![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-PT6_1sStFhG9i_uomkHKaQzqifOu-_i9K3hmu_xLrvCCRcHtgqYGrTigTz1HGd2EhyphenhyphenCewlYpOPIF5PWa9zTH5WVA-sa2rhIffzCyBMLNub95ApAFq8eepw0L7zutaWl-rvckSGDYZgQ/s400/Picture+133.jpg)
ဟိုနေ့က ရုံးသွားဖို့ အိပ်ရာထ သွားတိုက်ရင်း အိမ်ကလူရဲ့ သွားတိုက်တံကို ကြည့်လိုက်တော့ တော်တော်ဟောင်းနေတာ သတိထားမိတယ်။ သူကကွမ်းကလဲ စားသေးတော့ သွားတိုက်တံတွေက ကြာရှည်မခံ။ ပြီးတော့ သွားတိုက်တာကလဲ ကြမ်းတယ်။ တဗျင်းဗျင်းနဲ့ အားနဲ့ ဖိတိုက်တော့ အနားတွေကလဲ ဖွာလွယ်လိုက်တာ။ အတူတူထုတ်တာချင်းကို သူ့ဟာက ခဏလေးနဲ့ ဟောင်းသွားလေ့ရှိတယ်။ အသစ်လဲပေးရအောင် အိမ်မှာဝယ်ထားတာတွေ ရှိသေးလားဆို အံဆွဲဖွင့်ကြည့်တောလဲ တစ်ချောင်းမှမရှိ။ ဒါနဲ့ မနေ့က ဈေးသွားတော့ ဈေးကနေ သွားတိုက်တံတွေ ၃ချောင်းစီထုတ်ထားတာ ၃ထုတ်ဝယ်လာခဲ့တယ်။ နောက်လဲကုန်ရင် မပူရအောင်လေ။ အိမ်ရောက်ရောက်ချင်း သူ့သွားတိုက်တံကြီး လွှင့်ပစ်ပြီး အသစ်တစ်ခုထုတ် တင်ထားလိုက်တယ်။
ဒီနေ့မနက် ကိုယ်သွားတိုက်မယ်လုပ်တော့ ကိုယ့်သွားတိုက်တံကလဲ သိပ်မကောင်းတော့ဘူး။ ဒါနဲ့ မနေ့က ၀ယ်ထားတဲ့ အထဲကနေ အသစ်တစ်ချောင်းထုတ်လိုက်တယ်။ တိုက်မယ်လို့ကြည့်လိုက်တော့ သွားတိုက်တံက အပြာရောင်။ မနေ့ကထုတ်လိုက်တဲ့ အိမ်ကလူရဲ့သွားတိုက်တံကိုကြည့်လိုက်တော့ ပန်းရောင်။ အရောင်တွေကို သူ့နေရာနဲ့သူသုံးတာ အကျင့်ပါနေတဲ့စိတ်ကြောင့် ယောက်ျားက ပန်းရောင်၊ မိန်းမက အပြာရောင်ဆို ပြောင်းပြန်ကြီးဖြစ်နေပြီ။ နောက်ပိုင်း မနက်ခင်းတိုင်း လွဲတော့မှာပဲလို့ တွေးမိတယ်။
အရင်က သူ့သွားတိုက်တံက ခရမ်းရောင်၊ ကိုယ်က ခရမ်းရောင်ဘက်သန်းတဲ့ အပြာရောင် ထင်တာပါပဲ။ (ခုချိန်ထိ မမှတ်မိပါ) အဲဒီတုံးကလဲ ကိုယ်ကသတိမေ့တတ်တော့ မိုးလင်းသွားတိုက်မယ်ဆို မမှတ်မိဘူး။ ဘယ်ဟာရေစိုနေလဲ အရင်ကြည့်ရတယ်။ သူက အလုပ်စောသွားရတော့ စိုနေတာက သူ့ဟာဆို ခွဲရလွယ်တယ်။ ရုံးပိတ်ရက် ကိုယ်စောစောထရတဲ့နေ့ဆို ဒုက္ခက ရောက်ပြီ။ သွားတိုက်တံ၂ချောင်းလုံး ခြောက်နေတော့ ဘယ်ဟာက ကိုယ့်ဟာမှန်းမသိတော့ဘူး။ နှိုးမေးရလောက်အောင်လဲ ဟိုက နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာဆိုတော့ သူနိုးတဲ့အထိစောင့်နေရတယ်။ သူနိုးတော့မယ်ဆို နဲနဲလှုတ်တာနဲ့ ၀မ်းသာအားရ မေးတော့တာပဲ။ ယောက်ျားရေ တော့သွားတိုက်တံက ဘာအရောင်လဲဆို ... သူက ခရမ်းရောင် ... အပြာရောင် အစရှိသဖြင့် အိပ်ချင်မူးတူးသံကြီးနဲ့ ဖြေတတ်တယ်။ ရွံတတ်တဲ့ အကျင့်ကြောင့် သူ့ဟာ မှားတိုက်မိမှာကို ကြောက်တာကိုး။
ခုလဲ အဲလို အမြဲတန်းလွဲနေတော့မှာပဲဆို မိန်းမက ပန်းရောင်၊ ယောက်ျားက အပြာရောင်ဖြစ်အောင် အစကထဲက လွှဲထားရင်ကောင်းမယ်လို့တွေးမိတယ်။ သူကလဲ ဒီနေ့မနက် တစ်ခါပဲ တိုက်ရသေးတာကိုး။ ဒါနဲ့ သူ့ဟာလေး အသာရေဆေးပြီး ယူတိုက်လိုက်တာ ပါးစပ်ထဲမယ် တိုက်ရင်းနဲ့ ဒိန်ညင်းသီးဆားစိမ် စားမိသလို ပအာတာတာကြီးဖြစ်လို့။ တစ်မနက်လုံးကို နေရတာ ပါးစပ်ထဲ တစ်မျိုးဖြစ်နေတယ်။ ရွံတတ်ပုံများပြောပါတယ်။ တစ်ချို့တွေ သိပ်ချစ်ကြလို့ သွားတိုက်တံတောင် တစ်ချောင်းထဲ ရှယ်သုံးကြတယ်ဆိုပဲ။ အဲလိုသာဆို ခက်ရချည့်။
မမပြောမှ စဉ်းစားမိတယ်.. ကျွန်မတို့လဲ ပြောင်းပြန်ဖြစ်နေတယ်.. ပြန်လဲဖို့တော့ မစဉ်းစားဖူး.. နောက်တစ်ချောင်းမှပဲ ပြန်တည့်လိုက်တော့မယ်.. :)
ReplyDelete"အရောင်တွေကို သူ့နေရာနဲ့သူသုံးတာ အကျင့်ပါနေတဲ့စိတ်ကြောင့် " ဆိုပီး ယောကျာင်္းအတွက် ထုတ်ပေးထားတာ ပန်းရောင်တဲ့ ၊ အကျင့်ပါနေတဲ့စိတ်ဆိုတာလေးကြောင့်သာ တော်တော့တယ်။ မဟုတ် ဘာတွေများ ဖြစ်ဦးမယ် မသိ။ ရွံတတ်ပေမဲ့ ယောကျာင်္းက ပြာဆို ပြာလိုက် ခရမ်းဆို ခရမ်းလိုက် သုံးလာခဲ့တာ..အခုမှ ဖြစ်ပျက်နေလိုက်တာ ပအာတာတာကြီးတောင် ဖြစ်ရသေး၊ အံ့ပါ့။
ReplyDeleteညီမလဲ အရင်ကတော့ အဲလို ပန်းရောင်နဲ့ အပြာရောင် ဝယ်တာ။ ဝယ်ချင်တာထဲ အပြာရောင်မရှိရင် ခေါင်းရှုပ်တာနဲ့ ခုနောက်ပိုင်းကျ အစိမ်းရောင်ဆို ကိုယ့်ဟာ ကျန်တဲ့အရောင် သူ့ဟာလုပ်ထားလိုက်တယ်။ :))
ReplyDeleteမဆွိတီနဲ့အိမ်ကလူနဲ့တူတယ်...သွားတိုက်တံဘယ်တော့မှမမှတ်မိဘူး... အသစ်ထုတ်ထားပေးရင် သူ့ဟာဘာအရောင်မှန်းသူမသိတော့ဘူး...ဒါကြောင့်တရောင်တည်း သတ်မှတ်ပေးထားရတယ်:)
ReplyDeleteစူးနွယ်လေး
အပေါ်က အနောနိမတ်စ်ရေ ... ပထမထုတ်တာ ဘာအရောင်မှန်း မသိဘူး ... တွေ့ရာဆွဲထုတ်လိုက်တာပဲ။ နောက်မှ ပန်းရောင်မှန်းသိတာပါဗျာ။ ကိုယ့်ဟာလဲ ဒီလိုပဲ တွေ့ရာရမ်းထုတ်မိတာပဲ။ နောက်မှ လွဲနေမှန်းသိတာပါဗျာ။ ယောက်ျားက အရောင်အမှန်ကို သိပါတယ်။ သူပြောတာ တစ်ရောင်တည်းပါ။ ကိုယ်ကသာ ခုချိန်ထိ ဘာရောင်မှန်းမမှတ်မိလို့ အဲလိုပဲ ရေးလိုက်ရတာပါ။
ReplyDeleteတီဆွိရေ... ပုံစံလေးကတူနေလို့ခွဲရခက်နေတာ..
ReplyDeleteပုံစံမတူတဲ့သွားတိုက်တံလေးတွေဆိုခွဲရမခက်တော့ဘူး။
နောက်ဆို ပုံစံမတူတာလေးတွေရွေးဝယ်..တစ်ချောင်းချင်းဆီ..ဟီးး
ဒါကြောင့် တီတီဆွိသဘောင်္သားမဖြစ်တာ
ReplyDeleteတော်ပါသေးရဲ့
သိပ်ပိုတာဘဲနော်။
ReplyDeleteဒီပို.စ်ကတော. နည်းနည်းပိုတယ်။
ခါတိုင်းပို.စ်တွေဆို လိုတိုရှင်း နဲ.ရီရတယ်။
ဟိ ဟိ လို့ပဲ ပြုံးသွားတော့တယ်နော် မဆွိရေ
ReplyDeleteအဟဲ. . .ဘာမှ မပြောတတ်သေးဘူး။
ReplyDeleteနောင်အခါမှ လာပြောမဗျာ။
အထုတော့. . .ဒီအတိုင်းပဲ ငြိမ်နားထောင်သွားတယ်။
ဆပ်ပြာတောင်ခွဲထားတယ်. ချစ်သလားမမေးနဲ့။ သွားပွတ်တံက နေရာခွဲထားတယ်။ မုတ်ဆိတ်ရိတ်နဲ့ နီးတာ သူ့ဟာ.. မျက်နာသစ် facial form တို့ ဘာတို့ညာတို့ နဲ့နီးတာကိုယ့်ဟာ. မမှားဘူးဟေ့။
ReplyDeleteToothpaste, toothbrush, facial foam, day/night cream, bath foam, shampoo, etc., we have our own preferences of color and marque, and thus, make both of us less confusing.
ReplyDeleteသွားနဲ့ ပတ်သက်လို့  ကိုယ်သိတဲ့ knowledge ကို share လုပ်ချင်ပါတယ်
ReplyDeleteလူတော်တော်များများက သွားကျန်းမာရေးကို ဂရုစိုက်ပြီး မနက် နဲ့  အိပ်ယာဝင်ခါနီး သွားတိုက်ကြပါတယ်
တကယ်တော့ သွားတိုက်တာနဲ့ မလုံလောက်ပါဖူး
အကြမ်းဖျင်း အဆင့် ၃ ဆင့်ကိုရေးချင်ပါတယ်
သွားတိုက်ပြီးပါက Dental Floss နဲ့ သန်. ရှင်းရေးလုပ်ရပါတယ် Dentist က Floss နဲ့  တစ်နေ.နှစ်ကြိမ် သန့် ရှင်းလုပ်ဖို.့ ပြောပါတယ် ဒါပေမဲ့ အလုပ်လုပ်နေတဲ့သူတွေတော့ ရုံးမှာ Floss လုပ်ဖို.မလွယ်ပါ ၊ တစ်နေ့ တစ်ကြိမ် Floss လုပ်ရင်ရပါတယ်
ဘယ်လောက်ပဲ သွားတိုက်တိုက် Floss ဘယ်လိုပဲ လုပ်လုပ် သွားကညစ်ပတ်လာပါတယ် ၊ ၆ လ တစ်ခါ Dental Clinic ကို သွားပြီး Dentist နဲ့ သွားပြီး စစ်ဆေးရပါတယ် scaling လုပ်တယ်ခေါ်ပါတယ် မြန်မာလို လွယ်လွယ်ပြောရရင် သန်.ရှင်းရေး လုပ်တယ်ပေါ့
နောက်ဆုံးတစ်ဆင့်ကတော့ အံဆုံး (wisdom tooth) ၄ ချောင်းကို နုတ်ပစ်ရပါတယ် wisdom tooth က လူမှာ အပိုပါလာတာဖြစ်ပြီး သူမရှိလည်းရပါတယ် ဒုက္ခပေးတဲ့ သွားတွေပါ သန့် ရှင်းရတာ အလွန်ခက်ပါတယ် အသက်ငယ်တုန်းကနုတ်ရင် အနာကျက်လွယ်ပြီး အသက်ကြီးမှဆိုရင် အနာကျက်တာ နှေးပါတယ်
ကြေငြာဝင်တယ်လို့  မထင်စေချင်ပါ တရုတ်တန်းနားက အမျိုးသမီး Dentist တစ်ယောက်စေတနာပါပြီး ဆေးခန်းက တော်တော်ကောင်းပါတယ် မြန်မာဆိုဈေးလျှော့ပေးပါတယ် ၊ တစ်ခါတစ်လေမှာ ကျွန်တော်က အဲ့ဒီ့ဆရာဝန် မအားရင် တစ်ခြား စလုံး ဆေးခန်းတွေမှာလည်း သွားပြဖူးပါတယ် အဲဒီမြန်မာဆရာဝန်လောက် မကောင်းပါဖူး (အဲ့ဒီ့အမျိုးသမီး Dentist က အခြားနိုင်ငံသားဖြစ်ပြီးဟုယူဆမိပါတယ်- ကိုယ်ထင်တာပါ ကိုယ့်နှင့်မဆိုင်လို့ မမေးမိပါ) အမည်အတိအကျမဖော်ပြတာ ကာယံကံရှင်ဆီက ခွင့်ပြုချက်မတောင်းမိလို့ ပါ ၊ ကောင်းလို့  ကိုယ့်မြန်မာအချင်းချင်း ညွှန်းတယ်ဆိုတဲ့ သဘောပါ
ခင်တဲ့
Z
အဲဆရာဝန်မက ကျနော့်ဆရာဝန်ပါး) တော်ပါတယ်
ReplyDeleteမမဆွိ သွားပွတ်တံ ချိတ်တဲ့ နံရံမှာကပ်လို့ရတဲ့ အရုပ်လေးတွေ ဝယ်ထားလိုက်... ပူးတေလဲ မစ္စတာပီကြီးကို ဒီအတိုင်းခွဲပေးထားရတယ်... facial form တွေဘာတွေထားတဲ့ နေရာရဲ့ ဘေးတဖက်တချက်ဆီမှာထားလိုက်တယ်...ဘယ်ဘက်နဲ့ ညာဘက်ခွဲထားလိုက်..ကိုယ့်နေရာကဟာကိုယ်ယူသုံးလိုက်ရုံပဲ... မေ့တတ်ရင် အရုပ်မတူတာလေးရွေးဝယ်လိုက်ပေါ့... အရုပ်နဲ့ခွဲထားလိုက်ပေါ့မမဆွိ...
ReplyDeleteကြုံခဲ့ဖူးတော့(ဖြစ်ဖူးတယ်) နားလည်ပေးလို့ရပါတယ်.. ပူးတေလဲ သူကပူးတေကိုရွံရင်သာ စိတ်ဆိုးတာ..ပူးတေကျတော့ ရွံတာမှ ကိုယ့်ရှေ့မှာ သွားကြားထိုးတာတို့ ကုတ်တာတို့ တွေ့လို့တောင်မရဘူး..တွေ့တာနဲ့ ချက်ချင်း လက်ကိုဆပ်ပြာနဲ့ သွားဆေးခိုင်းတာ.. ဟိ... သူကပြောတယ်... မိန်းမရယ် လင်မယားတွေပါ...တစိမ်းတွေလဲ မဟုတ်ပါဘူးတဲ့ ယောက်ျားက ညစ်ပတ်ပြီး နူမနေပါဘူးတဲ့... တခါတလေတော့လဲ ကိုယ့်ကိုကိုယ် အရမ်းကို Hyper ဖြစ်နေပြီလို့ သိနေပေမယ့် ငယ်ငယ်ထဲကအကျင့်က ပြင်လို့ရတော့မယ်မထင်ဘူး...:)
အစ်မကွန်း မန့်ထားတာဖတ်ရတာ နောက်ဆုံးမှာ "မမှားဘူးဟေ့" ဆိုတော့ အဒေါ်ကြီး ခါးထောက်ပြီး ရန်တွေ့နေဟန်ကို မြင်ယောင်သွားတယ် ... ခစ် ခစ် ... စတာနော် အစ်မ
ReplyDeleteကိုဇက် ရေ ... တစ်နှစ်တစ်ခါ ကုမဏီက ပိုက်ဆံနဲ့ သွားဆေးခန်းပြပါတယ်။ ပိုနေတဲ့ ပိုက်ပိုက်ကို အဲဒီ သွားနဲ့ဆိုင်တဲ့ ပစ္စည်းတွေဝယ်ပါတယ်။ အဲဒါတွေကိုယ်တော့ တစ်ခါမှ မသုံးဖူးဘူး။ ကိုယ့်အိမ်ကလူ သုံးပါတယ်။ ကိုယ်ကသာရွံတာ... သူကကိုယ့်ထက်တောင် ပိုသန့်ပါတယ်ဗျို့။ ဆေးခန်းကတော့ Bukit Batok က ဆေးခန်းတစ်ခုမှ ပြပါတယ်။ အဲလို dental ပစ္စည်းတွေ ၀ယ်လို့ရလို့ပါ။ ဆေးခန်းတိုင်း မရဘူးနော်။
ပူးတေရေ ... ခုတော့မမှားတော့ဘူးလေ။ ပန်းရောင်နဲ့အပြာဆိုတော့ အသိသာကြီးကို။ အရင်က အရောင်ကနဲနဲဆင်နေလို့ မှားတာဖြစ်မယ်။ အိမ်ကလူက သိပ်မရွံတတ်ဘူး။ သူကခဏခဏ ပြောတယ်။ ညည်း ငါများတစ်ခုခုဖြစ်ရင် မလွယ်ဘူးတဲ့ ...
ကျွန်တော်ကတော့ ရုံးကသတ်မှတ်ပေးတဲ့ အသုံးစရိတ်ကို မကုန် ကုန်အောင်သုံးတယ် ဟိုတလောတုန်းက အံ့ဆုံးသွားမှာ အစားဝင်ပြီး floss လုပ်တာလည်းမရ အရမ်းနာပြီး မကြာခဏ လည်း နာတတ်လွန်းလို့  တစ်ဖက်က အံ့သွား ၂ချောင်း အထက်အောက် နုတ်တာ ရုံးကပေးတဲ့ အသုံးစရိတ်ကျော်လို့  ကိုယ့်အိတ်ထဲက ပိုက်ဆံတောင် ထုတ်ရတယ် မတတ်နိုင်ဖူးလေ ကျန်းမာရေးအတွက်ပဲ
ReplyDeleteခင်တဲ့
Z
ရီလိုက်ရတာ post ရော comment တွေရော
ReplyDeletelove is love
tooth brush is tooth brush!
ရီတာပြောတာမှန်လိုက်လေ ... လာမန့်တဲ့သူတွေထဲမှာ တို့ကတော့ ချစ်လို့ လွဲသွားလဲ ကိစ္စမရှိဘူး၊ တိုက်လိုက်တာပဲတို့ ... အရမ်းကိုချစ်လွန်းလို့ အတူတူရှယ်သုံးတယ်တို့ တစ်ယောက်မှ မရှိဘူးဗျာ။ အားလုံး မလွဲအောင် နေရာခွဲသုံးတယ်တို့။ အရောင်ခွဲသုံးတယ်တို့၊ အမျိုးအစားခွဲသုံးတယ်တို့ အစုံပဲ။ ဟိုအဒေါ်ကြီး အဆိုးဆုံးပဲ ခါးကြီးထောက်ပြီးတောင် ပြောသွားသေး ...း)))
ReplyDeleteအို အသင်လောက ...ဘလော့လောကမှ မမများ ချစ်တတ်ပုံကို ... အက်ျွနုပ် ကောင်းကောင်းကြီး သိလိုက်ပါပြီး)))