
ယနေ့သည်ကား မဆွိတီ ကုမ္မဏီတွင် အလုပ်လုပ်ခြင်း နောက်ဆုံးနေ့ဖြစ်ပါသည်။ ထွက်စာတင်ပြီး ၂လတိတိ စောင့်လိုက်ရသည်။ ၈နှစ်ခွဲကြာ ဒရမ်မာကား ပြီးဆုံးခဲ့လေပြီ။ စိတ်ထဲမှာကား စာမေးပွဲပြီးတော့မည့်ကျောင်းသားတစ်ယောက်လို ဖြစ်နေတာကလွဲ၍ ကျန်တာ ထူးထူးခြားခြား မရှိလှပြီ။ မနက်က ရုံးအလာ လမ်းကလေးမှာ ငါဒီလို လမ်းလေးကို လျှောက်ပြီး ရုံးလာရတာ ဒီနေ့နောက်ဆုံးနေ့ပါလား။ နောက်ဆို ဒီလမ်းလေးကနေ လျှောက်ဖို့မလိုတော့ပါလား ဆိုတာတော့ စိတ်ကူးယဉ်ဆန်ဆန် တွေးမိသည်။ ရုံးမှာလဲ farewell တွေက ဟိုအဖွဲ့၊ဒီအဖွဲ့၊ အဖွဲ့မျိုးစုံနှင့် ပြီးခဲ့တဲ့ အပတ်ကစ၍ တစ်ပတ်လုံးနီးပါးဆိုတော့ လူက နဲနဲပင် ဝချင်သလိုပင်ဖြစ်နေသည်။ ကားကလဲ မရှိတော့၍ နေ့စဉ်လမ်းလျှောက်နေလို့သာ တော်တော့သည်။
လွှဲစရာရှ်ိသော အလုပ်များကိုလဲ မနက်ကတည်းက excel sheet မှာ သေချာပြင်ကာ link တွေနဲ့ ပြထားသည်မှို့ ဘယ်ဖိုင် ဘယ်နားရှိသည်ဆိုတာ ရှင်းပြစရာမလိုတော့ပါ။ မနက်က ကိုယ့်အလုပ်တွေကို ယာယီလွှဲယူမည့် Henry ကို CAD file အကြောင်းတော့ အသေးစိတ်သေချာရှင်းပြခဲ့ပြီးပါပြီ။ အစားထိုးရောက်မည့်သူက အမျိုးသားအင်ဂျင်နီယာသာဖြစ်သည်မှို့ သူတို့တွေက ဘော့စ်ကို အမျိုးသမီး အင်ဂျင်နီယာ ခန့်ပါဟုနောက်နေကြသည်။ မဆွိတီမရှိသည့်နောက်တွင် ME ဌာနသည် ဘုန်းကြီးကျောင်းဖြစ်တော့မည် ထင်သည်။
ဒီနေ့လဲ နောက်ဆုံးနေ့ ပလဲစင့်အတွက် ချောကလက် ထွက်ဝယ်ရသေးသည်။ မဆွိတီတို့ကုမဏီတွင် မည်သူက စတင်တီထွင်ခဲ့သည်မသိ၊ နောက်ဆုံးနေ့တွင် ချောကလက်များ လိုက်ဝေကာ နှုတ်ဆက်လေ့ရှိသည်။ နှုတ်ဆက်ပြီးတော့စားပွဲပေါ်မှာ ချောကလက်လေး ၃-၄ခု တင်ကာ ပေးထားခဲ့သည်။ စားပွဲပေါ်က ချောကလက်လေးများက လူတစ်ယောက် နှုတ်ဆက်ထွက်ခွါခြင်း အထိမ်းအမှတ်။ မဆွိတီကား ၈နှစ်ကျော်ကာလအတွင်း အလုပ်ထွက်သွားသူပေါင်းစုံမှ ပေးသော ချောကလက်မျိူးစုံ စားခဲ့သည်။ ချောကလက် များစွာ စားခဲ့ဖူးသည်။ ယနေ့တော့ ချောကလက်ဝေမည့်သူ ၊ ချောကလက်လေးများ စားပွဲပေါ်တင်ပေးမည့်သူ ကိုယ်ကိုယ်တိုင်ဖြစ်နေလေပြီတကား။
အဲဒီ ချောကလက်စားချင်တယ်။ အစစအရာအရာ အဆင်ပြေပါစေခင်ဗျ
ReplyDeleteဟီး တောင်းစားမလို့မှတ်တာ..တီဆွိရယ်..ကိုခနွဲဦးသွားတယ်...
ReplyDeleteအစစအဆင်ပြေပါစေး)
တို့အရင်လုပ်ခဲ့တဲ့ ကုမဏီ မှာလဲ နောက်ဆုံးနေ့မှာ ချောကလက်များ လိုက်ဝေပြီး နှုတ်ဆက်တယ်။
ReplyDeleteကိုယ်ကတော့ အလုပ်မထွက်ပေမယ့် စာပွဲပေါ်မှာ နေ့တိုင်း ချောကလက်တွေ ရှိတယ်... ၈ နှစ်ခွဲဆိုတဲ့ သံယောဇဉ်ကို တွေးနေမိတယ်... ရှေ့ဆက်ရမယ့် ခရီးအတွက် အစစ အဆင်ပြေစေဖို့ ဆုတောင်းတယ် သူငယ်ချင်းရေ....
ReplyDeleteဒီကြားထဲ လာတွေ့ပါဦးမယ်...း))
တီဆွိရေ..စဉ်းစာနေမိတာ...လူတိုင်းမှာ ခေါင်းတလုံး နှလုံးသားတခုစီသာ ပါကြပေမဲ့ ခံစားတတ်သူများကြတော့ ရင်ဘတ်ကြီးနဲ့ အပြည့် တနင့်ကြီး..ခံစားရတယ်နော်..တယောက်နဲ့တယောက် မတူဘူး လို့
ReplyDelete၈နှစ်ခွဲကြီးတောင်ဆိုတော့ သံယောဇဉ်တွေတွယ်နေရောပေါ့.. ခုလိုကြီးခွဲရတော့ လွမ်းစရာကြီးနော်..
ReplyDeleteအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ အစ်မရေ . .
ReplyDeleteမဆွိကို မမြင်ဖူးပါ ၊ မဆွိပို.စ်မှာ ကွန်မန်.ရေးတာမကြာသေးပေမဲ့ ခင်မင်မိပါတယ် ၊ ဘလော့ဂါတော်တော်များများကို မတွေ.ဖူးပါ ၊ ချွင်းချက်အနေနဲ.စလုံးမှာ ပွဲတိုင်းကျော်တဲ့ အမျိုးသား ဘလော့ဂါတစ်ယောက်ကိုပဲအပြင်မှာတွေ.ဖူးပါတယ် ၊ ပစ်မလွဲကြီးဆိုတော့ မှတ်မိပါတာပေါ့၊ နောက်ဘလော့ဂါ အမျိုးသမီးတစ်ယောက်ကိုတော့ ဘလော့မှာတင်ထားတဲ့ ဓါတ်ပုံကိုတွေ.ဖူးတာပါ၊ အဲဒီဓါတ်ပုံတင်ပြီး စင်ကာပူမြို. လယ်က အော်ချတ်မှာ ရေကြီးတော့တာပဲ ၊ အဲဒီ့ဘလော့ဂါ တစ်ယောက် ဟိုတလောက ဂျပန်ကို သွားလည်သလားလို.တောင် သံသယဖြစ်မိပါတယ် ၊ ဟိုတလောက ဂျပန်မှာ ငလျင်နဲ. ဆူနာမီ ဒဏ်ခံလိုက်ရလို.ပါ ၊ ဘာပဲဖြစ်ဖြစ် အင်တာနက်မှာဆုံတဲ့ ဘလော့ဂါများကို ခင်မင်လေးစား မိပါတယ် ၊ ရတဲ့အချိန်နည်းနည်းလေး ထဲက ရေးနိုင်တဲ့စွမ်းရည်ကိုလည်း အသိအမှတ်ပြုမိပါတယ် ၊
ReplyDeleteအလုပ်တစ်ခုတည်းမှာ ၈နှစ်ဆိုတဲ့ အတိုင်း အတာကလည်း တော်တော်ကြာပါတယ် ၊ အလုပ်သံယော်ဇဉ်တော့ဖြစ်မိမှာ အမှန်ပါပဲ ၊ မဆွိကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်နေနိုင်ပါတယ် ၊ ဒါမှာမဟုတ် ဒီလောက် stress များလှတဲ့ စလုံးက လွတ်ပြီဟေ့ ကျွတ်ပြီဟေ့ဆိုပြီး celebration လုပ်နေတာလဲ ဖြစ်နိုင်ပါတယ်၊
ဘာပဲဖြစ်ဖြစ်တိုးတက်မူအတွက် သြဇီ ကိုပြောင်းသွားတဲ့ အတွက် ၀မ်းသာမိပါတယ် ၊
ကျွန်တော့်ကွန်မန်.က အပေါ်ကသက်ဆိုင်သူ ဘလော့ဂါများရဲ့ စိတ်ကို အနှောက်အယှက်ဖြစ်ခဲ့ရင်လဲ ကြိုတင်တောင်းပန် အပ်ပါတယ် ၊ ကြုံတုန်း ရယ်စရာအနေနဲ. မန်.တယ်လို.ပဲ ယူဆပေးပါခင်ဗျာ ...
သြဇီကနေ တင်မဲ့ပို.စ်အသစ်များကိုမျှော်နေပါ့မယ် ၊
သြဇီမှာ မဆွိနဲ. မိသားစုဝင်အားလုံး အစစအရာအရာ အဆင်ပြေပါစေလို. ဆုတောင်းအပ်ပါတယ် ၊
ခင်တဲ့
Z
အောင်မြင်ပျော်ရွှင်သောအနာဂတ်ဆီသို့ ....
ReplyDeleteအစစအဆင်ပြေပါစေ....
မမရေ အဆင်ပြေချောမွေ့ပါစေလို့ အားပေးသွားရင်း ညီမလေး...
ReplyDeleteကောင်းသောနေ့ လေးဖြစ်ပါစေ။
ဟိုမှာ အခြေကျအောင် လုပ်ရဦးမှာ ဆိုတော့ မဆွီရေ အဆင်ပြေပါစေနော် .......
ReplyDeleteအဲဒီ ချောကလက်လေးတွေက အရမ်းစားကောင်းတယ် ချောကလက်ထဲမှာ အဲဒီ ချောကလက်ကို အကြိုက်ဆုံး
ချောကလက်လေးတွေဟာ ပျော်ရွှင်ခြင်းအထိမ်းအမှတ်နဲ့သာ ပေးမယ်ဆို သိပ်ကောင်းမှာ
ReplyDeleteခုတော့ ခွဲခွာခြင်း အထိမ်းအမှတ်ဖြစ်နေတယ်.
နေရာသစ်မှာ အစစ အဆင်ပြေပါစေ မမဆွိရေ။
ဘလော့ပေါ်မှာလည်း မကြာမကြာ ပြန်တွေ့ချင်ပါတယ်
မိသားစုအားလုံး ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Wish you all the best!
ReplyDeleteအရာရာအဆင်ပြေပါစေ..။
ReplyDeleteချော့ကလက်တခုနှိုက်သွားတယ်နော်။
ပေါက်
မဆွိရဲ့စာလေးတွေ လာဖတ်နေကျမို့ စိတ်ထဲမှာ တိတ်တိတ်လေး ခင်နေတယ်။ အားလုံးကဲ့သို့ နေရာသစ်မှာ အဆင်ပြေ ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အပြောင်းအလဲကာလရဲ့ ဖြစ်မြဲကြုံမြဲ အဖုအထစ် ကလေးများကိုတော့ ရင့်ကျက်တဲ့အတွေ့အကြုံ၊ ပေါ့ပါးလွပ်လပ်တဲ့အမြင်၊ အားကိုးရတဲ့အဖေါ်မွန် တို့နဲ့အတူ အလွယ်တကူ ကျော်ဖြတ်နိုင်မယ်ဆိုတာ အသေအချာ ယုံကြည်ပါတယ်။
ReplyDeleteကိုဇက်ရဲ့ ကွန့်မန့်ကို ရုတ်တရက်မြင်လိုက်တော့ ဟာ ငါဘယ်အချိန်က ပို့စ်အသစ်တင်လိုက်ပါလိမ့်လို့း) ဟိုရောက်ရင်လဲ ဟိုကအတွေ့အကြုံတွေ ကမောက်ကမတွေ တင်ဖြစ်ဦးမှာပါ။ အားပေးမှုအတွက် ကျေးဇူးအထူး ကိုကိုဇက်။
ReplyDeleteဂျွန်ဝမ်းပြောမှပဲ ချောကလက်နဲ့ နှုတ်ဆက်တာ ကုမ္ပဏီတိုင်း ထုံးစံလားတိဘူးနော် ...
အန်တီတက်ဂ်ဝေ ပို့စ်တစ်ပုဒ် အကြွေးကျန်နေသေးတော့ အကြွေးရှင်ကို တွေ့လိုက်သလို လန့်တွားတာပဲ ... သများမှာ ..
အလကားစတာနော် ... အိမ်လာလည်ဦး ..
ချောကလက်နှိုက်စားသွားသူများ၊ လာရောက်အားပေးဆုတောင်းပေးကြသူများ ကျေးဇူးအထူးတင်ပါတယ် ...
ခွဲးကာနီး ချောကလတ်ပေးတာ ကောင်းမွန်သော ခွဲခွာမှုဖြစ်ပါစေ ဆိုတဲ့ အထိမ်းအမှတ်ဖြစ်မှာပါ။
ReplyDeleteဒါတွေက တိုးတက်မူတွေပဲပေါ့။
စလုံးကလူတွေကို ကျုးပစ်မှာ ဆက်ပြီးကူညီပေးပါနော် ။All the best to t t seweet , u chaint,ju
ReplyDeleteAll the best to you 3:)
ReplyDeleteNew year,new country,new atmosphere n .........not new U Chaint.Just kidding:DWhen u have chance come n enjoy land of chocolate.
Gyidaw
Hello sis,
ReplyDeletepls let me know what font are you using?
I cannot read your blog.