောက် တစ်ပုဒ်လောက်ရေးပါဦး။ ပခုက္ကူဘက်က သူငယ်ချင်းတစ်ယောက်တော့ရှိတယ်။ လွင်ဆို လွန် တဲ့ ... ပုဇွန်ဆို ပုဇွင်တဲ့ ...
ကိုပေါနော် ... အစက်မစိဘူး ပြောနဲ့ ... များတို့က အစက်နဲ့ လူလုပ်နေတာ ... (ကိုပေါပြောသလို ပြောကြည့်တာ ..... ဟီးဟီး ... )
အမည်မသိရဲ့ ရှောက်သီးပုံပြင်ကတော့ အစားထိုးပြီး မဖတ်ရဲဘူး ... မီးမီး စက်စက် ...း))
ရှစ်သူငယ်ရှင်း အန်တီသက်ဝေ ... ညကလာဖတ်သေးလား။
လာလည်သူ၊ လာမန့်သူ၊ လာဖတ်သူများအားလုံး ကျေးဇူးတင်ပါတယ်။
မဆွိ.....ခဏခဏလာလည်တယ်မမန်ြ့ဖစ်ဘူး..။ခုတော့ပြောရှင်...အဲ..ယောင်လို့..ပြောချင်တာလေး
ReplyDeleteတွေရှိလို့...ကျမတို့ရခိုင်တောင်ပိုင်းကလူတွေလဲချနဲ့ရှမပြီကဘူး..။လမ်း
လျှောက်တယ်ဆိုရင်..လမ်းရှောက်တယ်။ချစ်တယ်ကိုရှက်တယ်..။တချို့ဆို
ရင်ရှောက်ပင်ကိုဆောက်ပင်လို့ခေါ်တယ်။မယုံမရှိနဲ့..။ငပလီကိုသွားလည်
လို့လင်းသာ၊မြပြင်၊ဂျိတ်တောဆိုတဲ့ရွာတွေရောက်ရင်စကားသွားပြောကြည့်။"ဆောက်ပင်အောက်..ဆွေပျောက်တာ၊ဆာလို့မတွေ့ဘူး"လို့..။ကျောင်းတုန်းကဆိုရင်သူငယ်ချင်းတွေဆီမှာစကားနိုင်လုရင်အမြဲခံရတဲ့
စကားတခွန်းရှိတယ်၊အဲဒါကတော့..'ခြောက်ဆယ့်ရှစ်ချက်'ကိုပီအောင်
မပြောနိုင်တာဘဲ။
ဘာသာပြန်။ '။ရှောက်ပင်အောက် ရွှေပျောက်တာ..ရှာလို့မတွေဘူး...။"
မနေ့ညကလဲ လာဖတ်တယ်...
ReplyDeleteအခုညလဲ လာဖတ်တယ်...
စကားမပီတာတွေ တသီကြီး ဖတ်သွားတယ်... ဟီဟိ
ကျွန်တော်တို့ ရှမ်းပြည်ဘက်က လူတွေကတော့ သနဲ့ တနဲ့ မကွဲတာ...
ReplyDelete၀က် တား တို့  တူတို့ လို့ မတိဘူးလေတို့ မြန်မြန်ပြောရင်အဲ့လို လွဲတာ... :D
ခွီးးးး ရယ်သွားပါကြောင်း ကွန်မန့်တွေ ဖတ်ပြီးတော့ ခိခိ
ReplyDeleteပို့စ်ရော ကွန်မန့်တွေရော ဖတ်ပြီး ရီလိုက်ရတာ။
ReplyDeleteပြောရရင် ပျဉ်းမနားက လူတွေလဲ ခ နဲ့ ရှ မကွဲဘူး သိလား။ ပျဉ်းမနားက ကဗျာဆရာတွေ သူတို့မြို့ကို အလည်ခေါ်တာ ချိုသင်းက ချိုသင်းနံမည်ကို ပီအောင် ခေါ်နိုင်ရင် လာလည်မယ် လို့ ပြောခဲ့တယ်။ သူတို့က ချိုသင်းကို ရှိုသင်း လို့ ခေါ်နေတာကိုး။ ဒါနဲ့ ခုထိ ပျဉ်းမနား မရောက်ဖူးခဲ့ရဘူး။
သူတို့ သုမောင်ရဲ့ ချစ်တယ် သီချင်းကို ဘယ်လို ဆို ကြမှာပါလိမ့် လို့ သိချင်ခဲ့ဖူးတယ်။ :))
ခေါင်းစဉ်ဖတ်လိုက် ကတည်းက ဆန်ရင်းကို နာနာဖွတ်တော့မယ်လို့ ထင်သား :P
ReplyDeleteအဟိ..လူကြီးတွေ စကားဝိုင်းထဲ ၀င်ပါလိုက်အုံးမယ်။
ReplyDeleteအိမ်ကတစ်ယောက်..အဒေါ်အိမ်ကို လာလည်ပြီး မီးဖိုထဲမှာ ကူလုပ်သလိုနဲ့ နှမ်းဖြူးတုန်းကပေါ့။ အန်တီရေ.. ကြေးဥပြုတ်တွေကို ခွေးထဲ ထည့်ထားလိုက်တယ်ဆိုလို့အအဒေါ်က လာမေးတယ် သူဘာပြောနေတာလဲတဲ့။ ကြက်ဥပြုတ်တွေကို ခွက်ထဲ ထည့်ထားလိုက်တယ်လို့ ပြောတာမှန်းရှင်းပြလိုက်ရတယ်။
မွန်ဘာစတိတ်......မွန်ဘိတ်စတိုင်လ်
mm
သဘောကျလွန်လွန်းလို့  ခဏခဏ လာဖတ်နေပါကြောင်းးးးး
ReplyDelete(တငယ်ချင်းငါဝက်တားဟင်းဝယ်ထားတာ တိုးတွားလို့တွန်ပြစ်လိုက်ရတယ် အတားတက်တက်တုံးတုန်းတောင်)အဲလိုပြောတဲ့သူငယ်ချင်းတယောက်နဲ့အလုပ်တူတူလုပ်ဖူးတယ်ဗျ နောက်တခါကြတော့ မန္တလေးကနေ ရန်ကုန်သွားတော့
ReplyDeleteပျဉ်းမနားဘူတာရောက်တော့ မျှစ်ရှင် မျှစ်ရှင်နဲ့အော်နေလို့ ဘာလဲဟဆိုပြီး ပြတင်းပေါက်ဖွင့်ကြည့်တော့မှ မျှစ်ချဉ်နံ့ထောင်းခနဲရမှပဲ မျှစ်ရှင်ဘာလဲဆိုတာသိရတာဗျား
ဟုတ်တယ် တီဆွိ ရေ... ပခုက္ကူကလူတွေလည်း န် သ် ပီဘူးရယ်...ခဏ ခဏ အဟားခံရလို့ ပီချင်တော့ ဘယ်လိုလုပ်လဲ ဆိုတော့ ... ဥပမာ ထွန်းထွန်းဝင်း ဆိုတဲ့လူကို ခေါ်မယ်ဆိုရင် ခေါင်းထဲမှာ ထွင်းထွင်းဝန်း လို့ စလုံးပေါင်းနဲ့တွေးလိုက်ပြီး ခေါ်လိုက်တယ် အဲဒီတော့ အသံကမှန်သွားရော... ကိုယ်ခေါင်းထဲမှာတော့ စလုံးပေါင်းကို အဲလို အမှားကြီးတွေးထားလိုက်တာ ဟိဟိ :))
ReplyDeleteအားပေးသူ အသစ်တစ်ဦး
သီရိ