Sunday, September 12, 2010

စင်္ကာပူရီယန်ခံကြမလား၊ အိမ်ပြန်မလား ...

(ခုလောလောဆယ် စင်္ကာပူမှာ ခေတ်စားနေတဲ့ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်ထောင်ရဲ့ ပီအာတွေနဲ့ပတ်သတ်ပြီးဆွေးနွေးထားတဲ့အကြောင်း ရေးပေးပါဦးလို့ ညီမလေးတစ်ယောက်မှ ပြောလာလို့ ဦးခြိမ့်အား အကူအညီတောင်းထားခြင်း ဖြစ်ပါတယ်။)
=========================================================================



ပြီးခဲ့တဲ့ အပတ်က စင်္ကာပူဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိအဆင့်မြင့်ဝန်ကြီး ဂိုချုပ်တောင်က သူရဲ့မဲဆန္ဒနယ်က လူတွေနဲ့တွေဆုံပွဲမှာ စင်္ကာပူပီအာတွေထဲက ၁၀ရာခိုင်နှုန်းခန့်ကို စင်္ကာပူနိုင်ငံသား ခံယူဖို့အတွက် ချဉ်းကပ်ပြီး စည်းရုံးမယ်။ အဲဒီလို စည်းရုံးခံရတဲ့ သူတွေထဲက ပီအာတွေအနေနဲ့ စင်္ကာပူနိုင်ငံသားခံယူဖို့ မစဉ်းစားကြဘူးဆိုလျင် ပီအာသက်တမ်းတိုးတဲ့ အခါမှာ ထပ်တိုးပေးမှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ အခါမှာ အင်တာနက်မီဒီယာမှာကော စင်္ကာပူနိုင်ငံသားများ၊ ပီအာများကြားမှာ အလွန်ကျယ်လောင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ခဲ့တယ်ဆိုရင် မမှားဘူးပေါ့။
သတင်းလင့်ခ်

Channel NewsAsia ရဲ့ ၀က်ဘ်ဆိုဒ်မှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒကောက်ယူတာမှာ
(၁) အခုလိုလုပ်လိုက်ခြင်းဟာ နိုင်ငံခြားသား Talent တွေ စင်္ကာပူကနေ စွန့်ခွာသွားနိုင်တယ်လို့ ပြောတဲ့ သူက ၃၀% ခန့်၊
(၂) ဒီလိုလုပ်လိုက်တာက လက်ရှိ စင်္ကာပူရီယန်တွေက မှန်ကန်တယ်လို့ ထင်တာက ၃၉% ၊
(၃) လက်ရှိပီအာတွေက အခုလိုလုပ်လိုက်ခြင်းဟာ အာဏာပိုင်တွေက တဖက်သတ် အာဏာနဲ့ ဆုံးဖြတ်တယ်လို့ ထင်တာက ၃၁% ရှိတယ်လို့ ထင်ကြတယ်ဆိုပြီး အဖြေထွက်လာတယ်။

ကျွန်တော်အမြင် ပြောရမယ်ဆိုရင်တော့ ဒီလုပ်ရပ်က စင်္ကာပူအစိုးရအနေနဲ့ မှားယွင်းစွာ ဆုံးဖြတ်မှုတစ်ခုလို့ပဲ မှတ်ယူမိပါတယ်။ ကျွန်တော်တို့လို Third world country က ပီအာတွေအနေနဲ့ ရာခိုင်နှုန်းတော်တော်များများကတော့ ပီအာကနေ နိုင်ငံသားကို ပေးအပ်မယ်ဆိုရင်တော့ ၇၀% လောက်က နှစ်သက်မိမှာပါပဲ။ စင်္ကာပူအစိုးရက အဲဒီလိုသာ စင်္ကာပူနိုင်ငံသားအဖြစ် အော်ဖာပေးမဲ့ ၁၀ ရာခိုင်နှုန်းက ကျွန်တော်တို့လို တတိယနိုင်ငံသားတွေကို အဓိက ဦးတည်မှာ မဟုတ်ပဲနဲ့ အဖြူနိုင်ငံသားတွေကို အဓိက ဦးတည်နေတယ်ဆိုတာ ကျွန်တော်တို့ တော်တော်များများ ရိပ်မိကြပါတယ်။ ဒါပေမဲ့ စလုံးတွေခေါ်တဲ့ အာမော (Ang Moh = အဖြူ) တွေက တကယ်တမ်း လက်မခံကြပါဘူး။ လက်မခံတဲ့ အပိုင်းက အချက်အလက်တွေကတော့

(၁) အနောက်နိုင်ငံသားတွေအဖို့ Dual Citizenship ဆိုတာကို ကိုင်ထားနိုင်ခွင့်ရှိတယ် ဆိုပေမဲ့ စင်္ကာပူနိုင်ငံက ဒါကို လက်မခံတဲ့အတွက် သူတို့နိုင်ငံသားကို စွန့်လွတ်ဖို့ မစဉ်းစားကြပါဘူး။

(၂) နောက်ပြီး လက်ရှိပြောင်းလဲလိုက်တဲ့ HDB ရဲ့ နည်းဥပဒေအရ စင်္ကာပူနိုင်ငံသားဖြစ်ရင် တစ်ခြားနိုင်ငံမှာ ပိုင်ဆိုင်ထားတဲ့ အိမ်မြေခြံတွေကို စွန့်လွှတ်ရောင်းချပြီးမှ ဒီနိုင်ငံမှာ ၀ယ်လို့ရမယ်ဆိုတဲ့ အချက်အလက်တွေက နိုင်ငံခြားသားတော်တော်များများကို စင်္ကာပူနိုင်ငံသားခံယူဖို့ ဝေးကွာစေတဲ့အချက်ထဲက တစ်ခုပါပဲ။ ဒီ့ထက်ပိုတဲ့ အကြောင်းပြချက်တွေလဲ အများကြီး ရှိနေပါသေးတယ်။

အဲဒီတော့ ဒီအဖြူတွေက နိုင်ငံသားမခံယူရင် ပီအာသက်တမ်း တိုးမပေးဘူးဆိုရင် မတိုးပေးနဲ့ပေါ့ လို့ ပြောမှာပေါ့။ Manufacturing, Biomedicine and Pharmaceutical မှာ လုပ်နေတဲ့ Director, Vice President,CEO လုပ်နေတဲ့ အဖြူတွေက တချို့ဆိုရင် ပီအာနဲ့ နေနေတာပါ။ သူတို့တစ်တွေ နိုင်ငံကထွက်သွားရင် တကယ်တမ်း ဆုံးရှုံးမှာက အဖြူတွေ မဟုတ်ပဲနဲ့ စင်္ကာပူနိုင်ငံကိုယ်တိုင် ဖြစ်နေလို့ပါပဲ။

စင်္ကာပူနိုင်ငံသားနဲ့ ပီအာတွေအနေနဲ့ကလဲ ကွာခြားမှုအနေနဲ့ သိပ်တော့ မရှိလှတာလည်း ပါဝင်တာပေါ့။ သားသမီးတွေ အနေနဲ့ ကျောင်းလခ ပိုပေးရတယ်ဆိုပေမဲ့ အခုလက်ရှိမှာ ပြောပလောက်အောင် ကွာခြားမှုမရှိသေးတာရယ်။ ဆေးရုံဆေးခန်း ကိုသွားရမှာလဲ စင်္ကာပူနိုင်ငံသားနဲ့ ပီအာတွေရဲ့ခံစားမှုများ အနေနဲ့ကလည်း သိပ်မကွာလို့လဲ ပါတာပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အတွက်ကတော့ တခြားစီနော်။ မြန်မာတွေတော်တော်များများ စင်္ကာပူနိုင်ငံသားခံယူကြတာက စင်္ကာပူနိုင်ငံသားဖြစ်လာရင် ရရှိလာမဲ့ အကျိုးခံစားမှုတွေကို နားလည်တာ နားမလည်တာထက် မြန်မာသံရုံးကို အခွန်မပေးချင်တာက ၆၀% လောက်ပါတယ်။

ဒါဆိုရင် စင်္ကာပူနိုင်ငံသားဖြစ်လာရင် ခံစားရမဲ့ အကျိုးကျေးဇူးတွေကို ပိုပြီးတော့ ဆွဲဆောင်အားကောင်းအောင်လုပ်ဖို့ လိုလာတာပေါ့။ ခက်တာက ရှေ့က စင်္ကာပူနိုင်ငံသားများများ ခံယူစေချင်တယ်။ တိုင်းပြည်မှာ အကျိုးရှိတဲ့ လူတွေကိုပဲ လိုချင်တယ်။ တစ်ဖက်က စင်္ကာပူနိုင်ငံသားခံယူချင်အောင် ဆွဲဆောင်နိုင်သလားဆိုတော့ မဆွဲဆောင်နိုင်ဘူး။ သူတို့နိုင်ငံခေါင်းဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက် အပြောအဆို မတိုက်ဆိုင်ပဲ ဖြစ်တဲ့ အဖြစ်အပျက်တွေထဲမှာ ဒီတခါ အဖြစ်အပျက်က အဆိုးဝါးဆုံးပါပဲ။ မစ္စတာဂိုချုပ်တောင် ပြောဆိုသွားတာ မှားယွင်းသွားမှန်း သိလိုက်တာနဲ့ သူရဲ့အတွင်းရေးမှုးက မစ္စတာဂိုချုပ်တောင် ပြောသွားတာ ၁၀% က တားဂက် မဟုတ်ပါဘူး။ ဂဏန်းတစ်ခုအနေနဲ့ ရှင်းပြသွားတာပါ။ စင်္ကာပူနိုင်ငံသား ပေါ်လစီနဲ့ ပါတ်သက်ပြီး ပြန်လည်သုံးသပ်နေပါတယ်ဆိုပြီး နောက် ၂ ရက်ကြာတော့ ဖြေရှင်းချက်တွေ ပြန်ထုတ်ရပါတော့တယ်။
သတင်းလင့်ခ်

ကဲ ထားလိုက်ပါ။ ဝေဖန်ရေးလုပ်လို့တော့ ပြီးသွားပြီ၊ မြန်မာနိုင်ငံသားတွေအနေနဲ့ ကံကောင်းထောက်မပြီးပဲ ဖြစ်ဖြစ် ထီပေါက်သလိုမျိုး နိုင်ငံသားလျှောက်ဖို့ ပြောတဲ့ ၁၀% ထဲမှာ ပါသွားခဲ့ရင် ဘာလုပ်မလဲဆိုတာလေးကို ကျွန်တော့်အမြင် တချို့ကိုတော့ ဝေမျှပါရစေ။ ကျွန်တော် မြန်မာနိုင်ငံသားစွန့်လွတ်ပြီး စင်္ကာပူနိုင်ငံသားခံယူတာ ကောင်းတယ် မကောင်းဘူး ဆိုတာ ဝေဖန်မှာ မဟုတ်ဘူးနော်။ ကိုယ်ဘာသာ စွန့်လွှတ်တာ မစွန့်လွှတ်တာကတော့ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်ပြီးတော့ အဲဒီလိုမျိုး ဆုံးဖြတ်ဖို့ တခြားထည့်သွင်းစဉ်းစားသင့်တာလေးတွေကို အကြံပေးရုံပါ။

(၁) ကိုယ်နဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ရဲ့ နှစ်ယောက်ပေါင်း လစာငွေက ဒေါ်လာ ၈၀၀၀ အောက်မှာပဲ ရှိသေးတယ် ဆိုရင်တော့ စင်္ကာပူနိုင်ငံသားခံယူရင် ငွေ ၃၀၀၀၀ + ၁၀၀၀၀ လောက် နီးနီး ရမယ်။ HDB အသစ်ကို HDB က တိုက်ရိုက်ဝယ်နိုင်ပြီး အတိုးနှုန်းကိုလည်း ၂.၆% နဲ့ မပြောင်းလဲတမ်း ရနိုင်တယ်။ အဲဒီလိုလူတန်းစားတွေအတွက်တော့ အကျိုးများတာပေါ့။ ဒါပေမဲ့ လစာပေါင်း ၈၀၀၀ နဲ့ ၁၀၀၀၀ ကြား ရတယ် ဆိုရင်တော့ DBSS ဆိုတဲ့ Flat ၀ယ်နိုင်မယ်။ ငွေ ၃၀၀၀၀ ရမယ်။ ဘဏ်ကပဲ ငွေချေးလို့ရမယ်။ သူတို့ကျတော့ မဆိုးသေးဘူးဆိုပေမဲ့ အကျိုးက မများတော့ဘူး။ လစာ စုစုပေါင်း ၁၀၀၀၀ ကျော်သွားရင်တော့ အကျိုးကျေးဇူးက မရှိသလောက်ပါပဲ။

(၂) ဒီနိုင်ငံမှာ အိမ်ထောင်ကျပြီး ကလေးတွေလဲ မွေးထားတယ်။ ကလေးတွေအနေနဲ့ကလည်း ဒီနိုင်ငံ ဒီမြေမှာ ကြီးပြင်းလာတယ်။ မြန်မာလူမျိုးဓလေ့ ထုံးစံတွေထက် စင်္ကာပူ ဓလေ့တွေနဲ့ ပိုပြီးရင်းနှီးလာတယ် ဆိုရင်တော့ သူတို့တစ်တွေအနေနဲ့ မြန်မာနိုင်ငံသားအနေထက် စင်္ကာပူနိုင်ငံသားအဖြစ်က ပိုပြီးတော့ အကျိုးများစေမယ်လို့ ထင်ပါတယ်။ တက္ကသိုလ်တက်ရမဲ့ အရွယ်ရောက်တဲ့ အခါမှာ နိုင်ငံသားနဲ့ နိုင်ငံခြားသားတို့ ပေးရတဲ့ ကျောင်းလခ က အလွန်အင်မတန်ကို ကွာခြားသွားမှာ ဖြစ်လို့ပါပဲ၊ ဒီကြားထဲမှာ သူတို့ကလေးတွေအတွက် နှစ်စဉ် CPF တို့ GST Rebate တို့ စတာတွေအတွက် ရရှိမဲ့ ငွေကြေးပမာဏတွေကလဲ တစ်နှစ် နဲ့ တနှစ် သူတို့အတွက် အဆင်ပြေစေတာမို့ ကိုယ်ကိုတိုင်မခံယူပေမဲ့လည်း ကလေးတွေအတွက် စဉ်းစားပေးသင့်တာပါပဲ။

(၃) ကျွန်တော်တို့ မြန်မာတွေကြားထဲမှာ အဓိကနာမည်အကြီးဆုံး အချက်ကတော့ မြန်မာသံရုံးမှာ အခွန်ဆောင်တာပေါ့။ ကျွန်တော်က ၁၉၉၅၊ အန်တီဆွိက ဆိုရင် ၂၀၀၀ ခုနှစ်ကတည်းက တစ်ယောက်ကို တစ်လ ၁၅၀၊ တနှစ် ၁၈၀၀ ခန့် လှုဒါန်းနေတာ အန်တီဆွိ မလှူတန်းတာ လွန်ခဲ့တဲ့ ၂၀၀၅ ကျမှ ရပ်သွားခဲ့တာပါပဲ။ မြန်မာသံရုံး အခွန်မဆောင်ချင်တာတစ်ခုတည်းနဲ့တော့ မြန်မာနိုင်ငံသားအဖြစ် စွန့်လွှတ်မယ်ဆိုတာကတော့ မခိုင်လုံလှသေးပါဘူး။ တစ်ခုတော့ရှိတယ်။ အဲဒီ သံရုံးကို အခွန်သွားဆောင်ရတိုင်း၊ သက်တမ်း သွားတိုးရတိုင်း၊ သံရုံးကလူတွေနဲ့ ဆက်ဆံရတိုင်း၊ အသက်က တစ်ရက်မက တစ်လလောက်တိုသွားသလား အောက်မေ့ရအောင် ဒေါသတွေ ထွက်ရတာ၊ စိတ်အနှောက်အယှက်ဖြစ်ရတာတွေလည်း စဉ်းစားရမဲ့ စာရင်းထဲကို ထည့်ချင်လဲ ထည့်လိုက်ပေါ့။

အသက်အရွယ်အားဖြင့် ငယ်သေးမယ် ( ၂၅နှစ်ကနေ ၃၅နှစ် အတွင်း )၊ တခြားနိုင်ငံကို မြန်မာနိုင်ငံသားအဖြစ် သွားတာထက် စင်္ကာပူနိုင်ငံသားအဖြစ်သွားပြီး ဒီထက် ပိုတိုးတက်နိုင်သေးတဲ့ ဘ၀မျှော်လင့်ချက်တွေ မြင်မယ်ဆိုရင်တော့ စဉ်းစားသင့်ပါတယ်လို့ အကြံပေးပါရစေ။

တစ်ခါတုန်းက ကိုပေါရဲ့ဘလော့ဂ်မှာ စင်္ကာပူနိုင်ငံသားခံယူတာနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင်တစ်ယောက်ဝေဖန်ထားတာ မဆိုးပါဘူး။ သူကတော့ စင်္ကာပူနိုင်ငံသားခံယူတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများတွေကို ထောက်ပြထားတာဖြစ်လို့ ကိုယ့်အနေနဲ့ ဆိုးကျိုးတွေကို ရင်ဆိုင်ဖို့ ကြိုတင်စဉ်းစားထားတာလဲ ကောင်းတာပေါ့။

အဆုံးသတ်အနေနဲ့ ပြောရရင်တော့ ကိုယ်က ဒီနိုင်ငံမှာ နေထိုင်လာတာ ၆ နှစ်လောက်အနည်းဆုံးရှိနေပြီး စင်္ကာပူမှာလဲ HDB Flat ကို ၀ယ်ထားတယ်။ ကလေးလဲ မွေးထားတယ် ဆိုရင်တော့ စင်္ကာပူ အစိုးရက မျက်စေ့ကျပြီး စင်္ကာပူနိုင်ငံသားခံယူဖို့ စာပို့လာနိုင်ပါတယ်။ ဒါကြောင့် ကြိုတင်စဉ်းစားစရာရှိတာ စဉ်းစားထားလိုက်ပါ။ ဒီအချိန်က နောက် ၃-၄ နှစ် အရေးထက် နောက် ၂၀-၂၅ နှစ် အရေးကို ကြိုတွေးထားရမဲ့ အချိန်ရောက်လာပါပြီ။

ကျွန်တော်ဆိုရင်ကော ဘာလုပ်မလဲလို့ မေးလာရင်။ ကျွန်တော်က အသက်ကလဲ ကြီးပြီ၊ မြန်မာနိုင်ငံသားအဖြစ်ကိုလဲ မစွန့်လွတ်ချင်သေးဘူး၊ သမီးလေး ဂျုးဂျူးကလည်း ဒီနိုင်ငံမှာ ပိုပြီး အဆင်ပြေနေတယ်။ စင်္ကာပူနိုင်ငံသားခံယူရင်လည်း ကျွန်တော့်အတွက် မြန်မာအခွန်မပေးရတာကလွဲလို့ တခြားအကျိုးကျေးဇူးက သိပ်ရှိလှရယ်လို့ မဟုတ်ဘူး။ ကျွန်တော်လား …. အေးချမ်းတဲ့ တောအရပ်လေးမှာ ကိုယ် စုဆောင်းထားတာလေးတွေနဲ့ ဥယျာဉ်လေး စိုက်ပြီး နေချင်တာ တစ်ခုထဲပဲ ရှိပါတယ်ဗျာ။

မောင်ခြိမ့်

42 comments:

  1. ကျွန်တော်တို့  ဒီလင်ဒီမယားအတွက်ကတော့ စင်ကာပူမှာမြန်မာနိုင်ငံသားပီအာအဖြစ်ဘဲ နေသွားနိုင်ပါတယ်။ ရှိတာလေးနဲ့ ဘဲတင်းတိမ်နိုင်ပါတယ်။ ကျွန်တော်တို့ ရဲ့ သမီးလေးအတွက်ဘဲတွေးပူနေတာ......

    ReplyDelete
  2. thanks for ur info..,

    ReplyDelete
  3. my friends who has HDB and kids + high pay but they all rejected just last month after waiting for one whole year. i think they (SG Government)are targeting to rich PRs..

    Nick

    ReplyDelete
  4. မှန်တာပေါ့ဗျာ။ သူတို့တတွေက ပိုက်ဆံရှိတဲ့သူတို့ အာမော့တွေ စလုံးနိုင်ငံသား ခံယူလေမလားဆိုတဲ့ ရည်ရွယ်ချက်တွေအပြည့်ပေါ့။ ကျွန်တော်တို့တွေလို နိုင်ငံကလူတွေကို စိတ်ကူးထဲတောင် ထည့်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့မြန်မာတွေကံကောင်းလို့လား ကံဆိုးလို့လား တစ်ခုခုကြောင့် သူတို့သတ်မှတ်တဲ့ ၁၀% ပါခဲ့ရင် ကြိုတင်ဆုံးဖြတ်နိုင်အောင်လို့ပါ။

    ReplyDelete
  5. ကိုမောင်ခြိမ့် သုံးသပ် ရေးပြထားတာ တော်တော်လေး ပြည့်စုံပြီး ဗဟုသုတရပါတယ်။ နောက်ဆုံးက ဥယျာဉ်စိုက်ပြီး အေးအေးလူလူနေချင်တဲ့ ဆန္ဒကလည်း ကျနော်တို့ လင်မယားနဲ့ တော်တော်လေးကို ထပ်တူကျပါတယ်။ ကြည့်ရတာ ဒီအရွယ်ရောက်လာပြီဖြစ်တဲ့ မြန်မာတွေတိုင်း ဒီလိုပဲ တွေးသလားတော့ မသိဘူးဗျိုး။ ကံကောင်းရင်တော့ မကြာခင် အကောင်အထည် ဖော်နိုင်မယ်ထင်ပါရဲ့။ အဲဒီအခါကျမှ Farmville ဆော့ချင်လှတဲ့ အိမ်က မဒမ်ပေါတယောက်ကို တဝကြီး သစ်ပင်စိုက်ခွင့် ပေါင်းသင်ရေလောင်းခွင့်တွေကို အာဏာကုန် လွှဲအပ်လိုက်ဦးမယ်။း-)

    ReplyDelete
  6. ကျမတို့နဲ့ တူတူပဲ ဦးမောင်ခြိမ့်ရေ ရွာပြန်ပြီး အေးအေးချမ်းချမ်း နယ်မြို့လေးမှာပဲ အခြေချ ခြံဝင်းထဲ အပင်လေးစိုက် စာလေးရေးပြီးတော့ပဲ နေချင်တာ :)

    ReplyDelete
  7. အင်း...အသက်ကလည်းထိပ်စည်းက လေးနဲ့စ။
    လခကလည်း၃~၅k။
    ကလေးတွေကလည်းYgnမှာနေမဖြစ်(မနေချင်)။
    နောက်တနေ၇ာခုန်ဖို့ကလည်း....အင်း...။
    ဆံပင်တွေတောင်၁ဖြူလာပါပေါ့။

    ReplyDelete
  8. ဖတ်သွားဘ၏ ဒါပေမယ့် ဘာပြူးရမည်နည်းးးးးး နော်

    ReplyDelete
  9. စင်္ကာပူအကြောင်း ဗဟုသုတ ရသွားတယ်။ အခုမှ ဒါမျိုးအကြောင်းတွေ သိရတာ။ ပိုစ်ရေးတင်ပေးဖို့ ပြောပေးတဲ့ မဆွိကိုရော ရေးပေးတဲ့ ကိုမောင်ခြိမ့်ကိုပါ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  10. တစ်ခုတော့ရှိတယ်။ အဲဒီ သံရုံးကို အခွန်သွားဆောင်ရတိုင်း၊ သက်တမ်း သွားတိုးရတိုင်း၊ သံရုံးကလူတွေနဲ့ ဆက်ဆံရတိုင်း၊ အသက်က တစ်ရက်မက တစ်လလောက်တိုသွားသလား အောက်မေ့ရအောင် ဒေါသတွေ ထွက်ရတာ၊ စိတ်အနှောက်အယှက်ဖြစ်ရတာတွေလည်း စဉ်းစားရမဲ့ စာရင်းထဲကို ထည့်ချင်လဲ ထည့်လိုက်ပေါ့။

    ReplyDelete
  11. စလုံးမှာနေရတာ ဆုပ်လဲစူး စားလဲ၇ူး ဖြစ်နေပြီလားတော့မသိဘူး..
    ကျနော်လဲ အေးအေးဆေးဆေး သစ်ပင်လေးစိုက်နေချင်တာ ..
    us က တောပိုင်းတွေကတော့ ကောင်းတယ် ရွာကိုသတိရပေမဲ့ မပြန်နိုင်တော့ပါဘူး....

    ReplyDelete
  12.ူဒီပိုစ့် ကို ဖတ်ရတာ တော်တော်လည်း ပြည့်စုံပါတယ်၊
    ကျွန်တော် တစ်ခုလောက် ပြောပါရစေ၊ စလုံးအစိုးရဟာ အတ်ာကြီးကို လည်တယ်ဆိုတာ အားလုံးအသိပါပဲ။
    အခု သူတို့  တားဂတ် ထားတဲ့ ဆယ်ရာခိုင်နှုန်းဆိုတာ အကို တင်ပြထားသလို ပီအာရ်တွေထဲက လူနည်းစုကိုပါ၊ ကျွန်တော် အထင်တော့ ငြင်းပိုင်ခွင့် ရှိနိုင်ပါသေးတယ်။ သွေးတိုးစမ်းကြည့်တဲ့ သဘောပေါ့။
    အောင်မြင်သွားရင်တော့ နောက်လူတွေ ရွေးခွင့်ရတော့မယ် မထင်ဘူး၊ အဲဒီအခါ ၂၀% ဆိုလည်း ဟုတ်တယ်၊ ၃၀% ဆိုလည်း ဟုတ်တယ်။
    အခု result ကိုပဲ စောင့်ကြည့်ရပါမယ်........

    ReplyDelete
  13. ထွက်ပြေးလွတ်မြောက်ခဲ့ပြီ။ သို့သော်.........ကြွေး14.3 trillionတင်သွားတယ်။
    ဆက်ပြေးဖို့နေရာ မရှိတော့။
း)
    mm

    ReplyDelete
  14. ဖတ်သွားပါတယ်။ ဗဟုသုတတွေ ရစေပါတယ်....

    ReplyDelete
  15. ပို့ စ်က တော်တော်လေးပြည့်စုံပါတယ်

    မြန်မာနိုင်ငံသားစွန့် ပြီးရင်တော့ ဘယ်တော့မှ မြန်မာနိုင်ငံသား ပြန်မဖြစ်တော့ဖူးဆိုတာကို သတိပြုစေလိုပါတယ် (ခုလောလောဆယ် ဥပဒေအရပေါ့)၊ အခွန်ကြောင့် ၊ ကလေးတွေရဲ့ ပညာရေးကြောင့် စင်ကာပူနိုင်ငံသား ခံယူသွားတဲ့သူတွေရှိပါတယ် တကယ်လို့ သာ အခွန်မများဖူးဆိုရင် မြန်မာတော်တော်များများက အခြားနိုင်ငံသား ပြောင်းလိမ့်မယ်လို့ မထင်ပါ မြန်မာသံရုံးကိုပေးရတဲ့အခွန်များတာရယ် ကလေးတွေရဲ့ပညာရေးအတွက် ပီအာ နှင့် စင်ကာပူနိုင်ငံသားတို့ ပညာရေးစရိတ်သိသိသာသာကွာဟာလာခြင်းဟာ မြန်မာတော်တော် များများ ကို စလုံးနိုင်ငံသားပြောင်းစေလာမှာဖြစ်ပါတယ် ခုလောလောဆယ်အထိတော့ မြန်မာနိုင်ငံက နေလို. ကောင်းနေပါသေးတယ် နောက်ပိုင်း အစိုးရရဲ့ သစ်ခုတ်တာ ၊ ပတ်ဝန်ကျင် မထိန်းသိမ်းပဲ ရှိသမျှသဲ အစရှိတာတွေကို ပြည်ပရောင်းစားတာနဲ့  ရာသီဥတုပိုပြီးဖောက်ပြန်လာမှာကိုတော့ ကြောက်ရပါတယ် ၊အစိုးရကလည်း အလာကား ရနေတဲ့အခွန်ကို လျှော့ပေးဖို့ နေနေသာသာ အခွန်တိုးမကောက်ရင်ကံကောင်း၊ ပညာတတ်ဆိုတာ အစိုးရကိုပုန်ကန်တတ်တော့ မြန်မာနိုင်ငံမှာ ပညာတတ်မရှိလေ ကောင်းလေလို့ ယူဆနေတော့ အခြားနိုင်ငံသား ပြောင်းသွားရင် အစိုးရက ၀မ်းသာနေပုံပေါ်ပါတယ် စွမ်းအားရှင်တို. ကြံဖွံတို. ဆိုတဲ့လူမိုက်တွေနဲ့  မြန်မာနိုင်ငံကြီးကို ဆက်လက်အုပ်ချုပ်နေပုံပေါ်ပါတယ်

    ReplyDelete
  16. ဗဟုသုတ အနေနဲ့ ဖတ်သွားပါတယ်

    ReplyDelete
  17. အဲလို လုပ်တော့ ရီစရာကြီး ဖြစ်နေတာပေါ့
    နိုင်ငံသားခံယူစေချင်ရင် စွဲမက်စရာ ကောင်းအောင်လုပ်ပေါ့
    မြန်မာတွေ အနေနဲ့တော့ သိပ်ပူစရာ ရှိမယ် မထင်ပါဘူး
    သူတို့ ပြစ်မှတ်ထဲမှာ မြန်မာတွေ သိပ်မပါလောက်ပါဘူး

    ReplyDelete
  18. Thanks much for comprehensive infos and reviews, Pls send to Myanmar online journal that mentioned imcomplete and incorrect informations.

    ReplyDelete
  19. ကိုယ်ကလှေခါးထစ်တွေပေါ်ရောက်နေပြီးအပေါ်အမြင့်ကိုဘဲဆက်တက်ဖို့ချည်းမစဉ်းစားပါနဲ့။လှေခါးထစ်ပေါ်မရောက်နိုင်သေးဘဲမြေပြင်ဖုတ်လူးလူးမှာလှုပ်
်ရှားနေရတဲ့ပြည်တွင်းကသူတွေရဲ့အနေအထားကိုငုံ့ကြည့်ပြီးမှစဉ်းစားရင်တော့
    ရင်မောသက်သာပါလိမ့်မယ်။ဆင်ခြင်နိုင်ကြပါစေ။

    ReplyDelete
  20. မြန်မာတွေရဲ့ စီတီဇင် လျှောက်လွှာကို အင်မီဂရေးရှင်းက လက်တောင်မခံပါဘူး... ကိုယ်တွေ့ပါ...
    ဒီတော့ စဉ်းစားကြည့်ကြပေါ့...

    ReplyDelete
  21. ဦးခြိမ့် ခုလိုသေချာရှင်းပြပေးတဲ့အတွက် ကျေးဇူး.. ဒီနေ့မှ မထင်မှတ်ပဲ အစ်မဆွိ ဘလောခ့်လာဖတ်မိတာ.. လာရှာတာက တခြားတခုပေမယ့် ဒီပိုစ့်ဖတ်ပြီး စဉ်းစားသင့်တာ စဉ်းစားခွင့်ရသွားပါတယ်။

    ReplyDelete
  22. လျှောက်လွှာ လက်မခံလိုက်တာ ပီအာ ၂ နှစ် မပြည့်သေးလို့ (သို့) လက်ရှိ အလုပ်မရှိလို့ ဖြစ်မှာပါ။

    ReplyDelete
  23. ဦး၂ခြိမ့် အကြောင်းအရာစုံစုံနဲ့ တွေးတွေးဆဆ ပြောသွားတာ သဘောကြတယ်၊
    သူ (မစ်စတာ ဂို)စကားပြော မှားသွားတာ နေမှာပါ၊ အသက်ကြီးလာရင် ဖြစ်တတ်ပါတယ်။ ခုနှစ်ဆယ်တန်းတွေပဲလေ။
    ပြောရရင် - အသက်ကြီးလာရင် အေးအေးဆေးဆေးခြံလေးစိုက်စားချင်တာတော့ ကျမလဲစိတ်ကူးရှိခဲ့ပါတယ်၊ ဒါပေမဲ့ မြန်မာပြည်ခဏပြန်ပီး အစမ်း ၂လ လောက် အရင် ခြံစိုက်စားကြည့်ပါလို့ အကြံပြုချင်ပါတယ်။ အခု ခဏအလည်ပြန်သလို ပျော်စရာ မကောင်းတော့ပါဘူး။ မီးမလာ၊ ရေမလာ၊ လုပ်အားပေးလိုက်ရတာ၊ ရက်ကွက်ထဲမှာ ၁၀အိမ်ခေါင်းအစ ကြံဖွံ့အဆုံး ဆရာခေါ်ရတာ၊ ငွေရှိပေမဲ့ ဝိတ်မရှိရင် လုပ်မရတဲ့ နေရာတွေကရှိသေး၊ အများကြီးပါ၊ စမ်းကြည့်ပီး တကယ်နေလို့ပျော်မှ ပြန်ပါလို့ အကြံပြုချင်ပါတယ်၊ မဟုတ်ရင် - စလုံးကနေ (ဘယ်တော့မှ ပြန်မလာဘူး၊ငွေ သုံးလေးသောင်းရှိလဲ လုပ်တတ်ရင် ဒို့မြန်မာပြည်ကြီးမှာ စားလောက်ပါတယ် ဆိုခဲ့သူတွေ) ပါမစ် တွေပြန်အပ်ပီး ပြန်သွားတဲ့ EP,PR,WP ကိုကို ဦးဦးတွေ နှစ်ကလေးနဲနဲကြာလာတော့ မတန်တဆပွဲစားခတွေပေးပြီ:ပြန်လာကြတာ ကျမပတ်ဝန်:ကျင်မှာ အပုံအပင်ပါ။ လူနေမှူ မြင့်တယ်၊ သွားရေးလာရေးလွယ်ကူတယ်၊ ငွေရလမ်းကောင်းတယ်လေ။ CPF တွေအကုံထုတ်ပြီ: မြန်မာပြည်မှာ စီးပွါးရေးလုပ်မယ် ဆို ပြန်သွားတဲ့ သူငယ်ချင်းကတော့ ပြန်လာချင်တဲ့အခါ CPF ပြန်မသွင်းရင် စလုံးက ပြန်အဝင်မခံလို့ ချေးငြားပြီ:သွင်းလိုက်ရပါရောလား။
    ဒါတွေပြောရင် ကိုပေါကတော့ စလုံးကို မျက်စိမှိတ်အကောင်းမြင်သူရယ်လို့ ပြောခဲ့တာ မှတ်မိပါရဲ့။ စလုံးနဲ့ပတ်သက်ရင် (လီကွမ်းယာတို့ အမျိုးတွေနဲ့ ပတ်သက်ရင်) ကိုပေါဟာ အချစ်ဦးက အသဲခွဲသွားလို့ ယောက်ကျားအားလုံးမကောင်းဘူးလို့ ယူဆထားတဲ့ မိန်းမပျိုလေးလိုပါပဲ၊ ဒါဆိုလဲ ယောက်ကျားမယူပါနဲ့လား မိန်းခလေးရယ်လို့ ဆိုပြန်တော့လဲ အခြေအနေ အရပါကွယ်တဲ့ (ဟယ် ပလုတ်တုတ် ဘွာတေး! ဘွာတေး)
    ပို့စ်နဲ့ပတ်သက်တာပြောရရင်တော့ ကိုယ်မြန်မာတွေကြီးပွါးနေတာပဲမြင်ချင်တယ်၊ နိုင်ငံသား ပြောင်း၂ မပြောင်း၂၊ အဆင်ပြေနေစေချင်တယ်၊ ပြောင်းတဲ့သူတွေအားလုံးကလဲ ပြောင်းချင်လို့ပြောင်းတာ၊ လီလီတို့ ဖိအားပေးလို့မဟုတ်၊ မပြောင်းချင်ရင် ကိုယ်ခံယူချက်နဲ့ ကိုယ်ပဲ၊ "ဖြတ်သွားရင် ခွေးတောင် အမြီးဖြတ် ပီအာပေးတယ်" လို့ပြောသူတွေကတော့ တဆိတ် သဘောထားသေးရာရောက်ပါတယ်၊ "ရွှေတောင်ကြားကအိမ်တွေ ခေါင်ကခေါင်နဲ့ အလလားပေးတောင်ငါ မနေဘူး" လို့ ဆိုလိုက်သလိုပါပဲ
    ညောင်းပြီ၊ ရပ်မှ

    ခရေဖြူ

    ReplyDelete
  24. ဒေါ်ခရေဖြူရေ ..

    မှန်ပါ့

    ဒါပေမဲ့ ပီအာပြန်အပ်ပြီး အီးပီနဲ့  အလုပ်လုပ်လို.ရတယ်ထင်ပါတယ် ပီအာနောက်တစ်ခါပြန်လျောက်တဲ့အခါကြမှ ထုတ်သွားတဲ့ CPF အားလုံး ပြန်သွင်းမှလျောက်ခွင့်ရတယ်ထင်ပါတယ် ၊ အဲဒီ့လိုမှမလုပ်ရင်လည်း CPF ထုတ်သွားလိုက်၊ ပြန်လာလိုက် ပီအာလျောက်လိုက်နဲ. ပျော်ပွဲသဘင်ကြီး ကျင်းပမှာကို စလုံးက မလိုလားဖူးထင်ပါတယ် တကယ်တော့ ပိုက်ဆံရှိရင် စင်ကာပူနိုင်ငံ ၊ မြန်မာနိုင်ငံ နှင့်အခြားနိုင်ငံတွေအားလုံးဟာ ပျော်ရွှင်စရာကောင်းနေမှာပါ

    နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ခေတ္တခဏပြန်တဲ့သူတွေဟာ မြန်မာနိုင်ငံမှာ ပျော်ကြပါတယ် ကိုယ့်နိုင်ငံ ကိုယ့်ဆွေမျိုးတွေနဲ.တွေ.ရတာရယ် ငွေကိုသုံးနိုင်တာရယ် ပြန်တဲ့အချိန်မှာ အားလပ်ချိန်ဖြစ်နေလို. နိုင်ငံခြားမှာလို ကျုံးရုံးပြီး အလုပ်လုပ်စရာမလိုတော့ ပျော်ကြတာပေါ့

    ရေရှည်နေရင် မပျော်နိုင်တဲ့ အချက်တွေအများကြီးရှိပါတယ် ကိုယ်ပိုင်ကားမရှိလို. တက္ကစီမစီးနိုင်ရင်တော်တော်လေးဒုက္ခရောက်ပါတယ်
    ရန်ကုန်မှာ broadband subscribe လုပ်ရင် တစ်လကို US$ 80 လောက်ပေးရပါတယ် Yahoo မရပါ connection နှေးပါတယ် (ကျွန်တော်ကြားသိရသလောက် ပြောပြတာပါ ) ရေ ၊ မီး အကြောင်းတော့မပြောချင်တော့ပါ လောလောဆယ်မိုးရွာလို. မီးလာနေပါတယ်

    ဆွေမျိုးသားချင်းတွေရှိနေသေးရင်တော့ မြန်မာနိုင်ငံသားတွေဟာ စလုံးနိုင်ငံသားပြောင်းသွားရင်တောင် မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ စီးပွားရေးဒဏ်ကိုတော့ခံနေရဦးမှာပဲ ဘယ်ပြေးပြေး ဘဘကြီးတို.ရဲ့ နှိပ်စက်မူဒဏ်ကလွတ်ဖို.လမ်းမမြင်ပါ

    မခရေဖြူ ရဲ့ ဘောဒါကြီး ကိုပေါ နှင့် မစ္စတာလီတို.အမျိုးတွေက အရင်ဘ၀တွေမှာ ရန်ဘက်ဖြစ်ခဲ့ပုံရတယ် ယူအက်စ်အေ မှာ သွားနေရရင်လည်း အိုဘာမား နဲ.ရန်ဖြစ်နေဦးမလားမသိဖူး ဟိုးအရင်က ကိုပေါကို စလုံးက အီးပီ ၊ ပီအာ reject လုပ်ခဲ့သလား၊ reject လုပ်ရအောင်လည်း အဲဒီ့ပုဂ္ဂိုလ်က ဖောရင်းတယ်လင့်ကြီးမဟုတ်ပါလား? ဒါမှမဟုတ် အခွန်တော်တော်များများ ဆောင်လိုက်ရလို.လား (အင်ဂျင်နီယာကြီးတွေက လစာကောင်းလို့  အခွန်များတာဖြစ်မှာပေါ့) စင်ကာပူရှိ မြန်မာသံရုံးက အခွန်ကိုပို.လို.တောင်ကောက်သေးတယ်

    ငေါ့တယ် ၊ ရိတယ်လို.မမှတ်ယူကြပဲ ခင်မင်မူနဲ. မန်.လိုက်တာ ဖြစ်ပါကြောင်း သက်ဆိုင်ရာပုဂ္ဂိုလ်များသို.သိစေအပ်ပါသည်။

    အေးချမ်းကြပါစေ ...

    ReplyDelete
  25. အရမ်းကောင်းတဲ့ ပို့စ်လေးပါ။ စလုံးမှာ လက်ရှိ အလုပ်လုပ်နေတဲ့သူတွေနဲ့ အလုပ်လုပ်ဖို့ စဉ်းစားနေသူတွေအတွက် တကယ် တန်ဖိုးရှိလှပါတယ်။

    ReplyDelete
  26. Any said "လျှောက်လွှာ လက်မခံလိုက်တာ ပီအာ ၂ နှစ် မပြည့်သေးလို့ (သို့) လက်ရှိ အလုပ်မရှိလို့ ဖြစ်မှာပါ။" ==> မဟုတ်ပါဘူးကွယ်၊ အလုပ်လဲရှိ (ရှင်ကျားပူမာ နေတာ ၁၀နစ်အထက် လခ ၃k+++)၊ Poly လဲပြီ:ပြီ:သား၊ ဝန်ငွေခွန်တွေဆောင်ထားတာတောင် ပြလိုက်သေး၊ လျှောက်လွှာတင်ခ ၁၀၀ မဆုံးချင်ရင် နောက် ၁နစ် ၂နစ် စောင့်ပါအုန်းဆိုပြီ: ပြန်လွတ်လိုက်တာ ကိုယ့်သူငယ်ချင်းတွေထဲမာ ရှိပါတယ်၊ ရွေးကောက်ပွဲကြောင့်လို့လဲပြောကြပါတယ်၊ ဗမာပဲလုပ်သလားတော့ မသေချာပါ
    Z say "ပီအာပြန်အပ်ပြီး အီးပီနဲ့  အလုပ်လုပ်လို.ရတယ်ထင်ပါတယ်" - ၉၀% က Reject ပါ, ဒါလဲ စလုံးရဲ့ ညစ်နည်:တမျိုးပါ
    ခရေဖြူ

    ReplyDelete
  27. အိမ်း! အိုင်စေး ဇက် အမေးရှိလို့ ပြောရရင် ကိုပေါနဲ့ လီကွန်:ယာရဲ့ သားကလေး ရှန်လုံးလုံးတို့ တခါက ရေကူးပြိုင်ကြဖူးပါတယ် (ဘယ်မာလဲလို့ မမေးပါနဲ့ ရေချိုးခန်း ကြွေကန်(bathtub)လဲဖြစ်နိုင်ပါတယ်)၊ ဒီမာ ကိုပေါက သူ့ရဲ့ နစ်တခါ မြုတ်တလှည့် မစ်သပ်ကို အတွင်းအား မှားသုံးလိုက်လို့ ရှန်လုံးလုံးကိုရှုံးသွားပါတယ်၊ ဒါကို ကိုပေါက မကျေနပ်လို့ အသေအချာရေကူးလေ့ကျင့်ပြီ: ထပ်ပြိုင်ဖို့ စိမ်ခေါ်ပေမယ့် ရှန်လုံးလုံးက နိုင်ငံတော်တာဝန်တွေနဲ့ မအားလပ်ဟုအကြောင်းပြကာ အနိုင်နဲ့ပိုင်းသွားပါတယ်၊ ဒါကတော့ ကိုပေါ နှင့် မစ္စတာလီတို.အမျိုးတွေရဲ့ လှပသော သမိုင်းဦး ရန်စပါကွယ် (ဟီး တီတီစွိ စောတီး ပို့စ်နဲ့ မဆိုင်တာတွေရေးမိတယ်) :P

    ခရေဖြူ

    ReplyDelete
  28. ဒေါ်ခရေဖြူ သို့  ..

    သမိုင်းဦးရန်စအကြောင်းကိုရေးတာဖတ်ပြီး ရယ် (ရီ) မိပါတယ်

    ရီတာ အပြစ်လားကွယ် (ရီတာ = ဘလော့ဂါရဲ့အမည်မဟုတ်ပါ) ခွိခွိ..

    တစ်ခါတစ်လေ အီးပီ ၊ အက်စ်ပတ်စ်၊ ပီအာ ၊ စလုံးနိုင်ငံသား လျောက်ရတာလွယ်ပြီး တစ်ခါတစ်လေတော့လည်း Reject က တဂျက်ဂျက်နဲ. ဂျက်နေတော့တာပဲ ၊ ကျွန်တော်သိသလောက်ကတော့
    ပီအာပြန်လျောက်ရင် စီပီအက်ဖ် ပြန်သွင်းရတယ်ဆိုပဲ

    အင်းလေ သူတို့ က ဒေါသထွက်မှာပေါ့ ၊ စီပီအက်ဖ် ငွေတွေကို တစ်လုံးတစ်ခဲထဲ ထုတ်သွားတာကို ..

    သူတို.နိုင်ငံသားတွေတောင် စီပီအက်ဖ် ပြန်မပေးချင်လို. အသက် ၈၅ နှစ် အထိအလုပ်လုပ်ခိုင်းတာပဲကြည့် ၊ အသက် ၅၅ နှစ်ပြည့်လို. ပြန်ထုတ်ချင်လည်း အားလုံးမရဖူးလေ ၊ သူတို.နိုင်ငံသားတွေကို ကိုယ့်ပြဿနာ (ကျန်းမာရေး) ကိုယ်ရှင်းနိုင်အောင် အစိုးရက စီပီအက်ဖ် နဲ. ထိန်းတာကိုတော့ အတုယူစရာပါပဲ ၊

    ဒီမှာကတော့နားချင်ရင် သေတဲ့အချိန်မှပဲ နားရမယ်ထင်တာပဲ ..

    အော် စလုံးက လူများရဲ့ ဘ၀... အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ...

    ReplyDelete
  29. အိုင်စေး ...

    ဆားပုလင်း ခရေဖြူလို့  အမည်ပေးချင်ပါတယ်...

    ခင်တဲ့

    သကြားပုလင်း Z

    ReplyDelete
  30. "ရွှေတောင်ကြားကအိမ်တွေ ခေါင်ကခေါင်နဲ့ အလလားပေးတောင်ငါ မနေဘူး" လို့ ဆိုလိုက်သလိုပါပဲ
    :D သုံးသွားတဲ့ ဥပမာလေးက လန်းတယ်ဗျာ..

    ReplyDelete
  31. Anonymous said
    "လျှောက်လွှာ လက်မခံလိုက်တာ ပီအာ ၂ နှစ် မပြည့်သေးလို့ (သို့) လက်ရှိ အလုပ်မရှိလို့ ဖြစ်မှာပါ။"

    Me, 6 year living in S'pore, PR 4th Year, Continuous Contribution for CPF, bought HDB & 2 Kids are schooling @ Government School, Monthly Pay 4500+ and wife also working...

    They won't accept even application...
    So how...???

    ReplyDelete
  32. ပြောရရင် - အသက်ကြီးလာရင် အေးအေးဆေးဆေးခြံလေးစိုက်စားချင်တာတော့ ကျမလဲစိတ်ကူးရှိခဲ့ပါတယ်၊ ဒါပေမဲ့ မြန်မာပြည်ခဏပြန်ပီး အစမ်း ၂လ လောက် အရင် ခြံစိုက်စားကြည့်ပါလို့ အကြံပြုချင်ပါတယ်။ အခု ခဏအလည်ပြန်သလို ပျော်စရာ မကောင်းတော့ပါဘူး။

    Ma Kha Yay Phyu

    I totally agreed with you and I want to see the situation of people those who always keep telling Sing is not good for living. I wish to see how they decide in future.

    P.S. I don't have intention to personally attack to anyone. Just present the different perspective.
    Moreover I am neither PR nor Singaporean. Working here with EP status.

    ReplyDelete
  33. ၀တ်မှုန်: မိုးပြိုလို့ပြေးတဲ့ တိရိစာန်တွေလို .. ပူနေစရာမလိုကြောင်း http://monywa.org မှာ ပိုစ်ပြန်လုပ်ပါတယ်။

    မလေးရှား နဲ့ စင်ကာပူတို့ အပြန်အလှန် အာပေါတိုက်ပွဲ ပြန်စတယ်လို့ ခံယူပါတယ်။ လီကွမ်းယူ နဲ့ ဒေါက်တာမဟာသီယာ တို့ရဲ့ အစ္စရေးနဲ့အာရပ်လောက် နှစ်၄၀၀၀ကျော် မကြာသေးပေမဲ့ အနှစ်၄၀ကျော် ရှိလာပြီပဲ။ မလေးရှားပီအာ ၃သိန်းလောက်ရဲ့ ၁၀% ကို စီတီဇင်အတင်းပြောင်းခိုင်းမဲ့ ဂိုချောက်ထောင်ရဲ့ ချိန်းချောက်စကားလို့ ယူဆပါတယ်။
    http://monywa.org/index.php?option=com_content&view=article&id=253:2010-09-16-18-48-39&catid=2:knowledge&Itemid=12

    ReplyDelete
  34. ၀တ်မှုန်ပြောတာ အများကြီး ဖြစ်နိုင်ပါတယ်။ သူတို့တွေကလဲ အရင်ကထဲက တချိန်းချိန်းပဲကိုး။

    ခက်တာကhttp://monywa.org/ ကို ကိုအန်ဒီ ဆီမှာရော ဒီကလင့်ခ်ကရော သွားတာရော ၂ခုလုံးမရဘူးဖြစ်နေတယ်။ ဘယ်သူတွေ ဖတ်လို့ရကြလဲဟင်။ အဲဒီမုံရွာ ၀က်ဘ်ဆိုက်မှာ????

    ReplyDelete
  35. မခရေဖြူနဲ့ ကို Z တို့ စလုံးနိုင်ငံသားပြောင်း ကံမကောင်း အကြောင်းမလှရင် အဘိုးကြီးအဘွားကြီး ဖြစ် မှ စားသောက်ဆိုင်တွေမှာ ခါးကုန်းကုန်းနဲ့ စားပွဲထိုး လုပ်နေရဦးမယ်နော်။ သတိထားဦး :D

    ReplyDelete
  36. ခင်ဗျားပြောတာကိုလက်ခံပါတယ် ဒီမှာက အသက်ကြီးရင် ပြဿနာရှိပါတယ် အသက်ကြီးတဲ့မိဘများကို သားသမီးများက မထောက်ပံ့တာလည်းပါတယ် ဒါပေမဲ့တစ်ချို. စားနိုင် သောက်နိုင်တဲ့ အသက်ကြီးတဲ့သူများက ပျင်းလို. အိမ်မှာမနေ ချင်လို. ရရအလုပ်ကို လုပ်နေသူများဖြစ်ပါတယ် ၊
    စလုံးကောင်းတယ် ပြောတာ မပြောတာထက် လောလောဆယ်ဖြစ်နေတာကိုပြောနေတာပါ

    ကျွန်တော်အထက်ကပြောခဲ့သလိုပေါ့ ပီအာကနေ စလုံးနိုင်ငံသားပြောင်းကြတာဟာ လူမူရေး (ပြောင်းမဲ့သူရဲ့ သံရုံးသို့ အခွန်ပေးရခြင်း နှင့် သားသမီးများရဲ့ ပညာရေးသက်သာမူ.) ၊ စီးပွားရေးအရဆိုရင် မြန်မာနိုင်ငံမှာငွေရှာရတာထက် နိုင်ငံခြားမှာ. ငွေရှာရတာပိုလွယ်တာကြောင့်ပါ (နအဖ နှင့်ပတ်သက်သူများ ကတော့ ငွေရှာရတာလွယ်ပါလိမ့်မယ်)

    တစ်ချို့ ဘလော့ဂါတွေစလုံးမကောင်းကြောင်း ဘာညာပြောကြတယ်ပေါ့ဗျာ ကျွန်တော်လည်း သိပ်ကောင်းတယ်လို့  မညွှန်းလိုပါဖူး

    စင်ကာပူနိုင်ငံဟာ သဘာဝဘေးအန္တာရယ် (ရေကြီး ၊ ငလျင် ) တွေလှုပ်နိုင်သလို စီးပွားရေးပျက်ကပ် ၊ ရောဂါပျက်ကပ် (SAR) အစရှိတဲ့ ပြဿနာတွေလည်းရှိနိုင်ပါတယ် ၊ သဘာဝဘေးအန္တာရယ်ကိုတော့ ကျွန်တော်မပြောလိုပါဖူး ၊ စီးပွားပျက်ကပ်ဖြစ်နိုင်တယ်ဆိုပေမဲ့ နောက် ၆ လ ၇ လ မှာ စင်ကာပူမှာ စားစရာမရှိအောင်ဆင်းရဲမသွားနိုင်ပါဖူးဗျာ စလုံးရဲ့ ဒီနေ. စီးပွားရေးဟာ လွတ်လပ်ရေးရစဉ်ကတည်းက နှစ်ပေါင်း ၄၀ ကျော်ကျိုးပမ်းလာခဲ့တဲ့ စီးပွားရေးပါ ၊ ဘဏ်စနစ် နှင့် စီးပွားရေး အခြေခံအုတ်မြစ်ကခိုင်ခံ့ပါတယ်ဗျာ ရောဂါကပ်ဖြစ်လာခဲ့ရင်လည်း ခေတ်မှီတဲ့ဆေးဝါးရှိပါတယ် မြန်မာနိုင်ငံမှာ သံယံဇာတပေါကြွယ်ဝတယ်ဆိုပေမဲ့ နိုင်ငံရေးမတည်ငြိမ်မူ ရယ် နအဖ ရဲ့ စီးပွားရေးကိုင်တွယ်မူ ညံ့ဖျင်းတာတွေကြောင့် စီးပွားနေရေးနလံထဖို.ကတော့ သိပ်တော့မလွယ်လှဖူးဗျို့ 

    အက်စ်ပတ်စ် ၊ အီးပီ က ပီအာပြောင်းတဲ့သူတွေဟာ ထိုက်သင့်တဲ့ အရည်အချင်းတွေရှိကြပါတယ် ပီအာကနေ စလုံးနိုင်ငံသားပြောင်းတဲ့သူတွေကလည်း သူတို့ ရဲ့ ရေရှည်တွက်ကိန်းကိုတော့ လျော.တွက်လို.တော့မရဖူးနော် ၊ အဲဒီ့လိုပြောင်းတဲ့သူတွေက လည်း ခပ်ညံ့ညံ့တော့ မဟုတ်ကြဖူးလို့ ထင်မိပါတယ် အခြေအနေပေးလာခဲ့ရင် ကျွန်တော်လည်းစလုံးနိုင်ငံသားလျောက်ချင်ပါတယ် ခင်ဗျားပြောသလို အသက်ကြီးမှာ စားပွဲထိုး ၊ သန်.ရှင်းရေးလုပ်ရလည်းမတတ်နိုင်ဖူပေါ့ဗျာ ကိုယ်ရွေးတဲ့လမ်းပဲ ကိုယ်ဆက်ပြီးလျောက်ရမှာပေါ့ ဘယ်တတ်နိုင်ပါ့မလဲ

    စလုံးနိုင်ငံသားပြောင်းတဲ့အကြောင်းကို သိပ်ညွှန်းနေလို့  ကျွန်တော့်ကို စလုံးနိုင်ငံသားလို့  မထင်စေချင်ပါ ၊ အညတရ ပီအာလေးသာဖြစ်ပါကြောင်း ...

    ခင်တဲ့

    ZZZ

    ReplyDelete
  37. CB KNN DOG COUNTRY MYANMAR HU WAN STAY IN TAT shit COUNTRY PUI CHAI BAI I SUAY to borned in sg . hehe cmi

    ReplyDelete
  38. မုန့်ဆီကျော်ကဘယ်မှာနေမှန်းမသိ နုတ်ခမ်းနာနဲ့တည့်ပါ့မလားလို့ တွေးပူ/ကြောက်နေသူများသို့.....
    စစ် အစိုးရကိုမဖားချင်လို့ ပေါင်းမရလို့ထွက်လာခဲ့ပြီးကာမှ ဟိုနိုင်ငံကမကောင်းဘူး ဒီနိုင်ငံကတော့ဘာဖြစ်တယ် ပြောမနေကြပါနဲ့တော့... မပြန်နိုင်ရင်တော့ ရောက်တဲ့နိုင်ငံမှာ ရအောင် ခိုင်မာအောင် ရပ်တည်ကြဖို့ပဲရှိတယ်. နိုင်ငံသားပြောင်းသွားတာဟာ လူမျိုးပြောင်းတာမဟုတ်ပါ ရပ်တည်ချက်မှန်ရင် လက်တွေ့စေတနာမှန်ရင် ကိုယ်နိုင်ငံကို ငွေပို့ပြီး ကူညီနိုင်ပါတယ်..ရှာဖွေစားသောက်ရလွယ်ကူပြီးထိုက်သင့်လျှောက်ပတ်တဲ့ဘ၀မှာနေတတ်ရင် နိုင်ငံခြားမှာနေရတာ သိပ်အကျိုးမမဲ့ပါဘူး.. သိပ်မပူကြပါနဲ့ ဒီအစိုးရလိုချင်တာ မြန်မာတွေအဓိကမှမဟုတ်တာ အာမော အဖြူတွေ မလေးတရုတ်၊ ဟောင်ကောင် ၊ ထိုင်ဝမ် စတဲ့ တရုတ်စပ် လစာ ဟိန်းဟိန်းထနေတာတွေကိုပါ... မိမိကိုယ် မိမိ စိုးရိမ်တကြီးပူပန်နေသူများ ကိုပြောချင်တာ အရမ်းချမ်းသာနေတဲ့ စစ်အစိုးရနွယ်ဝင်လုပ်ငန်းကြီးလုပ်နေတဲ့ PR များကတော့ သူတို့ပြောတဲ့10%ထဲပါကောင်းပါနိုင်ပါတယ် ကံစွပ်ကံငြား 10% ထဲများ ရိုးရိုးသားသားရပ်တည်လုပ်ကိုင်နေတဲ့ သူများပါလာခဲ့လို့ကတော့ ဘာများစဉ်းစားနေဦးမှာလဲ ကိုယ့်နိုင်ငံမပြန်နိုင် တခြားနိုင်ငံလဲမကူးနိုင် ကလေးတွေဘ၀တွေလဲ ဒီမှာနေသားကျသလောက်ဖြစ်နေခဲ့ရင်တော့ offer လက်မခံရင်ဘာလုပ်ကြမလဲ....ကျွန်တော့သူငယ်ချင်းတယောက်တော့ နိုင်ငံသားတင်တာ (1 ခါ reject) ဒုတိယအကြိမ်သွားတင်တော့ လစာ 3100 ပဲရလို့လက်မခံနိုင်ပါလို့ ICA ကပြောလိုက်တယ်..သူ့ရဲ့ ဘွဲ့က ဒီက MSC ရပြီးသားပါ ဒါပေမဲ့ မိန်းမက housewife နဲ့ကလေး 2ယောက်ဖြစ်နေတယ်.. နောက်တခုက မိန်းမက ဒီကပဲ MSC ပြီးထားတာလစာ 3000အောက် ယောက်ကျားက လဲတူတူပဲ ကလေး1ယောက် သူတို့လဲ reject ပဲ... ကျွန်တော့မိန်းမ ရုံးက မလေးတရုတ်မကြတော့ လစာ 2700-2800 လောက် ဒီမှာဘာ education မှမရှိပါ မလေးမှာတောင် Dip ပဲပြီးထားတဲ့ Account ပါ..သူက ပြီးခဲ့တဲ့လကနိုင်ငံသား ကြပါတယ်....အဲတော့သူတို့လိုချင်တာကို ရေးရေးတော့သိနိုင်ပါတယ်.... မိဘတွေ မိန်းမတွေ ချစ်ခင်သူတွေနဲ့ခွဲပြီး နိုင်ငံခြားမှာအလုပ်ထွက်လုပ်ကြတော့ ကျန်ခဲ့တဲ့သူတွေ ဟိုမှာ ကိုယ်မထွက်ခင်ကထက်တော့ ကောင်းကောင်းမွန်မွန်နေနိုင်ကြပါတယ် ...ခုလဲ အဲလိုပဲ မိသားစုလိုက် မြန်မာပြည်ကြီးကအပြီးထွက်လာပေမဲ့ ကိုယ်ဟိုမှာနေရင် လိုအပ်ချက်တွေများနေသော ဘယ်နေရာကိုမှ တိတိပပ ငွေကြေးနဲ့ မကူညီနိုင်ပါဘူး...ဒီမှာနေတဲ့အခါမှာတော့လိုအပ်နေတဲ့နေရာတွေကို အရင်ထက် ပိုကူညီနိုင်တယ် ပိုပြီးစိတ်ဝင်စားကြတယ် လွမ်းနေတာကိုးဗျ ချစ်ရက်နဲ့ခွဲနေကြရတာကိုး..တခါတလေ လူတွေက နိုင်ငံသားပြောင်းသွားရင်/ချိန်းသွားရင်ပဲ မြန်မာပြည်ကို မချစ်တော့သလိုလို ကဲ့ရဲ့ရှုံချချင်ကြတယ်.. ကျွန်တော့အမြင်ကတော့ဘယ်မှာနေနေ ဘယ်နိုင်ငံသားပြောင်းပြောင်း တူတူနေပြီးချစ်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့တော့ တွင်းထဲကမတက်တော့ပဲ အသေမခံချင်တော့ဘူး .... ပြန်မလာရတော့ရင်လဲနေပါစေ ..လိုအပ်ချက်တွေဖြည့်ဆည်းရင်နဲ့လဲ တိုင်းပြည်ကိုချစ်တတ်သူတွေ အများကြီးရှိမှာပါ...

    ReplyDelete
  39. မုန့်ဆီကျော်ကဘယ်မှာနေမှန်းမသိ နုတ်ခမ်းနာနဲ့တည့်ပါ့မလားလို့ တွေးပူ/ကြောက်နေသူများသို့.....
    စစ် အစိုးရကိုမဖားချင်လို့ ပေါင်းမရလို့ထွက်လာခဲ့ပြီးကာမှ ဟိုနိုင်ငံကမကောင်းဘူး ဒီနိုင်ငံကတော့ဘာဖြစ်တယ် ပြောမနေကြပါနဲ့တော့... မပြန်နိုင်ရင်တော့ ရောက်တဲ့နိုင်ငံမှာ ရအောင် ခိုင်မာအောင် ရပ်တည်ကြဖို့ပဲရှိတယ်. နိုင်ငံသားပြောင်းသွားတာဟာ လူမျိုးပြောင်းတာမဟုတ်ပါ ရပ်တည်ချက်မှန်ရင် လက်တွေ့စေတနာမှန်ရင် ကိုယ်နိုင်ငံကို ငွေပို့ပြီး ကူညီနိုင်ပါတယ်..ရှာဖွေစားသောက်ရ လွယ်ကူပြီးထိုက်သင့်လျှောက်ပတ်တဲ့ဘ၀မှာ နေတတ်ရင် နိုင်ငံခြားမှာနေရတာ သိပ်အကျိုးမမဲ့ပါဘူး.. သိပ်မပူကြပါနဲ့ ဒီအစိုးရလိုချင်တာ မြန်မာတွေ အဓိကမှမဟုတ်တာ အာမော အဖြူတွေ မလေးတရုတ်၊ ဟောင်ကောင် ၊ ထိုင်ဝမ် စတဲ့ တရုတ်စပ် လစာ ဟိန်းဟိန်းထနေတာတွေကိုပါ... မိမိကိုယ် မိမိ စိုးရိမ်တကြီးပူပန်နေသူများ ကိုပြောချင်တာ အရမ်းချမ်းသာနေတဲ့ စစ်အစိုးရနွယ်ဝင်လုပ်ငန်းကြီးလုပ်နေတဲ့ PR များကတော့ သူတို့ပြောတဲ့10%ထဲပါကောင်းပါနိုင်ပါတယ် ကံစွပ်ကံငြား 10% ထဲများ ရိုးရိုးသားသားရပ်တည်လုပ်ကိုင်နေတဲ့ သူများပါလာခဲ့လို့ကတော့ ဘာများစဉ်းစားနေဦးမှာလဲ ကိုယ့်နိုင်ငံမပြန်နိုင် တခြားနိုင်ငံလဲမကူးနိုင် ကလေးတွေဘ၀တွေလဲ ဒီမှာနေသားကျသလောက်ဖြစ်နေခဲ့ရင်တော့ offer လက်မခံရင်ဘာလုပ်ကြမလဲ..

    ReplyDelete
  40. Ha Ha!!! Don't worry. No Burmese PR in 10%. If you don't believe, pls go ICA and apply.
    100% reject.
    They want Chinese, not Burmese. But if you have relatives with Burmese Junta, it won't have any problem.
    Why I know, one of my best friends is working for ICA and my son is Police officer.

    ReplyDelete
  41. my husband stay in singapore for less than 2 years and he got citizenship. Do u know , why???

    ReplyDelete
  42. မြန်မာပြည်မှာ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးသွားပါပြီ။ ရန်ကုန်မြို့်နေထိုင်သူ ဂါးဒီယန်းဦးစိန်ဝင်း ဗွီအိုအေနဲ့အင်တာဗျူးမှာပြောကြားချက်ကတာ့ "၁၉၇၃နှစ်က ဗိုလ်ချုပ်ကြီးနေ၀င်းက ခေါင်းပေါင်းဝတ်ပြီးဦးနေ၀င်းအရပ်သားအစိုရဖြစ်လာပါတယ်။ အခု၂၀၁၀မှာ ဗိုလ်ချုပ်ကြီးသိန်းစိန်က ခေါင်းပေါင်းနဲ့ဦးသိန်းစိန်အရပ်သားအစိုရဖြစ်လာမှပါ" လို့ပြောခဲ့တယ်။ နောက်တဲ့မဲ့ မြန်မာအရပ်သားတပိုင်းအစိုးရလက်ထက်မှာ မြန်မာများ စင်ကာပူတဖွဲဖွဲလာနေဦးမှာလား၊ အလုပ်လာလုပ်သူများ၊ ပီအာ၊ စီတီဇင်များ မြန်မာပြည်ပြန်ဖို့ ဖြစ်နိုင်ဦးမလား ဆိုတာ စင်ကာပူမှာနေထိုင်တဲ့ အန်တီနဲ့မောင်ချိမ့်တို့ ရေးစေချင်ပါတယ်။

    ဦးဇော်

    ReplyDelete