အန်တီဆွိ အစားအသောက်ချက်နည်းများကို
တင်ပေးနေရာ အမှန်တော့ အထူးအဆန်းများ သိပ်မပါလှပါ။ မြန်မာလူမျိုးများ
အိမ်တွင် နေ့စဉ်ချက်ပြုတ်နေသော ဟင်းများ၊ မုန့်များကိုသာ အများအားဖြင့်
တင်ပေးနေခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်ကတော့ ဟင်းလုံးဝမချက်တတ်သော starter
များအတွက်၊ အိမ်တွင်ဘာမှမလုပ်ရ နိုင်ငံရပ်ခြားရောက်မှ မချက်တတ်၊
မလုပ်တတ်နှင့် အစားအသောက်အတွက် ဒုက္ခရောက်ရသူများအတွက် ပို၍ရည်ရွယ်ပါသည်။
မဆွိတီတို့ အိမ်မှာ အုန်းနို့ခေါက်ဆွဲ အားလုံးကြိုက်ကြပါသည်။ အထူးသဖြင့် မဂျူဂျူ ကြိုက်သည်ကို ၀မ်းသာရပါသည်။ ဂျူဂျူ အုန်းနို့ခေါက်ဆွဲ စားတတ်သွားပုံမှာ ထူးဆန်းသည်။ သူသည် အစားအလွန်ချေးများရာ မြန်မာအစားအသောက် မည်သည့်အရာကိုမျှ မြည်းစမ်း စားသောက်ခိုင်း၍မရ။ ခေါင်းလဲ အလွန်မာသည်။
တစ်ခါတွင် ဘန်ကောက်သို့ ဟောလီးဒေးထွက်ရာ လေယာဉ်ပေါ်တွင်စားရသော အုန်းနို့ခေါက်ဆွဲနှင့်ခပ်ဆင်ဆင် ယိုးဒယားစာတစ်ခုကို စားရာမှ ကြိုက်သွားခြင်းဖြစ်လေသည်။ သူသည် အိမ်တွင် စားဖို့ပြောရသလောက် လေယာဉ်ပေါ်ရောက်လျှင် အလွန်ဆာလေသည်။ လေယာဉ်ထွက်သည်နှင့် ဗိုက်ဆာပြီ၊ လေယာဉ်မယ်လေးတွေ လှုပ်လှုပ်ရွရွ တွေ့သည်နှင့် စားရတော့မှာလား။ သူတို့က မလာပေးသေးဘူးလား အစရှိသဖြင့် တတွတ်တွတ် ပူဆာတတ်သည်။ ခလေးတွေအားလုံး ဒီလိုပဲလားမသိ။ လေယာဉ်ပေါ်စားရလျှင် ဘာကျွေူးကျွေး စားလေသည်။ မဂျူဂျူမှာ ထိုစဉ်က စားခဲ့ရသော ခေါက်ဆွဲကို အကြောင်းပြု၍ နောက်ပိုင်း အိမ်တွင်လည်း လေယာဉ်ပေါ်မှ စားခဲ့ရသော ခေါက်ဆွဲဆိုကာ ချက်ကျွေးရာမှ အုန်းနို့ခေါက်ဆွဲသည် သူ့စိတ်ကြိုက်စားစရာတစ်ခု ဖြစ်လာလေသတည်း။ မှတ်သားလောက်ပါပေသည် ပိတ်သတ်ကြီးး)
အန်တီဆွိကတော့ ထုံးစံအတိုင်း ဗမာစာ ဘာဖြစ်ဖြစ် ကြိုက်ပါသည်။ ဦးခြိမ့်ကတော့ သွေးတိုးကြောက်လို့ ကြိုက်ပေမဲ့ သိပ်တော့ မစားရဲပါ။ တစ်ခါတစ်ရံ သူ့အတွက်ချက်လျှင် နို့စိမ်းတစ်ဝက်၊ အုန်းနို့တစ်ဝက်နှင့်ချက်ပေးရသည်။ ဘေးကင်းရန်ကင်း မနက် အိပ်ရာထ စိတ်ပူစရာမလို။
မဆွိတီတို့ အိမ်မှာ အုန်းနို့ခေါက်ဆွဲ အားလုံးကြိုက်ကြပါသည်။ အထူးသဖြင့် မဂျူဂျူ ကြိုက်သည်ကို ၀မ်းသာရပါသည်။ ဂျူဂျူ အုန်းနို့ခေါက်ဆွဲ စားတတ်သွားပုံမှာ ထူးဆန်းသည်။ သူသည် အစားအလွန်ချေးများရာ မြန်မာအစားအသောက် မည်သည့်အရာကိုမျှ မြည်းစမ်း စားသောက်ခိုင်း၍မရ။ ခေါင်းလဲ အလွန်မာသည်။
တစ်ခါတွင် ဘန်ကောက်သို့ ဟောလီးဒေးထွက်ရာ လေယာဉ်ပေါ်တွင်စားရသော အုန်းနို့ခေါက်ဆွဲနှင့်ခပ်ဆင်ဆင် ယိုးဒယားစာတစ်ခုကို စားရာမှ ကြိုက်သွားခြင်းဖြစ်လေသည်။ သူသည် အိမ်တွင် စားဖို့ပြောရသလောက် လေယာဉ်ပေါ်ရောက်လျှင် အလွန်ဆာလေသည်။ လေယာဉ်ထွက်သည်နှင့် ဗိုက်ဆာပြီ၊ လေယာဉ်မယ်လေးတွေ လှုပ်လှုပ်ရွရွ တွေ့သည်နှင့် စားရတော့မှာလား။ သူတို့က မလာပေးသေးဘူးလား အစရှိသဖြင့် တတွတ်တွတ် ပူဆာတတ်သည်။ ခလေးတွေအားလုံး ဒီလိုပဲလားမသိ။ လေယာဉ်ပေါ်စားရလျှင် ဘာကျွေူးကျွေး စားလေသည်။ မဂျူဂျူမှာ ထိုစဉ်က စားခဲ့ရသော ခေါက်ဆွဲကို အကြောင်းပြု၍ နောက်ပိုင်း အိမ်တွင်လည်း လေယာဉ်ပေါ်မှ စားခဲ့ရသော ခေါက်ဆွဲဆိုကာ ချက်ကျွေးရာမှ အုန်းနို့ခေါက်ဆွဲသည် သူ့စိတ်ကြိုက်စားစရာတစ်ခု ဖြစ်လာလေသတည်း။ မှတ်သားလောက်ပါပေသည် ပိတ်သတ်ကြီးး)
အန်တီဆွိကတော့ ထုံးစံအတိုင်း ဗမာစာ ဘာဖြစ်ဖြစ် ကြိုက်ပါသည်။ ဦးခြိမ့်ကတော့ သွေးတိုးကြောက်လို့ ကြိုက်ပေမဲ့ သိပ်တော့ မစားရဲပါ။ တစ်ခါတစ်ရံ သူ့အတွက်ချက်လျှင် နို့စိမ်းတစ်ဝက်၊ အုန်းနို့တစ်ဝက်နှင့်ချက်ပေးရသည်။ ဘေးကင်းရန်ကင်း မနက် အိပ်ရာထ စိတ်ပူစရာမလို။
ပြီးခဲ့သည့်ပို့စ်မှာ
ညီမငယ် မမြရီမှ
အုန်းနို့ခေါက်ဆွဲချက်နည်းကို ကွန်မန့်မှတဆင့် မေးထား၍ ဓာတ်ပုံများလဲ
အဆင်သင့်ရှိသည်နှင့် တင်ပေးလိုက်ပါသည်။ ဓာတ်ပုံများမှာ ကြာပြီဖြစ်ရာ
အတိုင်းအတာများမှာ ခန့်မှန်းချေသာဖြစ်၍ လိုတိုး ပိုလျှော့ပေးပါရန်
မေတ္တာရပ်ခံ အပ်ပါသည်။
-------------------------------------------------------------------------------------------------------
အိမ်မှာ
အများအားဖြင့် အုန်းနို့ခေါက်ဆွဲကို ပဲစိမ်းမှုန့်နှင့်သာ ချက်ပါသည်။
တချို့လည်း ကုလားပဲကို နူးအိနေအောင်ပြုတ် ညက်နေအောင်ကြိတ်ပြီး ချက်ကြပါသည်။
အရသာမှာ အတူတူပဲထင်ရာ အပင်ပန်းခံ၍ ပဲကို ကြိတ်မနေတော့ပဲ ပဲမှုန့်ကိုသာ
အလွယ်ချက်ပါသည်။
လိုအပ်သောပစ္စည်းများ (လူ၎-၅ယောက်စာခန့်)
ပဲစိမ်းမှုန့် (မွှေး သို့ သင့်ရာ)ဆန်ချင် ခွက် ၄ပုံ ၃ပုံ (3/4) (သိပ်ပျစ်တာ မကြိုက်လျှင် ခွက်တစ်ဝက်သာထည့်ပါ၊ ဟင်းကျက်ခါနီးမှ ကိုယ်လိုသလို ထပ်ပျစ်ချင်လျှင် ပဲမှုန့်ကို အရေဖျော် ထပ်ထည့်လို့ ရပါသည်)
ကြက်ရိုး ရင်ညွန့်ရိုး ၂ရိုးခန့် ခုတ်ထစ်ထားပါ။ ငံပြာရည်၊ နနွင်းမှုန့်နှင့် နယ်ထားပါ။
ကြက်သွန်နီဥသေး ၁၀ဥ-၁၅ဥခန့် (မရှိလျှင်လည်း) ဥကြီး ၅ဥခန့်အလုံးလိုက် အခွံခွါထားပါ။
ဂျင်း ခပ်ထူထူ ၄၅ခုခန့် လှီးထားပါ။
ကြက်သွန်နီခပ်ကြီးကြီး ၂ဥ chop လုပ်ထားပါ (သို့) ကြိတ်ထားပါ။
ကြက်သွန်ဖြူ ၂၀မွှာခန့် ကြိတ်ထားပါ။
ငရုပ်သီး အရောင်တင်မှုန့် လ္ဖက်စားဇွန်း တစ်ဇွန်းခန့်
ကြက်သား ရင်ပုံသား ၄၀၀ဂရမ်ခန့် သေးသေးလေးတွေ လှီးထားပါ။ ငံပြာရည်၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့နှင့် နယ်ထားပါ။
အုန်းနို့ ၂၀၀ဂရမ် တစ်ဗူး
သကြား ၂ဇွန်းခန့်
ဟင်းခတ်မှုန့် သင့်သလို
ဆီ စားပွဲဇွန်း ၁၅ဇွန်းခန့် (ပဲမှာ ဆီစုတ်၍ ဆီပိုထည့်ရပါသည်)
ငံပြာရည် သင့်သလို
ကြက်ဥ (သို့) ဘဲဥ ၆လုံးခန့် ပြုတ်ထားပါ။ ၃လုံးကို ပါးပါးလှီးထားပါ။
ပွဲပြင်ရန်
အကြွပ်ကြော် အနည်းငယ်
ခေါက်ဆွဲ၊( ဈေးမှ ၀ယ်သော ခေါက်ဆွဲ အစိမ်းသာ ကောင်းပါသည်။ ပြုတ်သောခေါက်ဆွဲမှာ အုန်းနို့ခေါက်ဆွဲနှင့် မလိုက်ဖက်ပါ)
ကြက်သွန်နီ ၃-၄လုံးခန့် ပါးပါးလှီးထားပါ။
နံနံပင် ကိုလည်း ပါးပါးလှီးထားပါ။
သံပုရာသီး (သို့) ရှောက်သီး အစိတ်လေးတွေ စိတ်ထားပါ။
ပဲသွေး၊ ပဲကတ်ကြော်၊ ဗူးသီးကြော် ၊ ငါးဖယ်ကြော် ရှိလျင် လည်း ပြင်ထားပါ။
ကြက်ဥပြုတ် ၃လုံးကို ၄စိတ်စိတ်ထားပါ။

ဟင်းချိုအိုး ပြင်ခြင်း
ပထမဆုံး
ပဲစိမ်းမှုန့်ကို ရေ ထည့်ပြီး အမှုန်လေးတွေကြေသွားအောင် ဖျော်ပါ။
ကြက်ရိုးကို ဟင်းချက်မဲ့ ဒန်အိုး စောက်နက်နက်ထဲထည့် ရေ သင့်သလို (လူ
၎-၅)ယောက်စာ မှန်းပြီး ထည့်တည်ပါ။ ပဲစိမ်းရေဖျော်ထားတာရယ်၊
ကြက်သွန်နီဥတွေ၊ ဂျင်းလှီးထားတာတွေရယ်ပါ တစ်ခါတည်း ထည့်တည်ပါ။ အဖုံးဖွင့်ထားပါ။ ပဲမှုန့်က ဝေလဲ
ဝေတတ်၊ အိုးလဲကပ်တတ်ရာ မကြာခဏမွှေပေးပါ။ အိုးပွက်လာပါက မီးအေးအေးနှင့်
တည်ပါ။
ကြက်သားကို ဆီသတ်ရန်
ဒယ်အိုးထဲ
ဆီထည့် မီးအနေတော်ထားပါ။ နနွင်းမှုန့် အနည်းငယ် ပစ်ထည့်ပါ။ ဆီကျက်ပါက
ကြက်သွန်နီ ထောင်းထားသည်ကို ထည့်ကြော်ပါ။ ကြက်သွန်နီနွမ်းလျှင် ကြက်သွန်ဖြူ
ထောင်းထားသည်ကို ထည့်ဆီသတ်ပါ။ မွှေးလာလျှင် ကြက်သားထည့်ကာ ဆီသတ်ပါလေ။ ကြက်သားအပေါ်ရံတင်းပြီး အနည်းငယ် ညိုလာလျှင် အရောင်တင်မှုန့်ထည့်ကာ မွှေပေးပါ။ အရောင်တင်မှုန့် မတူးခင် အုန်းနို့တစ်ဝက်ကိုပါထည့် ဆီသတ်ပါ။ (အိမ်မှာတော့ ဂျူဂျူက အစပ်မစားနိုင်၍
အရောင်တင်မှုန့် မထည့်ပါ။)
ဟင်းအိုးကျအောင်တည်ရန်
ကြက်သားမွှေးပြီး
အကြောတင်းလာင်္ပြီဆို ဖိုပေါ်မှချ၊ စောနက ဟင်းချိုအိုးထဲ
အိုးလိုက်သာလောင်းထည့်ပါ။ အုန်းနို့တစ်ဝက်ကျန်တာကိုလဲ ထည့်ပါ။
ကြက်ဥပြုတ်ပြီး လှီးထားတာ တစ်ဝက်ကိုလည်း ထည့်ချက်ပါ။ ကြက်ဥ၊ ဘဲဥက ဟင်းကို
အရသာ ဆိမ့်စေပါသည်။
ဟင်းအိုးကို
ကျသည်အထိ နာရီဝက် ၄၅ မိနစ်ခန့်တည်ပြီး အငံ၊ အပေါ့၊ အချိုလိုပါက ဆား၊
ငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်တို့ကို ထည့် စိတ်ကြိုက်အရသာ ရသည်အထိပြင်ပါ။
အုန်းနို့လိုပါကလည်း ထပ်ထည့်နိုင်ပါသည်။ ကြက်ရိုးရော၊ ကြက်သားရော
ချိုပြီးသားဖြစ်ရာ ဟင်းကတော့ ချိုမည်သေချာပါသည်။
ပွဲပြင်ရန်အတွက်
ခေါက်ဆွဲကို ဇလုံ ခပ်ပတ်ပတ်ထဲ အရင်ထည့်၊ အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ ကြက်ဥ၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်၊ ပဲကတ်ကြော်၊ အကြွတ်ကြော် ငရုပ်သီးမှုန့် အစရှိသည်တို့ကို ထည့်၊ ဟင်းရည်ပူပူလေးဆမ်းကာ စားနိုင်ပါပြီ။ တစ်ချို့လည်း သံပုရာရည်ညှစ်စားပါသည်။
စားကြပါဦး အုန်းနို့ခေါက်ဆွဲ၊ အလွန်ဆိမ့်သဗျ။
ပွဲပြင်ရန်အတွက်
ခေါက်ဆွဲကို ဇလုံ ခပ်ပတ်ပတ်ထဲ အရင်ထည့်၊ အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ ကြက်ဥ၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်၊ ပဲကတ်ကြော်၊ အကြွတ်ကြော် ငရုပ်သီးမှုန့် အစရှိသည်တို့ကို ထည့်၊ ဟင်းရည်ပူပူလေးဆမ်းကာ စားနိုင်ပါပြီ။ တစ်ချို့လည်း သံပုရာရည်ညှစ်စားပါသည်။
စားကြပါဦး အုန်းနို့ခေါက်ဆွဲ၊ အလွန်ဆိမ့်သဗျ။










ပဲအကျက်မှုန့်နဲ့ ကောရလား တီဆွီ ပြောမှဘဲ ပဲမှုန့် အချိုး ကိုသိတော့တယ် ဟိုတလောက စမ်းချက်တာ ပဲမှုန့် ကြိုတာများသွားလို့  သွန်တောင်ပစ်ရတယ် ပဲမှုန့်များသွားလို့ အုန်းနှိ့ ထည့်လဲ အုန်းနှိ့အ၇သာမရလို့  နို့ စိမ်းတောင်ထပ်ထည့် ရတယ် တီဆွီ နည်းအတိုင်းထပ်စမ်းချက်ကြည့်အုံးမယ် ကျေးဇူးပါ
ReplyDeleteAMK ရေ
ReplyDeleteပဲမှုန့် အကျက်နဲ့ ကောင်းဝူးနော်။ တစ်ခါ အစိမ်းမှုန့်ကုန်နေလို့ အကျက်နဲ့ ချက်မိတာ အနံ့ကတစ်မျိုးပဲ။ ပဲမှုန့် အစိမ်းမှုန့် နဲ့သာချက်ပါ။
တီဆွိရေ
ReplyDeleteဆရာလုပ်ခြင်းမဟုတ်ပါ၊ ဝေမျှခြင်းသာဖြစ်ပါတယ်။
ကုလားပဲနဲ.ချက်တာပိုပြီးအရသာထူးပါတယ်။ အရင်တုံးကကျမလဲ မွှေးပဲစိမ်းမှုန်.နဲ.ချက်နေကျပါဘဲ။ တရက်တော. ၊စိတ်လိုလက်ရ ကုလားပဲနဲ.ချက်ကြည်.တာ၊ အရသာကပိုလေးလေးပင်ပင်နဲ.အနံ.လဲပိုကောင်းစေပါတယ်။
ကုလားပဲကိုလဲ ရေအနေတော်ထည်.ပြီး ပရက်ရှာကွတ်ကာနဲ. ၁၅မိနစ်၊ မိနစ်၂၀လောက်တည်လိုက်တာ၊ ပဲက ချက်ချင်းနူးအိသွားပါတယ်။ ၁၅မိနစ်လောက်တောင်တည်စရာမလိုပါ။ ပြီးတော. ပဲပြုတ်ထားတဲ.အရေတွေနဲ.ရောပြီး ဖျော်ရည်ဖျော်တဲ.စက်ထဲတခါထဲကြိတ်လိုက်ရင် ပဲရည်ပျစ်ပျစ်ရပါတယ်။ ပြောတော.သာအလုပ်ရှုပ်တယ်ထင်ရတာ၊ တကယ်လုပ်တော. ခဏပါဘဲ။
ကြိုက်၏
ReplyDeleteအနောနိမတ်စ်
ReplyDeleteဆရာလုပ်တယ် မထင်ပါဘူးဂျာ။ အန်တီဆွိက အလွယ်ကြိုက်တာရော၊ အိမ်မှာ ခဏခဏ ချက်စားနေတော့ အလွယ်နည်းပဲ ချက်နေတာကြောင့်ပါ။ ခုမြန်မာဆိုင်မှာ ပဲစိမ်းမှုန့်ကုန်နေလို့ ၀ယ်မရဘူး။ ကုလားပဲကို ပြုတ်ပြီး ချက်မှ ရတော့မှား) ဒီပို့စ်တင်ရင်းနဲ့ ချက်စားချင်စိတ်ပေါက်လာပြီ။ စိတ်ကြီးမိတော့မယ်နဲ့တူတယ်ဗျို့။
ဗမာစာလည်းကြိုက်။ ဘိုစာလည်းကြိုက်။ အုန်းနို့ခေါက်ဆွဲလည်း အလွန်ကြိုက်။ တီဆွိရေ ဟိုနေ့ကတွေ့တဲ့ ကင်မ်ချီ လုပ်နည်းအတိုင်း လုပ်ထားတယ်။ ညနေဆိုရင် ချဉ်မချဉ်စမ်းလို့ရပြီ။ လုပ်နည်းအတွက်ကျေးဇူး အများကြီးတင်ပါတယ်နော်
ReplyDeleteသူငယ်ချင်း... ကုလားပဲကို Pressure Cooker နဲ့ များများသာ ပြုတ်ပြီး Fridge ထဲ ထည့်ထားလိုက်... လိုချင်တဲ့အချိန် ရေနွေးနည်းနည်းထည့်ပြီး Blender နဲ့ မွှေလိုက်ရင် လွယ်မှလွယ်... ကိုယ်လည်း ဒီတပတ် ချက်မလို့... သားကလည်း တခြားဟာတွေ မစားပေမယ့် အုန်းနို့ခေါက်ဆွဲဆို စားတယ်... နို့စိမ်းနဲ့တော့ မကြိုက်လို့ တခါမှ မချက်ဖူးဘူး... အုန်းနို့ခေါက်ဆွဲဆို အုန်းနို့ များများနဲ့ပဲ ချက်တယ်... အဟိ... ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဖူးပဲ...း)
ReplyDeleteအန်တီဆွိ နည်းအတိုင်း မန္တလေးပဲကြော် ကြော်တာလည်း အတော်အဆင်ပြေတယ်.. ဒါကြောင့်အဲဒီ red bean လေးတွေလည်း Pressure Cooker နဲ့ များများပြုတ်ထားလိုက်ပြီး Fridge ထဲ ထည့်ထားတယ်... စားချင်တဲ့အချိန် ဂျင်း ကောက်ညှင်းမှုန့် Baking Soda တွေ ရောနယ်ပြီး ခဏ ခဏ ကြော်ဖြစ်တယ်...
အန်တီ သက်ဝေပြောတာ ၂စက္ကန့်လောက် နောက်ကျနေပြီး) ခုပဲ အကြံရလို့ ကုလားပဲ ထစိမ်လိုက်ပြီ။ ပြီးရင်ပြုတ် ကြိတ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားမယ်ကွ။
ReplyDeleteဟမ် )))) ၂စက္ကန့် နောက်ကျတာ နာသကွာ ... (အန်တီသက်ဝေ လေသံဖြင် ဖတ်ပါရန်။)
Evy
ချဉ်ရင်လဲ အကြောင်းကြားပါဦး။ မချဉ်ရင်တော့ မသိချင်ယောင်ဆောင်နေနော်။ ရင်တုန် ပန်းတုန်တွေ မကြားချင်ဘူး။း)
ကျနော်ကတော့ အုန်းနို့ များများထည့်ချက်စားတယ် သွေးတိုးတဲ့လူလည်းမရှိလို့  . စားပီး ငိုက်တောင်မငိုက်ဘူး အဲလို ဟိဟိ
ReplyDeleteတီဆွိ. အမသက်ဝေ နဲ့ စလုံးမှာနေသူများဖြေပေးကြပါ...Baking Soda ကို ntuc မှာဝယ်လို့ရလား...
ReplyDeleteရခဲ့ရင် ဘယ် roll မှာရှာလို့ရတတ်လဲ...
မန္တလေးပဲကြော် ကြော်ချင်လို့ပါဗျို့...
တီဆွိတို့တော့ HDB အောက်ထပ်က provision shop လေးတွေမှာ ၀ယ်တာ။ အဲဒီမှာ ဟင်းချက်တဲ့ ဆိုဒါမှုန့် ရှိလားဆိုမေးလိုက်လဲရတာပဲ။ NTUC မှာလဲ ရှိမှာပါ။ backing ပစ္စည်းတွေေးရာင်းတဲ့အတန်းနားကြည့်ကြည့်ပါလား။
ReplyDeleteKings တံဆိပ် Bicarbonate of Soda လို့ရေးထားတယ်။ အဖြူဗူးသေးသေးလေးမှာ အပြာရောင်စာသားတွေနဲ့။ အောက်ကလင့်ခ်မှာ ပုံလေးပါတယ်။
အောက်ကလင့်ခ်လေး ကော်ပီ ပေ့စ်လုပ်ပြီး ရှာလိုက်။
http://ez.store247.my/food-beverage/dried-food/kings-bicarbonate-of-soda-100g.html
အိုးးးးအုန့်နို့ခေါက်ဆွဲ..ကြိုက်စ်..အုန်းနို့များလေ..ပိုကောင်းလေ..
ReplyDeleteဒါနဲ့မရှင်းလို့မေးပါရစေတီဆွိရယ်...ပဲမှုန့်ဆန်ချင်ခွက်နဲ့၃ပုံ၎ပုံဆိုတာ...?
၎ ပုံ ပြုံပီး ၃ပုံကိုဆိုလိုတာလား..သူများကိုဦးနှောက်စားအောင်မလုပ်
နဲ့လေ...ခုဘဲချက်စားမလို့...။းP
ကျေးဇူးပါ တီဆွိ. ရှာကြည့်မယ်...
ReplyDeleteတီဆွိရေ ကျေးဇူးပါ နည်းကရှင်းပြီး မသိတဲ့သူအတွက် သိပ်အသုံးဝင်တာ ဒီအပတ် လုပ်ချားပစ်ပလိုက်ဦးမယ် :D
ReplyDeleteဟင့်... တီဆွိ... ရို့စ်လေ တစ်ခါဆို တစ်ခါတည်း အုန်းနို့ခေါက်ဆွဲကို chick pea powder (ပဲစိမ်းမှုန့်)နဲ့ ချက်လိုက်တာ ပဲစိမ်းမှုန့်တွေ ထည့်တာ များနေလို့လား မသိဘူး... အရမ်းပျစ်ပြီး တို့ဖူးနွေးတောင် ဖြစ်တော့မယ်။ အဲ့ဒီနေ့က အကုန် လွှင့်ပစ်လိုက်ရတယ်။ နောက်ဆို အရင်က ချက်နေကျ အတိုင်းပဲ ပဲခြမ်းဝါ (Yellow split pea) ကို ကြိတ်ပြီးပဲ ချက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်း))
ReplyDeleteကွန်မန့်တွေအရတော ပဲကြိတ်ပြီးချက်သူတွေ အညားကြီးပဲနော်။ အိမ်မှာတော့ ပဲမှုန့်နဲ့ပဲကောင်းနေတော့ ပဲကြိတ်ပြီးမချက်ဖြစ်ပေါင်ဂျာ။ ခု ပဲ စိမ်ထားတယ်။ ဒါတောင် ပဲမှုန့်မရှိလို့ ချက်မှာဂျနော်။ မလျှော့သေးဝူးး)
ReplyDeleteရို့စ် ပြောတာ ကုလားပဲဟုတ်ဘူးလား။ အဲဒါ ပဲမှုန့်အချိုးမသိရင် ပထမနဲနဲပဲထည့်ချက်တာ ကောင်းတယ်။ ဟင်းချက်မှ ကျဲနေရင် ပဲမှုန့်လေး ရေဖျော် ထပ်ရောလဲ ရတာပဲ။
Kayaw Hnin Si
လုပ်ချားကြည့်နော်။ မှားနေရင်လဲ လာကြောဦး။ အဲ့ဓာတ်ပုံတွေက ရိုက်ထားတာကြာလှပြီဂျ။
မစု
၃ပုံ၎ပုံမဟုတ်ဘူး။ ၄ပုံ၃ပုံဖြစ်မယ်။ 3/4 ကို ကြောတာ။ ပုံမှာပြထားတယ်ဗျာရေ။ သူပြောမှ ပိုရှုပ်တွားသလိုပဲး)
ဗစ်တာ
ဟုတ်တယ် အုန်းနို့ခေါက်ဆွဲ အုန်းနို့များမှ ပိုကောင်းတာ။ ပိုမွှေးတာ။ တီဆွိကတော့ ဟိုသွေးတိုးသမားတွေကြောင့် အုန်းနို့နဲရင် ကိုယ့်ဟာကိုယ်အုန်းနို့ထပ်ထည့်စားတာပဲ။ ကျန်းမာရေးကလဲကောင်းချက်။ ဘယ်လိုမှ မနေဘူး။
အစ်မဆွိ...
ReplyDeleteမြသွေး အုန်းနို့ခေါက်ဆွဲ မနက်တိုင်းစားတယ်။
အဲ့လောက်တောင် ကြိုက်တယ်။
အုန်းနို့နေရာမှာ နို့စိမ်းဗူးဖောက်ထည့်ချက်လည်း စိမ့်စိမ့်လေးနဲ့ ကောင်းတယ်အစ်မ။
မဆွိ။
ReplyDeleteကျေးဇူးအမျာုကီး တင်ပါတယ်နော်၊ ကျမ တောင်းဆိုတာကို တင်ပေးလို့ပါ၊ မဆွိတီ က သိပ်ချစ်စရာ ကောင်းတာပဲ၊ ကျမက ဟင်းချက်တာ သာမန်ပါပဲ။ ဒါေုကာင့် မဆွိတီဆီက သင်ယူရတယ်၊ မဆွိတီက သိပ်တော်တာပဲ၊ မိခင်ကောင်း အိမ်ရှင်မကောင်း သိပ်ပီသတာပဲ
လေးစားလျက်
မြရီ
T T Sweet ရေ .. လေယဉ်ပေါ်မှာတော. ကလေးတင်မဟုတ်ဘူး လူကြီးလဲဆာတာပဲ.. လေယဉ်မယ်တွေကိုပဲကြည.်နေရတာ.. ကိုယ်.အတန်းရောက်တော.မလား ဘာလား ပေါ... ဟိဟိ.. KOM လဲတခါရေးဖူးတယ်လေ .. လေယဉ်ပေါ်တက်ခါနီး အစားစားပါ မုန်.ဆောင်သွားပါဆိုလား အတိအကျတော.မေ.သွားပြီ.. အဲဒီသဘောပဲ
ReplyDeleteအုန်းနို့ခေါက်ဆွဲ တခါမှ မချက်ဖူးတဲ့ အိမ်ရှင်မလည်း ရှိနေပါတယ်၊
ReplyDeleteပိုစ့်ရော ကွန်မန့်ရော ဖတ်ပြီး ချက်ကြည့်အုံးမယ်၊ မသက်ဝေတို့ရဲ့ ပဲပြုတ်တွေကို သိမ်းထားနည်းရော ဖတ်မှတ်ထားလိုက်ပါတယ်၊
တီဆွိရဲ. ဆီထမင်းကို ပန်ကန်းလိုက်ကြီး IYS Halal Kitchen ဆိုတဲ့ facebook ကြီးမှာတွေ.ခဲ့တယ်။ သူတို.ပဲ ချက်ထားသလိုလို ချက်နည်းတောင် ရေးထားသေး။ :(
ReplyDeleteလေယဉ်ပေါ်တက်ခါနီး အစားစားပါ မုန်.ဆောင်သွားပါ
ReplyDeleteတို့လဲမျှော်နေတာဘဲ အမြဲတမ်း.
ဟင်းရည်အိုး ပုံလည်းတွေ့ကရော
ReplyDeleteအုန်းနို့နံ့လေးပါ မွှေးလာတယ် လို့ ထင်လိုက်မိတယ်
ညကြီးသန်းကောင် ဗိုက်ထဲက ပိုးတွေ အသံမြည်အောင် အော်နေကြတယ်..
စားချင်လိုက်တာ ကိုယ့်ဖာကိုချက်ရင် စားမကောင်းသလိုဘဲ..
မဆွိလက်ရာလေး စားချင်လိုက်တာ..
စွိတီရေ ဒီကနေ့မနက် တီတင့်အိမ်မှာလည်း အုန်းနို့ခေါက်ဆွဲချက်စားတယ်း)
ReplyDeleteစွိတီရဲ့ အုံးနို့ခေါက်ဆွဲကို အားပေးသွားပြီးပြီ အောက်ဆင်းစားအုံးမယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အိမ်က အမက သွေးတိုးရှိလို့ အုန်းနို့ နည်းနည်းဘဲထည့်ပြီး အုန်းသီးအနံ့ ဘဲ ထည့်ရတယ်
ReplyDeleteကြက်အရိုးတွေ သီးသန့် ဝယ်လို့ ရရင်တော့ ကြက်ရိုးများများထည့် ချက်ဖြစ်တယ်
အမက ချက်ပေးဖို့ ပူဆာနေတာ ချက်ရတာ မွှေရတဲ့ အချိန်ကုန်လို့ မချက် ဖြစ်သေးဘူး။ ကျမကတော့ ဆင်ခေါင်းပဲ အမှုန့် ဘဲ လွယ်လွယ် သုံး ပေမဲ့ ဟင်းကို အကြာကြီးဆူပေးထားလိုက်တယ် ပဲပွပြီး အရသာ ပို စိမ့်တယ်။ နွားနို့ တော့ မထည့်ဖြစ်တာ များတယ်။
စားချင်လာပြီ မအားလို့ မျက်စိနဲ့ ဘဲ အ၀ စားတော့တယ်။
အိမ်မှာ ချက်ရင် ထမင်းလွတ် တီးတာ ... ဒါ့ကြောင့် အိုးလိုက် မ သွားပြီနော်
တီဆွိ ခင်ဗျာ..
ReplyDeleteနောင်ချက်ပါက....ကိုယ်တိုင် ကုလားပဲ ကိုစီမံချက်ပါဗျာ...
ပဲမှုန့်တွေမသန့်တော့ပါဘူး....နာမည်ကြီးတံဆိပ်နဲ့ ပဲမှုန့်
ဆိုယင် ဂိုဒေါင်အောက်ကျုံးကို ဇကွဲရောကြိတ် ရောင်းနေ
လို့ပါ...ကုလားပဲ တစ်ပိသာ ဈေးနဲ့ ပဲမှုန့်တစ်ပိသာဈေးနဲ့
နှိုင်းယှဉ်ကြည့်ပါ...ပဲမှုန့်က ပိုများနေတယ်ထင်လို့ပါ....
တီဆွိရေ ပန်ကိတ်လုပ်နည်းလေး အဆင်ပြေရင်တင်ပေးပါဦးနော် .. ဂျူးဂျူးစားတယ်ဆိုတာလေ .. အိမ်မှာလဲ ကလေးကို လုပ်ကျွေးချင်လို. .. တီဆွိနည်းတွေက လွယ်တယ် .. လိုက်လုပ်ရတာ
ReplyDeleteမြင်သာမြင်ရ မကြင်ရ ပါလားနော်.. ကလေးငယ်သေးလို့ အုန်းနို့စားနဲ့အုံးတဲ့ တီဆွိရေ စားချင်တယ်.. :(
ReplyDeleteအိမ်ကခလေးတွေလည်း အုန်းနို့ခေါက်ဆွဲ သိပ်ကြိုက်ကြတာ
ReplyDeleteအပေါ်မှ အနောနိမတ်စ် ပန်ကိတ်လုပ်နည်း မကြာခင် တင်ပေးပါမယ်။ လုပ်ရာတာ လွယ်ပါတယ်။
ReplyDeleteလေယာဉ်ပေါ်မှာ ဗိုက်ဆာသော အစ်မကြီး KOM နဲ့ အနောနိမတ်စ် ... များလဲ အဲလိုပဲ။ ဒါပေသိ လူကြီးဆိုတော့ အိနြေ္ဒနဲ့ပေါ့နော ...ဒါကြောင့်ရှက်လို့ ဒီမှာ မပြောတာ။ ခုမှ အဖော်ရှိလို့ ...း)
WASP17
ကုလားပဲနဲ့တော့ ချက်ပြီးသွားပါပြီ။ အ၀တ်နဲ့ နောက်ဆုံးအမှုန်လေးတွေကို မစစ်မိလို့ သိပ်မကောင်းဘူး။ နောက်တစ်ခါကျရင်တော့ သေချာစစ်ပြီးမှ ချက်ရမယ်လို့ အတွေ့အကြုံရသွားပါတယ်။ This is my first time cooking with raw pea. Thanks all for advice.
အုန်းနို့ခေါက်ဆွဲပို့စ်တင်မှ အုန်းနို့ခေါက်ဆွဲ ကြိုက်သူတွေ အများကြီးပဲဆိုတာ သိရတော့တယ်။ အထူးအဆန်းမဟုတ်လို့ မတင်ဖြစ်တာ။ တင်လိုက်တော့လဲ လာအားပေးကြတာအများကြီး။ အားလုံးကို ကျေးဇူးတင်ပါတယ်နော်။
တီချွိ..။
ReplyDeleteအုန်းနို့ဗူးပြပါဦး..။ ဘယ်လိုဟာလဲ ဘယ်မှာဝယ်ရလဲ အနော် မတိလို့..။ နို့စိမ်းဗူးလည်း ပြ..။ အနော်လည်း သွေးတက်တတ်လို့..။
အနော်မေးထားတဲ့ ထမင်းသုပ် လာသေးဝူးလား..။ မကြိုက်လို့ လုပ်မစားဖြစ်ဘူးလား..။
အုန်းနို့ ခေါက်ဆွဲက လွှယ်သားပဲဗျ..ဘလော့ကြီးတောင် ကိုက်စားချင်သွားတယ်..
ReplyDeletearr nay kya tal
ReplyDelete