လူ၃-၄ ယောက်စာလောက် လိုတဲ့ပစ္စည်းတွေက
၁။ သင်္ဘောသီးခပ်စိမ်းစိမ်း တစ်စိတ်လောက်ကို အခွံနွှာပြီး ခြစ်ထားပါ။သင်္ဘောသီးသုတ် ကျွပ်ကျွပ်လေးစားချင်တော့ ခြစ်ထားထာလေးတွေ ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ထားပါ။
၂။ ပုဇွန်ခြောက် ၂ဇွန်း
၃။ ငရုပ်သီးစိမ်း ၃-၄တောင့် ( အစပ်ကြိုက်ရင်ပိုထည့်ပါ )၊ ငရုပ်သီးအစိမ်းရောင်ဆို ပိုကောင်းပါတယ်။ (အနီရောင်ဆို ပုံမှာလို သင်္ဘောသီးသုတ်က အရောင်ညိုသွားပါတယ်။)
၄။ ကြက်သွန်ဖြူ၃မွှာလောက်
၅။ ခရမ်းချဉ်သီး အလုံးသေးသေး ၃လုံးလောက် ထပ်ခြမ်းခြမ်းထားပါ။ အကြီးဆိုရင်တော့ အသေးလေးတွေ လှီးထားပါ။
၆။ brown suger (သို့) ထန်းညက် ၄-၅ခဲ၊ မရှိရင်လဲ သကြား စားပွဲဇွန်းတစ်ဇွန်းမောက်မောက်၊
၇။ သံပုရာသီး တစ်ခြမ်း၊ ညှစ်ရလွယ်အောင် အစိတ်လေးတွေ စိတ်ထားပါ။
၈။ ငံပြာရည် စားပွဲဇွန်း တစ်ဇွန်း၊
၉။ မြေပဲဆံလှော်ပြီး အခွံချွတ် ထပ်ခြမ်းကွဲရုံ ထောင်းထားပါ၊
၁၀။ ပဲတောင့်ရှည်တစ်တောင့် တစ်လက်မအရွယ်လောက်စီ လက်နဲ့ဖြတ်ထားပါ၊
ထောင်းပုံ၊ သုတ်ပုံအဆင့်ဆင့်က
၁။ ငရုပ်ဆုံကြီးကြီးထဲမှာ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို အရင်ထောင်းပါ၊
၂။ ပုဇွန်ခြောက် နဲ့ Brown suger ထည့်ထောင်းပါ၊
၃။ မညက်တညက်မှာ ခြစ်ထားတဲ့ င်္ဘောသီးကို ထည့်ဖွဖွထောင်းပါ၊ ဇွန်းနဲ့ မွှေပေးပါ။
၄။ ခရမ်းချဉ်သီးထပ်ခြမ်းလေးတွေထည့် ထပ်ထောင်းပါ၊
၅။ ငံပြာရည်နှင့် သံပုရာရည်ထည့် ထပ်ထောင်းပါ၊
၆။ နောက်ဆုံး ပဲသီးပါ အသာလေး ထည့်ထောင်းပြီး ထောင်းထားထာလေးတွေကို ငရုပ်ဆုံထဲတင် နှံအောင်ဇွန်းနဲ့ မွှေပါ ၊နယ်ပါ၊
ရ။ ထောင်းထားတဲ့ သင်္ဘောသီးသုတ်ကို အဖတ်တွေရော အရေတွေရောမကျန် ပြင်မဲ့ ပန်းကန်ထဲထည့်ပါ၊
၈။ အပေါ်ကနေ မြေပဲ အသာဖြူးထည့်ရင် စားဖို့ အဆင်သင့် ဖြစ်ပါပြီ။



မြည်းကြည့်ပြီး အချိုုလိုရင် သကြားနဲနဲ၊ အငံလို ငံပြာရည်ထပ်ထည့်ပြီး ပြင်ပါ။
ယိုးဒယား သင်္ဘောသီးထောင်း ချိုချိုချဉ်ချဉ် စပ်စပ် ကျွပ်ကျွပ် လေးပါ၊ ထောင်းတာကလဲ အကုန်စုထည့်ပြီး တစ်ခါထဲ ထောင်းတာမဟုတ်ပဲ တစ်ခုပြီးတစ်ခု အစဉ်အတိုင်းထည့်ထောင်းရ ပါတယ် ။
ယိုးဒယား ကြက်သားဘေဆယ်ကြော်လိုဟာမျိုးနဲ့ ထမင်းနဲ့ လိုက်ဖက်ပါတယ်။
Link for ကြက်သားဘေဆယ်ကြော်
ကြိုက်စ် ...တယ်...
ReplyDeleteတီဆွိထောင်းတာ ဆိုင်ထောင်းအတိုင်းဘဲ.. ဂွတ်.စ်စ်စ်စ
ကျေးဇူးပဲ..တီဆွိ...နည်းယူသွားပါတယ်။ပိတ်ရက်ကြမှ ထောင်းစားကြည့်အုံးမယ်။:D
ReplyDeleteပူးတေက နဲနဲကျွတ်အောင် ထုံးရေကြည်လေး စိမ်ထားလိုက်တယ်... ပိုပြီး ဂျိုးဂျိုးဂျွတ်ဂျွတ်နဲ့ .... တီဆွိလုပ်တာနဲ့ စားချင်လာပြီ.... :)
ReplyDeleteဒါနဲ့
ReplyDeleteအဲ့ဒီအစားအစာတွေ ဖိတ်ကျွေးမယ့်နေ့ကို စောင့်နေတာကြာပြီ
ဂဏန်းဆားစိမ်နဲ့ ထောင်းတာပိုကြိုက်တယ်..
ReplyDeleteမယ်ဆွိရေ...ကောက်ညှင်းပေါင်းေ၇ာ ကြက်ကင်ရော မပါဘူးလား..
ခရမ်းကျွတ်သီးကျန်သေးတယ် ဆားရည်စိမ်ကဏန်း ဒါမှမဟုတ် ငါးပိ
ReplyDeleteသင်္ဘောသီးထောင်း တအားကြိုက်တယ်။ အဲလောက်ကြီးတဲ့ ငရုတ်ဆုံ ရှိဘူး ဘာနဲ့ထောင်းရပါ့။
ReplyDeleteဟုတ်ကဲ့ပါ ... ဟုတ်ကဲ့ပါ ... ကိုကြီးကျောက်တို့ နိုင်နိုင်တို့ပြောတာ ဟုတ်မှာပါ။ ကိုယ်က ယိုးဒယားရောက်တုံး ခဏစားဖူးတဲ့ဆိုင်က ပါတာလေးပဲ သိတာပါ။
ReplyDeleteဟိုနေ့က Golden mile ဘက်ရောက်လို့ ယိုးဒယားဆိုင်တွေမှာ သင်္ဘောသီးထောင်း အတွက် ပစ္စည်းလေးတွေ ရောင်းတာ ခရမ်းချဉ်သီးသေးသေးလေးတွေ အပြင် ခရမ်းကြွပ်သီးတွေပါတွေ့ခဲ့တာ။ ဒါကြောင့်ကိုး၊ ဆားရည်စိမ်ကဏန်းတွေပါ အဲဒီဆိုင်တွေမှာ အကုန်ရမယ်တင်ပါတယ်။
မမေရေ အဲ့ငရုပ်ဆုံလဲ ၀ယ်ကာစကသေးသေးလေးနော်။
စားချင်တယ်
ReplyDeleteသင်္ဘောသီးထောင်းလာဖတ်တာ ဖတ်နေရင်းနဲ့ တံတွေးအခါခါ မျိုချမိပါတယ်..
ReplyDeleteမဆွိ...ရေ
ReplyDeleteဟုတ်တယ် မချောပြောသလိုပဲ။ အပေါ်ဆုံး ဓါတ်ပုံကစပြီး တဖြည်းဖြည်း ကြည့်ြ့ကည့်ရင်း စားချင်လာတာ တံတွေးမျိုနေရတယ် ဟင့် ..
း)))
ဒီမှာက သဘောင်္သီးအစိမ်းက ရှားတယ်။ ၀ယ်မရဘူး..။ မြန်မာပြည်ရောက်မှ လုပ်စားဦးမယ်..
မမဆွိရေးတာဖတ်ပြီး ထောင်းစားမလို့ သင်္ဘောသီးစိမ်းဝယ်တာ အပြင်မှာတော့စိမ်းနေပြီး ခွဲလိုက်တော့မှ မှည့်နေတယ်လေ.. မုန်းထှာ.. :(
ReplyDeleteရန်ကုန်ပြန်တုန်းကတော့ အပီအပြင်လုပ်စားလာခဲ့တယ်
ReplyDeleteစားချင်ပြေသွားပြီထင်တာ
ခုတီဆွိဆီလာတော့မှ
ငုတ်လျှိုးနေတဲ့စားချင်စိတ်ပြန်ပေါ်လာပြန်ပြီတစ်ခေါက်
...................
အင်းးးးးးး
မဖြစ်ချေဘူး။ သဘောင်္သီးအစိမ်းတစ်လုံးသွားဝယ်ဦးမှပဲ :)
:( စားချင်လိုက်တာ .. ကိုယ်လုပ်ရင် ဖြစ်မှာ မဟုတ်တဲ့အတူ အစ်မပဲ သုပ်ကျွေးအစ်မရယ်။
ReplyDeleteဗိုက်ဆာလိုက်တာ
mm
ဟိ..လုပ်စားအုံးမယ်..သူ့ ကိုလည်းကျွေး၇မယ်..
ReplyDeleteငရုပ်ဆုံကြီးရှိတယ်..ကျေးဇူးတင်ပါတယ်နော်..မဆွိ