Tuesday, August 24, 2010

တိမ်တွေထဲက မြို့လေးသို့ အလည်တစ်ခေါက် (၂)

တိမ်တွေထဲက မြို့လေးသို့ အလည်တစ်ခေါက် (၁) ...

ချားအမြန်ကြီးစီးပြီးတော့ ဘေးနားက Merry-Go-Round ကျတော့ ဂျူဂျူ့မာမီက မကြောက်ဘူးဗျ။ လူကြီးတွေပါ တက်လို့ရတယ်ဆိုတော့ ၀မ်းသာအားရ သမီးနဲ့ အတူအပေါ်တက်စီးတယ်။ ဂျူဂျူကတော့ နှေးလို့ ပျင်းလိုက်တာတဲ့။
ဂျူဂျူ့မာမီအပေါ်မတက်ခင်ရိုက်ထားတာပါ။


ပြီးတော့ Chocolate wonderland ထဲဝင်ကြည့်ကြတယ်။ ချောကလက်ပုံမျိုး အညိုရောင်အရုပ်တွေ ပြထားပါတယ်။ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးပါ။ ချောကလက်အစစ်တွေလဲ ရောင်းတယ်။


သားအဖ၂ယောက် Cyclone လို့ခေါ်တဲ့ ရိုလာကိုစတာ အသေးစားလိုဟာမျိုး စီးကြပြန်ပါတယ်။ သူ့အဖေကတော့ ကြောက်စရာကောင်းတယ်၊ နောက်မစီးတော့ဘူးတဲ့။
ဂျူဂျူးက ဘေးမှာ ကွယ်နေပါတယ်ကွယ်။


သတ္တိခဲဂျူဂျူ floating boat (ရေထဲမှာတိုက်ရတဲ့ တိုက်ကားသဘောမျိုး) စီးပြန်တယ်။ အလယ်မှာ မော်တာကြီးနဲ့မှို့ မစီးပါနဲ့ဆိုတာ ဇွတ်စီးချင်နေလို့ သူ့အဖေက ခွင့်ပြုလိုက်တာ ... ရေလည်ကောင် ခဏထစ်နေတော့ ဖအေလုပ်သူခမြာ မပဒါဇာတ်ထဲက မပဒါလို ရေထဲပြေးဆင်းလို့လဲမရ ... ဒုက္ခ ...


သားအဖ၂ယောက် သရဲရထားစီးပြီး သရဲအိမ်ဝင်ကြည့်ကြတယ်။


ဒီတစ်ခါ ဂျူဂျူနဲ့သူ့မာမီအလှည့်။


နာရီကြည့်လိုက်တော့ ၁၁နာရီလောက်ရှိပြီဆိုတော့ ဟိုတယ် check in ၀င်လို့ရပြီ။ ဟိုတယ်ပြန် ရေမိုးချိုးပြီး နေ့လည်စာစားရအောင်ဆို out door theme park ကနေ အပြင်ထွက်ကြတယ်။ ဟိုတယ်အသွားလမ်းက indoor theme park နဲ့ စားသောက်ဆိုင်တွေနားက ဖြတ်ပြန်ရတာဆိုတော့ ဂျူဂျူက ဆာပြီဆိုတာနဲ့ ထမင်းဝယ်စားကြတယ်။ ဂျန်တင်းမှာ အစားအသောက် အင်မတန်မှဈေးကြီးပါတယ်။

Market place ဆိုတဲ့ ဆိုင်မှာ Local မလေးစာတွေ ရောင်းတာတွေ့တာနဲ့ ၀င်စားကြတယ်။ ကိုယ်ကတော့ carrot cake ကိုယ့်ရှေ့တင်ကြော်နေတာ ပူပူနွေးနွေး စားချင်စဖွယ်မှို့အဲဒါပဲ ၀ယ်စားလိုက်တယ်။ ဂျူဂျူးက wanton mee စားတယ်။ တစ်ပွဲကို မလေးရှား ၁၆ရင်းဂစ်ဆိုတော့ စလုံး ၈ကျပ်ဖြစ်နေပါပြီ။ ဂျူဂျူးရဲ့wanton mee က အရသာမရှိလို့ တစ်မျှင်နှစ်မျှင်ပဲစားပြီး ဆက်မစားတော့။ နောက်မှ တခြားဟာ ထပ်ဝယ်ကျွေးရတယ်။

ဂျူဂျူတို့အဖေကတော့ အဲဒီဆိုင်မှာပဲ ဘူဖေးလို ဟင်းချက်ပြီးသားတွေကို ကိုယ်ကြိုက်ရာ စိတ်ကြိုက်ထည့်တာမျိုးဝယ်စားတာ ၃၂ရင်းဂစ်တောင်ကျလို့ ပြောမဆုံးတော့ဘူး။ (သူက နှမြောတတ်သူပါ) ကင်းမွန်လေး ၃ကောင်ရယ်၊ အရွက်ကြော်တစ်မျိုးရယ်၊ထမင်းကြော်ရယ်၊ ငါးကြော် တစ်ကွင်းရယ် ဟင်း၃မျိုးတည်းပါတာကို။ ကိုယ်တို့တွေ စိတ်လဲ တော်တော်တိုကြတယ်။ အဲဒီဆိုင်မှာ စားတဲ့သူတိုင်း ငွေရှင်းကောင်တာရှေ့ရောက်ရင် မျက်လုံးပြူးကြ ၊ ခေါင်းတခါခါဖြစ်ကြတာချည်းပါပဲ။ သူ့ဟာက ဈေးလဲ မရေးထားတော့ ညာရောင်းသလိုတောင်ဖြစ်နေတယ်။ အရသာကလဲ သိပ်ရှိလှတယ် မဟုတ်ဘူးလေ။ (ဟိုတယ်မှာ High tea ဘူဖေးစားရင်တောင် ရင်းဂစ် ၂၀ အစိတ်လောက်ပဲကျတာကိုး။ High tea က ၂နာရီနောက်ပိုင်းမှဆိုတော့ မစောင့်နိုင်လို့သာ ...)

ကိုယ်စီ Charger သွင်းပြီးကြတော့ အားအင်များလည်းပြည့်သွားပြီဆိုတော့ ဟိုတယ်ပြန်ဖို့ စိတ်ကူးဖျက်ပြီး Indoor theme park ထဲမှာ ဟိုဟာဒီဟာလျှောက်စီးကြပြန်တယ်။ အပေါ်မှာ ရိုလာကိုစတာကလည်း တ၀ုန်းဝုန်းနဲ့ သွားနေတာ ဆူညံနေတာပဲ။

လှေစီးကြတယ်။ လှေလှော်သူက လူအစစ်မဟုတ်။ အရုပ်တွေနော်။


လှေစီးရင်းနဲ့ ရိုက်တဲ့ ဓာတ်ပုံတွေ။


ကောင်းကင် ရထားလုံး အလှလေးတွေ စီးကြပြန်တယ်။ တန်းစီပြီး အလှည့်ကျ စီးရတာ။ ကိုယ်တို့ သားအဖသုံးယောက်အလှည့်ရောက်တော့ ပန်းရထားလေးအလှည့်ကျတယ်။


ပန်းရထားစီးရင်း ရိုက်ထားတဲ့ပုံတွေ။




ဘော်ကြယ်ထိုးတဲ့ ပစ္စည်းဆိုင်ရှေ့မှာ မော်တော်ကားပုံစံ တစ်စီးလုံး ဘော်ကြယ်တွေနဲ့ ပုံဖော်ထားတာ။


4D ရုပ်ရှင်ကြည့်ကြတယ်။ လိပ်ခလေးတွေအကြောင်း ရိုက်ထားတာ။ ကြည့်လို့အတော်ကောင်းတယ်။ စောင့်ရတာ ၄၅မိနစ်။ ကြည့်ရတာ ၁၅မိနစ်ဆိုတော့ သိပ်တော့ ဟန်မကျလှဘူး။ တန်းစီရင်း ခုံတွေနားထိုင်ခွင့်ရတော့ တရေးတောင် အိပ်လိုက်သေးတယ်။ Indoor မှာ ရိုလာကိုစတာကလွဲလို့ စီးစရာတွေ အကုန်ပတ်စီးကြပြီး အပြင်ပြန်ထွက်ကြပြန်တယ်။

လမ်းကျမှ First World Hotel နားမှာ စင်ကာပူကလို Kopitian Food Court တွေ့လို့ အတွေ့နောက်ကျလေချင်းလို့ နောင်တရတယ်။ အော် ၃၂ရင်းဂစ်... ၃၂ရင်းဂစ် ... ဂစ် .. ဂစ် ... ဂစ် ...

Out Door မှာ ထပ်ပြီး Pirate လှေတို့၊ တခြား စီးစရာတွေ စီးကြပြန်တယ်။ Pirate လှေစီးရင်းနဲ့ ရှေ့က ခလေးတွေ မျက်စိမှိတ် အော်နေတာ ကြည့်ပြီး ရယ်လိုက်ရတာ။ ဂျူဂျူတို့ သားအမိလဲ အသံကုန်ဟစ်အော်တာပဲ။ ဒါမှ အကြောက်ပြေတာကိုး။ အိမ်ကလူက ဒါကျ ညည်းကစီးရဲတယ်တဲ့။ သူကဒါကပိုကြောက်ဖို့ကောင်းတယ်လို့တောင်ပြောနေသေးတယ်။

စိတ်ညစ်စရာတစ်ခုက အားလုံး လက်မှတ်တစ်ခါဝယ်ပြီး အလကားဆိုတော့ လူတိုင်းက ရရာအကုန်စီးကြတော့ နေရာတိုင်းမှာ တန်းစီရတယ်။ တစ်ခါတန်းစီ နာရီဝက် ၄၅ မိနစ်ကြာတော့ အချိန်သိပ်ပုပ်တယ်။ ဒါကြောင့် မနက်ပိုင်းက လူပိုရှင်းလို့ out door ကို မနက်ပိုင်းမှာ ရသလောက် ပြီးအောင် လည်ကြ စီးကြရင် စောင့်ရတာ ပိုသက်သာမယ်။


ဓာတ်ပုံတွေတင်ရင်းနဲ့ ရှည်သွားလို့ တတိယပိုင်း ဆက်ပါဦးမည်။

7 comments:

  1. ဝက်ဝံလေးAugust 24, 2010 at 6:51 AM

    အကျင့်မကောင်းဘူး မဆွိ သူ့ပုံကျတော့ ဖျက်ထားတယ် ဟွင့်
    လူဇိုးးးးးးးးး

    ReplyDelete
  2. ဟုတ်တယ်... အဲလို တန်းစီစောင့်ရတာ သည်းမခံနိုင်လို့ ဘာမှ မစီးခဲ့ရဘူး...
    တိမ်တွေ အနားကိုရောက်၊ တိမ်တွေကို ကြည့်ပြီး တိမ်တွေနဲ့ စကားပြောရတာရယ်၊ ချမ်းစိမ့်စိမ့် အေးစက်စက် အရသာရယ်ကို ကျေနပ်ပြီး ပြန်လာခဲ့တယ်...

    ReplyDelete
  3. ဟုတ်တယ်နော် ... ၀က်ဝံလေး ... အကျင့်မကောင်းဘူး။ သူ့ညက်နှာကျ ပန်းပွင့်ကြီး ပန်လို့ .... ဟားဟား ...

    အန်တီသက်ဝေပြောတာမှန်တယ် ... တိမ်ထဲရောက်သွားတာ အပျော်ဆုံးပဲ ... နတ်ပြည်တောင် ခဏရောက်ခဲ့တယ်လို့ နောက်နေကြသေးတယ် ... ဟမ် ... နတ်ပြည်ဇာတ်လမ်း ဆက်မိပြန်ပြီ ...း)))

    ReplyDelete
  4. ပုံတွေ အရမ်းလှတာပဲ ဆွိရေ....။ သက်ဝေလား အဲဒါတွေ စီးရဲမှာ....သူ ဒီလောက် ကြောက်တတ်တာ ဟ ဟ ....

    ReplyDelete
  5. မရောက်ဖူးသေးဘူး တီဆွိရေ...

    ReplyDelete
  6. လှေလှော်တာမြင်ရငအဲဒါ ငါတို့အင်းလေးကဟာကြီးလို့စိတ်ထဲကနေပြောမိတယ်။

    ReplyDelete
  7. လက်မှတ်ဝယ်ပြီး ကျန်တဲ့ သူငယ်ချင်းတွေ စီးတာကို ဘေးကနေ အထုတ်ကိုင်စောင့်ပြီး ဘာမှ မစီးရဲလို့ ဒီတိုင်း ပြန်ခဲ့ရတယ်...။ စနိုးစီးတီး ထဲတော့ ၀င်မယ်ဆိုပြီး ....အချိန်ကမရတော့ မ၀င်ခဲ့ရဘူး...နောက်တစ်ခေါက်ပေါ့ ...း))

    ReplyDelete