အန်တီဆွိတို့ သားအမိ ဧပြီ၁၆ရက်နေ့ ညနေ ဖလိုက်နဲ့ စင်္ကာပူ ကနေ ဆစ်ဒ်နီမြို့ကို ထွက်ခဲ့ကြပါတယ်။ လေယာဉ်နဲ့ ခရီး သွားခဲတဲ့ မဆွိတီဟာ လမ်းခရီးမှာ တစ်ခုခု အဆင်မပြေမှာကို ကြောက်ပြီး ရင်တထိတ်ထိတ်နဲ့ သွားရတာပါ။ ကိုယ်တက်မဲ့ လေယာဉ်မှ ရှာတွေ့ပါ့မလား၊ အင်မီဂရေးရှင်းတွေမှာ အဆင်မှပြေပါ့မလား၊ ကပ်စတန်တွေမှာ ရစ်နေမလား အစရှိသဖြင့်ပေါ့။ ဒါပေမဲ့ ဆစ်ဒ်နီလေဆိပ်ကနေ ထွက်လို့ အပြင်မှာ စောင့်နေတဲ့ ဦးခြိမ့်ကို တွေ့တဲ့အထိ အစစအရာရာ ချောချောမွေ့မွေ့ပါပဲ။
တစ်ခုပဲ။ စင်္ကာပူလေဆိပ်မှာ Hand carry တွေ scan ဖြတ်အပြီး လေယာဉ်ပေါ်တက်ခါနီးမှာ ပတ်စ်ပို့စ်ကို စစ်ဖို့ပေးလိုက်တော့ သကောင့်သားက မြန်မာ ပတ်စ်ပို့စ်မှန်းလဲသိရော ရစ်ပါလေရောဗျာ။ ဟိုက အင်မီဂရေးရှင်း အရာရှိကတောင် ဘာမှမမေးပဲ အေးဆေး pass ပေးလိုက်တာကို သူက ဘယ်ကိုသွားမှာလဲ၊ ဘာလုပ်ဖို့သွားမှာလဲ၊ ဘယ်လောက်ကြာမှာလဲ မေးရုံမက ဗီဇာ စတစ်ကာလေးကိုတောင် လေဆာလို ကရိယာတစ်ခုသုံးပြီး အနီးကပ်စစ်ကြည့်နေလို့ အတော်ကို စိတ်ပိန်သွားတယ်။ ဒါနဲ့ ပတ်စ်ပို့လဲ ပြန်ပေးရော တွေ့ရာလူ အားနာပြီး ကျေးဇူးတင်နေတတ်တဲ့ မဆွိတီဟာ ပတ်စ်ပို့ကို လက်ထဲက ဆွဲယူပြီး ပါးစပ်က Thank you လို့ထွက်တော့မလို့ဟာ စိတ်ထဲက ငါဘာလို့ သူ့ကိုကျေးဇူးတင်ရမှာလဲ ငါ့ကို သတ်သတ်ရစ်နေတဲ့သူဆိုပြီး မျက်စောင်းထိုးပြီး ထွက်ခဲ့တော့တယ်။
လေယာဉ်ကလဲ British Air Way ဆိုတော့ လေယာဉ်စောင့်နေကတည်းက တစ်စီးလုံး နှာခေါင်းရှည်ရှည် အသားဖြူစပ်စပ်တွေချည်း တွေ့နေရတယ်။ အေရှဆိုလို့ မဆွိတီတို့ သားအမိရယ်၊ တရုတ်တစ်ယောက်ရယ်ပဲ တွေ့တယ်။ အဖြူတွေကို ရုပ်ရှင်တွေထဲမှာသာ ခုလို အစုလိုက်အပြုံလိုက်ကြီး တွေ့ဖူးတာဆိုတော့ မဆွိတီစိတ်ထဲမှာ ကိုယ်ပဲ ရုပ်ရှင်ထဲ ရောက်သွားသလိုကြီး ဖြစ်နေလို့ ကိုယ့်အတွေးနဲ့ကိုယ် ရယ်ချင်နေတော့တယ်။
လေယာဉ်ပေါ်ရောက်တော့ မဂျူဂျူက ချမ်းလို့ တချိန်လုံး ဂျီကျပြီး တော်တော်နဲ့ မအိပ်ဘူးဗျာ။ ကိုယ်ခြုံထားတဲ့ စောင်ပါ ၂ထပ်ခြုံပေးတာတောင် မလောက်လို့၊ သူ့လက်ကလေးတွေကတော့ အေးနေတယ်။ မေမေ့လက်တွေက ဘယ်လိုလုပ်ထားလို့နွေးနေတာလဲ ဆိုလို့ သူ့လက်ကလေးတွေကို နွေးသွားအောင် မအေလက်နဲ့ အကြာကြီး ဆုတ်ထားလိုက်မှ မချောက အိပ်တော့တယ်။ မအိပ်ခင် ဂျူဂျူ နှာစေးချင်သလိုဖြစ်တယ်၊ လည်ချောင်းနာတယ်ဆိုလို့ လေယာဉ်မယ်ဆီက ပါရာစီတမောလေး တောင်းမိတာ မျိုးစုံမေးမြန်းပြီး နောက်ဆုံး ပနဒေါ တစ်ခြမ်းနဲ့ ရေနဲ့လာပေးတယ်။ သောက်လဲပြီးရော Flight incident ဆိုပြီး ၂မျက်နှာလောက်ရှိတဲ့ဖောင် တစ်စုံ ဖြည့်လိုက်ရပါရောလား။ ဲဖြည့်ရတဲ့ ဖောင်နဲ့ သောက်ရတဲ့ ဆေးနဲ့ မတန်လိုက်ချက်တော့။
ဆစ်ဒနီ ရောက်ခါနီးတာ့ လေယာဉ်မောင်က ရောက်တော့မယ် ဆိုပြီး ကြော်ငြာနေတာ။ကြာနေပြီ။ ရှေ့က တီဗီမှာ ကြည့်လိုက်တော့ လေယာဉ်လမ်းကြောင်းက စက်ဝိုင်းလိုလေး တစ်ပတ်ပြန်ကွေ့နေတာ မြင်နေရတယ်။ ရာသီဥတုမကောင်းလို့ မဆင်းသေးတာနဲ့တူတယ်လို့ ထင်နေတာ။ ဘယ်ဟုတ်မလဲဗျာ။ နောက်မှ ဦခြိမ့်ပြောပြတာက ဆစ်ဒနီလေဆိပ်နားက အိမ်တွေက မနက် ၆ နာရီမတိုင်မီ လေယာဉ်ဆိုက်ရင် အိပ်မရဘူးဆိုပြီး ကွန်ပလိမ့် တက်ထားလို့ မနက် ၆ နာရီကျော်တဲ့ အထိ လေယာဉ်က စောင့်နေရတာပါတဲ့။ မှတ်သားလောက်ပါပေတယ်။
အဖြူတွေကို ကြည့်ရတာ အင်မတန် အေးအေး ဆေးဆေးတွေ များပါတယ်။ လေယာဉ်ပေါ် အေးအေးလူလူ သတင်းစာတွေ၊ စာအုပ်တွေ ဖတ်ကြတာ များတယ်။ စလုံးတွေကတော့ Kiasu ဆို နာမည်ကြီးတော့ အမြင်မှာကို လူ့စရိုက် သဘာဝချင်း ကွာခြားနေပါတယ်။ မျက်နှာ အမူအရာချင်း ကွာခြားပါတယ်။ လေယာဉ်အဆင်းမှာ အသိသာဆုံးပါပဲ။ အရင် စလုံးတွေနဲ့ ခရီးသွားစဉ်က အဆင်းဆို လေယာဉ် ဘီးမချသေးဘူး၊ စလုံးလူမျိုးတွေ ထွက်ဖို့ တာတစူစူ ဖြစ်နေကြပြီ။ ခု အဖြူတွေကတော့ အေးဆေးပဲခင်ဗျ။ လေယာဉ်လုံး၀ ရပ်ပြီဆိုမှ ဖြေးဖြေး ...ဖြေးဖြေးချင်းထွက် ... နားနားပြီး ထွက်ပါတယ်။ စလုံးတွေလို လောနေတာတို့၊ ပြာလောင်ခပ်နေတာတို့၊ တိုးတာ တွန်းတာတွေ မရှိဘူးခင်ဗျ။
အင်မီဂရေးရှင်းဖြတ်ပြီး၊ ကပ်စတန်ဖြတ်တော့ မဆွိတီတို့က လဖက်ထုတ်တွေ သယ်လာတော့ white card ဖြည့်ကတည်းက အစားအသောက်တွေ ပါတယ်ဆိုတဲ့ အကြောင်း ကြေငြာထားပြီးသားပါ။ လူတန်းကလဲရှည်တော့ custom officer ကလဲ သိပ် ရစ်မနေပါဘူး။ လဖက်ထုပ်ကြီး စက္ကူနဲ့ ပတ်ထားတာ ကိုင်ကြည့်ပြီး ဒါ ဘာကြီးတုံးတဲ့ မေးတယ်။ အဲဒါ Pickled tea leaves ဆိုတော့ ပြီးရောဗျာ။ ဘာမှ ထပ်ရစ်မနေဘူး။ အော်ဇီက အဓိက အသားနဲ့ သစ်ပင်ထွက်ပစ္စည်း၊ မျိုးစေ့လို ပြန်ပွားလို့ရမဲ့ ဟာမျိုး သယ်လို့မရဘူး။ လုံးဝတားမြစ်ထားတာ။ သူတို့ နိူင်ငံက မျိုးကောင်းမျိုးသန့် သစ်ပင်တွေကို တခြားနေရာက မျိုးတွေ ရောယှက်၊ မျိုးကူးမှာ ကြောက်တယ်ဆိုပါတယ်။ အဲလိုဟာမျိုး တွေ့ရင်တော့ အမှိုက်ပုံးထဲ ရောက်ပြီသာ မှတ်ပေရော့။
ကပ်စတန်ကထွက်၊ အပြင်ရောက်တော့ ရာသီဥတုက ၁၇ ဒီဂရီလောက်ပဲရှိတော့ သားအမိ၂ယောက် အနွေးထည်တွေ တစ်ထပ်ကြီးနဲ့ ကားဆီပြေးကြတာ၊ ကားထဲရောက်မှ နွေးတော့တယ်။ မဆွိတီတို့ ငှါးထားတဲ့ အိမ်နဲ့ ဆစ်ဒ်နီလေဆိပ်က အဖြောင့်တိုင်းဆို ၂၂ကီလို လောက်ဝေးတယ်။ ကားနဲ့မောင်းတော့ ၃၀ကီလိုလောက် မောင်းရတယ်။ အိမ်ရောက်တော့ သားအမိ၂ယောက် အိမ်ခန်းတွေ လှည့်ပတ်ကြည့်ကြ၊ အထုပ်တွေဖြည်ကြ၊ သိမ်းကြနဲ့ပေါ့။ အိမ်က ပစ္စည်းတွေ၊ အဝတ်တွေထည့်ထဲ့ Build in ဘီရိုတွေ အများကြီးပါလို့ မျက်စေ့ရှုပ်တာ မကြိုက်တဲ့ မဆွိတီက အပြတ်သဘောကျနေတာ။
ညကျတော့ ဂျူဂျူးက ချမ်းတယ်ဆိုလို့ သူ့အဖေက အလိုလိုက်ပြီး heater ကြီး ဖွင့်ပေးထားတာပါဗျား။ သူတို့ဆီမှာ heater တွေက gas နဲ့ ရှိတယ်။ လျှပ်စစ်နဲ့ရှိတယ်။ အိမ်မှာတော့ gas heater တစ်ခု အရင်လူက ထားခဲ့တော့ ဝယ်စရာ မလိုတော့ဘူးပေါ့ဗျာ။ Gas heater ဆိုတော့ မက်ကယ်နီကယ် အင်ဂျင်နီယာ တီတီဆွိတို့ သဘောပေါက်လိုက်တာက အထဲမှာ ဓာတ်ငွေ့နဲ့ အင်ဂျင်ကိုလည်၊ အင်ဂျင်ကနေ မော်တာလည်၊ လျှပ်စစ်ထုတ်၊ အဲဒီကနေ အဲယားကွန်းလို compressor တွေ၊ ဘာတွေနဲ့ လေကို နွေးအောင်လုပ်ပြီး ပြန်ထုတ် အဲလိုထင်နေတာ။ ဘယ်ဟုတ်မလဲဗျာ။ gas ကို ကိုယ့်ရှေ့တင် တိုက်ရိုက်ကြီး မီးထွန်းပြီး လျှပ်စစ်မီးဖိုကလို တန်စတင်ခွေလိုဟာမျိုးလေးတွေ ပူအောင်လုပ်ပြီး မီးကနေ တိုက်ရိုက် အပူရအောင်လုပ်ထားတာ ဖြစ်ပါသဗျား။ ဒါလဲ မှတ်သားလောက်ပါပေတယ်။
အော်ဇီမှာ အိမ်တွေကလဲ စလုံးလို ကျောက်ပြားခင်း မဟုတ်ဘူးခင်ဗျ။ ရာသီဥတုက တစ်ချိန်လုံး အေးနေတော့ အိမ်ထဲမှာ အများအားဖြင့် ကော်ဇောလို ကြမ်းခင်းမျိုးတွေ ခင်းကြပါတယ်။ တစ်ချို့ကလဲ သစ်သား လျှာထိုးတွေ ခင်းကြတယ်တဲ့။ မဆွိတီတို့ အိမ်မှာတော့ ရေချိုးခန်း၊ မီးဖိုခန်းကလွဲလို့ ကော်ဇောကို ခပ်ညစ်ညစ်အရောင် ခင်းထားပါတယ်။ အပေအတေခံအောင်ပေါ့။ အိမ်အရောင်ကတော့ ညစ်တစ်တစ်နဲ့ မလှတော့ဘူးပေါ့ဗျာ။ သူငယ်ချင်းတစ်ယောက်ကတော့ အဲဒီ့အရောင်ကို ဂျီးရောင်တဲ့ ခေါ်သဗျ။ ကော်ဇောခင်းတာ နောက်တစ်ခုမကောင်းတာက အနံ့တစ်မျိုးထွက်တာပါပဲ။ အိမ်တံခါးဖွင့်လိုက်တာနဲ့ ဖုံနံ့လိုလို၊ ခပ်အောက်အောက် အနံ့မျိုးထွက်လာတာ အင်မတန် ဆိုးပါတယ်။
မဆွိတီတို့နေတဲ့ ရပ်ကွက်က ရန်ကုန် ဝင်ဒါမီယာအောက်ချိုင့်လို သူငှေးတွေ နေတဲ့ ရပ်ကွက်လို့ သိရပါတယ်။ ရောက်တာ ၃ရက်ရှိပြီ ခုချိန်ထိ လမ်းတွေမှာလဲ လူသူသွားလာနေတာ မတွေ့ရပါဘူး။ အိမ်တွေကလဲ တံခါးတွေ ပိတ်ထားတော့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ အေးစက် တိတ်ဆိတ်နေပါတယ်။ သူငှေးတွေသာ ဆိုတယ်ဂျာ၊ ညဖက်ဆိုလည်း အိမ်နားမှာ လမ်းမီးမရှိပဲ မှောင်မဲနေပါတယ်။ အဲနေ့ညက အမှိုက်သိမ်းကားလာမှာမှို့ ည၈နာရီလောက် လမ်းမမှာ အမှိုက်ပုံးတွေ သွားချတာ။ အိမ်မှာ ဓာတ်မီးကလဲ မဝယ်ထားတော့ hand phone က မီးရောင်လေးသုံးပြီး သွားပို့တာမှာ၊ လျှပ်စစ်မီး ထိန်ထိန်ငြီးတဲ့ ခြင်္သေ့ကျွန်းက လာတဲ့ မဆွိတီဟာ မီးမရှိတဲ့ အမေတို့ရွာကို အလည်ရောက်သွားသလား ထင်မှတ်မှားရပါတယ်။ အနားမှာ ကောက်ရိုးပုံတွေ၊ ပြောင်းရိုးပုံတွေ၊ ပဲစဉ်းငုံကိုင်းတွေ၊ ဖုံမထူတာ၊ နွားတွေ မရှိတာကလွဲလို့ တိတ်ဆိတ်မှုနဲ့ မှောင်မဲနေတာကတော့ တူတူပါပဲဂျာ။
ရောက် စ နေ့က ဦးခြိမ့်က ခွင့်ယူထားပြီး မဆွိတီတို့ သားအမ်ိကို ပတ်ဝန်းကျင် မြို့လေးတွေဖက်၊ ရှော့ပင်းစင်တာတွေဖက် လျှောက်ပြပါတယ်။ အဲဒီမှာ ထူးဆန်းတာက ဘယ့်နှယ် ဆစ်ဒနီသာဆိုတယ်။ များလိုက်တဲ့ တရုတ်တွေဗျာ။ အဲဒီ Eastwood ဆိုတဲ့ အရပ်မှာ လူ ၁၀၀ လမ်းပေါ်ရှိရင် ၉၅ ယောက်က တရုတ်ပဲ။ လမ်းပေါ်သွားလာနေကြတာလဲ တရုတ်တွေပဲမြင်ရတယ်။ တရုတ်စားသောက်ဆိုင်တွေကလဲ ပေါမှပေါ။ ဘဏ်သွားတော့လဲ ဘဏ်မန်နေဂျာက တရုတ်ပဲ၊ ရှောပင်းသွားတော့လဲ ဆိုင်ပိုင်ရှင်တွေက တရုတ်တွေပဲ။ အော် ကိုယ်ရောက်နေတာ အော်ဇီလား၊ တရုတ်ပြည်လား ပြန် remind လုပ်နေရပါသဗျား။
နောက်နေ့ကျ ဦးခြိမ့်အလုပ်သွားတုံး သားအမိ၂ယောက် အလုပ်မရှိအလုပ်ရှာ အိမ်ခြံဝန်းထဲမှာ သန့်ရှင်းရေးလုပ်ကြတယ်ခင်ဗျ။ ဂျူဂျူလေးတို့ တက်မဲ့ကျောင်းတွေက ဟောလီးဒေး ပိတ်ထားတာနဲ့ တိုက်ဆိုင်နေလို့ ဂျူဂျူးလဲ အားနေပါတယ်။ သူ့ကိုလဲ ရောက်စ ပျော်အောင်ထားနေရပါတယ်။ အိမ်ဘေးက အုပ်ခင်းထားတာ ကြားထဲမှာ ပေါက်နေတဲ့ မြက်တွေ၊ အပင်အသေးလေးတွေ နှုတ်ခိုင်းထားပါတယ်။ မဆွိတီလဲ သူနဲ့ အတူ ဝင်နှုတ်ရင်း ငယ်ငယ်က ဝက်တွေ မွေးတော့ မောင်နှမတွေ ဝက်စားဖို့ မြက်နှုတ်တာတွေ ၊ နှင်းဆီပန်းတွေ စိုက်တော့လဲ နှင်းဆီဘောင်တွေကြား မောင်လေးနဲ့ ပုံတွေပြောရင်း မြက်အတူနှုတ်ကြတာတွေ သွားသတိရမိပါတယ်။ ခုတော့ သမီးလေးဂျူဂျူနဲ့ အတူ မြက်နှုတ်နေကြတာပေါ့ဗျာ။ အတွေ့အကြုံ အသစ်ဆိုတော့ တက်ကျွတဲ့ ကြက်ဖ ဂျူဂျူတို့ အင်တိုက်၊ အားတိုက် မြက်တွေ နှုတ်ပါတယ်။ သစ်ရွက်ခြောက်တွေ လှဲပါတယ်။ အမှိုက်တွေ ကျုံးပါတယ်ခင်ဗျာ။
နောက်နေ့ ဒီထက်ပျင်းလာတော့ တစ်ကီလိုမီတာလောက်ဝေးတဲ့ ဂျူဂျူတို့ ကျောင်းဆီ သားအမိ၂ယောက် လမ်းလျှောက်ကြတယ်။ တစ်နေ့ကလဲ ဂျူဂျူက ပီဇာစားချင်တယ်ဆိုလို့ ပီဇာဆိုင် လမ်းလျှောက်ကြတယ်။ အဲဒီမှာ ပီဇာတော့ ပေါသဗျ။ ၁၀လက်မပတ်လည်တစ်ခုကို အော်ဇီ ၅ကျပ်ပဲရှိတယ်။ ဂျူဂျူတို့ အကြိုက်ပေါ့ဗျာ။ သူတို့ပီဇာဆိုင်တွေကလဲ ထိုင်စားစရာ နေရာမရှိဘူး ခင်ဗျ။ Delivery လား၊ pick up လား။ ပီဇာလုပ်တာလဲ တရုတ်ကောင်လေး တစ်ယောက်တည်း ထိုင်လုပ်နေတာ။ ဆိုင်ရှေ့မှာ မတ်တတ်စောင့်။ ၅မိနစ်လောက်နေ ရရောပဲ။ ဒီမှာ ပီဇာရောင်းတာ မဆွိတီတို့ဆီမှာ မုန့်ပြားသလက်ရောင်းသလောက်တောင် မထူးဆန်းတဲ့ သဘောဗျ။
ပီဇာဆိုင် အပြန်လမ်းမှာ ဦးခြိမ့်က ဒီမရောက်ခင် ခဏခဏ ပြောနေတာ။ ကိုယ်လဲ Google Earth ကနေ သွားသွားကြည့်နေတဲ့ ရထားဘူတာရုံပေါ့ဗျာ။ စလုံးလိုဆို MRT station ပေါ့။ သူက မြို့ထဲပတ်ပြီး သွားနေတာပေါ့။ တစ်ချို့တော်တော်များများလဲ အလုပ်သွား အလုပ်ပြန် ရထားစီးကြတယ်ပြောတယ်။ လမ်းက ဂုံးကျော် တံတားလေးအောက်ငုံ့ကြည့်လိုက်တော့ ရထားဘူတာရုံဆို ခန်းခန်းနားနာ စလုံးက MRT station တွေ ပြေးမြင်တာ တက်တက်စင်အောင်လွဲပါရောလား။ ရထားလမ်းကလဲ မြေကြီးပေါ်မှာ ရန်ကုန်က မြို့ပတ်ရထားတွေ အတိုင်း ဒီတိုင်း ငေါင်းစင်းစင်းကြီးခင်ည။ ဘာမှလဲ အကာအရံမရှိဘူးထင်တာပဲ။ဘူတာရုံကလဲ တိုးကြောင်လေး ဘူတာရုံ သာသာပဲရှိပါသဗျား။ မဆွိတီကတော့ တိုးကြောင်ကလေး ဘူတာလို့ နာမည်ပေးထားတယ်။
ရာသီဥတုက အေးတော့ လမ်းလျှောက်ရင်း လမ်းဘေးက အိမ်လေးတွေငေး၊ ခြံစည်းရိုးမှာ အလှစိုက်ထားတဲ့ ရောင်စုံပန်းလေးတွေ ငေးပြီးသွားရတာ ပျော်စရာတော့ကောင်းသား။ ပန်းတွေ အပင်တွေကလည်း ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ အပင်တွေချည်း။ အထူးအဆန်းတွေချည်းပါပဲ။ တစ်လမ်းလုံးလဲ တောသူမြို့ရောက် မဆွိတီတို့ သားအမိပဲရှိတယ်။ အော်ဇီက လူတိုင်းနီးပါး ကားစီးနိူင်တယ်။ လူတိုင်းနီးပါး ကားတွေနဲ့ပဲ သွားနေကြတော့ လူတွေဟာ အိမ်ထဲမှာ နေရင်နေ၊ မဟုတ်ရင် ကားတွေပေါ်မှာပဲရှိနေတော့ လမ်းမှာ လူတွေ သွားလာနေတာ မမြင်ရဘူးပေါ့ဂျာ။ အဟွန်း ... ဒီကလဲ စလုံးလို ပျားပန်းခပ်မျှ လူစည်ကားတဲ့ အရပ်က လာတဲ့သူဆိုတော့ အော်ဇီနဲ့တော့ ခက်ကပြီပဲ။
မဆွိတီတို့ အိမ်ကပစ္စည်းတွေကို စလုံးက Fright forwards ကုမ္ပဏီတစ်ခုနဲ့ သင်္ဘောကနေ ပို့လိုက်တာ ၃၃ ပုံး (၅ ကုဗမီတာတောင်) ရှိပါတယ်ခင်ညာ။ အဲဒါတွေကလည်း အချိန်မှန် ရောက်မလာပဲ delay ဖြစ်နေပါတယ်။ တစ်လကြာရင်ရောက်မယ်ဆိုလို့ ပိုပိုလိုလို တစ်လခွဲ ကြိုပို့လိုက်တာတောင် ၃ရက်နောက်ကျနေလို့ ဒီနေ့မှ ရောက်မှာဖြစ်ပါတယ်။ ဒီကြားထဲ အထုတ်တွေထဲမှာ မြန်မာပြည်က ဂျူဂျူ အစာကြေအောင်စားတဲ့ အောင်တံခွန် ဆင်တုံးမနွယ်ဆေးဘူး ၁၀ဘူးက ကွာရင်တိုင်း မိနေလို့ အော်ဇီ ၂၈၀ ဆောင်လိုက်ရပါသေးတယ်။ အော် ... ၂၈၀ ပေးရမှာဆိုတော့ ဆေးဗူးတွေ ပြန်ရမှာပေါ့ဆိုတော့ ဟုတ်ဘူးတဲ့ဗျာ ။ ဆေးဘူးတွေ မီးရှို့ဖျက်စီးခဆိုပဲ။ ဆေးဘူးမှာ အင်္ဂလိပ်လို ရေးမထားတော့ ဘာမှန်းမသိလို့ ဖျက်ဆီးခံရတာပါတဲ့ဗျာ။ အဖြစ်ကတော့ ကိုယ့်ဆေးဗူးလဲ ဖျက်င်္စီးခံရသေး။ ဒါဏ်ငွေကလဲဆောင်ရဆိုတော့ အားလားမား အော်ဇီလို့သာ အော်လိုက်ချင်ပါတော့တယ်။
ဒီမှာ ဦးခြိမ့်ကလဲ တစ်မှောင့်ခင်ဗျာ။ အိမ်က ပစ္စည်းတွေ အကုန်နီးပါး ပို့လိုက်ပြီ။ ဘာမှ မဝယ်ပါနဲ့၊ ပိုက်ပိုက်တွေ ၂ခါကုန်မယ်ဆိုတာကို မနေပါဘူး။ ဟိုဟာလေးကတော့ မရှိမဖြစ်လိုတယ်၊ ဒါလေးကလဲ လိုအပ်တယ်နဲ့ ဝယ်ထားလိုက်တာ ကိုယ်လဲဒီရောက်ရော၊ ဟိုကပစ္စည်းတွေ မရောက်ပဲနဲ့ကို နေလို့ဖြစ်နေပါပြီ။ ဦးခြ်ိမ့်က အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ပစ္စည်းပစ္စယ စုံစုံလင်လင်နဲ့ ဖြစ်နေပါပြီဗျာ။ ကိုယ်အရောက်မြန်ပေလို့ပဲ။ ဦးခြိမ့်မှာ အိမ်ရှင်မပဲ လိုတော့တာဗျားး))
really nice to read your experiences.. waiting for more.. :)
ReplyDeleteVery interested to read your sharing. And I love your using ဂ်ာ ဂ်ာ .... :)
ReplyDeleteအစ်မ ရေးထားတာလေးဖတ်ရတာ ကိုယ်တိုင်ရောက်သွားသလိုခံစားရတယ်.. အရေးအသားကောင်းတယ်.. အော်စီအတွေ့အကြုံတွေကို ဆက်ရေးပါဦးလို့
ReplyDeleteဖြူ
ဖတ်လို.ကောင်းတယ်ဗျို. ၊ ဆစ်ဒနီမြို.တော့ ဒုက္ခပါပဲ ၊ မြို.အတင်းကိုတုတ်မဲ့ စင်ကာပူက နာမည်ကြီးတဲ့ ဘလော့ဂါအသစ်စက်စက် ရောက်နေလေရဲ့ ၊ ခွိခွိ
ReplyDeleteဗဟုသုတရတယ်ဗျို. ၊ ဆစ်ဒနီမြို.ကို အလည်တစ်ခေါက်လောက်တော့ ရောက်ချင်ပါရဲ့ ၊
နောက်မှ တစ်ခေါက်လာပြီး ကွန်မန်.ရေးပါဦးမယ် ၊ ရုံးအလုပ်မလုပ်သေးပဲ ရုံးက ကွန်ပြူတာကိုဖွင့်ပြီး မဆွိရဲ့ ပို.စ်ကိုဖတ်ပြီး ကွန်မန်.တွေခိုးရေးနေတာ ...
အားလုံးအဆင်ပြေတာသိရလို.၀မ်းသာပါတယ် ၊ ဂျူးဂျူးကျောင်းတက်ရင် မဆွိ ပိုပျင်းနေလိမ့်မယ်၊ ပျင်းပျင်းနဲ.ပို.စ်တွေရေးပေါ့ ၊ ဒါမှမဟုတ် ဘလော့တွေကိုလျောက်လည်ပေါ့ ၊ ဘလော့ဂါတွေလည်း များလာလိုက်တာ၊ အရာရာ ရှားပါးနေတဲ့ခေတ်ကြီးမှာ ပေါနေတာက ဘလော့ဂါတွေ ဖြစ်နေလေရဲ့ ၊ တစ်နေ.ကုန်လျောက်လည်တာတောင် ဘလော့အစုံကိုရောက်မယ် မထင်ဖူး ၊
ခင်တဲ့
Z
တိုးကြောင်လေးဘူတာလို့နာမည်တပ်တာ ရယ်ရတယ်။
ReplyDeleteအစစအရာရာ အဆင်ပြေပါစေ..။
ပေါက်။
ဖတ်လို့ကောင်းတယ်ဗျ။ အတွေ့အကြုံသစ်တွေပေါ့။
ReplyDeleteIt is very refreshing to read all of your posts and this particular sentence makes my day, Ma Ma Sweet!!!!
စိတ်ဝင်စားစရာပဲ။ နှာခေါင်းရှည်ရှည်နဲအဖြူတွေလို့ဖတ်ရတော့ ငယ်ငယ်ကဗုံလေးတီးလိုက်ရင် နှာခေါင်းရှည်ထွက်လာတဲ့ ကာတွန်းလေးကိုသွားသတိရတယ်။ နေရာအသစ်မှာ အတွေ့အကြုံအသစ်ကလေးတွေက စိတ်ဝင်စားစရာပဲ။ တိုးကြောင်လေး ဘူတာရုံကို ဓတ်ပုံရိုက်ပြပါအုံး။ မြင်ဖူးချင်လို့ပါ။
ReplyDeleteတော်သေးတာပေါ့ ဦးခြိမ့်အိမ်ရှင်မအသစ်မဝယ်ခင် TTSweet ရောက်ပေလို. :D
ReplyDeleteအေးအေး သန့်သန့် တိတ်တိတ်လေး ဆိုတော့ တောင်ပေါ်မြို့လေးလို နေလို့တော့ ကောင်းမဲ့ပုံပဲ။ ဒါပေမယ့် ဆူညံညံဒေသက ရောက်ခါစဆိုတော့ တော်တော်တော့ ပျင်းနေမှာပဲ။ ဂျူဂျူလေး ပျင်းနေမှာကိုပဲ သနားလိုက်တာ။ ကျောင်းမြန်မြန်ဖွင့်ပြီး ဘော်ဘော်တွေ ရရင်တော့ သူ ပျော်လာမှာပါ။ ကျောင်းဖွင့်တော့လည်း တီတီဆွိအတွက် ပျင်းစရာဖြစ်သွားရော။ ရာသီဥတုက အေးအေး၊ လူသူက တိတ်ဆိတ်နဲ့ အိမ်မှာ ခဏခဏ အိပ်ဖြစ်လို့ ကြာရင် တီတီဆွိကနေ တီတီဝဝကြီး ဖြစ်လာမလားပဲ။ :p သြော်ဇီ ၂၈၀ ဆို မနည်းဘူး။ နှမြောလိုက်တာ။ ဂျူဂျူသိရင်တော့ သူ့ရိက္ခာတွေအတွက် ဝမ်းနည်းနေမလားပဲ။ ဒီလူတွေ တော်တော်ဆိုးပဲ။ အကုန်ပါးစပ်ဟခိုင်းပြီး တစ်တောင့်စီ ပစ်ထည့် မြည်းခိုင်းရမှာ။ ပြီးမှ ကြိုက်တယ် ကြိုက်တယ် ဖြစ်သွားမယ်။
ReplyDeleteအမည်ဖော်ချင်သေးသူ
တောင်ငူသား
Thanks for sharing. Very interesting.
ReplyDeleteHnin
အစ်မရေ အော်ဇီအတွေ့ အကြုံလေးတွေ ဝေမျှပေးတာ ကျေးဇူး
ReplyDeleteဂျူဂျူက အဖော်ရတဲ့ သမီးကလေးပဲ။ =)
ReplyDeleteတော်သေးတာပေါ့ ဦးခြိမ့်အိမ်ရှင်မအသစ်မဝယ်ခင် TTSweet ရောက်ပေလို. Lol
ReplyDeletewaiting for next post........
ReplyDeleteဒီမှာတော့ နွေရောက်စဆိုတော့ ၁၁-၁၂ ဒီဂရီ စင်တီဂရိတ်ကို သမီးတွေကပျော်လွန်းလို့ ကြိုးတချောင်းအကျီတွေနဲ့ အပြင်မှာ လမ်းသလားနေကြပြီ။ အစ်မတို့လဲ နောက်ဆို နေသားကျသွားမှာပါ။
ReplyDeleteရောက်သွားပြီလား မဆွိ...
ReplyDeleteဒီမှာလည်း မီးဆိုမှိန်မှိန်လေးတွေပဲထွန်းကြတယ်.. ဒါမှ နွေးနွေးထွေးထွေးရှိတာတဲ့..လင်းတဲ့မီးချောင်းရောင်တွေက အေးစက်စက်နဲ့မို့လို့တဲ့...
အတွေ့အကြုံလေးတွေ စောင့်ဖတ်မယ်နော်
စူးနွယ်လေး
I think milk, cheese, butter, ice cream, chocolate e.t.c. will be very cheap and tasty. Please mind your weigh ... for me I can't control with such things...:)
ReplyDeleteအမလည်း အိမ်မှာ ကြာကြာနေနိုင်မှာ မဟုတ်ပါဘူး ... အလုပ်ထဲရောက်သွားမှာပါ ... အော်စီရဲ. Mechanical Engineer ဘ၀ကို သိချင်ပါတယ် ... အမ မရေးခင် ဦးခြိမ့်ကို အချိန်ရရင် ရေးပါအုံးလို.။
ReplyDelete:)
ReplyDeleteဒီမှာလဲ တူတူပဲ..။ လမ်းမီးတွေမထွန်းတာ.. ဘာလို့လဲမသိဘူးနော်။ချွေတာတာလားမသိဘူး။ အမေ့ရွာလို မှောင်မဲနေပေမယ့်.. အိမ်မှာက အမေ့အိမ်လို လူမများတော့ ... ခြောက်ခြားစရာ.. တိတ်ဆိတ်နေတာ.. မနေတတ်တာနဲ့ကိုယ့်အိမ်ရှေ့မှာ ကိုယ်.. မီးလုံးတစ်လုံးထွန်းထားလိုက်တယ်။ သတ်တိ..ခဲ။
mm
သူငယ်ချင်းရေ... ဆွိရေးထားတာလေး ဖတ်ရတာရော ပုံလေးတွေကြည့်ရတာရော အတော်ငြိမ်းချမ်းတာပဲ... နောက်ဆို ပန်းပင်လေးတွေမျိုးစုံစိုက်လို့ ရပြီ...ဂျူးလေးမေမေ့ကို ကူညီနေတာချစ်စရာလေးဟယ်..ဆက်ရေးပါဦးနော်
ReplyDeleteအပင်လေးတွေစိုက်လို့ရပြီ ပျော်ချာကြီး..
ReplyDeleteအလင်း
ပျော်စရာကြီး.. သစ်ပင်စိုက်စရာ မြေနေရာတွေအများကြီးဆိုတော့ သူငယ်ချင်းနဲ့ အကိုက်ပဲ...း))
ReplyDeleteပျင်းရင် စာတွေ အများးးကြီးးးး ရေးနော်...
Facebook ကိုလည်း လာပြီး ဓါတ်ပုံတွေ update လုပ်ပါအုံး...
*** ဟိုအပင်လေးက အရွက်အသစ်တွေ ထွက်လာပြီ...
လွမ်းစရာလေးတွေပေါ့...း((
Ah Ma, R u sure u arrive on time to Auze. Ko Chaint might get an extra အိမ်ရှင်မ :lol :P
ReplyDeleteအတွေ့အကြုံအသစ်တွေ ဖတ်သွားပါတယ်
ReplyDeleteအစ်မရေ..carpet ပေါ်ကို ဖြူးရတဲ့အမှုန့်ရှိပါတယ်။ carpet powder လို့ခေါ်ပါတယ်။ အနံ့သင်းသင်းလေး။ အဲဒါကို အရင်ဖြူး၊ ပြီးရင် Vacuum cleaner နဲ့ ထိုးလိုက်ရင်..အစ်မပြောတဲ့ ခပ်အောက်အောက် အနံ့မျိုး မရတော့ပါဘူး။
ReplyDeleteဟိုအပေါ်က အမည်မသိက လမ်းတွေမှာ ဘာလို့မီးမထွန်းလဲမသိဘူး ဆိုလို့၊
သြဇီတို့၊ အမေ၇ိကားတို့က..တစ်နိုင်ငံလုံးအတိုင်းအတာ အရ ဧရိယာကျယ်ပြီး၊ လူနေမှုကျဲတဲ့အတွက်..သူတို့ဆီက တစ်မြို့စာလောက်ပဲ ရှိတဲ့ စင်ကာပူလို နေရာတိုင်း မီးထိန်ထိန် မထွန်းနိုင်ပါဘူး။ စီးတီးကောင်ဆယ်တွေရဲ့ ဘတ်ဂျက်ကလဲ ရှိသေးတယ်လေ။ ဒါပေမယ့်လိုအပ်တဲ့နေရာတွေမှာ..လိုအပ်သလို.(မှုခင်းကျူးလွန်ဖို့လွယ်တဲ့ ကားပတ်ကင်နေရာတွေ) မီးထိန်နေအောင်ထွန်းထားတာ တွေ့ပါလိမ့်မယ်။
အတွေ့ အကြုံလေးတွေဖတ်ရတာစိတ်ဝင်စားဖို့ ကောင်းပါတယ်။
ReplyDeleteမဆွိတီရေ သားအမိသားအဖတွေ အတွေ့အကြုံသစ်က ပျော်စရာ၊ ရင်ခုန်စရာပေါ့။ အမေရိက နိုင်ငံကြီးမှာလည်း ဒီလိုပါပဲ ခင်ည။ နောက်တော့လည်း နေသားကျသွားမှာပါ။
ReplyDelete(အရင် ခဏခဏ လာဖတ်ဖူးပါတယ်။ မှတ်ချက်သိပ်မရေးဖြစ်တာပါ။)
Hi Sis,
ReplyDeleteFYI, you can get the bigger size bottle of Aung Tagun (Buu Gyi). Instructions, ingredients, expiry date, etc are described in English as well.
တီဆွိရယ် လာဖတ်သွားပါတယ်..ဆက်ရေးပါဦးနော်...း) ကိုယ်တိုင်ရောက်သွားသလိုပဲ အရမ်းကောင်းတာပဲ
ReplyDeleteအတွေ့အကြုံလေးတွေလာဖတ်သွားတယ် တီဆွိရေ။ ခုတော့ ပျင်းချိန်ရဦးမယ် မထင်ဘူးနော်။
ReplyDeleteမရောက်တာကြာလို့ လာဖတ်ဖြစ်ပါတယ်အစ်မရေ။ ဘ၀ဆိုတာ ဒါပဲလားမသိပါဘူး။ တလောက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ သူလည်း အော်ဇီကို ရွှေ့တော့မှာတဲ့။ သူ့မိန်းမက အရင်တောင်ရောက်နေတာတဲ့။ ကျွန်တော်လည်း နောက်ဆို တို့တွေ အင်္ဂါဂြိုဟ်တောင် ရောက်ချင်ရောက်သွားနိုင်တယ်လို့တောင်တွေးမိသေးတယ်။ ရေကြည်ရာ မြက်နုရာ ကိုး။
ReplyDeleteအစ်မရေ....ဘာကြောင့်ရယ်မသိ ဖတ်ပြီးတော့ တိတ်တိတ်လေးဝမ်းနည်းနေမိတယ်.... နောက်တော့ အသားကျသွားမှာပါ... ကျားယို...ကျားယို....
ReplyDeleteအန်တီဆွိလဲ အသစ်စက်စက် အိမ်ရှင်မဘ၀မှာ အလုပ်တွေ ရှုပ်၊ အထုပ်တွေရှင်းနေလို့ ဘလော့ဂ်မပြောနဲ့ ကွန့်မန့်လေးတွေ တောင် ပြန်မရေးဖြစ်ဘူး။ အားလုံး တောင်းပန်ပါတယ်။
ReplyDeleteအောက်ဆုံးက အနောနိမတ်စ်က စလုံးက အသိနဲ့တူတယ်နော်။
ဟုတ်တယ် ဆူးသစ်ရေ ... နောက်ဒီ့ထက် ထပ်ပြောင်းရမယ်ဆိုရင်တော့ အင်္ဂါဂြိုလ်ပဲ သွားရတော့မယ် .. တကယ်း)
Evy ရေ ... တကယ်ကို ပျင်းချိန်မရတာပါ ... လောလောဆည် အွန်လိုင်းကိုမတက်နိုင်အောင် အလုပ်များနေလို့ ခုမှ ကွန့်မန့်တွေ ပြန်ရေးနိုင်တာသာကြည့်ပါတော့။
ဆုမြတ် ကိုယ်တိုင်ရောက်သွားသလိုဖြစ်အောင် လာလည်လေ ...။ ဒီကလဲ ရေးမှာပါ ... အရှည်ကြီးကို ရေးဦး ... မှာ။
Anonymous. We will try next time အောင်တံခွန် ဗူးကြီး။ Thanks for sharing. We didn't know about that.
ပုံရိပ်နဲ့ အနောနိမတ်စ်
အနောက်နီူငှ်ု့တွေမှာ နေသူတွေအတွက်ကတော့ အဒါတွေက အထူးအဆန်းတွေ မဟုတ်တော့ဘူးပေါ့နော်။ ကိုယ်ကသာ ထူးဆန်းနေတာ ..း)
ရှင်လေး ၊ ခနွဲ... ပို့စ်တင်တိုင်း အမြဲလာဖတ်တာ ကျေးဇူးနော်။
အနောနီမတ်စ်
carpet power ဆိုတာ ၀ယ်သုံးကြည့်မယ်။ အနံ့က အိမ်ထဲမှာ ကြာသွားရင်တော့ ယဉ်သွားရော။ အိမ်တံခါးဖွင့် ၀င်လိုက်ရင်တော့ ထောင်းကနဲပဲ။ Thanks for sharing.
Heart museum
အန်တီဆွိ မရောက်ခင်ထိ ဦးခြိမ့် အိမ်ရှင်မ မရသေးတာ သေချာပါတယ်ကွယ်။ ဘာလို့ သိလဲ မမေးနဲ့ ... အသေသတ် ... ပြောဘူးး))
အန်တီသက်ဝေ
ဟင်းချက်ရတာနဲ့ အိမ်အလုပ်တွေနဲ့တင် အန်တီသက်ဝေ သူငယ်ချင်းတစ်ယောက် ချာချာလည်နေသေးလို့ အပင်တွေဖက်မလှည့်နိုင်သေးဘူးဂျာ။ နေသားကျသွားရင်တော့ စိုက်မှာပါ ... စိုက်မှာပါ။ အဲဒီက ပန်းလေးတွေပွင့်လာရင် အကြောင်းကြားဦးနော်။
အလင်း
ReplyDeleteစိုက်မှာပါ ... ဖြေးဖြေးပေါ့နော်။ အိမ်ကို ခဏခဏလာလည်တဲ့ ငါ့ညီမကို သတိရနေပါတယ်။ ဒီမှာ အဲလိုလာလည်မဲ့ ညီမလေးတွေ ရှိသေးဘူးး(
သူငယ်ချင်းတန်ခူး
သစ်ပင်လေးတွေ စိုက်ရတော့မှာဆိုတော့ တို့လဲ ပျော်နေပါတယ်။ ဖြေးဖြေးကျရင် စိုက်ဖြစ်မှာပါ။ ဂျူးဂျူးတစ်ခါတစ်ရဲလဲ အဲလိုပဲ လိမ္မာတယ်။ တစ်ခါတစ်ရံလဲ ဆိုးချင်တယ်။ ရောက်စမှို့ အလိုလိုက်ထားရတယ် တန်ခူးရေ။ သားသားလေးကိုလဲ သတိရပါကြောင်းနော်။
အနောနိမတ်စ်
မီးမထွန်းတာကတော့ နိုင်ငံကကျယ်လွန်းတော့ နေရာတိုင်း မထွန်းတာ ချွေတာတာပါတဲ့ကွယ်။ အောက်က အနောနိမတ်စ်ြ တစ်ယောက်ပန်ဖြေထားတာ ဖြစ်နိုင်ပါတယ်။
နောက်အနောနီမတ်စ်တစ်ယောက်အတွက်
လောလောဆည်တော့ ပျင်းချိန်မရသေးဘူး။ အိမ်အလုပ်တွေနဲ့ နားကိုမနားရလို့ အရင် အလုပ်လုပ်တုံးကမှ နားရသေးလို့ တွေးမိနေပါတယ်။ မက်ကယ်နီကယ်အင်ဂျင်နီယာ ဘ၀ ဘယ်တော့ ပြန်ရောက်မလဲ ကိုယ်တိုင်လဲ မသိသေးပါဘူး။ ပိတ်ကားပေါ်မှာ ဘ၀စာမျက်နှာပေါ်မှာပဲ ဆက်ကြည့်ရမှာပါပဲ။
နောက် အနောနိမတ်စ်
ဟုတ်တယ် ဒီမှာ ချိစ်တွေ ချောကလက်တွေကတော့ ပေါတယ်။ စလုံးမှာထက်လဲ ပိုစားဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်အလုပ်တွေနဲ့ လှုပ်ရှားမှုများတော့ ၀ိတ်က ကျသွားတယ်ဗျား။
စူးနွယ်လေး၊ နှင်း အနောနိမတ်စ်များနဲ့ ရီတာ
လာလည် လာဖတ်တာ ကျေးဇူးပါဂျာ။ နောက်လဲ လာဖတ်ပါဦး။
တောင်ငူသားလေး
ရယ်ရတယ်။ တစ်တောင့်စီ ပစ်ထည့်ဆိုတော့း)
လောလောဆည်တော့ ၄ကေဂျီကျနေပါတယ်။ နောက်ပိုင်းတော့ မသိဘူး။ အော်ဇီ ၂၈၀ အလကားနေရင်းပေးရတာဆိုတော့ နှမြောတာပေါ့။ အဟင့်...
ပေါက်၊ ရှင်း၊ Andrew
တိုးကြောင်ကလေး ဘူတာ ကြည့်ချင်ရင် အောက်ကလင့်လေးကို နှိပ်ကြည့်နော်။ ကိုယ်တိုင်တော့ ဓာတ်ပုံမရိုက်ရသေးဘူး။
http://en.wikipedia.org/wiki/File:Carlingford_Railway_Station_2.JPG
Mon Petit Avatar
ReplyDeleteစာလေးတွေ ရေးချင်အောင် အမြဲ အားပေးစကားလေးတွေ ပြောတတ်လို့ ကျေးဇူးတင်ပါတယ်။ အဲလိုလူတွေရှိမှလဲ ဘလော့ဂ်ရေးသူတွေ စာရေးသူတွေက အားရှိတာပါ။
Mr. DBA
Thanks for visiting my blog.
ကိုဇက်ကိုလဲ အမြဲကျေးဇူးတင်ပါတယ်။ ပို့စ်ရေးလိုက်တိုင်း တက်တက်ကျွကျွနဲ့ ကွန့်မန့်လေးတွေ လာလာရေးပေးတာ။ တခြား ဘလော့တွေမှာလဲ တွေ့နေရတော့ မဆွိတီကတော့ ကိုဇက်ကို နာမည်ပေးလိုက်ပြီ ... တိုးကြောင်ကလေးဘူတာ ... အဲလေ ... ကွန်းမန့်ကင်း ( comment king) လို့ ...း))
လောလောဆည်တော့ ပျင်းဖို့ အချိန်မရသေးပါလူးဂျာ။ အပေါ်က ပြန်ထားတဲ့ ကွန့်မန့်တွေသာ ဖတ်ကြည့်ပါတော့။ repeat မလုပ်တော့ဘူးနော်။
ဖြူ ၊ evergreen
Thanks alot for your encouragement. I got strength to post for new experience.
Same to you . Aunty Sweet. I also Mechanical Engineer worked in Singapore for 6 years and migrated to Perth with family. Not like Singapore. I don't know where to go or visit on holidays. Very quiet and silent in Perth, too. Very boring!
ReplyDeleteတီတီဆွိရေ .. ကျူးပစ်က နေသော်တာ တယောက် အခုမှပဲ တီတီဆွိ ဘလော့ကိုတွေ့ ပီးဖတ်နေမိတာ လုံးဝမထွက်နိုင်ဘူး ..
ReplyDeleteတီတီဆွိရေ .. "သူတို့ နိုင်ငံက မျိုးကောင်းမျိုးသန့် သစ်ပင်တွေကို တခြားနေရာက မျိုးတွေ ရောယှက်၊ မျိုးကူးမှာ ကြောက်တယ်ဆိုပါတယ်။" ဆိုလို့ ကြုံတုံးပြောလိုက်ဦးမယ်..
ကျွန်တော်လဲ ချဉ်ပေါင်စိ ပေးမသယ်ရကောင်းလား လူပါးဝလှချည်လားဆိုပြီး စိတ်အကြီး အကျယ်ဆိုးဘူးတာပေါ့.. ရှင်မတောင် သနတ်ခါးတုံးလဲ ဆုံးဘူးသပေါ့..
ဒါပေမယ့် ကျောင်းမှာ environmental science ယူရချိန်မှာ နားလည်သွားတယ် ၊ အပြင်က ၀င်လာတဲ့အကောင် ပလောင်တွေ အပင်တွေက မျိုးပွားရင် native species တွေနဲ့ မျိုးစပ်ရင်.. native species တွေကို မျိုးတုံးပြစ်လိုက်ရင် အဲ့ဒီအပင်တွေအကောင်တွေကို မှီခိုနေတဲ့ ecosystem တခုလုံး ပါထိမှာပါ. ecosystem ထိခိုက်ရင် ရာသီဥတုပါ ထိခိုက်မှာတဲ့ တီတီဆွိရေ .....
ကျွန်တော်တော့ဖြင့် ချဉ်ပေါင်ရွက်ခြောက်သာ အိမ်ကနာနာမှာစားနေရတယ်...
နေသော်တာ
ReplyDeleteရောက်လာပြီလား။ ကျူးပစ်မှာတော့ ရင်းနှီးနေတာ ကြာပါပြီ.။ ဒါပေမဲ့ မ၀ငတစ်ချက်၊ ၀င်တစ်ချက်နဲ့ ပျောက်နေတာ ကြာပြီပဲကို။ အော်ဇီမှာဆို ဘယ်အရပ်မှာနေတာလဲ။ နိုင်ငံကြီးတစ်ခုအနေနဲ့ ဒီလို ကန့်သတ်ချက်တွေထားရှိတာ လက်ခံပါတယ်။ နေသော်တာပြောမှ ဒီကိစ္စ ထင်ထားတာထက်ကို ပို serious ဖြစ်ပါလားလို့ သဘောပေါက်ပါတယ်။ လာလည်တဲ့အတွက် ကျေးဇူးပါ မနေသော်တာရေ့။
ချဉ်ပေါင်တော့ တကယ်ငတ်တယ်။ အခြောက်က လုံးဝခံစားလို့မရဘူး။
တီတီဆွိရေ.
ReplyDelete.နေသော်တာက ကနေဒါကပါ.. ဒါပေသိ ဒါမျိုး ဒုက္ခတွေရိုးးး ဟိုးးး ဟိုးးး နေတာကြောင့်ပါ ..
ချဉ်ပေါင် အစိုကို နေနဲနဲပြပြီးတော့ ကြော်ပီး ဆီပြန်စစ် ပြီးလို့ ရှိရင် ဆီသေသေချာချာ စစ်ပြီးတော့ ပလတ်စတစ် အိတ်နဲ့ အထပ်ထပ်ထုတ် ပို့ ခိုင်း ကြည့် ပေါ့ တီတီဆွိရေ..
ဂျူဂျူလေးရော အနားရပြီလား. ကျူရှင်တွေတော့ မယူရတော့ဘူးတူရဲ့ 