ဂျူဂျူတို့သားအမိနှစ်ယောက် ညညကျ အိမ်စာတွေလုပ်ပြီးရင် ဂျူဂျူက သူ့အခန်းဘယ်တော့မှ တန်းမပြန်ဘူး။ ၁၅မိနစ်၊ နာရီဝက်လောက် အမေနား ကပ်ချွဲချင်သေးတယ်။ အဲအခါကျရင် သားအမိနှစ်ယောက် စကားစမြည် ပုံတိုပတ်စတွေ ပြောကြတယ်။ ဒီနေ့ညလဲ အိမ်စာတွေ စောစောပြီးလို့ သားအမိ၊သားအဖ၃ယောက် Scrabble ကစားတယ်။ ကစားပြီးတော့ သမီးအိပ်ရအောင်လေဆိုတော့ မေမေနဲ့ နေဦးမယ်တဲ့။ ဒါနဲ့ စကားစမြည်တွေ ပြောကြရင်း ဆွေမျိုးစပ်တဲ့စခန်း ရောက်သွားတယ်။ ဟိုတလောလေးတင်ကမှ မဆွိတီရဲ့မောင်လေးက သားလေးမွေးထားတာမှို့သူ့မှာ အကိုချည်းပဲ ၉ယောက်ရှိနေတာကို သိထားတဲ့ ဂျူဂျူ့ကို "သမီးရေ သမီးမှာ မောင်လေးတစ်ယောက်ရှိနေပြီ ... သိလား " ဆိုတော့ " ဟိုဒေါ်ဒေါ့်ရဲ့သားက မွေးတာလား" တဲ့။ (ဒေါ်ဒေါ်ဆိုတာ အိမ်ကသူ့ကြီးတော်ကိုပြောတာပါ) " ဟုတ်ဘူးလေ သမီးရဲ့ ... အဲဒါက သမီးရဲ့ တူတော်တယ်။ မေမေပြောတာက မောင် ကိုပြောတာ။ မေမေ့မောင်က မွေးထားတာဆိုတော့ သမီးမောင်လေး တော်တာပေါ့" ဆို ရှင်းပြတော့မှ ဂျူဂျူသိပြီ၊ ဂျူဂျူသိပြီဆိုပြီး သဘောပေါက်သွားပါတယ်။ သမီးအစဖော်ပေးမှပဲ ဂျူဂျူတစ်ယောက် ဘာလိုလိုနဲ့ အန်တီတောင်ဖြစ်နေပြီဆိုတာ သတိရသွားတယ်။
ဂျူဂျူ့ ကြီးတော်မှာ အရင်ပြောခဲ့ဘူးတဲ့အတိုင်း သားချည်းပဲ ၄ယောက်ရှိတာမှာ အကြီးလေး ၂ယောက်ကတော့ အလုပ်လုပ်နေကြပြီ။ အငယ် အမွှာ၂ယောက်ကတော့ ကျောင်းတက်နေဆဲ။ တစ်ယောက်က ဂျီတီစီ၊ တစ်ယောက်က မန်းလေးတက္ကသိုလ်မှာ။ ကိုယ်တို့တွေ ပြီးခဲ့တဲ့တစ်ခေါက် မြန်မာပြည်ပြန်တော့ နယ်မှာရှိတဲ့ ဂျူဂျူတို့အဖေအိမ်လဲ ရောက်ခဲ့တယ်။ သူ့တူတွေက အဲဒီအိမ်မှာပဲ အဒေါ်အပျိုကြီးတွေနဲ့ အတူနေကြတယ်။ ဒီဦးလေးကပဲ ငယ်ငယ်ကတည်းက အတူနေ ထိမ်းကျောင်းစောင့်ရှောက်ထားခဲ့တော့ ဦးလေးကို ရိုလဲရိုသေ ကြောက်လဲကြောက်ကြတယ်။ ဦးလေးက ငယ်ငယ်ကတည်းက သူ့တူတွေကို ဆုံးမနေကျ။ တစ်ခုခုဆုံးမစရာရှိရင် တူတွေကို တန်းစီခေါ်ပြီး briefing ပေးနေကျ။
အငယ်အမွှာလေး၂ယောက်က ရုပ်ကလေးတွေက ချောချောလေးတွေဆိုတော့ စွံလဲစွံကြတယ်။ အကြီးကောင်လေးဆို ကောင်မလေးတွေကိုက နောက်ကလိုက်နေတာဆိုပဲ။ ကျောင်းမှာ နှစ်ယောက်လုံး ရည်းစားသနာရှိနေကြပြီဆိုတော့ ဦးလေးလုပ်သူက ခေါ်ပြီး ဆုံးမတယ်။ ပညာကို စုံအောင်အရင်သင်ကြ၊ မင်းတို့တော်ရင်တော်သလို ငါတို့က ချီးမြှောက်ဖ်ို့ အဆင်သင့်ပဲ။ ကျောင်းပြီးရင် စင်္ကံာပူကို ခေါ်မယ်။ ကြိုးစားကြ။ မိန်းမတော့ မယူကြနဲ့ဦး။ သူများသားသမီးလဲ မယူနိူင်သေးပဲနဲ့ မလွန်ကျူးနဲ့ အစရှိသဖြင့် နာရီဝက်၊ တစ်နာရီကြာမလားပဲ၊ ဆုံးမနေတာ။ ပြန်မဲ့နေ့ရောက်တော့လဲ တစ်ခါ ကန်တော့ရင်းနဲ့ မုန့်ဖိုးတွေ ဘာတွေပေး၊ ဆုတွေဘာတွေပေးရင်း တတွတ်တွတ်ထပ်ဆုံးမပြန်ရော။ အရွယ်မတိုင်မီ ပန်းကောင်းညွန့်ကျိုးလေးတွေဖြစ်မှာ စိုးရိန်ရှာတာ။
ဒါနဲ့ နောက်နေ့ရန်ကုန်ပြန်ကြတယ်။ ရန်ကုန်ပြန်ပြီးညဘက်ပဲ သူ့အစ်မအပျိုကြီးတွေဆီက ဖုန်းဝင်လာတယ်။ သူ့တူအငယ်ဆုံးကောင် မိန်းမခိုးပြေးလို့တဲ့။ ကျောက်ဆည်ဘက်ကို ခိုးပြေးကြတယ်ကြားသတဲ့။ ဦးလေးလုပ်သူရင်ထုမနာဖြစ်တယ်။ မိန်းမခိုးပြေးဘို့ ငွေဘယ်ကရလဲဆိုတော့ သူ့ဦးလေးမုန့်ဖိုးပေးလိုက်တဲ့ ငွေနဲ့ပါတဲ့ခင်ဗျား။
နောက်ပိုင်းမေးမြန်းကြည့်တော့ ကောင်မလေးက မပေါ့မပါးဖြစ်လို့ တာဝန်ယူလိုက်ရပါတယ်ပြောတယ်။ ဒါနဲ့ နောက် ၇လ၊ ၈လလောက်ကြတော့ ဂျူဂျူတို့လဲ အန်တီဂျူဂျူဖြစ်ရော။ ကြီးတော်ကတော့ စိတ်တိုတဲ့ကြားက မြေးလေးရတယ်ဆိုတော့ ကြိတ်ပျော်နေလား မပြောတတ်ဘူး။ ဟိုကဓာတ်ပုံများပို့လိုက်ရင် ချွေးမနဲ့ မြေးကို သူ့မှာကြည့်မဝဘူး။
ဒါနဲ့ခုနက စကားဝိုင်းကို ပြန်ဆက်ရရင် ကိုယ်ကလဲ သမီးကို စ ချင်တာနဲ့ ဟေ့ ငါ့သမီးလေးတောင် အန်တီဖြစ်နေပြီပဲ။ ဂျူဂျူ ... ဂျူဂျူ ... အန်တီဂျူဂျူ ... သားတို့အန်တီ ဂျူဂျူ ဆို ... သူ့ကို စမှန်းသိလို့ ဂျူဂျူတို့ ရှက်ကိုးရှက်ကန်းကြီးဖြစ်နေတယ်။ နောက်မှ တစ်ခုခုသတိရပြီး ပြန်ပြောလိုက်တာက
You Grandmother !!!! တဲ့။
ဒေါ်ဆွိတီတို့ ဂျူဂျူပြောမှပဲ သူ့ဟာသူလဲ Grandmother ဖြစ်နေတာကို သတိရပြီး သဘောကျလွန်းလို့ ခွက်ထိုးခွက်လန်ရယ် ပါတော့တယ်။
ဖွားဖွားဆွိရေ....တားတားလာတယ်...
ReplyDeleteဂျူဂျူက TTsweet ကိုတောင် ပြန်ထည့်သွားသေးတယ် You Grandmother !!!! ဟီဟီ
ReplyDeleteဟားဟား ကိုယ်တောင် ချက်ချင်း အမျိုးမစပ်တတ်တာ... အန်တီဂျူဂျူတို့ပိုင်တယ်...ဖွားဖွားမတ်စိရာ....
ReplyDeleteနယ်တွေမှာ ငယ်ငယ်နဲ့ အိမ်ထောင်ကျတာ ခိုးပြေးကြတာ အတော်များတုန်းပဲနော် ။ ဦးလေးက မင်္ဂလာဦး လက်ဖွဲ့လိုက်တာကိုး အဟီးး
ReplyDeleteGrandma Sweet
ReplyDeleteJuJu is bright she knew how to answer back....ha..ha..ha..
WD
ချစ်ဖို့ ကောင်းတယ်
ReplyDeleteဂျူဂျူက မြန်မာလိုရော ပြောလား မဆွီ
အဲဒီမှာနေတာဆိုတော့ လေ
ဒီနိုင်ငံမှာလဲ ဒီလိုပဲ မဆွိရ မြန်မာကလေးတွေ မြန်မာလိုမပြောတော့ဘူး အင်္ဂလိပ်လိုပဲ ပြောကြတာ ကိုယ်ကတောင် သူတို့ဆီက ပြန်သင်ရတယ် ဟိဟိ
တီတီဆွိ မှ ဖွားဆွိ... အဖြစ်သို့........ ဟီးးး
ReplyDelete