မမော်က လှသလို အလှအပလဲ
သိပ်ကြိုက်တယ်။ ကြည့်လိုက်ရင် သူ့ဖေးဘရိတ် နှုတ်ခမ်းနီ အနီရောင်လေးနဲ့
ရဲလို့။ မျက်ခုံးမွှေးကိုလဲ လှလှပပ ပုံဖော်ပြီး နှုတ်ထားသေးတယ်။
မျက်လုံးကိုလဲ ခါချယ်လေးအမြဲဆိုး။ မျက်တောင်ကော့အောင်
မက်စ်ကာရာလေး တင်ထားတယ်။ မေးရိုးလေးတွေပေါ်အောင် ပါးပေါ်မှာ ပါးအို့နီပြေပြေလေးလဲ ဆိုးတတ်သေးတယ်။ မမော်ကို ကြည့်လိုက်ရင်ဖြင့် ခေတ်မီသပ်ရပ်ပြီး
သိပ်လှတာပဲလို့ ခံစားရတယ်။
မမော်
ငယ်ငယ်က ကျောင်းတွေပိတ်တော့ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ဖူးတယ်။
အဲဒီအချိန်က စက်ရုံမှာ Levi's ဘောင်းဘီအတိုတွေ ချုပ်တယ်။ Levi's
အစစ်တွေနော်။ အနောက်တိုင်းနိုင်ငံတွေကို ပို့တာတဲ့။ အဲဒီမှာ လုပ်ရတဲ့
အလုပ်က အင်စပတ်တာ တဲ့။ နာမည်ကသာအပျံစား။ ဘာလုပ်ရလဲဆိုတော့ အထည်တွေကို
စစ်ရတာ။ ပလပ်စတစ်အိပ်နဲ့ ပက်ကင်ပိတ်ခါနီး အထည်တွေကို တစ်ထည်ချင်း
ချုပ်ရိုးတွေ ပြုတ်နေလား၊ ချုပ်ရိုးတွေ မလှဘူးလား၊ ချည်တွေ ထွက်နေလား၊
အထည်သားမှာ ရေစီးကြောင်းတွေပါလား၊ အစွန်းတွေပါလား အစရှိသဖြင့် စစ်ပြီး
အပြစ်တွေ့ပြီဆို အနီရောင် စတစ်ကာလေးကပ်ပြီး ပြင်တဲ့နေရာပို့ရတယ်။
အများအားဖြင့်တော့ ချည်တွေညှပ်တာ ကျန်တာပါပဲ။ သူတို့ရှေ့မှာ
ချည်ညှပ်တဲ့အဖွဲ့ ရှိတယ်လေ။ အဲလိုဆိုရင်တော့ မမော်တို့လို အထည်စစ်တဲ့သူတွေက
ကျန်တဲ့ချည်တွေကို ကပ်ကြေးလေးကိုင်ပြီး တဂျပ်ဂျပ်နဲ့ ညှပ်ပေးလိုက်တာပဲ။
အဲဒီအထည်ချုပ်စက်ရုံမှာ
လုပ်ဖူးကတဲက မမော်ဟာ အင်္ကျီဖြစ်ဖြစ် အ၀တ်အစား အသစ်ဝယ်လာရင် အင်္ကျီကို
ပြောင်းပြန်လှန် ကပ်ကြေးလေးတစ်ချောင်းကိုင်ပြီး အပိုထွက်နေတဲ့ အပ်ချည်ကြိုး
အစ၊ အနတွေ ညှပ်တော့တာပဲ။ သူ့စိတ်ထဲမှာ အ၀တ်အစား ဘရမ်းကောင်းကောင်းတွေဟာ
ဘယ်တော့မှ ချည်တမျှင် အထွက်မခံဘူး။ အ၀တ်အစား ဘရန်းအကောင်းစားတွေ
မ၀တ်နိုင်ပေမဲ့ သူဝတ်တဲ့အင်္ကျီလေးတွေ ချည်တစ်စက်မှ မထွက်ပဲ သပ်သပ်ရပ်ရပ်
ဝတ်ချင်တဲ့ သဘောပေါ့။
ခုတော့
မမော်လဲ စင်္ကာပူမှာ အိမ်ထောင်ရက်သားကျလို့ သမီးလေးတစ်ယောက်နဲ့
အလုပ်လုပ်ရင်း ဘ၀ကို နေသားကျနေပြီ။ နေ့စဉ်ရုံးသွား၊ ရုံးပြန်၊
ခလေးကျောင်းပို့၊ အားရက်တွေမှာ ချက်ပြုတ် ၊ အပြင်လေးဘာလေးထွက်
လုံးလည်လိုက်နေပေမဲ့ ချစ်ရတဲ့ သမီးလေးနဲ့ ယောက်ျားတို့နဲ့ အတူဆိုတော့
ဘ၀ကို ပျော်ပျော်ပဲနေတယ်။ ရတဲ့ အချိန်လေးနဲ့ ဈေးဝယ် သပ်သပ်ရပ်ရပ်
ဝတ်စားဆင်ယဉ် လှလှပပနေမြဲပဲ။
တစ်ရက်တော့
ယောက်ျားလုပ်သူက သူ့ခါးအောင့်အောင့်နေသတဲ့။ ပြောနေတာကြာပြီဆိုတော့
ဆရာဝန်သွားပြကြည့်ပါလားဆို စစ်ဆေးရာကအစ သူ့မှာ ကင်ဆာကျိတ်တစ်ခုကို
ရှာဖွေတွေ့ရှိခဲ့တယ်။ မမော်တော့ သတင်းကြားကြားချင်း ပြာဝေသွားတယ်။ မူးလဲ
မတတ်ဖြစ်တယ်။ သိပ်ထိခိုက်လွယ်တဲ့ ယောက်ျားကိုသနားတာရော သူ့ဘ၀ ကမ္ဘာပျက်မတတ်ပဲ။ ယောက်ျားရှေ့ ငိုချလိုက်ရမလား၊ အော် ငါငိုနေရင် သူက
ပိုဆိုးမပေါ့ဆို ကွယ်ရာမှာသာ မျက်ရည်ကျတယ်။ ကျိတ်ကာ ရှိုက်တယ်။
သမီးလေးမျက်နှာကြည့်ရင်း ၀မ်းနည်းနည်း လာတတ်တယ်။ ယောက်ျားအတွက် ဆေးကုသမှုတွေ
စလုပ်ရတော့မှာမှို့ ယောက်ျားက အလုပ်ကနေ ၄လလောက် နားလိုက်တယ်။
ယောက်ျားလုပ်သူက
ကီမိုသွင်းလိုက်၊ ရေဒီယိုသရပီနဲ့ ကုလိုက်နဲ့ ဆေးရုံကို
၂ပတ်ဆက်တိုက်သွားရတယ်။ ယောက်ျားကို ဆေးရုံလိုက်ပို့၊ အလုပ်တစ်ဖက် ခလေး
ကျောင်းတစ်ဖက်နဲ့ အတော်လဲ ကသီတယ်။ အိမ်ကိုလာ သတင်းမေးသူတွေကို ဧည့်ခံရတယ်။
ယောက်ျားအတွက် နားစွန်နားဖျားကြားတဲ့ ဆေးမီးတို
သင်္ဘောရွက်သုတ်ကျွေးတာတို့၊ဘာတို့ သက်သာမယ်ထင်ရာ ရှာလုပ်ပေးသေးတယ်။
ကီမိုသွင်းထားတဲ့ ယောက်ျားလုပ်သူက အစားပျက်၊ ဘာမှစားလို့မရလို့ အမျိုးတွေ
အသိတွေကိုတောင် အကူအညီတောင်းယူရတယ်။ ကိုယ်တိုင်လဲ တတ်နိုင်သမျှ
ချက်ပြုတ်ကျွေးရှာပါတယ်။ ကင်ဆာလို့ သိလိုက်ရတဲ့ အချိန်ကစလို့ မမော်ရဲ့
ဘ၀ကြီးတစ်ခုလုံး ပြောင်းလဲသွားတယ်။ စိတ်ဓာတ်ရေးရာအရရော၊ အပြင်ပန်း
ရုပ်ပိုင်းဆိုင်ရာ လူမှုပတ်ဝန်းကျင် ဘ၀တွေပါ ပြောင်းလဲသွားတယ်။ စိတ်တွေ
ညစ်ညူးရှုပ်ထွေးနေတယ်။ လေပြေလေး သာနေရာကနေ လေပြင်းမုန်တိုင်းတ၀ုန်းဝုန်းနဲ့
တိုက်လိုက်သလိုပဲ။ ဘ၀ဟာ နေသားကျနေရာကနေ အားလုံး ရှုပ်ထွေး
ပြန့်ကျဲကုန်တယ်။
ဟိုနေ့က
ယောက်ျားက ကီမို တစ်ရက်နားလို့ ဘုန်းကြီးကျောင်းသွားချင်သတဲ့။ သမီးလေးကို
ရေမိုးချိုး၊ အစာမစားနိုင်လို့ ဗိုက်ကနေဖောက်ပြီး အစာသွင်းနေရတဲ့
ယောက်ျားအတွက် လုပ်ကိုင်ပေး၊ ကိုယ်တိုင်လဲ ကမန်းကတမ်းရေချိုး။ မျက်နှာကိုလဲ
တို့ပတ်လေးနဲ့ တက်သုတ်ရိုက်ပြင်၊ နှုတ်ခမ်းနီတောင်ဆိုးဖို့ အချိန်မရတော့။
အင်္ကျီလဲမလို့ ကမန်းကတမ်း ဘီရိုအပေါ်ဆုံးက တွေ့တဲ့ တစ်ထည် ကောက်ဆွဲပြီး
စွပ်ချလိုက်တယ်။ ၀တ်ရလွယ်တဲ့ အကျီအရှည်လေး။ ၀တ်ပြီးမှ မှန်ကို
တစ်ချက်အကြည့် အကျီလေးက လည်ပင်းနားတစ်ဝိုက်မှာ ချုပ်ရိုးတွေပြေလို့ အနားတွေ
ဖွာထွက်နေတယ်။ ဘယ်နား ဘာနဲ့ ငြိလိုက်တယ်မသိ။ သိသိသာသာကို စုတ်နေတယ်။
ပထမတော့
အကျီလေး ပြန်လဲမလို့ စိတ်ကူးသေးတယ်။ နောက်မှ သွားဖို့ စောင့်နေတဲ့
ယောက်ျားရယ် သမီးလေးရယ်ကိုကြည့်ပြီး" အော် ... ဘ၀တွေတောင် ဒီလောက်စုတ်ပြီး
ပြာယာခတ်နေမှတော့ ဒီအင်္ကျီလေး စုတ်တာ ဘာအရေးလဲ " တွေး နာနာကျည်းကျည်း
ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး ဘုန်းကြီးကျောင်းကို ဒီအတိုင်းသာလိုက်ခဲ့တော့တယ်။
။
အင်း...အဲဒါဘဝပေါ့နော်.... အနာဂတ်ကို မမြင်ရတော့ ဘယ်လိုတွေကြိုတင်ပြင်ဆင်ထားရပါ့...း((
ReplyDeleteမဆွိရေ...ဒီပို့စ်လေးကိုဖတ်ပြီးတော့ရင်ထဲမှာခံစားရတယ်..
ReplyDeleteroseေ ပြာသလိုဘဲ..အနာဂတ်ကိုမမြင်ရတော့ကိုယ်သာဆိုရင်ကော
ဘယ်လိုရင်ဆိုင်မလဲ...တွေးရင်းနဲ့ေ ကြာက်လိုက်တာ...။
ကြောက်တယ်...း(
ReplyDeleteကင်ဆာကိုတော့ ကြောက်တယ်။ ဆွေမျိုးနီးစပ်အန်တီကြီး ဟိုတလောကကပဲ ဘန်ကောက်ဆေးရုံမှာ ကင်ဆာလာပြတယ်။ လူနာရော မိသားစုပါ အရမ်းကို ပင်ပန်းရပါတယ်။ ကိုယ်တိုင်ရော ဘာရောဂါဖြစ်မှာလဲလို့ အဲသည့်အချိန်မှာ တွေးမိတယ်။ ကျနော့်ရဲ့ ပရမ်းပတာ စားသောက်ပုံနဲ့ လိုက်ဖ်စတိုင်လ်ကြောင့် ကင်ဆာဆိုတာ ဘာပဲပြောပြော ဖြစ်နိုင်တာပါပဲ။ မမော်ကို ကိုယ်ချင်းစာမိပါတယ်။
ReplyDelete(လီယို)
ကင်ဆာဖြစ်မှာကြောက်တယ်
ReplyDeleteမမော်.အကောင်းဆုးံ ရင်ဆိုင်နိုင်ပါစေ
လေးစားလျှက်
မိစံ
စင်ကာပူမှာ snake grass က ကင်ဆာတော်တော်များများကို ပျောက်တယ်လို.နာမည်ကြီးပါတယ်၊ လင့်ကိုအောက်မှာတင်ပေးလိုက်ပါတယ်၊
ReplyDeletehttp://sabahsnakegrasssingapore.blogspot.com/
အမရေဆက်ရေးပါအုံးနော်ဘာဖြစ်သွားလဲလို့အဲဒါတကယ့်အဖြစ်လားဟင်
ReplyDeleteဖတ်ပြိး စိတ်မကောင်းဘူးရယ်...။
ReplyDeleteအနားဖွာတဲ့...၊ ချုပ်စတွေထွက်နေတဲ့ ဘ၀တွေ ရှိနေတတ်တယ်နော်။ ပုထုစဉ်ပီပီ အပိုအလိုမရှိ သပ်ယပ်တဲ့ ဘ၀မှာသာ နေထိုင်လိုမိတယ် အစ်မဆွိရေ...။
Your"puu win khan zar chin"hit my heart.We can't know what will come in our life.Let's try our best to be pleasant around us for the moment.
ReplyDeleteGyidaw
မမော်ကို ကိုယ်ချင်းစာ နားလည်မိတယ်။
ReplyDeleteကိုယ်တိုင်လဲ မိသားစုအရင်းအချာထဲမှာ ကင်ဆာသမား ၂ဦးရှိခဲ့ဘူးတယ်..
ခုတော့ ဘ၀ရဲ့ အလှည့်အပြောင်း အကောက်အကွေ့တွေကို အငိုက်မမိရလေအောင် တရားဘာဝနာကို အချိန်ရသလောက် လိုက်စားရင်း
စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားတယ်.....
ဘ၀ဆိုတာ ကိုယ်လိုချင်တာချည်းပဲ ရွေးချယ်ယူလို့မှ မရပဲလေ။
စိတ်ထားတတ်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်....
စကားမစပ်ပြောရရင် မဆွိတီ ဒီပိုစ့်မှာ တင်ပြပုံ အရေးအသားက
အလွန်ကို ကောင်းနေတာပါလား.....
အရင်တွေကလဲ ကောင်းပါတယ်..ခုက တကယ့်ကို ထိထိမိမိနဲ့ သွက်သွက်
လက်လက် ချက်ကျကျ ရှိလှတယ်....
မှန်းဆလို့မရတဲ့ လူ့ဘဝကြီး အစိုးမရတဲ့ အနာဂါတ်အတွက် အရာရာဟာ အနတ္တပါပဲ စွိတီရေ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တရားမရှိဘူးဘဲပြောပြော၊ ကြောက်မိတယ် တီဆွိရယ်။
ReplyDeleteတီဆွိ ရဲ. အနီးအနားကတယောက်ယောက်အကြောင်းလားဟင်။ တီဆွိရဲ. စိတ်ကူးထဲက ဇာတ်လမ်းပါဆိုရင်လဲ ...ခံစားရပါတယ်။
တီဆွိနော်
ReplyDeleteတော်တော်ဆိုး။ အိပ်ခါနီးမှ လာဖတ်မိတော. စိတ်တွေ နောက်သွားတယ်။ ဟင်းနော်။
ခါတိုင်းလို ပေါ.ပေါ.ပါးပါး တီဆွိအကြောင်းတို.၊ ဂျုလေးအကြောင်းတို.၊ တခြား ဟင်းချက်နည်းတို.ထင်လို. ဖတ်လိုက်တာ၊ ခေါင်းကိုနောက်ရောဘဲ။
ဘာဘဲဖြစ်ဖြစ် ဒီလိုရေးတော.လဲ တီဆွိက “ချော”နေတာပါဘဲ။ တော်ချက်
ဘ၀မှာ မိသားစုဝင်တွေ ကိုဆုံးရှုံးခဲ့ရဘူးတော့ ကိုယ်ချင်းစာမိပါတယ်။ ဒီလိုအချိန်မှာ အလှအပဆိုတာ တင့်တယ်မှုဆိုတာ ဘာမှမတွေးနိုင်တော့ပါဘူး။
ReplyDeleteအိုင်အိုရာ
မမော် သနားပါတယ်နော်။ တီဆွိက အမြဲ ပေါ့ပေါ့ပါးပါး ပျော်စရာလေးတွေပဲ ရေးတော့ အဲ့ဒါမျိုးလေးတွေပဲ ဖတ်ချင်တော့တယ်။ ဖတ်ပြီး စိတ်မကောင်းလို့။
ReplyDeleteရေးထားတာလေး ကောင်းတယ် အစ်မရေ။
ReplyDeleteအဖြစ်မှန်ဆိုရင်တော့ တော်တော်စိတ်မကောင်းဘူး
ReplyDeleteအဖြစ်မှန်မဟုတ်ဘူးဆိုရင်တော့ တီဆွိတော်တယ်ပြောရမှာပေါ့
အဖြစ်မှန်နဲ့ တီဆွိဝင်ခံစားရတာကို ရေးထားတာပါ။ နီးစပ်ရာ သူငယ်ချင်း group ထဲက မိသားစုတစ်ခုရဲ့ အဖြစ်အပျက်ကို ၀င်ခံစားပြီးရေးထားတာပါ။ အမှန်က သူငယ်ချင်းမိသားစုက ပိုရင့်ကျက်ပြီး သိပ်တော်ကြပါတယ်။ တီဆွိကသာ ခံစားပြီး ၀င်ရေးတာပါ။ ကင်ဆာက စောသေးလို့ ကုရင်ပျောက်တဲ့ အဆင့်မှာရှိတယ်လို့ ဆရာဝန်ကြီးတွေက ပြောပါတယ်။ အားလုံး ဆုတောင်းပေးကြပါဦး။
ReplyDeleteတီဆွိရေ...
ReplyDeleteခဏခဏ ၀င်ကြည့်မိတယ် ဘာများ ပြန်ရေးထားလဲလို့ပါ
ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကို ဆုးတောင်းပေးပါတယ်
အမြန်ဆုံး သက်သာပါစေ။ ပျောက်သွားတဲ့လူတွေ အများကြီး
မြင်ဖူးတယ် ပျောက်သွားမှာပါ။
ကျေးဇူးပဲ ဘေဘီရေ။ ကွန့်မန့်ပေးပြီးသား ပိတ်သတ်တွေရော ဆုတောင်းပေးကြပါဦး။ ကျေးဇူးပါနော်။
ReplyDeleteဖတ်ပြီး မောသွားတယ် တီဆွိရယ်...
ReplyDeleteတီဆွိ
ReplyDeleteကျွန်မလည်း တီဆွိနဲ့အတူဆုတောင်းပေးပါတယ်
အမြန်ဆုံး သက်သာပျောက်ကင်းပြီး မိသားစုနဲ့ တစ်သက်လုံးပျော်ရွှင်စွာ နေထိုင်နိုင်ပါစေ
မီးငယ်
တစ်ကယ့်ကိုပူးဝင်ပီးခံစားသွားတယ်..
ReplyDeleteစိတ်ထဲမကောင်းဘူးရယ်..
ဘ၀ဆိုတာရယ် အလှည့်အပြောင်းမြန်လွန်းတယ်...
တစ်ချိန်ဘာဖြစ်မလဲဆိုတာလဲမသိဘူး...
အားတင်းပြီးရှေ့ဆက်နေကြတဲ့သူတွေကိုလဲအားကျတယ်..
ကိုယ်ဆိုရင် အဲလောက်တောင်ခံနိုင်ရည်ရှိပါ့မလား...မသိဘူး..း(
အဲဒါမျိုးတွေ ဖတ်ချင်ဘူးဂျာ..။
ReplyDeleteI'm on the same boat with Ma Maw.I'm working as a test engineer in US and I have to travel around the States due to the nature of my job.My wife is nearly under same situation as Ma Maw's husband and I want to be around her to take care all the time, but I can't.When I read your post, I do feel the same way as Ma Maw, I knew exactly how she felt.I'm feeling the same way either.I'd like her to know that she's not the only one. Thanks for your post TTSweet.
ReplyDeleteZ Lin