Thursday, September 16, 2010

ကျူနာငါးသေတ္တာသုတ်၊ ၀က်ရိုးကြာစွယ်ဟင်းချို

အသိတစ်ယောက်အိမ်သွားလည်တုံးက စားဖူးတဲ့ ကျူနာငါးသေတ္တာသုတ်ပါ။ အဲဒီတုံးက စားလို့ကောင်းလို့ နည်းလေးမှတ်ထားတာ ခုမှသုတ်စားဖြစ်ပါတော့တယ်။

သုတ်စားတဲ့ ကျူနားငါးသတ္တာမှာ ၂မျိုးရှိတယ်။ ရေစိမ်ထားတာနဲ့ ဆီစိမ်ထားတာနဲ့ပါ။ အဲဒီနေ့က မှားဝယ်လာလို့ ရေစိမ်ထားတာနဲ့ပဲ သုတ်လိုက်ရပါတယ်။ အမှန်က ဆီစိမ်ထားတဲ့ဘူးထဲက ဆီလေးတွေပါ ထည့်သုတ်ရင် ပိုစားလို့ကောင်းပါတယ်။


ုကြက်သွန်နီ၊ ခရမ်းချဉ်သီးတွေကို သေးသေးလေးတွေ chop လုပ်၊ ငရုပ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်မြိတ်တွေကိုလည်း ရိတ်ရိတ်လှီးပါတယ်။ သံပုရာရည်ဆမ်း၊ ငရုပ်ကောင်း (မညက်တညက်) နဲ့ သုတ်ပါတယ်။ ဆား အချိုမှုန့် သင့်သလို ထည့်သုတ်ပါ။






လိုက်ဖက်တဲ့ဟင်းကတော့ ၀က်နံရိုး (သို့) ၀က်ခြေထောက်ကို ကြာစွယ်နဲ့ (lotus root - ကြာမြစ် ခေါ်မလားမသိ ) စွတ်ပြုတ်လုပ်ထားတာနဲ့ပါ။ ၀က်ရိုးကို ဂျင်း၊ကြက်သွန်ဖြူ၊ ပဲငံပြာရည် အချို နဲ့ အချိုရည်ထွက်လာသည်အထိ ပြုတ်ပြီး ချခါနီး ၁၀မိနစ်လောက်မှာ ကြာစွယ်ခပ်ပြီးစားတာပါ။ ကြာစွယ်က ၀ါးလိုက်ရင် ထုတ်ထုတ်-ထုတ်ထုတ်နဲ့ စားလို့သိပ်ကောင်းပါတယ်။


ကြာစွယ်မမြင်ဖူးသူများအတွက်

original picture link

8 comments:

  1. Tuna တော့အစိမ်းပဲ စားတယ်..အစိမ်းကို ပဲငံပြာရည်၊ ဝါဆာဘီ (မုံလာဥ အစိမ်းရောင် အမှုန့်) နဲ့ တို့စားလို့ကတော့ ဗျာ....ရေးရင်းတောင် သွားရေကျလာပြီ..ဂျပန်လိုတော့ sashimi ခေါ်တာပေါ့လေ..

    ReplyDelete
  2. တီဆွီ..ကျူနာလို့ ခေါ်တာလားအဲဒါက.. ကူးက အမြဲ တူနာ လို့ မှားပေါင်း တယ်။
    သူများသုပ်ရင်အရမ်းစားကောင်းတယ်.. ကိုယ်တိုင်သုပ်ရင် အဆင်မပြေ ဘူး။ တစ်ခုခုလိုနေတယ်..း)
    ကြာဆွယ်က ဒီမှာ ကိုးရီးယားဆိုင်တွေမှာ ခဲထားတဲ့ဟာတွေရောင်းတယ်။
    တစ်ခါတစ်လေ မာလာဟင်းချက်ချင်ရင်သွားသွားဝယ်တယ်..

    ReplyDelete
  3. တီဆွိချက်ထား၊ သုတ်ထားတာလေးတွေကတော့ စားကောင်းမည့်ပုံ စားချင်စရာလေးတွေပဲ...
    ဒီမှာတော့ ထမင်းဝိုင်းမှာ ကိုယ်ချက်ထားတဲ့ လူမမာမျက်နှာ ဖြူဖတ်ဖြူရော် ဟင်းပန်းကန်လေးတွေကြည့်လိုက် ဟိုသူ့မျက်နှာကြည့်ရ ဒီသူ့မျက်နှာကြည့်ရနဲ့ သိပ်မျက်နှာငယ်တာပဲ...
    အိမ်ကလူတွေ ကိုဧရာနဲ့ သားကြီးက ငါး မစားကြဘူးလေ...
    မရ .. မရ.. ကျူနာသုတ်.. စားလို့ မရ

    ReplyDelete
  4. မဆွိရေ..
    အဲလိုကျတော့လည်း အသုပ်လေးက စားချင်စရာလေးနော်။ ကိုယ့်ဘာသာသုပ်စားရင် အမယ်မစုံလို့လားမသိဘူး။ စားမကောင်းဘူး။ ၀က်ရိုးနဲ့ချက်တဲ့ အဲဒီကြာစွယ်ကို အခုမှ ကြာစွယ်မှန်းသိတော့တယ်။ ဒီမှာတော့ အများကြီးရောင်းတယ်။ သူ့ကို မုန့်နှစ်နဲ့ အကြော်ကြော်စားရင် အားကြီးကောင်းသတဲ့. ကြော်စားသူတွေကပြောတား))

    ReplyDelete
  5. စားချင်စရာလေး တီတီဆွိ

    ReplyDelete
  6. အိမ်မှာလည်း အောလစ်ဗ်အွိုင်း နဲ့ ကျူနာ တဗူးရှိတယ်။ မတ်စိ ပြောသလို သုတ်စားဦးမှ၊ ကြာစွယ်ဟင်းချိုနဲ့ ဝက်နံရိုးလည်း ကြိုက်တာပဲ...အံမာလေး ဝတော့မှာပဲ မတ်စိရယ် :))

    ReplyDelete
  7. တနေ့တနေ့ ပေါင်မုန့်နဲ့ စားနေရတဲ့ Tuna ဗူးတွေကို ကြည့်မရတာကြာပြီ...
    အခုတော့ အတော်ပဲ... အကုန်သုပ်စားပစ်မယ်...း))

    ReplyDelete
  8. ကျူနာ စည်သွပ်ဗူးကို အပြင်မှာမြင်တောင် မမြင်ဖူးဘူးဗျာ...ဆိုးလိုက်တာ...

    ဒါပေမယ့် အစားဆိုတာ လူနဲ့ အတည့်ဆုံးအရာ ဖြစ်တာမို့ အစ်မရဲ့ ကျူနာသုပ်ကို နတ်တွေလို အငွေ့နဲ့တင် အ၀စားသွားပါတယ်.

    ReplyDelete