ဖန်စီဆွဲကြိုးလေးတွေ ကြိုက်တယ်။ ခဏခဏတော့ မဆွဲဖြစ်ပါဘူး။ တစ်ခါတစ်လေစိတ်ကူးပေါက်ရင်၊ ဆွဲကြိုးနဲ့လိုက်ဖက်တဲ့ အကျီလေးတွေ ၀တ်ရင် ဆွဲပါတယ်။
ကျောင်းတက်တုံးကတော့ ဖန်စီနားဆွဲလေးတွေ ၀တ်ဖြစ်တယ်။ စကော့ဈေးတို့ ဘာတို့ရောက်ရင် နားကပ်ကြည့်ရတာ အမော။ မြို့ထဲက ကုန်တိုက်အောက်ရောက်ရင်လဲ ကြည့်ရတယ်။ နားကပ်တွေပြထားတဲ့ အ၀ိုင်းကြီးကို လှည့်လှည့်ကြည်ရတာ ၂ပတ်-၃ပတ်။ သိပ်ဈေးကြီးတာလဲ မ၀ယ်နိုင်ပါဘူး။ အဲဒီတုံးက ကျောက်ရောင်စုံလေးတွေ ကြိုက်တယ်။ ခုတော့ အသက်ကလဲကြီးပြီဆိုတော့ နားဆွဲနဲ့ဆို ကလက်တက်တက်ထင်လို့ လုံးဝနီးပါး မ၀တ်ဖြစ်တော့ဘူး။ ၀တ်ပြီးမှန်ကြည့် ပြန်ချွတ်ရတာများတယ်။
အဲလိုထိုးကြိတ်ထည့်ထားရင် ကြိုးချင်းထား ကြိုးချင်းညိပြီး အင်မတန် ဖြည်ရခက်လို့ ခုတော့ ရှုံအိပ်လေးတွေ ၀ယ်ပြီး တစ်ခုစီခွဲထည့်ထားလိုက်ပါပြီ။
အဲဒါလေး၂ခုက ကိုယ့်အကြိုက်လေးတွေပါ။ အညိုလေးက လွန်ခဲ့တဲ့ ၃-၄နှစ်လောက်က မလေးရှားသွားတုံးက ၀ယ်လာတာ။ ၂၅ရင်းဂစ် ပဲပေးရယ်။ ပုလဲလေးကတော့ စလုံးက ၀ယ်တာပါ။ ၁၂ကျပ်လားပဲပေးရတယ်။ ဆွဲကြိုးလေးတွေ မ၀ယ်ဖြစ်တာ နှစ်နဲ့ချီတောင်ကြာနေပါပြီ။
ဆွဲကြိုးနဲ့ ပတ်သတ်ပြီးသတိရတာ ပြောရရင် ပထမဆုံး စင်ကာပူကနေ မြန်မာပြည်ပြန်လည်တဲ့အချိန်။ ကျောင်းတက်ရင်း အလုပ်လုပ်ရင်းနဲ့ ၃နှစ်လောက် ကြာသွားတယ်။ အမေတို့နဲ့ မတွေ့ရတာ ကြာတော့ တွေ့ချင်တယ်။ လင်မယား၂ယောက်ပြန်မယ်လုပ်ကြတယ်။ အဲဒီအချိန်က PR လဲကျပြီး၊ နှစ်ယောက်စလုံး အလုပ်လုပ်ပြီး၊၂ယောက်လုံး အခွန်ဆောင်တယ်။ တစ်ယောက်ကို ၁၅၀နဲ့ လစဉ်အခွန်ဖိုး ၃၀၀ ကျတယ်။ ပြန်ခါနီးတော့ သံရုံးမှာ အခွန်သွားဆောင်ကြတာ စုထားသမျှပိုက်ဆံ ပြောင်ပါလေရော။ တကယ်ကို မကျန်တာ။ အားလုံးပေါင်း ၅၅၀၀လောက်ရှိတယ်။ (ဦးမောင်ခြိမ့်မှ ပြင်ပေးပါသည်) ။အဲဒီခေတ်က အခွန်မဆောင်ရင် ပြန်လို့မရဘူး။ ပတ်စ်ပို့သိမ်းတာတွေ ဘာတွေလုပ်တယ်။
ရန်ကုန်မှာသုံးဖို့ ငွေပို့အပြီး၊ အခွန်ဆောင်အပြီး မဆွိတီတို့ တစခန်းထတယ်။ ရန်ကုန်အပြန်မှာ ဆွဲကြိုးကို ရွှေအဖြူရောင်လေး ဆွဲချင်တယ်။ ကိုယ့်မှာရှိတဲ့ဆွဲကြိုးက ရွှေအ၀ါရောင်။ နားကပ်က ရွှေအဖြူရောင် ကြာပါပြီ၊ ၀ယ်ထားတာ။ ဒီတော့ ဆွဲကြိုးကို နားကပ်နဲ့လိုက်အောင် အဖြူရောင်လေးပဲ ဆွဲချင်တာ။ လည်ပင်းမှာ ဗလာရှင်းနဲ့လဲ မပြန်ချင်ဘူး။ ဒါနဲ့ဂျီကျလို့ ဦးမောင်ခြိမ့်တစ်ယောက် ငွေယားလေးအရှာထွက်လိုက်ဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ ညနေမှောင်မှ ပြန်ရောက်တယ်။ ဆွဲကြိုးဘူးလေး ကိုင်လို့ပေါ့။ သူငယ်ချင်းတစ်ယောက်ဆီကဆွဲပြီး ၀ယ်ခဲ့သတဲ့။ လော့ကတ်လေးတောင်ပါသေး။ ၂၄၀ပေးခဲ့ရတယ်။
သံရုံးမှာ အခွန်ဆောင်ခဲ့တဲ့ငွေနဲ့ဆို အဲလို ဆွဲကြိုးမျိုး အကုံး ၂၀-အစိတ်လောက် ၀ယ်လို့ရတယ်ဆိုပြီး မဆွိတီတစ်ယောက် နှမြောမဆုံး ပြောမဆုံးဘူး။
Very clever ဦးမောင်ခြိမ့်
ReplyDeleteမှန်လိုက်လေ...မယ်ဆွိရယ်..
ReplyDeleteဒီအခွန်တွေ ပြည်သူလူထု ကျန်းမာရေး ပညာရေးးမှာသုံးတယ်ဆိုရင်လဲ သထာသေးတယ်....ခုတော့.....................း((
ဆွဲကြိုးလေးတွေ လှလိုက်တာ.. ညီမကတော့ အလာဂျီဖြစ်တတ်လို့ ဘာမှဆွဲမရဘူး..
ReplyDeleteအခွန်ဆောင်တဲ့အကြောင်းပြောရင် လူသတ်ချင်စိတ်တောင်ပေါက်တယ် တကယ်.. မသထာရေစာကို စားနေကြသူတွေလဲ စိတ်ချမ်းသာနိုင်ကြမယ် ထင်ပါဘူး..
ဒါတွေပြောရင် ဒေါတွေပွမယ်....
ReplyDeleteအေးလေ... အိတ်တုန်းက ဦးမောင်ခြိမ့်ကြီးက ပြောလာလို့ ....
ReplyDeleteနာတောင် ငွေယားလေးကို ကူပြီးရှာပေးလိုက်ရပါသော်ကောလား...
ဟီး... ဟီး...
မှုတ်ဖူးနော်... အလကား စတာ...
;-P
ချစ်စရာ ဆွဲကြိုးလေးတွေ လှလို့ ကြည့်ရင်း ကြည်နူးနေတဲ့ စိတ်ကလေးကို အောက်က စာတွေက ဖျက်ဆီးလိုက်တယ်...
ReplyDelete၅၅၀၀ တဲ့...း((
နောက်ဝယ်ဖြစ်ရင်လဲ ထပ်ပြပါအုံးနော်... ချစ်စ်စ်စ်စ်စ်...
ဟို အပေါ်က မရွှေစုချစ်ကိုလဲ မေးလိုက်ပါ...
ရှိတာ အကုန်ထုတ် ပြီး ပိုစ့်ရေးပါလို့....း))
တကုံးလောက်ပေး များ မှာမစိ လို့ ဟိဟိ
ReplyDeleteဆွဲကြိုးလေးတွေ လှတယ် တီဆွိ
ReplyDeleteတို့များတော့ အလှအပတွေနဲ့ ဝေးကွာနေတာကြာပေါ့
ကြာဆို ကျားတွေ မွေးထားတာကိုး
မအေများ လှလှပပလုပ်မယ် မကြံနဲ့
သူတို့က ရှေ့ဆုံးက ကဲ့ရဲ့တာ
စိတ်ကို ကုန်ကုန်သွားတာပဲး(
ယိုးဒယား မုန့်လက်ဆောင်း ရောင်စုံလေးဆိုပြီး ပြေးလာပါတယ်..:(
ReplyDeleteဟိ... အမသက်ဝေ... ထုတ်ပြစရာကတော့ အမှိုက်တွေပဲ ရှိတာတော့...
ReplyDeleteအဲသလို အလှအပ လက်ကောက် ဆွဲကြိုး ဘုရားဖူး ... တကုံးမှ မရှိ...
မသနားဖူးလားဟင်...
နဲနဲလောက် စွန့်ကြဲကြပါလား....အန်...
အမသက်ဝေတို့... ရွှေဆွိဆွိတို့....
;-P
ရုတ်တရက် ကြည့်လိုက်တာ ဇလုံလေးထဲက ဘာတွေပါလိမ့်လို့ ဟီး
ReplyDeleteတီဆွိဘာဟင်းချက်လည်းပြေးလာတာ ( ငတ်ထှာ ) .. ကိုယ့်ဘာကိုယ်ပြောသွားတယ် ကဲ။
ReplyDeleteheart ထိသွားတယ် မနေ့ ကပဲ အခွန်ဆောင်ပြီး ပြန်လာတာမို့ ..
ReplyDeleteပေးရမယ့်လူ က ချွေးတလုံးလုံး နဲ့  တိုးရသေးတယ်..
အရမ်း ကို စိတ်တိုတယ်..
အခွန်အကြောင်းဆို ပြောကို ပြောချင်ဘူး ဟွန်း (+.+)
ReplyDeleteလည်ဆွဲလေးတွေပဲ ငေးတော့မယ်။ အဲဒါငေးရတာ စိတ်ချမ်းသာတယ်လေ ဟိ..
တော်လိုက်တာ ဦးမောင်ခြိမ့်က ဇနီး မဆွိ အင်္တက်ဆို အားလုံး ပြေလည်ပြီးသားပဲ..။ ချစ်ထှာ ချစ်ထှား))
အပေါ်က ဗစ်တာတို့ ... အစ်မလေးတွေ ... အရမ်းရယ်ရတယ်။ မုန့်မှတ်လို့လာကြည့်တာ ၃ယောက်တောင်။ လက်ကောက်ဟင်းဆိုတာများ ကြားဖူးကြလို့လား။
ReplyDeleteအပေါ်က သယ်ရင်း ကြီးတော်စုချစ်ဆီမှာ နားဆွဲတွေအများကြီးပဲဆိုလား ။ အတွင်းသတင်းကနေ ကြားထားတာပါ။ ပါးစပ်ထဲတောင် စိန်သွားမြှုတ်ထားဆိုလား။ များတို့ကြားဖူးတာ။
မီးမီးချစ်ရေ ... သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ...
အခွန်ကြောင့် အခွန်ဆောင်သူတွေက အခွံပဲကျန်တော့တယ် ၊
ReplyDeleteခင်ဗျားတို့ကတော့ သူများနိုင်ငံသွား ကျွှန်ခံပြီး ပျော်နေကြတာပဲနော် မြန်မာပြည်ပြန်လို့ အခွန်ဆောင်ရတာ ကို ပြောနေကြတယ် ခင်ဗျားတို့ကိုမွေးထုတ်ပေးရတဲ့ အမိမြန်မာပြည်ကြီး ၀မ်းရည်စပ်တယ်ဗျာ ရင်နာတယ်
ReplyDeleteခင်ဗျားတို့လို သူများနိုင်ငံသွား ကျွှန်ခံနေရတာပျော်နေတဲ့ သူတွေအတွက် အမိမြန်မာပြည် ၀မ်းရည်စပ်တယ်ဗျာ ခင်ဗျားတို့ကို မြန်မာပြည်ကြီးကမွေးပေးခဲ့တာပါ စလုံးမှ အထင်ကြီးသလိုနဲ့ ခင်ဗျားတို့မရှက်ကြဘူးလားဗျာ
ReplyDelete