Wednesday, October 5, 2011

Blue mountain သို့ အလည်တစ်ခေါက်



 Blue mountain ဟူသည် ဆစ်ဒနီမြို့ အနောက်ဖက် ကီလို ၅၀လောက်အကွာရှိ တောင်ကုန်းတောင်တန်းထူထပ်ရာ အရပ်ကိုခေါ်ပါသည်။ ၎င်းအပြာရောင်တောင်တန်းများသည် မြို့ရဲ့ နယ်နိမိတ်အဖြစ် ကာရံထားသကဲ့သို့ပင် ရှိနေပါသည်။ တောတောင်များဖြင့် ရှူခင်းသာယာလှပရာ အများအားဖြင့် အပန်းဖြေရန် သွားကြပါသည်။


ကားဖြင့်မောင်းပါက ၉၀ ကီလိုမီတာခန့် မောင်းရပါသည်။ မနက် ၁၀နာရီခန့် အိမ်မှ ထွက်ခဲ့ကြသည်။  ရာသီဥတုမှာ ထုံးစံအတိုင်း အားကစားသမားများအကြိုက် ရာသီဥတုဖြစ်ပါသည်။ ဘုရားစူး Spring ဟု ကျိန်ပြောရတော့မည်။ ပြိုမှာလေလား မိုးရယ်။
M4 Motor way မှတဆင့် Great Western ဟိုင်းဝေးတစ်လျှောက် သွားကြရာ လမ်းခရီးမှ ရှူခင်းများမှာလည်း အင်္ဂလိပ် တောရွာ (country) ကို ဖြတ်သွားရသလို ရှူခင်းသာယာလှပပါသည်။ Woodford မြို့  ဖြစ်ပါသည်။



 Blue mountain ရှိရာ Katoomba မြို့ထဲသို့ ၀င်လာပါပြီ။


မြို့ထဲမှ တစ်ကီလိုခန့်ထပ်မောင်းလျှင် Blue mountain ရှူခင်းသာသို့ ရောက်ပါပြီ။ ဆစ်ဒ်နီတွင်ရှိစဉ် ဦးခြိမ့်မှာ weather report ကြည့်ထားရာBlue Mountain တွင် ၃၀ဒီဂရီ စင်တီဂရိတ်၊ အနွေးထည်များ သယ်ရန် မလိုဟု ဆိုပါသည်။ ချမ်းတတ်သော အန်တီဆွိမှ ပိုပိုလိုလို အနွေးထည်အထူများ သယ်လာရာ တော်ပေသေးသည်။ အပူချိန်မှာ ၁၀ဒီဂရီသာရှိရာ ယခုအခါ ညက်မှောင်ကျုတ်ကြီးဖြင့် သူ့အား တဖန်ပြန်လည် ကြည့်နိုင်ခဲ့ပါပြီ။ (လက်ခုတ်တီးကြပါ အန်တီဆွိပိတ်သတ်တို့း)

 











အဲလစ်ဇဘတ် ဘုရင်မကြီး လာလည်စဉ်က ကြည့်ရှူ့ခဲ့သော နေရာဖြစ်ပါသတဲ့။

 နာမည်ကျော် The Three Sisters တောင် ဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ကျော်မြင့်ပါသည်။ Three Sisters ဖြစ်ပေါ်လာပုံမှာ ရှေးမြန်မာ ပုံပြင်များကဲသို့ ဒဏ္ဍာရီ ဆန်လှပါသည်။ Katoomba နယ်မှ ရုပ်ရည် ချောမောလှပသော Aboriginal ညီအစ်မ ၃ယောက်ရှိရာ  Nepean နယ်မှ ညီအကို ၃ယောက်နှင့် ချစ်ကြိုက်မိကြသည်။ သို့ပေမဲ့ နယ်မြေ တရားဥပဒေအရ ညီအကို ၃ယောက်က ထိုညီအစ်မ၃ယောက်ကို လက်ထပ်ခွင့်မရှိကြရာ အင်အားသုံး၍ သိမ်းပိုက်ရန် ကြံစည်ကြရင်း နယ်မြေနှစ်ခုကြား စစ်မက်ဖြစ်ပွါးခဲ့သည်။


စစ်ပွဲဖြစ်ပွားနေစဉ် ညီအစ်မ၃ယောက်မှာ အကြီးအကျယ် ဒုက္ခရောက်နေရာ ကတ်တွန်းဘားနယ်မှ စုန်းဆရာက  ညီအစ်မသုံးဦး မထိခိုက်ရအောင်ဆိုကာ မန်းမှုတ်လိုက်ရာ ညီအစ်မသုံးဦးလုံး ကျောက်တောင်တွေအဖြစ် အသွင်ပြောင်းသွားကြလေသတဲ့။   လူ့အသွင်ပြန်ပြောင်းဖို့ မန်းမှုတ်ဖို့ အချိန်မရောက်ခင်မှာပဲ စုန်းဆရာ ကိုယ်တိုင် အသတ်ခံလိုက်ရပြီး စစ်ပွဲပြီးဆုံးသွားပါတယ်။ ဒါကြောင့် ညီအစ်မသုံးယောက်လုံး ကျောက်တောင်တွေအဖြစ်နဲ့ ယခုတိုင် ကျန်ရစ်ကြပါသတဲ့။ စိတ်ဝင်စားစရာ စိတ်မကောင်းဖွယ်ရာ ဒဏ္ဍာရီလေးပါ။

 Three sisters သို့ တောလမ်းလေးမှ သွားကြသည်။ ဘယ်ဘက် အစွန်ဆုံး တောင်ထွတ်လေးဆီသို့ သွားကြခြင်းဖြစ်သည်။ ငယ်ငယ်က ကျိုက်ထီးရိုး တက်ရတာတောင် သတိရသွားသည်။
ဂျူဂျူတို့ ဂိုက်ပေးကြမ်းနေပုံ။
ဒါကတော့ ဂျူဂျူ့အမေ ဂိုက်ပေးကြမ်းနေတာ။ သည်းခံသာကြည့်ကြပါ ပိတ်သတ်တို့ရေ။
အလန်ကွာတာဆွိ၏ စွန့်စားခန်းများ။း)
ပုပါးမှာကဲ့သို့ သံလှေခါးနှင့်ဆင်းရသည်။ အလွန်ပင်မတ်စောက်ရာ ခလေးများကို သတိထားတွဲခေါ်ရသည်။
သံလှေခါးမှ ဆင်းဆင်းချင်း တံတားလေးကိုကျော်လျှင် ကျီးကန်း ပါးစပ်ကဲ့သို့ တောင်ထွတ် အငူလေးထဲသို့ ရောက်ပါသည်။  စုစုပေါင်း ၁၀မိနစ်ခန့် လျှောက်ခဲ့ရပါသည်။


နှစ်ပေါင်းများစွာက မြေငလျှင်ဒါဏ်ကြောင့် ပြတ်သွားခဲ့သော ပြတ်ရွေ့တောင်ကြီးများ ဖြစ်ပါသည်။


 အပြန်ကျတော့ အတက်ဖြစ်ရာ လှေခါးများကို မုန်းသော အန်တီဆွိမှာ အတော်ပင် ကြိုးစားပမ်းစား တက်ရပါသည်။ ခြေထောက်ကညောင်း၊ လူကမောနှင့် အလွန်ပင်ပမ်းပါသည်။ အားလုံးကိုယ့်ကို ကျော်တက်ကုန်ရာ ဘေးမှ ညက်ခုံးကျုံ့ကြီး စောင့်ခေါ်နေပေး၍ တော်ပေတော့သည်။


 အပြန် Scenic World မှာ နေ့လည်စာ ၀င်စားကြသည်။ အ၀င်ဝမှာ ညီအစ်မ ၃ဖော်နှင့် သူတို့၏ ဖခင်ပုံကို ထုလုပ်ထားသည်။



တောင်များတစ်ခုမှ တစ်ခုဆီသို့ cable car များဖြင့် သွားနိုင်သည်။ မဆွိတီတို့မှာ အပြန်ဧည့်သည်ကို ခရီးဆက်ပို့စရာရှိသေး၍ အချိန်မရတော့သည်ဖြစ်ရာ cable car တော့ မစီးခဲ့ရပါ။


ရှုခင်းများကို Scenic World မှ ထပ်မံကြည့်ရှူကာ ညနေ ၃နာရီခွဲခန့် ပြန်ခဲ့ကြပါသည်။  

21 comments:

  1. ကေဘယ်ကားစီးချင်သွားပြီ မမ။ လက်ခုပ်တီးတဲ့အပြင် လက်ခေါက်ပါမှုတ်သွားတယ်နော်။
    Mon Petit Avatar

    ReplyDelete
  2. ကင်မရာမင်းကအလန်ကွာတာဆွိလားဟင်...လက်စွမ်းပြထားတာ‌တွေ
    ကြည်ြ့ပီးဘယ်ကိုလွမ်းရမှန်းမသိ..လွမ်းလိုက်ထှာ..။;(

    ReplyDelete
  3. ပျော်စရာကြီး မမအလန်ကွာတာ ဆွိ။
    ဂျူဂျူလေး စတိုင်အတော်မိ ။

    ReplyDelete
  4. ဖြောင်း ဖြောင်း ဖြောင်း

    ReplyDelete
  5. အလန်ကွာတာဆွိ နှင့်ညက်ခုံးကျုံ့ ကိုယ်တော်ကြီး ဟိဟိ။ မိုက်တယ်ကွာ

    ReplyDelete
  6. ရှုခင်းတွေ လှလိုက်တာတော်...။ ကျိုက်ထီးရိုး အလွမ်းပြေဖြစ်သွားမှာ သေချာတယ်အစ်မဆွိရေ..။ အလန်ကွာတာဆွိရဲ့ ရိုက်ချက်လေးတွေက တကယ်မိုက်ပ့ါရှင်..။

    ReplyDelete
  7. ဤတွင်သတင်းများကို ကြေငြာလို့ပြီးပါပြီ။ :)

    အဲဒိမိန်းမရုပ်တုတွေကို မြင်ဖူးပီးသားပေမယ့် three sisters mountainsတွေနဲ့ဆက်စပ်ပြီးမသိခဲ့ဘူး။ ရှုခင်းတွေက အတော်လေးသာယာတယ်။

    TOI

    ReplyDelete
  8. တီဆွိရေ.. ရှုခင်းတအားလှတယ်။ ရာသီဥတုအေးတော့ တောင်ပေါ်တက်ရတာ သိပ်မမောဘူးပေါ့။ ဂျူးဂျူးလေးကြည့်ရတာတော့ ကလေးဆိုတော့ မောပုံမရဘူး။
    (သြော် မေ့လို့ လက်ခုတ်တီးသွားပါတယ်ခင်ဗျာ)
    (လီယို)

    ReplyDelete
  9. (Clap)3.....Juu Juu looks like a teenage girl n lovely pose.Nge Naing posted about blue mountain and three sisters few months ago.I like to read whatever you post...:)
    Gyidaw

    ReplyDelete
  10. ဆရာတွတ်က သူ့ရဲ့ တောဘွတ်ကြီး ပြန်လာပေးပါတဲ့ ရိုးမထဲ မဝင်သေးလို့ မသေးမျှင် ညက်မှောင်ကျုံ့ အဲ.. ညက်စောင်းထိုးနေပြီ တဲ့။
    တီတီဆွိ အနွေးထည်တွေ ပေးခဲ့လိုက်ပါ။ ခမျာများ အေးနေရှာမယ်။

    ReplyDelete
  11. ကျွန်မဘလော့ဂ်မှာလည်း Bule Mountain ကို သွားတုန်းကအကြောင်း တင်ထားတာ ရှိတယ်။ http://nge-naing.blogspot.com/2011/05/blog-post_16.html ဒီနှစ်နွေရာသီ တခေါက်ထပ်သွားဖို့ ရှိသေးတယ်။ Magician ကို အစ်မက စုန်းဆရာ ကျွန်က မှော်ဆရာလို့ ဘာဘာသာပြန်ထားတယ်။ Bule Mountain က နွေရာသီမှ ပိုကောင်းတယ်။ ကျွန်မတို့ရောက်တုန်းက Threee Sister ကနေ တောင်ခြေထိ ဆင်းသွားပြီး တောင်ခြေမြေပြန့်ကို လမ်းလျှောက်ပြီး ဒီဘက်က ရထားနဲ့ ပြန်တက်လာတယ်။ ကျွန်မဘလော့ဂ်မှာ တင်ထားတာ တောင်အောက်ကပုံနဲ့ Catoomba Part ရေတံခွန်ပုံပါ ပါတယ်။

    ReplyDelete
  12. လက်ခုပ်အပြင်းစား တီးသွားသည်........ပြီး အလန်ကွာတာဆွိ၏ ဂိုက်အားအလွန်သဘောကျစွာ ၂ခါပြန်ကြည့်သွားသည်။

    ReplyDelete
  13. လှလိုက်တာ
    အပြာရောင်တောင်တန်းတွေက၊

    ReplyDelete
  14. အလန်ကွာတာဆွိ တဲ့ နာမည်ပေးတတ်ပါ့။
း))

    ReplyDelete
  15. ကိုယ်တိုင်အလည်ရောက်သွားသလိုပါပဲ စွိတီရေ။
    စိတ်ရှည်စွာ မျှဝေပေးတာ ကျေးဇူးပါနော်။
    သားအမိနှစ်ယောက်စလုံး ချစ်ဖို့ကောင်းတယ်(မုန့်ကျွေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  16. ဟုတ်လား မငယ်နိုင် သွားဖတ်ကြည့်ဦးမယ်။ မှော်ဆရာက ပိုမှန်မှာပါ။ ဒီက ဝေါဟာရ မကြွယ်ဝလို့ စုန်းဆရာ ဖြစ်သွားတား)ဒီတစ်ခေါက်ကတော့ ဧည့်သည်လိုက်ပို့ရင်း အကြုံလိုက်တာဆိုတော့ rush ဖြစ်သွားတယ်။ နောက်တစ်ခေါက် အဖွဲ့လိုက်ကြီး ရထားနဲ့သွားကြမယ်လို့ ချိန်းထားကြတယ်။ အဲဒီကျမှ အစုံသွားတော့မယ်။

    အမောင်တောင်ငူသား စိတ်ကောက်လို့ မလာတော့ဝူးထင်တာ။ သူကခုတော့ three sister ကို သနားနေသေးတယ်။ မသေးမျှင်ကလဲ တို့လိုပဲ ညက်စောင်းထိုးတာပဲလား ...း)

    Yes Gyitaw, I will read Ma Nge Naing's post.
    Yes, Ju Ju always looks older than her age since she is tall. Actually she is only Primary 2 student. When we were at Primary 2, we looked like a small kids/baby ha ha.

    TOI ဟုတ်တယ် ရှူခင်းတွေကတော့ အရမ်းလှတယ်။ အန်တီဆွိက အဲဒီတောတောင်တွေထဲ လျှောက်သွားချင်တာ။ အဲဒီတောထဲဝင်သွားကြပြီး ပျောက်သွားသူတွေ အများကြီးရှိတယ်ပြောတယ်ဗျ။
    ရုပ်ထုတွေကတော့ ရှေးလူသားတွေဆိုတော့ အ၀တ်တွေမပါဘူးဂျ။ ဒါကြောင့် မှတ်မိနေတာထင်တယ်။း)

    မြသွေး ကျိုက်ထီးရိုးကို တကယ် လွမ်းသွားတာ။ ငယ်ငယ်ကတော့တက်နိုင်တယ် ။ မနက်၇နာရီတက်လိုက်တာ နေ့လည်၁၁ နာရီ ရောက်ရောပဲ။ ခုတော့၁၀မိနစ်ခရီးလေးကို ဟောဟဲဖြစ်နေတယ်။ ဒီမှာ လမ်းမှာဈေးရောင်းတဲ့ အသည်လေးတွေ မရှိဘူး။ အဲဒါလေးတွေလဲ လွမ်းတယ်။

    ဗစ်တာ ပေးတဲ့ နာမည်က ပိုတောင်မိုက်နေသေး ဟေးဟေး အဲလို ခေါင်းစဉ်တပ်ရမှာ ... ဟမ် ))))))))) (အန်တီသက်ဝေ စတိုင်ဖြင့်ဖတ်ပါရန် :)

    သန္တာ၊ အနောနိမတ်စ် ကျေးဇူး။ နာမည်ကို အတော်သဘောကျနေပုံရတယ်။

    အန်တီစုရေ ကင်မရာမင်းကတော့ ဦးခြိမ့်။ သူရိုက်တာ များပါတယ်။ ဒီတစ်ခါ သူလက်စွမ်းပြထားတာ။

    ReplyDelete
  17. အလန်ကွာတာဆွိတဲ့... ချစ်ချာလေး... (အတည်ပြောခြင်းဖြစ်သောကြောင့် ဟမ်... ရန် မလိုအပ်ပါချေ)

    ReplyDelete
  18. ရှုခင်းတွေကြည့်ရတာ စိတ်လှုပ်ရှားဖို့ကောင်းတယ်
    ကျောက်တောင်က အလွှာလွှာဖြစ်နေတာကလည်း တစ်မျိုးဘဲ
    သားအမိတတွေကို အားကျလိုက်တာ
    ကလေးတွေရော ကလေးတို့အမေရော ပျော်နေမှာဘဲ
    ပုံထဲမှာကြည့်ပြီး အတော်ပျော်နေကြမှန်းသိသာပါတယ်
    အပျော်တွေ ကုးစက်သွားပါတယ်

    ReplyDelete
  19. အလန်ကွာတာတီဆွိရဲကခရီးစဉ်ကို မဒိုးကန် သဘောကျစွာအနီးကပ်ကိုကြည့်သွားပါတယ်ရှင်

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  20. အလန်ကွာတာဆွိ တောင်တက်ရတာ ပျော်စရာကြီး...

    ReplyDelete
  21. ဘီလူးတောင်ကို အလန်ကွာတာဆွိ+ (အခုတော့ ခေါ်ပြီပေါ့ ) ညက်မှောင်ကျုံ့ ကြီးတဲ့ အရင်တုန်းကတော့ အဲလိုလေး ကျုတ်တာကိုက ဘာဖြစ်တယ်ဆိုလားဘဲ......ပုံတွေ ထဲက နေ တ၀ကြီး လည်သွားပြီ သမီးလေး ဂျူးဂျူးကတော့ လှပြီးရင်လှ

    ReplyDelete