Wednesday, February 8, 2012

ဟိုအဒေါ်ကြီးရဲ့ .... မီနီကူးပါး


အဲ့အဒေါ်ကြီးတစ်ယောက်ကတော့ မီနီကူးပါးလေး ရပြီးကတည်းက ကြွားချင်နေတာ ကြာလှပေါ့။ သမီးကျောင်းကိစ္စ၊ ချက်ရေးပြုတ်ရေးတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ ခုမှပဲ ဘလောဂင်းနိုင် ... အဲလေ ကြွားနိုင်တော့တယ်။

စုစုပေါင်း ကား၅စီးကြည့်ခဲ့တာမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ မီနီကူးပါး အစိမ်းရောင်လေး ရခဲ့ပါတယ်။ တကယ်တော့ အဲ့အဒေါ်ကြီးက အစိမ်းရောင် မကြိုက်လှဘူး။ အ၀ါရောင် ဒါမှမဟုတ် မက်တဲလ်လစ်ကာလာလေး လိုချင်တာ။ ရတဲ့အချိန်မှာ ဈေးတန်တဲ့ကားကို ရွေးလိုက်ရတော့ အစိမ်းပုပ်ရောင်လေးပဲ ဖြစ်သွားပါတယ်ခင်ညာ။ (အဲဒီအစိမ်းပုပ်ကို ဗိုလ်လို British racing green colour လို့လဲ ခေါ်ကြတယ်ဆိုပဲ။)

ကားလေးရပြီး  မောင်းကြည့်တော့လဲ အင်မတန်ပေါ့ပြီး အတော်ကို မောင်းလို့ကောင်းတဲ့ ကားလေးပါ။ အိမ်က သမီးတို့အဖေကားကြီး မောင်းနေကျဆိုတော့ မောင်းရတာ ပေါ့သွားတာ တော်တော်ကို သိသာတယ်။ ကားကလည်း သေးတော့ ဒီကလမ်းတွေ ကျဉ်းတာနဲ့လဲ အကိုက်ပါပဲ။

အဒေါ်ကြီးတို့ ထုံးစံ လျှာရှည်ပြီး ကားဘယ်ပုံဘယ်နည်း ၀ယ်ခဲ့တယ်ဆိုတာကို ရေးပါဦးမယ်။ စိတ်မ၀င်စားရင် ကျော်ဖတ်သွားကြပါခင်ညား။ ကျေးဇူးတင်ပါတယ်။


ဟိုအဒေါ်ကြီးရဲ့    ....  မီနီကူးပါး ရှာပုံတော်
၁. အစိမ်းရောင်၊ ၂၀၀၉၊ $19,999၊ Milage 54,000km (private)

အများဆုံးရှာတာက online car market တွေကပဲရှာပါတယ်။ ပထမဆုံးစကြည့်တဲ့ ကားလေးကလဲ အစိမ်းပုပ်လေးပဲ။ ခုကားလို ရှေ့မှာ sport အစင်းကျားအဖြူလေး၂ခုတော့ မပါဘူးပေါ့။ ၂၀၀၉ မော်ဒယ်ကို ပေါက်ဈေးထက် တော်တော်ဈေးလျှော့ထားလို့ သွားကြည့်ကြတာ။ ဈေးကနှစ်သောင်းတဲ့။ ရောင်းတဲ့သူက ကိုးရီးယန်းလေး။  နောက်ပြီး သူက ကားပိုင်ရှင်မဟုတ်ဘူးတဲ့ ... ကိုရီးယားပြန်သွားတဲ့ သူ့သူငယ်ချင်းကားတဲ့။ ကားကလဲ ထင်ထားသလောက်တော့ မသစ်ဘူးရယ်။ ပြီးတော့ တစ်ခါ တိုက်ဖူးသတဲ့။ နောက်သူ့မှာ ငွေရေးကြေးရေးကိစ္စတွေကို ပိုင်ရှင်မရှိပဲ ရှင်းရမှာ ဆိုတော့ ဇာတ်လမ်းရှုပ်တယ်ဆိုပြီး ပျက်သွားတယ်။ ကောင်လေးကလဲ မျက်နှာညှိုးညှိုးငယ်ငယ်နဲ့။ သူ့ကားကို ရတဲ့ဈေးနဲ့တောင် ရောင်းမဲ့သဘောရှိတယ်။ နောက်နေ့ ယူချင် သောင်းရှစ်ထောင်နဲ့ယူဆို မက်ဆေ့ခ်ျပို့လာသေးတယ်။  ဇာတ်လမ်းထပ်မရှည်ချင်တာနဲ့ အားနာနာနဲ့ပဲ ငြင်းလိုက်ရတယ်။ အဲ့ကား ခုချိန်ထိ ရောင်းမထွက်သေးဘူးထင်တာပဲ။ Carsales web page မှာ တွေ့နေတုံးပဲ။

  ၂. မက်တဲလ်လစ်ကာလာ၊ ၂၀၀၅မော်ဒယ်၊ $18,000၊ Milage 83,000km၊ 5years wranty (Dealer)
နောက်တစ်ကားကျတော့ Castle Hills က တိုယိုတာတွေရောင်းတဲ့ ကားဆိုင်မှာ ၂၀၀၅ မော်ဒယ် မက်တဲလ်လစ်ကာလာလေး။ ဈေးကလဲ ဆိုထားတာ မဆိုးလှဘူး။ သောင်းရှစ်ထောင်တဲ့။ လှတာလဲ အတော်လှတယ်။ အပြင်ကကြည့်ရင်လဲ ကားက ပေါလစ်ရှ်တင်ထားလို့လား မသိ၊ အသစ်ပဲ။ အပေါ်မှာလဲ sun roof လေးနဲ့။ ဈေးဆစ်ခါနီးကျ ကြည့်လိုက်တာ ကားအပေါ် ခေါင်မိုးပတ်လေးက ဒေါင့်လေးမှာ အမဲရောင်အပတ်လေး ကွာကျနေတာနဲ့ မေးကြည့်တော့ သူတို့ fix ပြန်လုပ်ပေးပါမယ်ပြောတယ်။ ကားက တော်တော်ဟောင်းနေတာကို ဆေးဆိုးပန်းရိုက်ထားတာလားလို့ ထင်တာနဲ့ပဲ ဆိုဈေးထက် ၂၀၀၀ လျှော့ဆစ်တော့ မရပါဘူးတဲ့ဗျာ။ သူတို့က ၃နှစ် ၀ရမ်တီလဲ ပေးထားတာကိုး။ သောင်းခုနှစ်ထောင်နဲ့ ယူပါပြောနေတယ်။  ဒီနေရာမှာ ကားရောင်းတဲ့ သူတွေရဲ့လေသံက ဟိုးရှေးရှေးက အင်္ဂလိပ်ကားတွေမှာ ပြောတဲ့ လေသံ ခပ်ဆန်ဆန်မျိုးပဲ။ အာလုပ်သံကြီးတွေနဲ့ "Hey mate ...  Hey mate" နဲ့ ခေါ်ပုံကိုက။ သူတို့စကားပြောတာနားထောင်ပြီး ရယ်နေရတယ်။ ဦးခြိမ့်က အဲဒါ အော်ဇီတောဖက်တွေ (country) ကပြောတဲ့ အသံ အစစ်တဲ့ဗျား။

 ၃. အ၀ါရောင်၊ ၂၀၀၂မော်ဒယ်၊ $15,000, Milage 63,000km (private)
နောက်တစ်စီးကတော့ ပရိုက်ဗိတ်ရောင်းတာ။ ဒီတစ်ခါကျတော့ ယိုးဒယားကောင်လေး။ သူ့ရီးစားကားတဲ့။ ဒီမှာ အဲဒီကားကို ကိုယ်လို အာရှတွေပဲ အရူးထတာလားလို့တောင် ထင်ချင်စရာဖြစ်နေတယ်။ ကားအရောင်လေးက အ၀ါလေးဆိုတော့ အရောင်ကြိုက်တာနဲ့ ပြေးကြည့်ကြတာဆိုတော့ ဈေးတောင် သေချာ မစစ်မိဘူး။ နောက်မှဈေးက မတန်တရာတောင်းထားတာပဲဆိုတာ သတိပြုမိတော့တယ်။ ကားက အပြင်ကကြည့်ရင်တော့ လှပါတယ်၊ သစ်ပါတယ်။ စက်ဖုံးလဲ ဖွင့်ကြည့်ရော ၂၀၀၂ မော်ဒယ်ဆိုတော့ အထဲမှာ အတော်လေးကို ဟောင်းစုတ်နေတာနဲ့ ဈေးတောင်မဆစ်တော့ပဲ တပ်ဆုတ်ပြီးပြန်ခဲ့တယ်။ အဲလောက်ဟောင်းနေတဲ့ကားကို သောင်းငါးထောင်က မလျှော့ဘူးတဲ့ဗျာ။ ၂၀၀၂ မော်ဒယ်ကို ၀ရမ်တီလဲ မပါ ဘာမပါနဲ့။

၎. ၂၀၁၁ Toyota Yaris, $18,500, Milage 50km, (5 years wranty), (dealer)

ဒီလိုနဲ့ ထပ်ရှာတော့ ကားကောင်းတာ၊ တန်တာ တော်တော်နဲ့ မတွေ့တော့ဘူး။ ဦးခြိမ့်ကတော့ ဈေးပေါတာထက် ဈေးနဲနဲပိုပေးရင် ပေးရပလေ့စေ၊ ပိုသစ်တာကို လိုချင်တာနဲ့ ဈေးကို ၅၀၀၀လောက်ထပ်တိုးပြီး ရှာကြပြန်တယ်။ ရှာလို့မတွေ့တာနဲ့ ဟိုနေ့က တိုယိုတာဆိုင်က ကားလေးကို ပြန်သွားယူရအောင်ဆို တိုင်ပင်ကြတယ်။ အဒေါ်ကြီးက အဲဒီ မက်တဲလစ်လေးကို မျက်စိထဲကကို မထွက်ဘူးဗျာ။ ကြိုက်နေတာ။ ၃နှစ် ၀ရမ်တီလဲ ရမယ်ဆို တော့ စိတ်ကိုဒုံးဒုံးချ၊ ၀ယ်တော့မယ်ဆို ၀ပ်ဆိုက်ထဲမှာ ကား history ကို check လုပ်ကြတယ်။ အရေးထဲ ဆာဗာဒေါင်းနေလို့ တစ်ရက်စောင့်လိုက်ရတယ်။ အဲဒီနေ့က မစစ်မီ သေချာအောင် dealer ဆီ ဖုံးဆက်မေးတော့ မရောင်းရသေးဘူးတဲ့။ history စစ်ဆေးတဲ့ခက $32.5 ပေးရပါတယ်။ ကားရဲ့ chassis နံပတ် ( Vin No.) ကို သိရင် အောက်က webpage မှာ သွားစစ်နိုင်ပါတယ်။ ကားတိုက်ဖူးသလား၊ အခိုးခံရဖူးလားကအစ၊ ကားနဲ့ ပတ်သတ်သမျှ အားလုံးပြန် trace လိုက်လို့ရပါတယ်။
http://www.carhistory.com.au/?gclid=CKuEuIGTjq4CFaNLpgodBRgLgw

စစ်ပြီး ကျေနပ်တော့ နောက်နေ့ ငွေထုပ်လေးပိုက်ပြီး ဦးခြိမ့်ရုံးထမင်းစားချိန် ကမန်းကတမ်း သွားဝယ်ကြတာပေါ့။ ဟိုရောက်တော့ အမောကို ဆို့ရောပဲ။ ကားက မနေ့ညနေကတင် ရောင်းလိုက်ပြီတဲ့။ စားရခါနီးမှ ပြုတ်ကျတဲ့ အသားတုံးကြီးလိုပဲ။ ဟိုအဒေါ်ကြီးမှာ မနေ့က သွားမ၀ယ်ဖြစ်တာ ယူကြုံးမရဖြစ်၊ web side down တာကို အပစ်တင်၊ တပွစိစိနဲ့ပေါ့။

ဒါနဲ့ ကြုံတုံး Toyota ကားစန်တာဆိုတော့ Toyota Yaris လေး ၀င်ကြည့်ကြပြန်တယ်။ ဆစ်ဒနီ ကားသေးလောကမှာတော့ အဲဒီကားက တော်တော်ကို ခေတ်စားနေတာ။ လမ်းမှာဆို Yaris တွေချည်းပဲကို။ အသစ်ဈေးမေးတော့ ၂သောင်းကျော်တဲ့၊ ပြထားတဲ့ Demo ကားလေးကတာ့ လျှော့ဈေး တစ်သောင်း ရှစ်ထောင်ငါးရာနဲ့ ရမယ်ဆိုပဲ။  ၀ရမ်တီကလဲ ၅နှစ်တောင်တဲ့။ ကူးပါးမှ ကူးပါး ဖြစ်နေတဲ့ အဒေါ်ကြီးတို့ လင်မယားကတော့ စဉ်းစားဦးမယ်ဆို ပြန်လာခဲ့တယ်။ ဒီကြားထဲ ကားသေးတွေထဲက Honda Jazz, Fort Fiesta, Mazda 2, Mitsubishi Colt, Citron 3, Suzuki Swift အစုံပါပဲ။ ကြည့်ကြသေးတယ်။ နောက်ဆုံးတော့ ဒီဘူတာပဲ ပြန်ဆိုက်ကြတယ်။

အဒေါ်ကြီးမှာ ကားရောင်းတဲ့ ၀ဘ်ဆိုက်တွေမွှေပြီး မီနီကူးပါးရှာပုံတော် ဖွင့်ရပြန်တယ်။ တစ်ပတ်လုံးရှာပြီး သကာလ သောကြာနေ့ ညနေကျ ကား၂စီး၊ ခုဝယ်လိုက်တဲ့ ၂၀၀၇ မော်ဒယ် အစိမ်းရောင်လေးနဲ့ နောက်တစ်စီး ၂၀၀၈ မော်ဒယ် အဖြူရောင်လေးပေါ့။ ဦးခြိမ့်ရုံးကအပြန် သွားကြည့်ကြတယ်။

၅.  အစိမ်းရောင်၊ ၂၀၀၇  ၊ $21,500, Milage 53,000km (private)
အစိမ်းလေးက ၀ပ်ဆိုက်မှာ ကြော်ငြာထားတဲ့ ပုံတွေကို က တော်တော်သစ်နေတာအပြင် ဈေးကလဲ ပေါက်ဈေးထက် ၂၀၀၀လောက် လျော့နေလို့ သွားကြည့်တာ။ ရောင်းတဲ့သူကလဲ အီတာလီလူမျိုး လူငယ်ပဲ။ ပုံကတော့ ခပ်သန့်သန့်နဲ့ သူငှေးသားလို လို မင်းသားလိုလို ဂိုက်မျိုးနဲ့ခင်ဗျ။

ကားကို တွေ့တွေ့ချင်းပဲ wow!! ဆို အဒေါ်ကြီးကတော့ အတော်ကို သဘောကျနေတာ။ ကားက အထဲရော အပြင်ရော အတော်သစ်တဲ့ အပြင် အစိမ်းပုပ်ရောင် ဘော်ဒီနဲ့ အဖြူရောင် မီးလုံး၊ ရှေ့ကအဖြူရောင် အကျားလေး ၂ကြောင်း၊ အဖြူရောင် sport ring ၊ အဖြူရောင်အမိုးလေးနဲ့ ကြည့်ရတာကိုက တော်တော် အဆင်ပြေပြီး လှနေတယ်။ ဦးခြိမ့်က အစမ်းတက်မောင်းပြီး၊ ကျေနပ်တော့ ဈေးဆစ်ကြတယ်။ ကိုယ်က ၂သောင်းလောက်ဆစ်ပါဆိုတာကို ဦးခြိမ့် ဆိုဈေးထက် ၂၀၀၀ လျှော့ဆစ်လိုက်တယ်။ $19.5K ပေါ့။ ရောင်းတဲ့သူကလဲ သူ့အသိကားမှို့ သူ့အသိကို email ပို့ မေးပေးမယ်၊ မနက်ဖြန် lunch time အချိန်လောက် အကြောင်းပြန်မယ်ပြောတယ်။ အဒေါ်ကြီးကတော့ ကားကို အရမ်းကြိုက်နေလို့ ဟိုကားလို လွတ်သွားမှာ ကြောက်တာနဲ့ သူ့ယောက်ျားကို တော်က ကားက တန်နေတာ သိရက်နဲ့ ဘာလို့ ၂၀၀၀တောင် ခွါဆစ်ရတာလဲဆို ရန်လုပ်နေသေးတယ်။ အဒေါ်ကြီးက ခုတင် စပေါ်ပေး ၀ယ်ပြီး ကိစ္စက ပြတ်ချင်နေပြီကိုး။


 ၆. နို့နှစ်ရောင် (cream)၊ $20,600,၂၀၀၈၊ Milage 11,000km (private)


ဒါနဲ့ နောက်တစ်နေရာသွားစရာရှိတာနဲ့ မနက်ဖြန်အဖြေစောင့်နေမယ်ဆိုပြီး ထွက်ခဲ့ကြတယ်။ နောက်ကားကတော့ ၂၀၀၈ အဖြူလေး၊ milage က တစ်သောင်းကျော်ဆိုတာနဲ့ စိတ်ဝင်စားလို့ သွားကြည့်ကြတာ။ ပိုင်ရှင်တွေက အီဂျစ်မိသားစုတွေဆိုပဲ။ ကားလေးက သူတို့အိမ်ရှေ့မှာ ရပ်ထားတာ။ စုစုပေါင်း ကား၎စီးတောင်။ သူတို့က အဲဒီကားကို မစီးပဲထားတာတဲ့။ ကီလိုကလဲ တစ်သောင်းကျော်ပဲရှိတယ်။ ဒါပေမဲ့ အဲ့အဒေါ်ကြီးက  နို့နှစ်ရောင်ကို မကြိုက်ဘူး။ ကားကလဲ အရမ်းကြီး သစ်မနေတာနဲ့ပဲ ကြည့်ပြီး ပြန်ရအောင်ဆို မျက်စပစ်ပြတော့ ဦးခြိမ့်က အားနာနေတယ်။

ဟိုအီဂျစ်သားအဖကလဲ မျက်နှာငယ်လေးတွေနဲ့ သူ့တို့ကားရောင်းထွက်ဖို့အရေး အော်ဖာတောင်းနေတယ်။ အဒေါ်ကြီးက မကြိုက်ဘူး။ မဖြစ်နိုင်တဲ့ဈေးဆစ်လိုက် တစ်သောင်းရှစ်ထောင်လောက်နဲ့ဆစ်လိုက်ဆို မြန်မာလိုပြောတော့ မျက်မှောင်သာကုတ်တာ။ အားနာတတ်တဲ့လူကြီးက "ဟ ဒါဆို ငါတို့ ရိုက်ထုတ်လိမ့်မယ် ." ဆို တစ်သောင်းကိုးထောင်တဲ့ သွားဆစ်ပါရော။ ဖအေလုပ်သူ အီဂျစ်ကြီးက ခေါင်းကုတ်စဉ်းစားတယ်။ မျက်စိလေးကို မှေးပြီးစဉ်းစားတယ်။ ပြီးတော့ ငါ့မိန်းမသွားမေးဦးမယ်ဆို အိမ်ထဲပြန်ဝင်သွားတယ်။ သူတို့မှာလဲ head quarter ကိုမေးရတာပဲလို့တောင် တွေးပြီး ရယ်ချင်နေသေးတယ်။ တစ်မိနစ်လောက်နေ ပြန်ထွက်လာတော့ ယူသွားတဲ့။ ဟိုင်းရော ... ဟိုင်းရော ... ဘယ့်နှယ့်ရှိစ ... ကိုမောင်ခြိမ့် ... တော့်ကို ကျုပ်မကြိုက်ပါဘူးပြောထားတဲ့ ကြားက တော်လျှာရှည်ပြီး သွားစစ်တာ ... ကျုပ် အဲ့ကားကို မယူနိုင်ဘူး ... ဆို အဒေါ်ကြီးကလဲ ပြောရော ဦးမောင်ခြိမ့်လဲ မျက်စိမျက်နှာပျက်။ နောက်တော့ အကြံရ ... စဘော်မပေးပဲ ကြားကောင်းအောင် ပြောထားခဲ့ပြီး နောက်နေ့မှ လာပေးမယ်ဆို နှစ်သိမ့်ခဲ့ရတယ်။  အားနာချက်တော့။

နောက်နေ့ကျ အီတလီသား အစိမ်းရောင်ကားထံက အဲဒီကားကို တစ်သောင်းကိုးထောင်ငါးရာနဲ့ ဆစ်ထားတာကို ၂သောင်းတော့ ပေးပါပြော။ နောက်ထပ်ဆစ်တော့ ဆစ်တဲ့ဈေးနဲ့တင် အိုကေဖြစ်ပြီး အစိမ်းရောင်လေးပဲ ယူလိုက်ပါတော့တယ် ခင်ဗျား။ အီဂျစ်သားအဖတွေကိုတော့ message အရှည်ကြီးရေးပြီး တောင်းပန်လိုက်ရပါတယ်။ No reply from them  so far.

ဟိုအဒေါ်ကြီးက သူ့ညက်မှောင်ကုတ်ကြီးကို ဘယ်ပုံဘယ်နည်း ပူဆာလိုက်လဲဆိုတာတော့ မရေးတော့ပါဘူးဂျာ။ ညက်မှောင်ကုတ်ကြီး ကိုယ်တိုင်က ပြည်သူလူထုရဲ့ လိုအပ်ချက်ကို သိလို့ လိုက်လိုက် လျောလျော ၀ယ်ပေးလိုက်တာပါခင်ည။ သူကိုယ်တိုင်လဲ အဲဒီ့ cooper လေးပဲ စီးချင်နေတာ တူပါရဲ့။ အဒေါ်ကြီးက ကားရှာရခက်ရင်လဲ တခြားကားအသစ်ပဲ စီးမယ်၊ ဈေးသက်သာတဲ့ကားလေးပဲ ၀ယ်မယ်ဆိုတာကို မဟုတ်ရဘူး။ သူကိုယ်တိုင်ကိုက Cooper ကို ကျိတ်ခိုက်နေတာ ဖြစ်မယ်။ အဲ့ကားပဲ ၀ယ်ဖို့ တိုက်တွန်းတာဗျား။

Aussie မှာ နာမည်အကြီးဆုံး အွန်လိုင်း ကားမားကတ်ကတော့ www.carsales.com.au
ဖြစ်ပြီး Prvate ပဲဖြစ်ဖြစ် dealer မှာ ၀ယ်ချင်တာပဲဖြစ်ဖြစ် အဲဒီမှာ ရှာနိုင်ပါတယ်။

32 comments:

  1. မီနီကူးပါး အစိမ်းရောင်လေး တကယ်ချစ်စရာကောင်းတယ်...
    သများလည်း မီနီကူးပါး လိုချင်တယ်... လိုချင်တယ်... လိုချင်တယ်...း(
    ကိုယ့်အရပ်နဲ့ အဲ့ကားနဲ့ မလိုက်ဖူးလို့ ပြောပြီး ဝယ်မပေးဘူး...

ုအဒေါ်ကြီးက သူ့ညက်မှောင်ကုတ်ကြီးကို ဘယ်ပုံ ဘယ်နည်းနဲ့ ပူဆာလိုက်လဲ ဆိုတာလေးတော့ ပြောပြပါ သူငယ်ချင်းရေ... နည်းယူရတာပေါ့နော်...

    ReplyDelete
  2. အ‌ဒေါ်ကြီးကညက်‌မှောင်ကုတ်ကြီးကိုပူဆာလိုက်တာမဟုတ်‌လောက်ဘူးအန်တီသက်‌ဝေ‌ရေ..
    သများထင်တာက‌တော့..ဟိုတခါ‌တောင်‌ပေါ်က..တွန်းချ..ချ...ချ...။းP

    ReplyDelete
  3. ကားလေးကချစ်စရာလေး.. အစိမ်းပုပ်ရောင်လို့ခေါ်မလား
    ဘဲခေါင်းစိမ်းရောင်လေးလား.. မောင်းတဲ့အခါ ပုံရိုက်ပီးတင်ပေးအုံးနော်..

    ReplyDelete
  4. အန်တီစုစုကတော့ လုပ်ပြီ။ အဲဒါတရားခံ များမဟုတ်ရပါဘူးဆိုတာကို ... သူ့ဟာသူလိမ့်ကျ ... ကျ ... အဲလေ ... ပူဆာတာများသွားလို့ မူးရုံလေး မူးလဲသွားတာပါ။ မအားလို့ ဖြစ်ကြောင်းရယ်ကုန်စင်ကို ပို့စ်မတင်နိုင်သေးဝူး။

    ဟိုအဒေါ်ကြီး အန်တီသက်ဝေကို အူယားအောင်လုပ်သလိုဖြစ်နေပြီ။ စလုံးမှာတော့ ဒီမှာထက် ဈေးကြီးမယ်နဲ့တူတယ်။ သူငှေးတွေပဲ။ အိမ်ကကိုကြီးကို ပူဆာပလိုက်း)

    ဟုတ်တယ် ကူးကူးရေ။ ဘဲခေါင်းစိမ်းရောင်နဲ့တူတယ်။

    ReplyDelete
  5. very nice car & post..

    ReplyDelete
  6. Hi Ma Sweety.. just for your info , it should be " Hey mate"

    Cheers

    ReplyDelete
    Replies
    1. Ya, I agree with Kiwi. It should be "Hey mate".

      Delete
    2. အပေါ်မှ အနောနိမတ်စ်များ
      အဒေါ်ကြီး E ညံ့တာတွေ သိကုန်ပါပြီ။ အမှန်က Hey made ဆိုတာတော့ မဟုတ်မှန်းသိတယ်။ ဒါပေမဲ့ ရေးနေတုံးက ပါစပ်ဖျားတင် အစဖော်မရလို့ ဒီတိုင်းရေးလိုက်တာ။ ရေးနေတုံး အရှိန်ပျက်သွားမစိုးလို့ တစ်ချို့ စာလုံးပေါင်းတွေ မြန်မာလိုတွေရော ကြားတဲ့ အတိုင်းရေးလိုက်တာ။ အမှန်က ရေးပြီးရင် စားလုံးပေါင်းတွေ ပြန်စစ်ရမှာ။ ဒီပို့စ်က မအားတာနဲ့ စာလုံးပေါင်း ပြန်မစစ်ရသေးဘူး။ အဲလို မသေချာတာတွေကို။ ကျေးဇူး၊ ကျေးဇူး။

      Delete
  7. Congratulation!!!!mate
    Share us your NEE BYU HAR of mini cooper operation to U Chaint:)I'm sure Juu Juu is pleased.Lovely car and happy family.BTw how's piano lesson of Juu Juu.
    Gyidaw

    ReplyDelete
  8. အစ်မဆွိ ညက်မှောင်ကုတ်ကြီးက ချစ်တတ်လိုက်တာတော့..
    ကားလေးကလဲ လှမှလှ...
    ဒီမှာတော့ ဘုရားပွဲဈေးက ကားတောင် မျက်မွှေးထော် လှော်လို့ကြည့်ရဲဘူး..။
    ကားလေးနဲ့ အဒေါ်ကြီးအလည်ထွက်တာလေး ပို့စ်တင်ပါဦးနော်... :)

    ReplyDelete
  9. Ma Ma Yay, I love Mini so much and now I am so glad you have one. Tough I can't dream of buying it, now I can show-off someone that one of my fellow bloggers has one, yippie!!!

    ReplyDelete
  10. အင်း အဒေါ်ကြီးတော. ကားနဲ.လျှောက်သွားနေမှာနဲ. ဘလော.လေးတော. ပစ်မထားပါနဲ.နော်..

    ReplyDelete
  11. ဝေး............ ကားလေးက လှလိုက်တာ။
    လီယို

    ReplyDelete
  12. အဲလိုကားလေးနဲ့ေ ကာင်မလေးခေါ်ပြီး လျှောက်လည်ချင်လိုက်ထှာာာ

    ReplyDelete
  13. အဒေါ်ကြီးတို့များ ပိုင်ချက်..
    သဘောတွေကျပြီး သွားရည်တမြားမြားနဲ့ကို ဖတ်နေမိတာ ဟိဟိ
    ကားကလည်း လှလိုက်တာ အစ်မရယ်။။
    ညီမတော့ အစိမ်းရောင်ကြိုက်သူမို့ အဲဒီကားစိမ်းလေး သဘောကျတယ်။ အဲ အနီရဲရဲလေးလည်း လှပါတယ်။ ကားပုံစံလေးတွေက အားလုံး ချစ်စရာလေးတွေရယ်

    ReplyDelete
  14. တီဆွိ မီနီကူးပါးလေးက ချစ်စရာလေး

    ReplyDelete
  15. အဒေါ်ကြီး ရဲ့ မီနီကူးပါး ကလှလိုက်တာ

    ReplyDelete
  16. ဦးခြိမ့် မီနီ စီးရင်တော့..မစ္စတာဘီးန် နဲ့ တူတော့မှာပဲ.. ဟိ

    ReplyDelete
  17. မန့် ထားတာလည်းမပေါ်ပါလားကွယ်။
    ကားလေးနဲ့ လျှောက်လည်တာတင်အုန်းလို့ ...
    ဒီတခါတော့နီညိုနဲ့ လွဲသွားပြီလို့ ..
    အိုင်အိုရာ

    ReplyDelete
  18. တီဆွိရေ
    မီးခွက်လေးအရမ်းချစ်ဖို့ကောင်းတာပဲ

    ReplyDelete
  19. အားကျလိုက်တာ အဒေါ်ဂျီးရယ်...

    ReplyDelete
  20. မိုက်တယ် ဟို အဒေါ်ကြီးရေ.... ကိုရေချမ်းက ပြောနေတယ်.... ဦးခြိမ့်က ချိုကြီးကို တော်တော်ချစ်တာပဲတဲ့.... လိုချင်တာ အကုန်ဝယ်ပေးသတဲ့....း)

    ကိုရေချမ်းကို နာ့ကျတော့ ၀ယ်မပေးဘူးလို့ ပြောတော့.... ကားဖြင့် မောင်းမတတ်ပဲနဲ့လို့...အနှိမ်ခံလိုက်ရတယ်ဟယ်....အိ...

    ReplyDelete
  21. ဟဲ့ ကြီးတော် တူနယ်ချင်းရ ... နာ့ကိုလဲ စိတ်ကောက်ရင် သူက တစ်ခါမှ ချီမခေါ်ဖူးဘူး၊ မချော့ဖူးဘူးဟ။ ကိုရေချမ်းတို့ ချစ်ပုံများ၊ ကမ်းကုန်တယ် ... မမီပါဘူး၊ မမီပါဘူးဟာ။ သူ့ကို ပြန်ပြောလိုက်စမ်းပါ ...း)

    ReplyDelete
  22. ချစ်ကြည်အေး has left a new comment on your post "ဟိုအဒေါ်ကြီးရဲ့ .... မီနီကူးပါး":

    မီနီကူးပါးကို ကြိတ်ခိုက်နေတဲ့ထဲ တို့လည်းပါတယ်ဟေ့......
    အိမ်ကလူကလည်း အသေသတ်၊ ၀ယ်မပေးဘူး၊ ရွာပြန်မှ ၀ယ်စီးတဲ့တော့်...
    အရောင်လေးလည်း လှပါတယ်အေ....
    ကဲ ကဲ မြို့လေးဘာလေးပတ် ဈေးဝယ်ပါဦးအေ...ပြီးရင် ပိုစ့်တင်း)))


    (အန်တီ အကြည်ရဲ့ ကွန့်မန့်လေး မပေါ်လို့ gmail ကနေ ကူးတင်ပေးလိုက်ပါတယ်။)

    ReplyDelete
  23. တီဆွိ ရေ သမီးနဲ့ ကူးပါး ကြိုက်တာခြင်းတူနေပြန်ပြီ။ ရွာပြန်ရင် ၀ယ်ဖို့တောင် ကြံနေတာ။ အဖေ့ ပိုက်ဆံနဲ့ ဟိဟိ။

    ReplyDelete
  24. ကြီးစု နဲ့ တီဆွီ က အချော့ခံ၇ပုံခြင်းမတူဘဲကိုး ။ဦးေ၇ချမ်းက ချီပြီးတောင်ချော့တာကိုး ဂလိုဂိုး ။ ခိခိခိ

    ReplyDelete
  25. I don't know why people are showing off just buying car! Not a big deal at all.... ever since we came to California we bought some cars for daily use and no biggie. Never even cross my mine showing off purchasing a car.
    May be you guys did not even own a car before in Burma. It shows your class. You will be surprised some people here from Burma own real nice cars and houses but never show off ( I am talking about some of my friends !)
    Cars are not even considered as an assets for some !!

    ReplyDelete
    Replies
    1. Another anonymous with different thoughts on you Mate...

      You are such a typical burmese being burmese

      Delete
  26. OMG ! အထက်က anonymous က ပညာ၇ှီကြီးပါတကား ။ လေးစားပါတယ် ။ Your class is amazing!

    ReplyDelete
  27. This should not be taken as showing off...People are happy when they get something that they are dreaming of (eg., whatches, handbags, etc.,), especially if this comes from their loved one. This should be taken as TTSweet is just sharing her joy and experience of buying a car. As she share her experience, people who have not been to Aussie get some knowledge. Even for people in Aussie, it is not a waste of time to read...

    It is not worth to mention that "...May be you guys did not even own a car before in Burma. It shows your class"...as many people in Myanmar do not own a car. All people are the same class regardless of owning a car or not....

    ReplyDelete
  28. Thank you very much for explanation behalf of me anonymous above. You said exactly what I want to say to this guy. In Myanmar, most of people haven't owned car yet.So he want to mention all those people have no class or what. After I read his comment, I control myself, try not to rude back to him, that is why I haven't replied his comment yet. Thanks again.

    ReplyDelete
    Replies
    1. Another anonymous with different thoughts...

      Good on you TTSweet...

      Delete