Wednesday, April 13, 2011

အန်တီဆွိနဲ့ အိမ်ရှင် အိမ်ငှါး ဒရမ်မာ (၂)...

(ကိုယ်ကလဲ ပန်ကို လာခဲ့လို့ ပြောပြီးနေပြီ။ အိမ်ကိုလဲ view တာ ရပ်လိုက်ပြီလို့ ကတိကပေးပြီးသွားပြီ။ ညနေကျ ပန်နဲ့ အိမ်ကြည့်တဲ့သူတွေ ဘာဖြစ်ကြဦးမလဲ ငွေရောင် ပိတ်ကား ... အဲလေ ငွေရောင်ဘလော့ဂ် စာမျက်နှာပေါ်မှာ ဆက်ကြည့်ကြပါကုန်။ )

တကယ်တန်းကျ အန်တီဆွိလဲ အဲလို ထိပ်တိုက်ကြီးတွေ့ပေးဖို့ ဘယ်သတ္တိရှိမလဲဗျာ။ ပွဲစားအစ်မကို သေချာခေါ်ပြောပြီး အကြံဉာဏ်တောင်းကြည့်တော့ သူတို့က အားလုံးခေါ်ပြီးပြီမှို့ ဖျက်မရတော့ဘူးတဲ့။ မဆွိပဲ အလုပ်များတာ အကြောင်းပြပြီး နောက်နေ့ချိန်းလိုက်ပါတဲ့ဆိုတာနဲ့ ပန်ကို နောက်ပိုင်း အလုပ်အားတဲ့နေ့မှပဲ လာခဲ့ပါလို့ ချိန်းလိုက်ရတယ်။

ညကျတော့ အိမ်ငှါးတွေ လာကြည့်တာ အများကြီးဆိုတော့ မဆွိတီတို့ အိမ်ရှေ့တိုက်အောက်တွေမှာ ပွဲစားတွေ၊ အိမ်ငှါးတွေ ခြေချင်းလိမ်လို့ပေါ့ဗျာ။ ပွဲစားအစ်မက တစ်ဖွဲ့ချင်းစီ ခေါ်ပေမဲ့ တချို့တွေကလဲ မစောင့်နိူင်တော့ အိမ်ထဲမှာလဲ အိမ်ကြည့်သူတွေ တရုန်းရုန်းပေါ့ဗျာ။ မလေး-တရုပ်မလေးတွေတစ်ဖွဲ့နဲ့ ကျန်တာတွေက ကုလားလူမျိုးတွေချည်းပဲ။ အဲဒီထဲမှာမှ ပထမဆုံးလာကြည့်တဲ့ ကုလားလင်မယားက ညားကာစတဲ့ ခင်ဗျ။ သူတို့ အဖေ၊ အမေနဲ့ ပွဲစားပါ ပါလာပြီး အိမ်လာကြည့်ကြတာ။ အိမ်ကို အပြန်ပြန်၊ အလှန်လှန်ကြည့်ကြပြီး သူတို့အိမ်ကို အင်မတန်ကြိုက်တဲ့အကြောင်း လင်မယား၂ယောက်ထဲနေမှာမှို့ သူတို့ကိုပဲ ငှါးပါဆို မဆွိတီကို အဖေလုပ်သူက တိုက်ရိုက်လာပြောတယ်။ မဆွိတီကလဲ အေးဂျင့်ကို ပြောပါပေါ့။ ဆိုလိုတာက သူတို့ ဘယ်လောက် အော်ဖာလုပ်မလဲ၊ ဘယ်နှစ်ယောက်နေမလဲ ဆိုတာ၊ နောက်ဆုံး အဖွဲ့အကုန်လုံးက ဖောင်တစ်ခုမှာဖြည့်ပြီး အေးဂျင့်ကို ပေးခဲ့ရမှာမှို့ပါ။

နောက်ဆုံး အဖွဲ့တွေအကုန်ကြည့်ပြီး ဖောင်တွေဖြည့်ထားခဲ့၊ တစ်နာရီအတွင်း အေးဂျင့်ကခေါ်ပြီး black and white အကြောင်းပြန်ရမယ့် အချိန်အထိ အဲဒီကုလားလူမျိုး လင်မယားနဲ့ အဖွဲ့က မပြန်ပဲ အိမ်ရှေ့ဝရမ်တာမှာ စောင့်နေတယ်ခင်ဗျ။ အဲဒါနဲ့ သူတို့ ဘယ်လောက် offer ပေးလဲ ပွဲစားအစ်မကို မေးကြည့်တော့ ၁၈၀၀ တဲ့ခင်ဗျာ။ ၁၈၀၀ နဲ့ ငှါးဖို့အရေး ပွဲစားအစ်မနဲ့ အိမ်ရှေ့မှာ ဒူးတိုက်ဆွေးနွေးနေကြတာ။ နောက်ဆုံးတော့ အစ်မကမနိူင်တော့ လို့ ကဲ အိမ်ရှင်ကိုပဲ တိုက်ရိုက်မေးပါတော့ဆို မဆွိတီဘက် မြားဦးလှည့်လာတယ်။ ဒီတော့လဲ မတတ်နိူင်တော့ ပွင့်ပွင့်လင်းလင်းပဲ အိမ်ကို ကြော်ငြာတာ ၂၅၀၀ နဲ့၊ ၁၈၀၀ကတော့ ဘယ်လိုမှ မဖြစ်နိူင်ပါလို့ ငြင်းလိုက်ရတော့တယ်။

ဒါကိုပဲ သူတို့ပွဲစားက ၂ယောက်ထဲနေမှာမှို့ ၁၈၀၀ ပေးတာ၊ ၆ယောက်လောက်နေတဲ့သူတွေ ၂၃၀၀-၂၄၀၀ ပေးတာနဲ့ မယှဉ်ပါနဲ့ဆို လာပြောနေလို့ အတော်ကို လက်ပေါက်ကပ်အောင် ဖြေရှင်းနေရတယ်။ တခြားအဖွဲ့တွေကတော့ ၂၂၀၀-၂၃၀၀ လောက် offer ပါတယ်။ လူကတော့ ထုံးစံ ၆ယောက်-၇ယောက်တွေ။ ၂၄၀၀ ပေးတဲ့ တစ်ဖွဲ့ဆို ၈ယောက်တောင်နေမယ်ဆိုတယ်။ နောက်ဆုံးတော့ ကုလားလင်မယားနဲ့ အဖွဲ့လဲ လက်လျှော့ပြီး ပြန်သွားကြတော့တယ်။ တကယ်ကိုဗျာ အိမ်ငှါးရတာ လူလဲ ခေါင်းတွေပါကိုက်။ ပြောရဆိုရတာတွေကလဲ လူပါ ငွေစော်တွေနံနေတာ။

နောက်နေ့ကျ ပွဲစားအစ်မက မဆွိတီက်ို ဖုံးဆက်ပြောတယ်။ အဲဒီကုလားပွဲစားက ပြောသတဲ့။ အိမ်ရှင်က သူ့ client ကို သဘောကျပါရက်နဲ့ ပွဲစားက သေချာညှိမပေးလို့ မငှါးတာပါဆိုပြီး ဖုန်းဆက်ပြသနာရှာသတဲ့။ အစ်မက မျိုးစုံရှင်းပြပေမဲ့ မကျေနပ်နိူင်ပဲ ကုမ္ပဏီကိုပါ တိုင်မယ်တွေ၊ ဘာတွေအထိ ချိန်းခြောက်ပြီး ပြောသတဲ့။ ပွဲစားအစ်မလဲ စိတ်တိုလွန်းလို့ စကားပြောတာတောင် အသံတွေ တုန်နေတယ်။ မဆွိတီလဲ အစ်မကို အရမ်းအားနာပြီး ဖြောင့်ဖြရပါတယ်။ ပွဲစားအလုပ်မှာလဲ အဲလိုပြသနာတွေရှိပါလားလို့ သိလိုက်ရတယ်။ အစ်မက တဆက်တည်း ဒီနေ့လဲ အိမ်လာကြည့်သူ ၆ဖွဲ့ လာကြည့်ဦးမယ်။ အားလုံး ချိန်းပြီးသွားပြီတဲ့ဆို ဖုံးချသွားပါရော။

နေ့ခင်းကျ ပန်က တမှောင့်။ သူဒီနေ့လာခဲ့မယ်ဆို လုပ်ပြန်ပါတယ်။ မဆွိတီလဲ နေ့စဉ်ကြီး အလုပ်များတယ် မကြည့်ပါနဲ့ဆို မပြောချင်နေတော့ဘူး။ ဒါနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပန်ကို ပြောလိုက်တော့တယ်။ ငါနင့်ကို အိမ်ကို မပြတော့ဘူး ကတိပေးမိပေမဲ့ ပွဲစားတွေကတော့ ပြောလို့မရဘူး။ သူတို့တာဝန်ကျေအောင် အိမ်ကို ဆက်ပြနေဆဲပဲ။ အိမ်လာရင် နင် တခြား အိမ်လာကြည့်သူတွေနဲ့ တွေ့ကောင်းတွေ့မယ်။ နင် deposit ပေးပြီး လက်မှတ်ထိုးမှ သူတို့က အိမ်ပြတာ ရပ်မယ်ပြောတယ် ဆိုတော့ ပန်ကလဲ I am very worry ... I am very worry ... ဆို စိတ်ပူပြီး အော်ဇီက သူ့အမျိုးသားဆီဆက်၊ သူ့အမျိုးသားက မဆွိတီကိုဆက်နဲ့ မဆွိတီလည်း ဘယ်လိုလုပ်ရမလဲ မသိ ဖြစ်နေတယ်။ နောက်ဆုံးတော့ ဒီည တစ်ခါပြပြီးရင် ကိုယ့်ဘက်က risk ယူပြီး ပွဲစားအစ်မကို အိမ်ပြတာ ရပ်ဖို့ ပြောလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်မှ သူတို့ဘက်က ကတိသစ္စာဖောက်လဲ ကိုယ်ခံ။ ကိုယ်ဆက်ရှာပေါ့။ ဒီဇာတ်ရှုပ်ကြီးတော့ ဆက်မကချင်တော့ဘူး။

ညနေကျ ပန်က စောစောလာကြည့်ပီး ပြန်သွားတယ်။ ည၇နာရီလောက်ကျ ထုံးစံအတိုင်း တရုန်းရုန်းနဲ့ အိမ်ကြည့်သူတွေ ပွဲစားတွေ တဖွဲ့ပြီး တစ်ဖွဲ့ပေါ့ခင်ဗျာ။ အော်ဖာကတော့ ထုံးစံ ၂၃၀၀-၂၄၀၀ လောက်ပေးကြပါတယ်။ လူကလဲ ၆ယောက်-၇ယောက်တွေ ချည့်ပဲ။ ကုလားလူမျိုး တစ်ဖွဲ့က ၆ယောက်ကို ၂၄၀၀ ပေးပေမဲ့ မဆွိတီလဲ လူများလို့ ငြင်းလိုက်ရပါတယ်။ အဲဒီက ပွဲစားနဲ့လဲ သူတို့တောင်းတဲ့အတိုင်း အော်ဖာပေးပါရက်နဲ့ ဘာလို့ မငှါးရသလဲဆို တော်တော်ကို ဖြေရှင်းရသေးတယ်ခင်ဗျ။ အဲဒီပွဲစားတရုတ်လေးကလဲ ပြန်သာသွားတယ်။ သူတို့မရလိုက်ရတာကို တော်တော်ကို မကျေနပ်ကြဘူး။ မဆွိတီလဲ ဖြေရှင်းရတာ အတော်မျက်နှာပူနေပြီ။ ပြောရတာတွေလဲ အားနာစရာကောင်းနေပါပြီ။


အားလုံးကြည့်ပြီးတဲ့ အချိန်မှာ မဆွိတီ ပွဲစားအစ်မတွေကို အိမ်ကိုဘာလို့ open house လုပ်ပြီး မပြတာလဲ။ ဘာလို့ လူအများကြီး မခေါ်ပဲ လူစစ်ချပြီးမှခေါ်ပြသလဲဆိုတာ သဘောပေါက်ပြီဆိုတဲ့ အကြောင်း၊ ပန်တို့မိသားစုအတွက် ပွဲစားခမယူပဲ စေတနာနဲ့လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါကြောင်း၊ အိမ်ပြတာကိုလည်း ရပ်လိုက်ပြီး ပန်တို့မိသားစုကိုပဲ စောင့်ပါတော့မယ်ဆိုတဲ့အကြောင်း ပြောလိုက်ပါတော့တယ်။

ဒီလိုနဲ့ တိမ်ပြာပြာဆန်းဒေးနေ့တစ်နေ့မှာ ပန်တို့လင်မယား အိမ်တစ်ခေါက်ထပ်ကြည့်၊ ညကျတော့ ပွဲစားတွေပါခေါ်ပြီး အိမ်ရှင်၊ အိမ်ငှါး စာချုပ်မှာ လက်မှတ်ထိုးကြပါတယ်။ နောက်နေ့ ပွဲစားက အိမ်လာပြီး HDB ကို on line ကနေ လျှောက်လိုက်တာ ချက်ချင်းပဲ approve ဖြစ်လို့ မဆွိတီလည်း အိမ်ငှါးကိစ္စအတွက် စိတ်အေးသွားရပါတော့တယ်ခင်ဗျား။


ဤတွင်ပဲ အန်တီဆွိနဲ့ အိမ်ရှင် အိမ်ငှါး ဒရမ်မာ ဇာတ်လမ်းပြီးပါပြီ။ ကားလိပ်ချ။ း)

11 comments:

  1. Thank god, it all turn out to be good and thank you Ma Ma Sweet for sharing this experience!!!

    ReplyDelete
  2. ဟူး.... အခန်းဆက်သိုင်းဝထ္ထုလို အကြာကြီးများဖတ်ရမလားလို.

    အဆင်ပြေသွားတာဖတ်လိုက်ရလို. ၀မ်းသာပါတယ် ၊

    သြဇီက အိမ်အသစ်အကြောင်းနဲ. တစ်ခြားဗဟုသုတတွေကို မျှော်နေပါ့မယ် ...

    တစ်ချို.ဘလော့ဂါတွေလို တစ်နေ. ပို.စ်တစ်ပုဒ်နှုန်းနဲ.တင်နော် ...

    ReplyDelete
  3. Hello, အန်တီ sweet,

    Glad to hear that, now settle everything.

    with best regards,

    ReplyDelete
  4. မမရေ အဆင်ပြေသွားတာ သိရလို့ ဝမ်းသာ ရပါတယ်။ မင်္ဂလာ ရှိသော နှစ်သစ်လေး ဖြစ်ပါစေ မမ။ ရောက်တုန်းလေး ရေးလောင်းသွားတယ်နော်မမ ဗွမ်းးးးးး :):):)

    ReplyDelete
  5. ဝက်ဝံလေးApril 13, 2011 at 5:30 PM

    မောလိုက်ထျာာာ တီတီဆွိရယ်
    ဟူးးးးး ခုမှပဲ ပြီးသွားတော့တယ်
    တီတီဆွီလဲ စိတ်ညစ်ရှာမှာနော်
    အဆင်ပြေပါစေနော်
    တိတ်ကဲ
    ဘိုင် ...

    ReplyDelete
  6. အိမ်ငှား အဆင်ပြေ သွားပြီမို့ လား

    ``ဗွမ်း`` ဟဲဟဲ သင်္ကြန်ရေလောင်းတာ စိတ်ဆိုးနဲ့  အမကြီးရာ

    ReplyDelete
  7. မမနဲ့ အတူ ဟင်း ချပြီး ရင်အေးသွားပါတယ်း)

    ReplyDelete
  8. ကိုဇက် အမှန်က ပထမပိုင်းလိုအရမ်းရှည်သွားမှာစိုးလို့ ချုံ့ရေးလိုက်တာ။ မရေးပဲ ချန်ခဲ့တာတွေလဲ အများကြီးပဲ။ အစ်မ အွန်လိုင်း အိမ်ကြော်ငြာတဲ့ web site တွေကနေ ကိုယ်တိုင်ကြော်ငြာတာတို့၊ အဲဒီက ပွဲစားတွေနဲ့ ဆက်သွယ်တာတို့၊ အင်တာနက်က အိမ်ကြော်ငြာကိုတွေ့ပြီး ပွဲစားမပါပဲ အိမ်လာကြည့်တဲ့ ဖိလစ်ပင်းမလေးတွေ တစ်သိုက်အကြောင်း၊ ဘလော့ဂ်လာဖတ်သူ ညီမတစ်ယောက်ကနေ မိတ်ဆက်ပေးလို့ မြန်မာ အင်ဂျင်နီယာ လင်မယား၊ ခလေးငယ်လေးနဲ့ အိမ်လာကြည့်တာတွေ၊ ပန်တို့လင်မယား အချိန်ဆွဲတာတွေ၊ ရစ်တာတွေ အားလုံး ချန်ထားခဲ့ပါတယ်။ တကယ်ရေးမယ်ဆို ၃ပို့စ်လောက် ဆက်ရေးလို့ရတယ်။ ဖတ်တဲ့သူတွေ အားနာလို့ အတိုချုံ့ပဲ ရေးလိုက်တာပါ။

    မယ်ကိုး၊ ၀က်ကလေး၊ စော၊ အိမ်ဂျယ်လှိုင်၊ အနောနိမတ်စ်၊ မွန်ပြည်သစ် ကိုယ်ချင်းစာ ခံစားသွားသူ အားလုံး ကျေးဇူးတင်ပါတယ်။

    ReplyDelete
  9. Hello Aunty Sweet,

    Glad to hear that all are settled now.
    May I have the name and contact of the myanmar agent you hired?

    ReplyDelete
  10. Yes, they are not bad. Can u send me your email address. I prefer to send by email. Thanks
    My email is
    sweetee2008@gmail.com

    ReplyDelete
  11. အဆင်ပြေသွားပြီဆိုလို့ဝမ်းသာပါတယ်...

    ReplyDelete