Spring ရောက်ပြီဆိုကတည်းက ရာသီဥတုလေးကလဲ ခြေခင်းလက်ခင်းသာတော့ အိမ်မှာ အပင်လေးတွေစိုက်မယ်ဆို သစ်စေ့လေးတွေ ၀ယ်လာခဲ့တယ်။ နံနံ၊ ရုံးပတီ၊ ငရုပ်၊ ဘေဆယ် နဲ့ ပန်းပင်လေးတွေ အစုံပါပဲ။ သစ်ပင်တွေစိုက်ကာစ အညှောင့်လေးတွေထွက်လာတော့ ကိုယ့်အိမ်ကလူက ၀ီရိယကောင်းလှတယ်။ မနက်ခင်း စောစော ဘရိတ်ဖတ်စ်မစားမီ ရေပန်းခရားလေးကိုင် အပင်တွေ ရေထွက်လောင်းတော့တာပဲ။ သူအကျင့်က အဲလိုပဲ။ စစချင်း အင်မတန် ၀ီရိယကောင်းတာ။ သူ့အမေဆို သူ့တို့ညီအကိုတွေကို အမြဲဆုံးမသတဲ့။ ကောက်ရိုးမီးလို ၀ရိယက ခဏပဲပေါ့။ အဲဒါကို ရယ်စရာ ကြက် ဘာဖြစ်တယ်ဆိုလား နှိုင်းယှဉ်ပြီး ပြောသတဲ့။
ဒီလိုနဲ့ ရက်တွေကြာလာတော့ အပင်လေးတွေလဲ အညှောင့်လေးတွေကနေ အကိုင်းအခက်၊ အညွန့်လေးတွေ ထွက်လာခဲ့ပြီ။ အဲဒီအပင်တွေထဲ အသန်ဆုံးကတော့ နံနံပင်လေးတွေပဲ။ ဈေးထဲမှာရောင်းသလောက် အရွယ်လေးတွေ၊ ခူးဆွတ်ဖို့ အရွယ်ရောက်နေပေမဲ့ အိမ်မှာ နံနံတွေဝယ်ထားတာ များနေတော့ ခူးပြီး မသုံးဖြစ်ဘူး။ ဒီနေ့မနက်လဲ ကိုယ့်အိမ်ကလူက ထုံးစံအတိုင်း ရေပန်းခရား တစ်လုံးနဲ့ အလုပ်ရှုပ်နေမြဲ။
နေ့ခင်းဖက် ဟင်းချက်မယ်ကြံတော့ တစ်နေ့က ခွဲချန်ထားတဲ့ အမဲသားနှပ်လေးက ရှိနေတော့ ချဉ်ပေါင်မျှစ်လေးကို ကန်ဇွန်းရွက်အကျန်လေးနဲ့ ရေစပ်စပ်ချက်မယ်စိတ်ကူးလိုက်တယ်။ ချဉ်ပေါင်ဟင်းနဲ့လိုက်အောင် ငရုပ်သီးထောင်းမယ်ကြံတော့ ငရုပ်သီးမှုန့်က ကုန်နေတာနဲ့ ငရုပ်သီး လှော်ထောင်းဖို့ သတိရသွားတယ်။ ဒါနဲ့ ချဉ်ပေါင်အိုးလေး အရင်တည် မြည်းကြည့်၊ အချဉ်ပေါ့ ချဉ်ပေါင်ထပ်ထည့်နဲ့ အလုပ်ရှုပ်။ ချဉ်ပေါင်ဟင်းကျက်ခါနီးမှ ငရုပ်သီးလေးတွေကို စိတ်ရှည်လက်ရှည်လှော်၊ ပြီးတော့ဒယ်အိုးကို မီးပိတ်ထားလိုက်တယ်။ သူ့အပူနဲ့သူ ကျက်ပလေ့စေပေါ့။

ချဉ်ပေါင်ဟင်းကျက်ခါနီး အိမ်အပြင်ဖက် မျက်စိအရောက် နံနံလေးတွေ လဲနေတာ တွေ့သွားတယ်။ ဟင် ဘယ့်နှာကြောင့် လဲနေပါလိမ့်ပေါ့။ သွားကြည့်တော့ အပင်အောက် မြေကြီးမှာ ရေတစ်စက်မှမရှိ၊ ခြောက်သယောင်းနေတော့ အပင်က ချက်ချင်းလက်ငင်း ပူပြီး ညှိုးကျသွားတာ။ ဒါဆို မဖြစ်ချေဘူး။ ဒီနံနံတော့ ခူးမှဖြစ်တော့မှာ။ မနက်က ဟိုလူကြီး ရေလောင်းတာ မြင်သားနဲ့ ဘယ်လိုဖြစ်ပါလိမ့် စိတ်ကတွေး။ အင်း.. ချဉ်ဟင်းအိုးလဲ ကျက်ပြီဆိုတော့ နံနံလေးတွေ အတော်ပဲ၊ အပင်က လတ်လတ်ဆတ်ဆတ်ဆို အတော် မွှေးမှာပဲဆို နံနံတွေခူး၊ ရေဆေးပြီး ချဉ်ဟင်းအိုးထဲ ပစ်ထည့်လိုက်တယ်။ ထည့်ပြီး အငြိမ်မနေ ဇွန်းလေးနဲ့မွှေ၊ မြည်းကြည့်တော့ ဟမ်မလေး ချဉ်ဟင်းနှယ် စပ်ချက်တော့။ ငါခုနက မြည်းတာ မစပ်ပါဘူးပေါ့။
ဒီမှာ သံသယ၀င်သွားတယ်။ ဟိုတစ်လောက အိမ်က နှင်းဆီပင်လေးတွေမှာ ပိုးကောင်လေးတွေကိုက်လို့ ဖြန်းရအောင်ဆို ပိုးသတ်ဆေးဝယ်လာတာ။ သူက ပန်းပင်ရော၊ စားပင် ဟင်းသီးဟင်းရွက်တွေပါ ဖြန်းလို့ရတဲ့ အမျိုးကိုး။ ဟိုနေ့ကတောင် ပြောနေသေး။ သူဝယ်လာတဲ့ ပိုးသတ်ဆေးက ဟင်းသီးဟင်းရွက်တွေပါ ဖြန်းလို့ရသတဲ့လေ။ ဒီတော့ အိမ်ကလူများ နံနံတွေကို ဆေးဖြန်းထားသလား။ နံနံမှာ ပိုးသတ်ဆေးတွေပါလို့ ဒီလောက် စပ်သလား။ အော် ပိုးသတ်ဆေးဆိုတာ ဒီလိုစပ်သကိုးလို့တောင် စိတ်ထဲ တွေးနေသေး။
မြည်းနေရင်းနဲ့ ပိုပို စပ်လာလို့ ကိုယ့်အိမ်ကလူကို ဖုန်းဆက်မေးမှဖြစ်တော့မယ်ဆို ဖုန်းဆီ ပြေးဆက်တယ်။ အရေးထဲ ရုံးဖုန်းကို ဆက်တာ မကိုင်လို့ ဟမ်းဖုန်းကို ဆက်ရတယ်။
"အေး ..."
"အဖေ မနက်က အပင်တွေ ရေလောင်းသေးတယ်မဟုတ်လား ..."
"အေးလေ ..."
"ဒါပေမဲ့ နံနံတွေ မလောင်းဘူး မဟုတ်လား။ နံနံတွေ ဘာဖြစ်ကုန်ပြီထင်သလဲ။ အကုန်ညှိုးကုန်ပြီ အဖေ ..."
"ဟုတ်တယ်။ မနက်က ရေလောင်းတော့ ခေါင်းရင်းက အပင်တွေပဲ လောင်းတာ ... နံနံတွေ မပါဘူး ..."
"ဟင် .. ဟုတ်လား။ အဖေက ဘာလို့ မလောင်းတာလဲ ... ထားပါတော့။ အဖေ နံနံကို ပိုးသတ်ဆေးဖြန်းသေးလား .."
မဖြန်းပါဘူး။ ... မဖြန်းမိဘူးထင်တာပဲ ...."
"ဟုတ်လို့လား ... သေချာလို့လား အဖေရယ် ... ဒီမှာ အဲဒီနံနံတွေ ချဉ်ဟင်းထဲခပ်လိုက်တာ ချဉ်ဟင်းကြီး စပ်ကုန်လို့။ အရင်က မစပ်ဘူးနော်။ ဆွိလေးတော့ အဆိပ်မိပြီထင်တာပဲ ..."
" ဟုတ်လို့လား ... " (ရယ်မောလျက်)
"ဟုတ်တယ် ...ရယ်မနေနဲ့ ... တကယ် ... တကယ်ကို စပ်နေတာ ... အဆိပ်တွေလားမသိဘူး။ လူကတော့ လောလောဆည် ဘယ်လိုမှတော့ မနေသေးဘူး .. ခေါင်းမူးတာတို့ ဘာတို့တော့ မဖြစ်သေးဘူး ..."
"မဖြစ်နိုင်ပါဘူးကွာ ... အေး ... အေး ... အေး ... ဒါပဲ ..." (ဖုန်းချမည် ကြံ ....)
"နေဦး ခဏ ..."
" အေးပြော ..."
"နောက်ထပ် ၅မိနစ်လောက်နေရင် ထပ်ခေါ်ကြည့်ဦး ..."
"ဘာလုပ်မလို့တုံး ..."
"အော .... သေလား မသေလား ဖုန်းဆက်မေးရအောင်လေ ... တော် ဒါတောင် မသိချင်တော့ဘူးလား ..."
(အဖြစ်မှန်က ငရုပ်သီးလှော်တဲ့ဇွန်းနဲ့ ချဉ်ဟင်းအိုးမွှေမိတာပါဗျို့ ...အိမ်မှာ ဒါမျိုးတွေက ဖြစ်နေကျဆိုတော့ ဟိုက အရေးကို မလုပ်တော့တာ ... အဲ့လို ... အဲ့လို ...း)
တော်တို့ယောက်ျားတွေရယ်


နောက် ၅ မိနစ်နေသောအခါ....
ReplyDeleteဖုန်းပြန်ခေါ်လား မခေါ်လားဆိုတာ စိတ်ဝင်စားမိတယ်..
စားချင်လိုက်တာ အမ ရယ် ...
ReplyDeleteငါးောက်ာလေးရော မပါဘူးလားဟင် ...
ဦးညက်ခုံးရှူံ့ကြီး ကို အဖေ လို့ ခေါ်တာလား ..ဒါဆို ဂျူဂျူ ကလဲ အဖေ လို့ ဘဲ ခေါ်တာပေါ့ ဒက်ဒီ မခေါ်ဘူးပေါ့ ။
Very nice post. Make me laugh while reading :)
ReplyDeleteတီဆွိရယ်..ပို.စ်တခုလုံးဖတ်လာတာအကောင်း၊ ဟင်းချက်တာတွေရေးထားတာလဲ ဖတ်ရတာစိတ်ဝင်စားဖို.ကောင်း၊ မစနာဝတ်ထု ဖတ်နေရသလိုမျိုးဘဲဆိုပြီးတော.၊ အောက်ဆုံးနားရောက်တော.မှ ၀ါးလုံးကွဲ ရီလိုက်ရတာဆိုတာ။
ReplyDeleteတီဆွိ....တို့က အဲလို ချစ်တာနော်
ReplyDeleteနံနံပင်ခတ်လဲ အဖေကြီးကို သံသယ၀င် ငရုတ်သီး စပ်လဲ အဖေကြီးကို သံသယ၀င်
ဆားနှစ်ခါ ခတ်မိရင်တော့ အဖေကြီး ဆွိလေး သွေးတွေ တိုးနေပြီး ပြောရင်ဆိုးရင် ခေါင်းတွေတောင်မူးလာပီ ညန်ညန် ကျန်လာခဲ့ အဲ့ အဲ့ အဲ့ ........Qt.... ဘာမှ မကျောဝူးနော် ကွန်မန်းပဲ ပေးတွားတာာာ.. :)
;) နောက်ငါးမိနစ်ဖုန်းပြန်ခေါ်တဲ့း) ချစ်ရှာတာ
ReplyDeleteရယ်ရတယ်ဗျို့း)
မောင်ဘကြိုင်
အမှန် ဦးခြိမ့်ဖုံးဆက်ရမဲ့အချိန်က ရုံးဆင်းခါနီး၊ ဆွိလေးရေ လှအောင်ပြင်ထားကွာ ဆိုပြီးဖြစ်ရမှာ ...
ReplyDeleteချဉ်ပေါင်ဟင်းက စားချင်စရာကြီး၊ နံနံပင်ကို ချဉ်ပေါင်ဟင်းထဲကိုထည့်တာ ခုမှပဲကြားဖူးတယ် ၊ တကယ်ကောင်းလား၊ စမ်းကြည့်ဦးမယ်၊
ချဉ်ရည်ဟင်းနဲ့ ငရုပ်သီးထောင်း ထမင်းမြိန်လိုက်မယ်ဖြစ်ခြင်း စွိတီရေ။
ReplyDeleteတီတင့်အိမ်မှာ ဒီကနေ့ကြက်-ဘူး ကာလသားချက်ဆိုတော့ စွိတီရဲ့ ငရုပ်သီးထောင်း ယူသွားပြီး) ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
"အော်..သေလား၊မသေလားဖုန်းဆက်မေးရအောင်လေ..တော်ဒါတောင်
ReplyDeleteမသိချင်တော့ဘူးလား...ဟွင်းးးးးးးးး"
အဲ..ဒီတော့..ဝူးမောင်ရှိမ့်ကဘာပြန်ေ ပြာလဲသိချင်တယ်...။
တကယ်ကိုအော်ကိုရီသွားတယ် တီဆွိရေး)
ReplyDeleteအိုးဟိုး..ဒါ့ကြောင့်ကိုး...
ReplyDeleteအိုင်အိုရာ
ချဉ်ရေဟင်းရော ငရုတ်သီးထောင်းရော စားချင်တယ်ဗျို့။
ReplyDeleteဖတ်ပြီး အော်ရယ်သွားပါသည်။
(လီယို)
:D
ReplyDeleteဟားဟားဟား...
ReplyDeleteတကယ်ကို ရယ်ရတယ်ဗျာ...
အစ်မဆွိရဲ့ မျက်ခုံးရှုံ့ကြီးကလည်း မသိချင်ယောင်ဆောင်ပြီး ဖုန်းပြန်ဆက်လိုက်ရမှာနော်..။ သူတို့ယောကျာ်းတွေက မိန်းမမာယာသဲကိုးဖြာလုပ်တယ် ထင်နေကြတာ..။ အမှန်က အဆိပ်မိရင် အချိန်မှီ သိရအောင် ဆက်ခိုင်းတာပါနော်...။
နေနေ ပြောသလိုပဲ ဖုန်းပြန်ဆက်လားဟင်
ReplyDeleteထင်ပါတယ်လေ မဆက်ဖူးလို့း)
5 မိနစ်နေသောအခါ ဖုန်းပြန်ခေါ်လာပါသလား
ReplyDeleteဆက်လက်ပြီး Post တင်ပေးပါအမ ဆွိ
အောင်မလေးရယ်တဲ့မှ ဇာတ်သံနှောကာ ပြောရရင်ဖြင့် .............. နောက်၅မိနစ် နေသောအခါ ...
ReplyDelete(အောက်ဆုံးက ကွင်းစ ကွင်းပိတ်နဲ့ ရေးတဲ့ စာထဲမှာ အဖြေက ပါပြီးသားလေ ပိတ်သတ်တို့ရေ ...)း)
အင်း အမရေ နံနံပင်က ဘာလို. ညှိုးနေတာတဲ.လဲ.. မနက်တိုင်းရေလောင်းရဲ.သားနဲ. .. အဲဒါအဖြေရှာမှဖြစ်မယ်.. :)
ReplyDeleteyee ya tal:)
ReplyDeleteအစ်မဆွိရေးတဲ့ ပိုစ့်တိုင်းကို သဘောကျတယ်..
ReplyDeleteတကယ်တကယ်.
စာရေးသိပ်ကောင်းတာဘဲ လူတွေကို စိတ်ဝင်စားအောင်လည်း ရေးတတ်တယ်
ရယ်စရာလည်း ဖြစ်အောင်ရေးတတ်တယ်.
ဒါနဲ့ စကားပြောတဲ့ တစ်နေရာမှာ ဆွိလေးလို့ ဖတ်လိုက်မိပြီး အားတွေကျသွားတယ် ဟိဟိ..
အမရယ် .. စိတ်ဝင်တစားနဲ့ ဖတ်လာတာ.. ဘာကြောင့်များ စပ်ပါလိမ့်လို့..
ReplyDeleteနောက်ဆုံးတော့ ရယ်လိုက်ရတာ :))
ညီမလေး
တေမှ တော့ ဖုန်းကိုင်နိုင်ပါတော့မလား မကိုင်နိုင်တော့တဲ့ တူတူ ညနေရုံးဆင်းမှ ရှင်းပစေ ခွီး။
ReplyDeleteထပ်ဖတ်ပြီး ထပ်ရယ်သွားပါသည်။း)
ReplyDelete(လီယို)
အဟော်... သူများသေမဲ့ ကိစ္စကို ၂ခါတောင် လာဖတ်ပြီး ၂ခါလာရယ်သွားသူက ရှိသေး ...
ReplyDelete( နောက်တာနော် လီယို တို့က လာလေ ကြိုက်လေ ...း)
တစ်ယောက်တည်းရီရတာအားမရသောကြောင့် ယောကျာ်းကိုပြောပြပြီး ထပ်ရီလိုက်ပါတယ်..ဒီနေ့ထပ်လာပြီးထပ်ရီသွားပါကြောင်း...
ReplyDeleteခစ်ခစ်။ တော်သေးတာပေါ့။ တော်တော်လန့်သွားမယ်။
ReplyDeleteဖြစ်ရလေ တီဆွိရယ်.. ရီလိုက်ရတာ.. တအား...ဘဲ..
ReplyDeleteတီတီဆွိ
ReplyDeleteဘယ် email address ကိုဆက်သွယ်လို့ ရပါမယ်
ဇွန်ဇွန်
bookworm399@gmail.com
sweetee2008@gmail.com ကို ဆက်သွယ်နိုင်ပါတယ် ဇွန်ဇွန်ရေ။
ReplyDeleteတီတီဆွိ
ReplyDeleteစာလေးပို့ ထားပါတယ်
ပြန်ရေးပါနော်
ဇွန်ဇွန်
တီတီဆွိ စာရေးအလွန်ကောင်းပါတယ်။ ဆရာမဘ၀ စာသင်ခန်းထဲကအတွေ.ကြုံတွေလည်း အဆင်ပြေရင်ရေးပါနော်။
ReplyDeleteဖြစ်ရမယ်မရယ်.... ရီလိုက်ရတာ ညစ်နေတဲ့စိတ်လေးတွေလန်းသွားတယ်...
ReplyDeleteရယ်လိုက်ရတာ တီဆွိရယ် ..
ReplyDeleteဦးခြိမ့်နဲ့ တီဆွိပုံ မျက်စိထဲ မြင်ယောင်ပြီး တယောက်ထဲ ရယ်နေရတယ် ဟီးးး
ဖြစ်ရလေ တီဆွိရယ်..စဉ်းစားလိုက်ရတာ နံနံပင်က ဘာကြောင့် စပ်သလဲလို့ ... :P
ReplyDeleteI would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.
ReplyDeleteMyanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!